Pyinnyar Shwe Oo High School

Pyinnyar Shwe Oo High School

Share

Welcome to “Pyinnyar Shwe Oo” High School's official page, located in Camp-1 (East), Kutupalong Refugee Camp.

With a dedicated team of over fifteen experienced teachers, we're committed to providing quality education for a brighter tomorrow.

Photos from Pyinnyar Shwe Oo High School's post 31/03/2026

As a memory, some students took pictures with their beloved teachers while finishing their admission process at the admission desk of Pyinnyar Shwe Oo High School.

Admission is open and ongoing!
Don't wait too long; this kind of good chance does not come twice in life.

24/03/2026

ကျောင်းအပ်စတင်လက်ခံနေပါပြီ ✍️

ကျောင်းတစ်ကျောင်းကို ရွေးချယ်ရခြင်းသည် အခွင့်အရေးရရှိရန်အတွက်သာ မဟုတ်ဘဲ သားငယ်၊ သမီးငယ်တို့၏ ဘဝတိုးတက်ဖွံ့ဖြိုးမှုအတွက် ရင်းနှီးမြှုပ်နှံခြင်းပင် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ထိုကျောင်း၏ သင်ကြားမှုပုံစံ၊ ပြုစုစောင့်ရှောက်မှုနှင့် ဝန်းကျင်အခြေအနေတို့ကို အချိန်ယူ၍ သေချာစွာ ဆင်ခြင်သုံးသပ်သင့်ပါသည်။

ထို့ကြောင့် လူကြီးမိဘအုပ်ထိန်းသူများ၏ ကျောင်းအပ်ရွေးချယ်မှုသည် အလွန်အရေးပါလှပါသည်။

Pyinnyar Shwe Oo High School
is and !

Photos from Pyinnyar Shwe Oo High School's post 17/03/2026

بسم الله الرحمن الرحيم
السلام عليكم ورحمة الله وبركاته

လေးစားအပ်သော မိဘအုပ်ထိန်းသူများခင်ဗျာ

ကျွန်ုပ်တို့ အ.ထ.က ပညာရွှေအိုး၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ခန့်အပ်ထားသော ဆရာ၊ ဆရာမများ၏ အမည်စာရင်း၊ သင်ကြားမည့်အဆင့်နှင့် ဘာသာရပ်များကို ယနေ့၊ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာအပ်ပါသည်။ ထို့အပြင် လိုအပ်ချက်အရ နောက်ဆက်တွဲ ဆရာ/ဆရာမသစ်များ ထပ်မံခန့်အပ်ရန်ရှိပါကလည်း ဆက်လက်အသိပေး တင်ပြသွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ပညာရေးကို အထူးအားပေးကြသော မိဘပြည်သူများအနေဖြင့် မိမိတို့၏ သားသမီး(ရင်သွေးငယ်)များကို ကျောင်းအပ်နှံရန်အတွက် အမည်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း လေးစားစွာ အသိပေးနှိုးဆော်အပ်ပါသည်။

School's Management Committee
Pyinnyar Shwe Oo High School

Photos from Pyinnyar Shwe Oo High School's post 13/03/2026

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အတန်းတင်စာမေးပွဲအောင်စာရင်း
ထုတ်ပြန်ကြေညာခြင်း
ရက်စွဲ။၂၀၂၆ ခုနှစ်၊ မတ်လ (၁၃) ရက်

အခြေခံပညာအထက်တန်းကျောင်း၊ ပညာရွှေအိုးမှ
ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူအပေါင်းကို
လေးစားမှုဖြင့် အသိပေးကြေညာအပ်ပါသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပစစ်ဆေးခဲ့သော အတန်းတင်စာမေးပွဲ
(ပထမတန်းမှ ဧကာဒသမတန်းအထိ) အောင်စာရင်းကို
အောက်ပါအချက်အလက်များနှင့်အညီ ထုတ်ပြန်ကြေညာအပ်ပါသည်။

အောင်စာရင်း ကြည့်ရှုနိုင်သည့်နည်းလမ်း
***************************************
၁။ ကျောင်းဝင်းအတွင်း
- ကျောင်းရှေ့ကြေညာဘုတ်
၂။ အွန်လိုင်းမှ
- ကျောင်း၏ တရားဝင် Facebook စာမျက်နှာ [ Pyinnyar Shwe Oo Community High School ]

သိရှိရန်
*******
- အောင်စာရင်းတွင် အမည်၊ အတန်း၊ အဆင့် စသည်တို့နှင့်ပတ်သက်၍
မှားယွင်းမှုရှိပါက ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်အတွင်း
ကျောင်းအုပ်ရုံးသို့ လာရောက်ပြင်ဆင်နိုင်ပါသည်။

10/03/2026

တရားဝင် အသိပေးကြေညာခြင်း
*******************************

အခြေခံပညာအထက်တန်းကျောင်း၊ ပညာရွှေအိုး (စခန်း-၁ အရှေ့ခြမ်း) စီမံခန့်ခွဲရေးအဖွဲ့သည် ဆရာ ဦးမိုဟာမတ်ခေါ်ရိမ် [B.Sc(Q), M.Sc(Phys)] အား အထက်တန်းအဆင့် ရူပဗေဒဘာသာပြဆရာအဖြစ် ခန့်အပ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ အသိပေးကြေညာအပ်ပါသည်။

ဆရာသည် ၂၀၀၄ ခုနှစ်တွင် B.Sc (Qualifying) ဘွဲ့နှင့် ၂၀၀၈ ခုနှစ်တွင် ရူပဗေဒအထူးပြုဖြင့် M.Sc ဘွဲ့တို့ကို ရရှိခဲ့သူဖြစ်ပါသည်။ အထက်တန်းအဆင့် ရူပဗေဒဘာသာရပ် သင်ကြားရေးနှင့် ကျောင်းသားလူငယ်များ၏ ပညာရေးမြှင့်တင်မှုကဏ္ဍတွင် နှစ်ပေါင်းများစွာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ မြှုပ်နှံအားထုတ်ခဲ့သူလည်း ဖြစ်ပါသည်။

ဆရာ၏ လုပ်ငန်းအတွေ့အကြုံများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
🗒️​ ၂၀၀၃ - ၂၀၀၇၊ စစ်တွေမြို့တွင် ရူပဗေဒဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
🗒️​ ၂၀၀၇ - ၂၀၀၈၊ ကျီးကန်းပြင် အထက်တန်းကျောင်း (နစက ဌာနချုပ်) တွင် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
🗒️​ ၂၀၀၈ - ၂၀၂၄၊ မောင်တောမြို့နယ်အတွင်းရှိ ကျောင်းများတွင် ရူပဗေဒဆရာအဖြစ် သစ္စာရှိစွာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
🗒️​ ၂၀၂၄ - ၂၀၂၆၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများမှ အထက်တန်းကျောင်းများတွင် ရူပဗေဒဘာသာရပ်ကို သင်ကြားပြသပေးလျက်ရှိပါသည်။

​ကျောင်းစီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် ဆရာ၏ နှစ်ရှည်လများ ပေးဆပ်ခဲ့မှု၊ အတွေ့အကြုံနှင့် ပညာရေးအပေါ် ထားရှိသော ကတိကဝတ်များကို အစဉ်တစိုက် တန်ဖိုးထားလေးစားလျက်ရှိပါသည်။ ဆရာ၏ အသိပညာ၊ အတွေ့အကြုံနှင့် လမ်းညွှန်မှုများသည် ကျွန်ုပ်တို့ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး ကျောင်း၏ ပညာရေးဝန်းကျင်ကိုလည်း ပိုမိုခိုင်မာစေမည်ဟု ယုံကြည်ပါသည်။

​ကျွန်ုပ်တို့ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရွှေအိုးမှ ဆရာဦးမိုဟာမတ်‌ခေါ်ရိမ်အား လှိုက်လှဲစွာ ကြိုဆိုပါသည်။ နောင်လာနောက်သား လူငယ်များကို ပညာသင်ကြားပေးခြင်းဟူသော မြင့်မြတ်သည့် တာဝန်ဝတ္တရားများကို ထမ်းဆောင်ရာတွင် အောင်မြင်မှုများနှင့် ကောင်းကျိုးမင်္ဂလာများ ဆက်လက်ရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

School's Management Committee
Pyinnyar Shwe Oo Community High School

10/03/2026

A great opportunity for the students!
အ.ထ.က "ပညာရွှေအိုး"
Admissions are now open!
Come and join us for quality education.

Pyinnyar Shwe Oo Community High School

23/02/2026

Faizul Islam, a top Grade 11 student who ranked First in Grade 10, delivered a speech on the topic, “Learning in School in the Light of Islam”, during the 2024-2025 awarding ceremony.
We wish him the best and continued success in the future.




Pyinnyar Shwe Oo Community High School

Photos from Pyinnyar Shwe Oo High School's post 14/02/2026

Dear brothers and sisters,

Asslamualaiqum Warahmotullah

We are very pleased to let you know that we have successfully completed the final examinations of the academic year 2025-2026 at Pyinnyar Shwe Oo Community High School.

To our parents, we are very thankful for your trust in our teachers for your children's education. Let's build a better community by educating our children.

To our teachers, the school would like to express its sincere gratitude for your input to make our students' lives better. We know you have had a very tiring week during the exam period. Please take a few moments to enjoy with your loved ones and gear up for the journey ahead.

To our students, the school is very happy to have seen that each and everyone of you has put your best effort to show what you have learned throughout the year. We are aware that since the exam ended, you may still feel stressed. This is completely normal for a student to feel like that. No more worries, just be positive. Insha'Allah, you will receive good results based on how you have done in the exams. Please remember that finishing the exam does not mean your studies have stopped. It means you are moving forward to the next level. Please get ready and be prepared for the upcoming challenges.

Thank you.
Regards,
All PSO teachers

Photos from Pyinnyar Shwe Oo High School's post 10/02/2026

Below are some snapshots of the students seated for the final examination at Pyinnyar Shwe Oo Community High School.




Camera man: Saya Ismail

Want your school to be the top-listed School/college in Cox's Bazar?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Cox's Bazar