EDC channel

EDC channel - Education Development Center (EDC channel)
- Communications skills development
- Learn & know easy

🎉 Just completed level 3 and I'm so excited to continue growing as a creator on Facebook!
07/11/2025

🎉 Just completed level 3 and I'm so excited to continue growing as a creator on Facebook!

04/11/2024

☪️ ❤️

11/09/2024

The speech of Dr Mohammed Yunus interim Government of Bangladesh.
Mohammed Yunus

17/06/2024

Quarbani songs


Happy Eid-ul-Adha Festival
16/06/2024

Happy Eid-ul-Adha Festival

Eid Mubarak from EDC ChannelDate: 17/06/2024As the crescent moon is sighted and the holy sacrifice comes to a close, EDC...
16/06/2024

Eid Mubarak from EDC Channel

Date: 17/06/2024

As the crescent moon is sighted and the holy sacrifice comes to a close, EDC Channel extends its heartfelt wishes to you and your loved ones. May this Eid bring joy, peace, and prosperity to your life.

Eid Mubarak!

Best Regards,
The EDC Channel Team

ပညာရေး ပညာရေး ပညာရေး (ရခိုင်ပြည်နယ်)📝📝📝📝📝📝📝📝📝📝📝၂၀၂၄ ခုနှစ်၊ ရခိုင်ပြည်နယ်တွင် စာမေးပွဲ ဝင်ရန်စာရင်းရှိ ၁၈၉၃၄ ဦး၊ အမှန်ဖ...
13/06/2024

ပညာရေး ပညာရေး ပညာရေး (ရခိုင်ပြည်နယ်)
📝📝📝📝📝📝📝📝📝📝📝

၂၀၂၄ ခုနှစ်၊ ရခိုင်ပြည်နယ်တွင် စာမေးပွဲ ဝင်ရန်စာရင်းရှိ ၁၈၉၃၄ ဦး၊ အမှန်ဖြေဆို ၈၆၄၄ ဦး။အောင်မြင်သူပေါင်း ၅၂၅၃ ဦး။အောင်မြင်ရာခိုင်နှုန်း ၆၀ဒသမ ၇၇ ဖြစ် ပါတယ်။

ဘာသာစုံ ၂၂​ ယောက်။
ငါးဘာသာ ၅၂ ယောက်။
လေးဘာသာ ၇၅ ယောက်။
သုံးဘာသာ ၁၀၆ ယောက်
နှစ်ဘာသာ ၁၈၆ ယောက်
တစ်ဘာသာ ၈၆၂ ယောက် ဖြစ်ပါတယ်။

စာစစ်ဌာနကို မြို့ ၉ မြို့ မှာပဲ လုပ်ခဲ့ရတယ်။မဖြေလိုက်ကြရတဲ့သူတွေအတွက် အရမ်းနစ်နာပါတယ်။


channel

 #အထက်တန်းဆင့်အဆိုဆွေးနွေးအင်တာနက်သုံးခြင်းသည် စာအုပ်ဖတ်ခြင်းထက် ပို၍ အကျိုးရှိသည်။       ရှေးလူတို့သည် နောင်လာနောက်သားမ...
12/06/2024

#အထက်တန်းဆင့်အဆိုဆွေးနွေး

အင်တာနက်သုံးခြင်းသည် စာအုပ်ဖတ်ခြင်းထက် ပို၍ အကျိုးရှိသည်။

ရှေးလူတို့သည် နောင်လာနောက်သားများအတွက် ပညာအမွေကို လက်ဆင့်ကမ်းခဲ့ကြသည်။ ထိုပညာအမွေသည် စာအုပ်များတွင် ရှိနေသည်။ သိပ္ပံ၊ ဝိဇ္ဇာ၊ လောကီ၊ လောကုတ္တရာ ၊ ပညာရပ်အားလုံးကို စာအုပ်များတွင် ရှာဖွေ လေ့လာနိုင်ပါသည်။ စာအုပ်များကို ဖတ်မှတ်လေ့လာခဲ့သော ပညာရှင်များကပင် အင်တာနက်ကို တီထွင်ခဲ့ကြသည် မဟုတ်ပါလော။ ယခုခေတ်တွင် အင်တာနက်အသုံးပြုခြင်းသည် လိုအပ်ချပ်တစ်ခုဖြစ်သော်လည်း စာဖတ်ခြင်းထက် ပို၍ အကျိုးရှိသည်ဟု မဆိုနိုင်ပါ။ ပိုကဲ၍ ဆိုလာလျှင်လည်း ထိုသူသည် စာဖတ်ခြင်း၏ ကောင်းကျိုးများကို သေချာ မသိသူသာ ဖြစ်ပါလိမ့်မည်။ ကျွန်တော့်အနေဖြင့် "အင်တာနက်သုံးခြင်းသည် စာအုပ်ဖတ်ခြင်းထက် ပို၍ အကျိုးရှိသည်"ဟူသောအဆိုကို လုံးဝ ကန့်ကွက်ပါသည်။

နိုင်ငံတစ်နိုင်ငံ၏ ဘက်စုံတိုးတက်ရေးသည် ပညာရေးအပေါ် မူတည်သည်။ ပညာရေးနှင့် စာဖတ်ခြင်းသည် အမြဲဒွန်တွဲနေသည်။တိုးတက်ဖွံ့ဖြိုးသော နိုင်ငံတိုင်းတွင် လူတိုင်းနီးပါး စာဖတ်ကြသည်။ စာအုပ် သိန်းသန်းချီရှိသော စာကြည့်တိုက်ကြီးများ ရှိသည်။ ကျောင်းတိုင်းမှာ စာကြည့်တိုက်ရှိသည်။ မြို့ရွာရပ်ကွက်တိုင်းမှာလည်း စာကြည့်တိုက်ရှိသည်။ အစိုးရ၊ မိဘ၊ ဆရာ အားလုံးက ကျောင်းသားလူငယ်များ စာဖတ်ရန် အားပေးထောက်ပံ့ ပေးကြသည်။"" နိုင်ငံတိုင်း၏ အခြေခံအုတ်မြစ်သည် ထိုနိုင်ငံရှိ လူငယ်တို့၏ ပညာရေးဖြစ်သည်။""ဟု မှတ်ယူကြသည်။ နိုင်ငံနှင့်လူမျိုး တိုးတက်စေလိုလျှင် သုတ၊ရသ စာအုပ်ကောင်းများ များများထုတ်ဝေနိုင်ပြီး စာကြည့်တိုက်များလည်း ရှိရမည်။ အင်တာနက် သုံး၍ စာဖတ်နိုင်သော်လည်း စာအုပ်ဖတ်ခြင်းလောက် အရာမရောက်ပါ။ စာအုပ်များတွင်ကျယ်ပြီးမှသာ အင်တာနက် ပေါ်ပေါက်လာသည်။ အင်တာနက်တွင် စာအစုံမရှိပါ။ သတင်းအချက်အလက်သာ များသည်။ သုတစာသာများပြီး ရသစာနည်းသည်။ စာအုပ်များမှာ သုတစာ၊ရသစာ အစုံအလင် အမြောက်အမြားရှိသည်။

အင်တာနက်သုံးခြင်းသည် ငွေကုန်ကြေးကျ များသည်။ အင်တာနက်သုံးနိုင်ရန် ဝိုင်ဖိုင်၊ သို့မဟုတ် ဖုန်းဒေတာ ရှိရသည်။ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ တစ်ခုခုလည်း ရှိရသည်။ စာဖတ်ခြင်းအတွက် စာအုပ်သာ ရှိဖို့လိုပါသည်။ စာအုပ်တစ်အုပ်ဝယ်ထားလျှင် လူအများက ထိုစာအုပ်ကို ကာလရှည်ကြာ အချိန်မရွေး ဖတ်နိုင်သည်။ စာအုပ်ကို ဝယ်ယူ၍ မဖတ်ချင်လျှင် ငှား၍ ဖတ်နိုင်သည်။ စာဖတ်များလာလျှင် စာကောင်းပေကောင်းကို ရွေးချယ်ဖတ်တတ်လာသည်။ အင်တာနက်သုံးခြင်းမှာ ထိုသို့မဟုတ်ဘဲ တလွဲသုံးမိပြီး အချိန်ကုန်လူပမ်းဖြစ်ရသည်။ အင်တာနက်သုံးခြင်းသည် ကောင်းကျိုးထက် ဆိုးပြစ်က ပိုများပါသည်။ စာအုပ်ဖတ်ခြင်းမှာ ကောင်းကျိုးချည်းသာ ဖြစ်သည်။

"စာအုပ်စာပေ လူ့မိတ်ဆွေ" ဟု ဆိုကြသည်။ စာအုပ်တည်းဟူသော မိတ်ဆွေကောင်းနှင့် ပေါင်းသင်းမိလျှင် မည်သည့်အခါမျှ အထီးကျန်မဖြစ်တော့ပါ။"အလိမ္မာ စာမှာရှိ" ဟုလည်း ဆိုကြသည်။ အသိအလိမ္မာ၊အတတ်ပညာတို့ကို စာအုပ်ထဲမှာ ရှာဖွေနိုင်ပါသည်။ အသိအမြင် တိုးပွားဖို့ သုတစာအုပ်များကို ဖတ်နိုင်သည်။ တစ်ပါးသူအပေါ် စာနာကြင်နာတတ်သူ၊ ကိုယ်ကျင့်တရား ကောင်းမွန်သူ၊ စိတ်ကောင်းရှိသူဖြစ်ဖို့ရသစာအုပ်များကို ဖတ်နိုင်သည်။ စာအုပ်များသည် ရတနာသိုက်ကြီးများနှင့်တူပါသည်။ မည်သူမဆို ထုတ်ယူသုံးစွဲနိုင်ပါသည်။ဤသို့ စာအုပ်ဖတ်ခြင်း၏ အားသာချက်များကြောင့် "အင်တာနက်သုံးခြင်းသည် စာဖတ်ခြင်းထက် ပို၍ အကျိုးရှိသည်။ " ဟူသောအဆိုကို ကန့်ကွက်ရခြင်း ဖြစ်ပါသည်။

12/06/2024

For Grade-12

အင်တာနက်သုံးခြင်းသည် ကောင်းကျိုးထက် ဆိုးပြစ်က ပိုများသည်။

၁▫️ဖေ့စ်ဘုတ်၊ တစ်တော့၊ ယူကျု၊ တယ်လီဂရန်၊ အင်စတာဂရန်၊ တွစ်တာ၊ ဝီဘိုစသည့် များပြားလှစွာသော ဆိုရှယ်မီဒီယာများကို တီထွင်ခဲ့သူများ၏သားသမီးများသည် ထိုဆိုရှယ်မီဒီယာများကို မသုံးကြပါ။ အဘယ်ကြောင့်ဆိုသော် သူတို့၏မိဘများက အသုံးပြုခွင့်မပေးသောကြောင့်ဖြစ်ပါသည်။ယနေ့ကမ္ဘာတွင် အင်တာနက်သည် သူ့ကိုဖန်တီးပေးသော လူသားတို့၏ နေ့စဉ်ဘဝကို ကမောက်ကမဖြစ်အောင် ခြိမ်းခြောက်နေသည်။ အင်တာနက်သည် အဝေးကလူများကို နီးကပ်ရင်းနှီးစေသည်ဟုဆိုနိုင်သော်လည်း တကယ်အစစ်အမှန် နီးကပ်ရင်းနှီးခြင်းမျိုး ဟုတ်ပါ၏လော။ အနီးကပ်လူများဖြစ်သည့် မိသားစုဝင်များ၏ နီးကပ်နွေးထွေးမှုများ၊ ပြုစုယုယမှုများ တစ်နေ့တစ်ခြား ပါးလျားလာသည်မှာတော့ လက်တွေ့ဖြစ်ပေသည်။ လူသားတို့တီထွင်ခဲ့သော အင်တာနက်သည် လူတို့ကို အလိုလိုက်အကြိုက်ဆောင်ကာ သူ့ကို ဘိန်းစွဲသလိုစွဲအောင် ဖျားယောင်းသွေးဆောင်နေချေပြီ။ အင်တာနက်သုံးခြင်းကြောင့် ရရှိသောကောင်းကျိုးသည် တစ်ကျပ်သားမျှသာဖြစ်ပြီး ဆိုးပြစ်သည် တစ်ပိဿာမကဖြစ်နေသည်။ ထို့ကြောင့် "အင်တာနက်သုံးခြင်းသည် ကောင်းကျိုးထက် ဆိုးပြစ်က ပိုများသည်" ဟူသောအဆိုကို အပြည့်အဝထောက်ခံပါသည်။

▫️ယူကျုတွင် ဟင်းချက်နည်းဗီဒီယိုများ၊ စားသောက်ပြသောဗီဒီယိုများကို တစ်နေကုန်တစ်နေခမ်းကြည့်ပြီး ထမင်းဟင်းကို‌ဖြစ်သလိုချက်သောမိခင်များသည် သူတို့၏သားငယ်သမီးငယ်များ အဟာရမပြည့်ဝ၍ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုထိခိုက်နေသည်ကို သတိမမူမိတော့ပေ။ "မစားရ ဝခမန်း" ဆိုသည့်အတိုင်း "ဖုဘလော့ဂါ" များကို စွဲလမ်းနေကြသည်။ ဖေ့စ်ဘုတ်တွင် တိုက်ရိုက်ဈေးရောင်ပွဲများကို မိမိနဲ့ဆိုင်ဆိုင်၊ မဆိုင်ဆိုင်ရေကုန်ရေခမ်းအားပေးပြီး စားဝတ်နေရေးအတွက် အလုပ်လုပ်ရမည်ကို မေ့နေကြသူများမှာလည်း မိသားစုတာဝန်ကို မထမ်းဆောင်တော့ပေ ။ လက်တွေ့ဘဝတွင် ငွေရှိမှ ဈေးဝယ်နိုင်မည်ကို မေ့လျော့နေကြပေသည်။ မိသားစုချင်း၊ သက်ဆိုင်ရာလူချင်းသာ ပြေလည်အောင် ဖြေရှင်းရမည့် ပြဿနာများကို ဖေ့စ်ဘုတ်ပေါ်တင်၍ အပြန်အလှန်ပြစ်တင်ဝေဖန်ကြသည်။မိမိနှင့်မသက်ဆိုင်ဘဲ "ပွဲ" ဟုဆိုကာ အအိပ်ပျက်အစားပျက် အားပေးကြည့်ရှုသူများမှာလည်း ထောင်သောင်းမကရှိလေသည်။ နဂါးပူး၊နတ်ပူးစသော ထူးဆန်းသော်လည်း အကျိုးမရှိသည့်ဖြစ်ရပ်များကို နာရီချီကြာအောင်ကြည့်ရှုရင်း အလုပ်ပျက်အကိုင်ပျက်ဖြစ်သူများ၊ နာရီပေါင်းများစွာကြာအောင် အရည်မရ အဖတ်မတင်စကားများကိုတီတီတာတာ ပလီပလာဆိုကြရင်း သင်ယူလေ့လာဖို့ မေ့နေသူများ၊ အချင်းချင်း သွယ်ကာဝိုက်ကာ ရန်ဖြစ်နေသူများ၊ ပေါ်တင်ဆဲဆိုနေသူများကို အင်တာနက်လောကတွင် များစွာသိရှိ
တွေ့မြင်နေရပေသည်။

▫️အင်တာနက်တွင် ကောင်းကျိုးရနိုင်သောအရာများ မရှိမဟုတ် ရှိပါသော်လည်း အကျိုးမဲ့အရာများနှင့်နှိုင်းယှဉ်လျှင် အလွန်နည်းလေသည်။ အင်တာနက်ကို အကျိုးရှိအောင်သုံးတတ်သူများ မရှိမဟုတ်၊ ရှိပါသော်လည်း အကျိုးမဲ့သုံးသူများနှင့်နှိုင်းယှဉ်လျှင် မပြောပလောက်ပါ။အဘယ်ကြောင့်နည်း။ လူတို့၏စိတ်သည် အကျို့မဲ့အရာများ၌သာ မွေ့လျော်ကြသည်။ ဖန်းတီးတင်ဆက်သူများကလည်း သူတို့ရပ်တည်နိုင်ရန် လူ့အကြိုက်လိုက်ကြရသည်။ ဆိုရှယ်မီဒီယာများကလည်း သုံးစွဲသူအကြိုက်လိုက်၍ ပြသပေးနေသည်။ ဆိုရှယ်မီဒီယာပိုင်ရှင်များသည်လည်းကောင်း၊ အစီအစဉ်ဖန်တီးတင်ဆက်သူများသည်လည်းကောင်း လူ့အကြိုက်ကိုလိုက်၍ တီထွင်ဖန်းတီကြလေသည်။ လူတို့ကလည်း မိမိတို့အကြိုက်ကိုသိသော၊ မိမိတို့ကိုအလိုလိုက်သော အင်တာနက်သုံးခြင်းအမျိုးမျိုးကို နောက်ဆုံးတွင် မူးယစ်ဆေးဝါးစွဲလမ်းသလို စွဲလမ်းသွားကြလေသည်။မသုံးရရင် မနေနိုင်သည်အထိ ဖြစ်လာကြသည်။ "တန်ဆေး လွန်ဘေး" ဟူသော ဆိုးရိုးစကားကိုပင် သူတို့၏မှတ်ဉာဏ်တွင် မထင်ရှားတော့ပေ။မည်မျှပင် အကျည်းတန်ရုပ်ဆိုးနေသော်လည်း "တစ်တော့၊ ဖေစ်ဘုတ်"စသော မီဒီယာများတွင် လှပချောမောအောင် ဖန်းတီးနိုင်သည်။ဤသို့ မည်သူမဆို အမြဲတမ်း စွဲဆောင်မှုရှိပြီး သွက်လက်မြူးကြွနေသူဖြစ်နေသယောင် ပြုလုပ်နိုင်ခြင်းသည် အင်တာနက်အသုံးပြုသူများကို ဖျားယောင်းသွေးဆောင်ခြင်းပင်ဖြစ်သည်။

▫️ယနေ့ကမ္ဘာတွင် အင်တာနက်သုံး‌၍ ငွေလိမ်ယူနေသော လူဆိုးဂိုဏ်းများ၊ အင်တာနက်သုံး၍ မကောင်းသော ဝါဒမှိုင်းတိုက်နေသော အဖွဲ့အစည်းများ သို့မဟုတ် မုသာဝါဒကျူးလွန်နေသော အဖွဲ့အစည်းများ၊ အင်တာနက်သုံး၍ လောင်းကစားလုပ်နေသော လောင်းကစားဒိုင်ချုပ်ကြီးများ၊ အင်တာနက်သုံး၍ ရိုးသားစွာရောင်းဝယ်ဖောက်ကား စီးပွားရှာနေသူများ၊ အင်တာနက်သုံး၍ မိမိတို့၏ကျွမ်းကျင်မှုကိုဖော်ထုတ်ဖန်တီးနေသူများ၊အင်တာနက်သုံး၍ သင်ကြားပို့ချ၊သင်ယူလေ့လာနေသူများစသည်ဖြင့် အဆိုးအကောင်းရောထွေးလျက်ရှိရာ အကောင်းထက် အဆိုးက ပိုများလေသည်။ သာမန်အသုံးပြုသူများသည်လည်း အကောင်းရှား၍ အဆိုးများသော အင်တာနက်လောကတွင် အဆိုးဘက်လိုက်သူသာများလေသည်။ အချုပ်ဆိုရသော် အင်တာနက်သုံးခြင်းသည် ကောင်းကျိုးထက် ဆိုးပြစ်က သာ ပိုများပါသည်။ ။

11/06/2024

၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ၂၀၂၄ ခုနှစ် ဇွန်လ ၁၁ ရက် အင်္ဂါနေ့နံနက် ၄ နာရီအချိန်မှစ၍ Online Website/ App ဖြင့် ကြည့်ရှုနိုင်ပါသည်။

၂၀၂၄ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်း - Examinations Results 2024

09/06/2024

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန်လ ၁၁ ရက်တွင် ကြေညာမည်
🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴

• ၂၀၂၄-ခုနှစ်၊ မတ်လတွင်ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ နှင့် ၂ဝ၂၄-ခုနှစ်၊ဧပြီလ နှင့် မေလများတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပဆောင်ရွက်ပေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို(၁၁-၆-၂ဝ၂၄)ရက်၊ အင်္ဂါနေ့နံနက်(၀၆ : ၀၀)အချိန်၌ ထုတ်ပြန်ကြေညာမည်ဖြစ်ပါသည်။

• အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ပါသည်။

• အောင်စာရင်းထုတ်ပြန်မည့်(၁၁-၆-၂၀၂၄)ရက်နေ့၊ နံနက်(၄)နာရီတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားမည် ဖြစ်ပါသည်။

• တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို Website မှ အသိပေးထုတ်ပြန်ကြေညာသည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက် အဆက်အသွယ်ကောင်းစွာ မရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း အောင်စာရင်း ထွက်သည့်နေ့တွင် ကြေညာပေးပါမည်။

• အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များ ရှိလာပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် ( ၀၁-၆၅၃၅၀၉) နှင့် ( ၀၁ – ၆၅၃၄၆၇ )တို့ ထံသို့ အောင်စာရင်း ထုတ်ပြန်ကြေညာမည့် (၁၁-၆- ၂၀၂၄) ရက်နေ့ (အင်္ဂါနေ့) တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ရင်းမြစ် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

https://t.me/Yangontime456

၂၀၂၄ ပြည့်နှစ် - တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်း - Examinations Results 2024

Address

Cox's Bazar

Alerts

Be the first to know and let us send you an email when EDC channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to EDC channel:

Shortcuts

Share

Category