Basic Education Shadow (B-E-S), Private High School, Camp 14, Hakim Para.Grade 2 students, they are reading a poem from their Burmese subject.We are really proud to our students of Basic Education Shadow.
Education Shadow
Education is the fundamental right
15/10/2025
13/10/2025
The Examination of Rohingya Refugee camps, it's continue testing 5th-day Mid-Term Examination for Grades 5, and 9 at Basic Education Shadow (B-E-S) Community High School in October 2025.
-Term Examination
10/10/2025
အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် အခြေခံပညာပြည်သူ့အထက်တန်းကျောင်း "Basic Education Shadow (B-E-S)" ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒုတိယနေ့ ညနေပိုင်း(နှစ်ဝက်စာမေးပွဲ) အင်္ဂလိပ်စာဘာသာရပ်ကို အောင်မြင်စွာ စစ်ဆေးကျင်းပလိုက်ပြီဖြစ်ပါသည်။
#ပညာရေး
#အင်္ဂလိပ်စာ
2,3 and 4
09/10/2025
ယနေ့ အောက်တိုဘာလ (၉)ရက်နေ့တွင်အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် အခြေခံပညာအထက်တန်းကျောင်း "Basic Education Shadow" ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနေ့(နှစ်ဝက်စာမေးပွဲ)မြန်မာစာကို အောင်မြင်စွာ စစ်ဆေးကျင်းပလိုက်ပြီဖြစ်ပါသည်။
#ပညာရေး
#မြန်မာစာ
2,3 and 4 (မူလတန်းအဆင့်)
#နံနက်ပိုင် ညနေပိုင်း
Alhamdulillah!
အခြေခံပညာအထက်တန်းကျောင်း " Basic Education Shadow " ၏ ကျောင်းသား၊ ကျောင်းသူတွေ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်ဝက်စာမေးပွဲဖြေဆိုနေတဲ့ ကြည်နူးစရာ vedieo ဖိုင်လ်မြင်ကွင်း
#ပညာရေး
5,7 and 9
09/10/2025
Today, date on 09/10/2025(thursday),
အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် အခြေခံပညာပြည်သူ့အထက်တန်းကျောင်း "Basic Education Shadow" ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်ဝက်စာမေးပွဲ မြန်မာစာဘာသာရပ်ကို အောင်မြင်စွာ စစ်ဆေးကျင်းပလိုက်ပြီဖြစ်ပါသည်။
#ပညာရေး
#မြန်မာစာ
5,7 and 9
#နံနက်ပိုင်
05/10/2025
✨💧💐ကမ္ဘာ့ ဆရာများနေ့ ✨💧💐
ကမ္ဘာပေါ်တွင် နိုင်ငံအမျိုးမျိုး၊ လူအမျိုးမျိုး၊ အသားအရောင်အမျိုးမျိုးနှင့် ကိုးကွယ်ယုံကြည်မှုအမျိုးမျိုး ရှိပါသည်။ ထိုသို့ ကွဲပြားမှုရှိသော်လည်း ဆရာများသည် ကျေးဇူးရှင်များအဖြစ် အမြဲတမ်းတည်ရှိနေပါသည်။ ဆရာများသည် မိမိတို့ထံ ရောက်ရှိသော တပည့်များကို ပညာသင်ပေးသည်။ ဆုံးမသွန်သင်ပေးသည်။
ထို့ကြောင့် တပည့်များ၏ ဘဝသည် တိုးတက်မြင့်မားလာပါသည်။ ဆရာတို့၏ နည်းပေးလမ်းပြမှုကြောင့် ကြီးပွားတိုးတက်လာရသော တပည့်အသီးသီးသည် ဆရာတို့ကို ပြန်လည်ကျေးဇူးဆပ်ကြပါသည်။ လူတိုင်းက ရိုသေလေးစားကြသော ဆရာဟူသည်မှာ တပည့်များကို အသိအလိမ္မာပေးသူ၊ တပည့်များ၏ ဘဝကို မြေတောင်မြှောက်ပေးသူဟု အဓိပ္ပာယ်ဖွင့်ဆိုကြပါသည်။
အောင်မြင်မှုရရှိသူတိုင်းသည် ဆရာ၏ သင်ပြလမ်းညွှန်မှုနှင့် မကင်းနိုင်ပေ။ ဆရာများ၏ သင်ပြလမ်းညွှန်မှုကြောင့် အင်ဂျင်နီယာကြီးများ၊ ဆရာဝန်ကြီးများ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်ကြီးများ ဖြစ်လာကြပါသည်။ ထိုအချက်သည် မည်သူမျှမငြင်းနိုင်ပါ။
လူသည် မွေးဖွားလာစဉ်ကတည်းက မည်သူမျှ ပညာမတတ်ခဲ့ပါ။ ကျောင်းသို့ရောက်ရှိလာသောအခါမှ မူလတန်းပညာကို စတင်သင်ယူရပါသည်။ ဦးနှောက်ဖွံ့ဖြိုးရှင်သန်လာသောအခါ အလယ်တန်းနှင့်အထက်တန်းပညာကို ဆက်လက်သင်ကြားရပါသည်။
ထို့ကြောင့် အသိဉာဏ်များ တဖြည်းဖြည်း ရင့်ကျက်ဖွံ့ဖြိုးလာပါတော့သည်။ အထက်တန်းအောင်မြင်ပြီးသောအခါ အဆင့်မြင့်ပညာများကို တက္ကသိုလ်အသီးသီးတွင် ဆက်လက်သင်ကြားရပါသည်။ ထို့နောက် အသိပညာရှင်၊ အတတ်ပညာရှင်ကြီးများ ဖြစ်လာခဲ့ရသည်မှာ ဆရာများ၏ သင်ကြားပြသမှုကြောင့် ဖြစ်သည်။
တွေးခေါ်ပညာရှင် ဆိုကရေးတီးက... "Parent's give you life but the teachers give you future.”ဟူ၍ မိဘက ဘဝကိုပေး၍ ဆရာက အနာဂတ်ကို ပေးကြောင်း၊ ဆရာသည် ဘဝ၏ အနာဂတ်ကို လင်းလက်လှပစေသူဖြစ်ကြောင်းလည်း ဖွင့်ဆိုခဲ့ပါသည်။
26/09/2025
CCPRနှင့် QCPR ဖြည့်နည်းပုံစံအနှစ်ချုပ် 📗
➖➖➖➖➖➖➖➖➖➖➖➖
မူလတန်းဆင့်(Primary Level)🇲🇲
၂၀၂၄ -၂၀၂၅ပညာသင်နှစ်
တွင် အတန်းအလိုက် စတင်ဖြည့်သွင်းရမည့်အုပ်စု(က)ဘာသာရပ်များ
မြန်မာ ၊အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး
*မူလတန်းအောက်ဆင့်(G1,G2,G3)*
စာသင်ခန်းတွင်းသင်ယူနေစဉ်စစ်ဆေးအကဲဖြတ်ခြင်း(Formative Assessment )
*A (Advanced Level ) ၃ မှတ် အလွန်ကောင်း
*S (Satisfactory Level ) ၂မှတ် ကောင်း
*E (Emerging Level) ၁မှတ် ထပ်မံကြိုးစားရန်လို
*မူလတန်းထက်ဆင့်( G4,G5)*
သင်ယူပြီးစစ်ဆေးအကဲဖြတ်ခြင်း
(Summative Assessment )
*Grade A (ရမှတ် ၈၀ နှင့် အထက်) အလွန်ကောင်း
*Grade B (ရမှတ် ၆၀ မှ ၇၉ ထိ) ကောင်း
*Grade C (ရမှတ် ၄၀ မှ ၅၉ ထိ) သာမန်
*Grade D (ရမှတ် ၄၀ အောက် ) ထပ်မံကြိုးစားရန်လို
အုပ်စု(ခ)ဘာသာရပ်များ
မှာစာရိတ္တနှင့်ပြည်သူ့နီတိ ၊ဘဝတွက်တာကျွမ်းကျင်စရာ ၊အနုပညာ(ပန်းချီ ) ၊အနုပညာ( ဂီတ) ၊ကာယပညာတို့ဖြစ်ပါသည်။
*မူလတန်းအောက်ဆင့်နှင့် မူလတန်းထက်ဆင့်တို့ကို A,S,E ဖြင့်သာ ပေးရမည်။
*A = ၃ မှတ်
*S = ၂ မှတ်
*E = ၁ မှတ်
*တတ်မြောက်မှုစစ်ဆေး အကဲဖြတ်ခြင်း*
ဇူလိုင်လ (Chapter End Test)
ဇွန်လမှဇူလိုင်လ ထိသင်ခန်းစာများ
အောက်တိုဘာလ (Midterm Test )
ဇွန်လမှ စက်တင်ဘာလဘာလထိ သင်ခန်းစာများ
ဒီဇင်ဘာလ ( Chapter End Test )
အောက်တိုဘာလမှ ဒီဇင်ဘာလထိ သင်ခန်းစာများ
ဖေဖော်ဝါရီလ (Year End Test )
အောက်တိုဘာလ မှ ဖေဖော်ဝါရီလထိ သင်ခန်းစာများ
အုပ်စု (ခ)ဘာသာရပ်များပျမ်းမျှအဆင့်တွက်နည်းမှာ
ပျမ်းမျှအဆင့် = စုစုပေါင်းအမှတ် ÷
အကြိမ်အရေအတွက်
*စားလဒ်သည် ..
၂.၅ နှင့်အထက် = A
၁.၅ နှင့်အထက် = S
၁.၅ အောက် = E
*QCPR ဖြည့်သွင်းခြင်း*
ပညာသင်နှစ်တစ်နှစ်၏နောက်ဆုံးလတွင် CCPR မှရရှိသောပျမ်းမျှ အဆင့်များကို ကြည့်၍ဖြည့်သွင်းရပါမည် ။
ကျောင်းခေါ်ကြိမ်ကို % ဖြင့်သာဖြည့်ရပါမည်။
ကျောင်းဝင်အမှတ်ကိုသာ မင်နီဖြင့်ရေးပြီး အခြားအချက်အလက်များကိုမင်ပြာဖြင့်ရေးရမည်။မင်စိုဖြင့်ဖြည့်စွက်ခြင်းမပြုရပါ။
15/09/2025
ပညာကို ဆွတ်ခူးနိုင်အောင် ကြိုးစားပါ။
13/09/2025
လက်ဆေးနည်းကဗျာလေးတစ်ပုဒ်
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Chittagong
BASICEDUCATIONSHADOW
19/11/2025