25/02/2026
Bismillahirrahmaanir Rahim
၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်
အမှတ် (၁) ၊ အခြေခံပညာအထက်တန်းကျောင်း ၊ ရိုဟင်ဂျာ ဖြူးချာ စတား (ကိုယ်ထူကိုယ်ထ)
ရိုဟင်ဂျာ ဒုက္ခသည်စခန်း ၊ မူဆော်ရာ၊ ကူတူပါလောင်း ၊ ကောဇ်ဘာဇား
“ခေတ်မီပညာရေးစနစ်ကို မြတ်နိုးသော မိဘပြည်သူများနှင့် ကျောင်းသား/သူများအတွက် သတင်းကောင်း”
ရက်စွဲ။ ။ ၂၀၂၆ ခုနှစ် ၊ဖေဖော်ဝါရီလ (၂၅) ရက်
၁။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယာယီခိုလှုံလျက်ရှိနေသော ရိုဟင်ဂျာမိဘပြည်သူများ၏ ကလေးတိုင်းသည် ခေတ်မီပညာရေးကို ထူးချွန်ထက်မြက်စွာ သင်ယူတတ်မြောက်နိုင်ရေး နှင့် ပညာရေးနယ်ပယ်နှင့် လက်မလွှတ်စေရေးတို့ကို အဓိကမျှော်မှန်း၍ ဤ Rohingya Future Star High School ကို ရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ်(၄)၊ (၅) နှင့် (၁၇) တွင် လွန်ခဲ့သော ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစ၍ စတင်ဖွင့်လှစ် သင်ကြားပို့ချလာပါသည်။ စာသင်ကြားပို့ချရာတွင် ခေတ်မီ မြန်မာသင်ရိုးညွှန်းတမ်းနှင့် အညီ သင်ဆိုင်ရာဘာသာရပ်အလိုက် ထူးချွန်ထက်မြက်သော ဝါရင့်ဆရာများက ကျောင်းသား/ သူများမှ စည်းကမ်းသေဝပ်စွာဖြင့် နားလည်နိုင်ရန်လွယ်ကူမည့် နည်းလမ်းများကို အသုံးပြု၍ သင်ပြလျက်ရှိနေပါသည်။
၂။ Rohingya Future Star သည် လူကြီးမင်းတို့ ရင်သွေးငယ်များ၏ ပညာရေးအနာဂတ်မြှင့်တင်စေရန် လေးနက်တည်ကြည်စွာ သန္နိဋ္ဌာန်ချမှတ်ထားသည့် အတွက် မိဘပြည်သူများ၏သားသမီးရတနာများကို ခေတ်မီပညာရေးစနစ်လမ်းမှန်သို့ပို့ဆောင်ရေး မိဘဝတ္တရားကျေပွန်ရာတွင် ဤ Rohingya Future Star ကိုသင့်မြတ်သော Academe ဟု ယုံကြည်နိုင်ပါကြောင်း လေးစားစွာ သတင်းစကားပါးအပ်ပါသည်။
၃။ Rohingya Future Star သည် လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် “ပထမတန်း မှ ဒွါဒသမတန်း” အထိ ကျောင်းသား/သူများလက်ခံရေးကို “၂ဝ၂၆ ခုနှစ် ၊ မတ်လ (၂၆) ရက်နေ့ မှ ဧပြီလ (၁၀) ရက်နေ့ ထိ” သတ်မှတ်လိုက်ပြီးဖြစ်၍ မိဘပြည်သူများ၏ သားသမီးရတနာများကို မိဘအုပ်ထိန်းသူ ကိုယ်တိုင်လာရောက်၍ သို့မဟုတ် ဆက်သွယ်အကြောင်းကြား ၍ အချိန်မနှောင်းခင် အမည်စာရင်းပေးသွင်းကြပါရန် နှင့် “ဧပြီလ (၁၂) ရက်နေ့” မှစ၍ စာသင်ကြားမှု စတင်မည် ဖြစ်ပါကြောင်း လေးစားစွာ သိစေအပ်ပါသည်။
မှတ်ချက်။
။ ဒုက္ခသည်စခန်းများတွင် တာဝန်ယူဆောင်ရွက်နေသော ပညာရေးဆိုင်ရာ NGO/INGO များ၏ Learning Centre များတွင် ကျောင်းသား/သူများ တက်ရောက် ပညာသင်ယူမှုကို လုံးဝ အဟန့်အတား မဖြစ်စေရေးအတွက် Rohingya Future Star ၏ စာသင်ပြချိန်ကို နံနက်ချိန် နှင့် ညနေချိန်များအဖြစ် သတ်မှတ်ထားပါသည်။
25/02/2026
01/01/2026
05/12/2025