Diva Globalize

Diva Globalize 100% FREE Malaysia education consultancy for international students. Our services are funded by partner universities.

Get expert help with university admissions, course selection, student visa applications, scholarships, and study in Malaysia. DivaAcademy ဟာ Malaysia မှာ တရားဝင် မှတ်ပုံတင်ထားပြီး ကျောင်းပေါင်း ၁၀၀ ကျော် နှင့် လက်တွဲထားပြီးတော့ Courses listed ပေါင်း 1000 ကျော်ကို ရွေးချယ်တက်ရောက် သင်ကြားနိုင်ပါတယ်။

Academic Pathway vs Skill-Based Pathway 🎓🛠️အနာဂတ် Career တစ်ခု တည်ဆောက်ဖို့ လမ်းတစ်လမ်းတည်းပဲ ရှိတာ မဟုတ်ပါဘူး။ကိုယ့်ရဲ့...
26/08/2026

Academic Pathway vs Skill-Based Pathway 🎓🛠️

အနာဂတ် Career တစ်ခု တည်ဆောက်ဖို့ လမ်းတစ်လမ်းတည်းပဲ ရှိတာ မဟုတ်ပါဘူး။
ကိုယ့်ရဲ့ Learning Style၊ အားသာချက်နဲ့ Career Goal အပေါ်မူတည်ပြီး ဒီလို လမ်းကြောင်းနှစ်မျိုးကို စဉ်းစားကြည့်နိုင်ပါတယ်။
🎓 1. Academic Pathway
ဒီလမ်းကြောင်းမှာ Academic Knowledge, Theory, Research, Assignment, Project နဲ့ Assessment တွေက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။
ဥပမာ —
• IT / Computer Science
• Engineering
• Medicine
• Law
• Accounting
• Business
• Teaching
စာဖတ်လေ့လာရတာ၊ အကြောင်းအရာတွေကို နက်နက်ရှိုင်းရှိုင်း သိချင်တာ၊ Theory နဲ့ Concept တွေကို လေ့လာရတာ နှစ်သက်တယ်ဆိုရင် Academic Pathway က ကိုယ့်နဲ့ ပိုကိုက်ညီနိုင်ပါတယ်။
🛠️ 2. Skill-Based / Vocational Pathway
ဒီလမ်းကြောင်းမှာတော့ လက်တွေ့လုပ်ဆောင်ရင်း သင်ယူခြင်းနဲ့ Technical / Professional Skills တွေကို ကျွမ်းကျင်လာအောင် လေ့ကျင့်ခြင်းကို ပိုအလေးပေးပါတယ်။
ဥပမာ —
• Culinary Arts / Baking & Pastry
• Hairdressing / Beauty & Makeup
• Sewing & Fashion
• Graphic Design
• Hospitality / Food & Beverage

ဒါတွေအပြင် Skill-Based Careers တွေ အများကြီး ရှိပါသေးတယ်။
အရေးကြီးတာက —
Skill-Based Pathway ဆိုတာ Academic Pathway ထက် နိမ့်ကျတဲ့ လမ်းကြောင်းတစ်ခု မဟုတ်ပါဘူး။
မှန်ကန်တဲ့ Training၊ စည်းကမ်း၊ အတွေ့အကြုံနဲ့ Business Knowledge တွေ ပေါင်းစပ်လာတဲ့အခါ ကျွမ်းကျင်မှုတစ်ခုဟာ Professional Career တစ်ခုဖြစ်လာနိုင်သလို ကိုယ်ပိုင်လုပ်ငန်း တစ်ခုအဖြစ်လည်း တိုးတက်လာနိုင်ပါတယ်။
ချက်ပြုတ်ရတာ ဝါသနာပါတဲ့သူတစ်ယောက်ဟာ Programming မှာ အခက်အခဲရှိနိုင်ပေမယ့် ထူးချွန်တဲ့ Chef တစ်ယောက် ဖြစ်လာနိုင်ပါတယ်။
စာမေးပွဲတွေမှာ အမြဲထူးချွန်မနေတဲ့သူတစ်ယောက်ကလည်း အောင်မြင်တဲ့ Designer ဒါမှမဟုတ် Entrepreneur တစ်ယောက် ဖြစ်လာနိုင်ပါတယ်။
တကယ်တော့ Career အများစုမှာ Knowledge နဲ့ Practical Skills နှစ်ခုစလုံး လိုအပ်ပါတယ်။ ကွာခြားတာက ဘယ်လိုသင်ယူမှုနဲ့ ဘယ်လိုအလုပ်ပုံစံက ကိုယ့်အတွက် ပိုကိုက်ညီသလဲဆိုတာပါ။
ဒါကြောင့် မေးရမယ့်မေးခွန်းက —
“ဘယ်လမ်းကြောင်းက ပိုကောင်းလဲ?” မဟုတ်ပါဘူး။
“ဘယ်လမ်းကြောင်းက ငါ့အတွက် ပိုသင့်တော်လဲ?” ဆိုတာပါ။ 💙
With 💞
ဒါဆို ကိုယ့်အတွက် သင့်တော်တဲ့ လမ်းကြောင်းကို ဘယ်လိုရွေးချယ်မလဲ?
Part 3 မှာ ကိုယ့်ကိုယ်ကိုယ် မေးကြည့်သင့်တဲ့ မေးခွန်း (၅) ခု ကို မျှဝေပေးပါမယ်။ 😉

🌍 Diva Globalize – Connecting Dreams with Opportunities
📞 Phone / Viber / WhatsApp: +60 194399353

စာမလိုက်နိုင်တာက အနာဂတ်မရှိတာ မဟုတ်ပါဘူး 💙ကျောင်းမှာ စာမလိုက်နိုင်လို့၊ စာလေ့လာရတာ စိတ်မပါလို့ ခံစားနေရရင် ဒီစာလေးကို ဖတ...
26/08/2026

စာမလိုက်နိုင်တာက အနာဂတ်မရှိတာ မဟုတ်ပါဘူး 💙

ကျောင်းမှာ စာမလိုက်နိုင်လို့၊ စာလေ့လာရတာ စိတ်မပါလို့ ခံစားနေရရင် ဒီစာလေးကို ဖတ်ကြည့်ပါ။
ကျမတို့ အနာဂတ်အကြောင်း ပြောကြတဲ့အခါ အမြဲလိုလို ကြားရတာက —
🎓 “ဘွဲ့တစ်ခုခုတော့ ရအောင်ယူ”
💻 “IT ယူ၊ လစာကောင်းတယ်”
⚙️ “Engineering တက်”
📊 “Business တက်”
ဆိုတာတွေပါ။
ဒါပေမယ့် Academic Learning က ကိုယ့်ရဲ့ အားသာချက် မဟုတ်ခဲ့ရင်ရော?
တချို့ကျောင်းသားတွေက သူငယ်ချင်းတွေတက်လို့၊ မိသားစုက တက်ခိုင်းလို့၊ ဒါမှမဟုတ် အလုပ်အကိုင်နဲ့ ဝင်ငွေကောင်းတယ်လို့ ကြားလို့ — ကိုယ့်အတွက် တကယ်ကိုက်ညီမှုရှိမရှိ မစဉ်းစားဘဲ Programme တစ်ခုကို ရွေးချယ်မိတတ်ကြပါတယ်။
တကယ်တမ်း သင်ယူရတဲ့အချိန်ရောက်လာတော့ —
📚 စာမလိုက်နိုင်တာ
📝 စာမေးပွဲတွေမှာ အခက်အခဲရှိတာ
😔 ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့လာတာ
တွေဖြစ်လာပြီး —
“ငါက မတော်ဘူးထင်တယ်။”
“ငါ့မှာ အနာဂတ်မရှိတော့ဘူးလား?”
လို့တောင် တွေးမိလာနိုင်ပါတယ်။
ဒါပေမယ့် Academic Learning မှာ အခက်အခဲရှိနေတာက သင့်မှာ အရည်အချင်းမရှိဘူးလို့ မဆိုလိုပါဘူး။
သင့်ရဲ့ အားသာချက်နဲ့ ကိုက်ညီတဲ့ လမ်းကြောင်းကို မတွေ့သေးတာပဲ ဖြစ်နိုင်ပါတယ်။
လူတိုင်းရဲ့ အားသာချက်၊ သင်ယူပုံနဲ့ စိတ်ဝင်စားမှုတွေ မတူကြပါဘူး။
ပန်းတိုင်ဆိုတာ လူတိုင်းသွားနေတဲ့လမ်းကို လိုက်ဖို့ မဟုတ်ပါဘူး။
ကိုယ့်ရဲ့ အားသာချက်တွေကို အသုံးချပြီး တိုးတက်နိုင်မယ့် လမ်းကို ရှာတွေ့ဖို့ပါ။ 🌱
With 💕
Academic Pathway နဲ့ Skill-Based Pathway — ကိုယ့်အတွက် ဘယ်လမ်းကြောင်းက ပိုသင့်တော်မလဲ?
Part 2 မှာ ဆက်လက်ဖတ်ရှုပေးပါနော်။ 😉
🌍 Diva Globalize – Connecting Dreams with Opportunities
📞 Phone / Viber / WhatsApp: +60 194399353

👨‍🍳🇨🇭 **ကိုယ် ဝါသနာပါတဲ့ Culinary Arts ကို Global Career တစ်ခုအဖြစ် ပြောင်းလဲလိုက်ပါ။**အစားအသောက်ချက်ပြုတ်ရတာကို ဝါသနာပါ...
25/08/2026

👨‍🍳🇨🇭 **ကိုယ် ဝါသနာပါတဲ့ Culinary Arts ကို Global Career တစ်ခုအဖြစ် ပြောင်းလဲလိုက်ပါ။**

အစားအသောက်ချက်ပြုတ်ရတာကို ဝါသနာပါပြီး International Hospitality Industry ထဲမှာ Professional Career တစ်ခု တည်ဆောက်ချင်သူတွေအတွက် **Reliance College ရဲ့ Culinary Arts Programmes** ကို မိတ်ဆက်ပေးချင်ပါတယ်။ ✨

🎓 **Available Programmes:**
• Diploma of Culinary Art
• Bachelor of Arts in Culinary Arts (3+0)

🇨🇭 **In Collaboration with B.H.M.S. Switzerland**

Bachelor of Arts in Culinary Arts (3+0) Programme ကို B.H.M.S. Business & Hotel Management School, Switzerland နဲ့ ပူးပေါင်းသင်ကြားထားပြီး Swiss Culinary Standards နဲ့ Practical Learning ကို စနစ်တကျ ပေါင်းစပ်သင်ယူနိုင်ပါတယ်။

🏆 B.H.M.S. Switzerland ဟာ **QS World University Rankings by Subject – Hospitality & Leisure Management မှာ #12** အဖြစ် ရပ်တည်နေတဲ့ ထိပ်တန်းကျောင်းတစ်ခု ဖြစ်ပါတယ်။

🌟 **Programme Highlights:**

👨‍🍳 **Swiss Culinary Standards** — Professional culinary techniques နဲ့ kitchen standards များကို သင်ယူရခြင်း

🔪 **Hands-on Kitchen Training** — စာတွေ့တင်မကဘဲ လက်တွေ့အခြေပြု Professional Kitchen Training ရရှိခြင်း

🌏 **Global Internship Exposure** — Hospitality Industry ကို လက်တွေ့ထိတွေ့နိုင်မယ့် Internship Opportunities ရရှိခြင်း

💼 **Industry-Ready Learning** — Career အတွက် လိုအပ်မယ့် Practical Skills & Professional Knowledge များ တည်ဆောက်နိုင်ခြင်း

🎓 **3+0 Pathway** — Internationally focused Culinary Arts Programme ကို Malaysia မှာပဲ သင်ယူနိုင်ခြင်း 🇲🇾

👩‍🍳 **Cook. Learn. Inspire.**

ချက်ပြုတ်ခြင်းက ကိုယ့်ရဲ့ Passion ဖြစ်တယ်ဆိုရင် အဲဒီ Passion ကို Professional Skills နဲ့ Global Career Opportunities အဖြစ် ပြောင်းလဲဖို့ အခုပဲ စတင်လိုက်ပါ။ 🌍✨

📩 **Admissions Open!**

Reliance College ရဲ့ Entry Requirements, Tuition Fees, Intake နဲ့ Application Process အသေးစိတ်ကို **Diva Globalize** မှာ ဆက်သွယ်မေးမြန်းနိုင်ပါပြီ။

🌍 **Diva Globalize – Connecting Dreams with Opportunities**
📞 **Phone / Viber / WhatsApp:** +60 19-439 9353

🎓🇲🇾 **WELCOME TO MALAYSIA — YOUR NEW JOURNEY BEGINS!** ✨Diva Globalize မှတစ်ဆင့် Malaysia မှာ ပညာသင်ယူဖို့ ခရီးသစ်စတင်လိ...
24/08/2026

🎓🇲🇾 **WELCOME TO MALAYSIA — YOUR NEW JOURNEY BEGINS!** ✨

Diva Globalize မှတစ်ဆင့် Malaysia မှာ ပညာသင်ယူဖို့ ခရီးသစ်စတင်လိုက်ကြတဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေကို နွေးထွေးစွာ ကြိုဆိုပါတယ်။ 💙

🎓 **INTI International University** မှာ ပညာသင်ယူမယ့် ကျောင်းသား ၂ ဦးနဲ့
🎓 **Lincoln University College** မှာ ပညာသင်ယူမယ့် ကျောင်းသူ ၁ ဦးတို့ရဲ့ Malaysia ပညာရေးခရီးစဉ် စတင်ပါပြီ။ 🇲🇾

နိုင်ငံအသစ်၊ ကျောင်းအသစ်၊ ပတ်ဝန်းကျင်အသစ်မှာ စတင်ရတဲ့အချိန်ဟာ စိတ်လှုပ်ရှားစရာကောင်းသလို စိန်ခေါ်မှုအသစ်တွေလည်း ရှိနိုင်ပါတယ်။

ဒါပေမယ့် ဒီနေ့ကနေစပြီး ရရှိလာမယ့် **Knowledge, Experience, Friendship နဲ့ Opportunities** တွေဟာ ကိုယ့်ရဲ့အနာဂတ်အတွက် တန်ဖိုးရှိတဲ့ အစိတ်အပိုင်းတွေ ဖြစ်လာမှာပါ။ 🌱

မောင်လေး၊ ညီမလေးတို့ရေ —

Malaysia မှာ ပညာသင်ယူရမယ့် အချိန်တွေကို အကောင်းဆုံးအသုံးချပြီး ကိုယ်ရွေးချယ်ထားတဲ့ လမ်းကြောင်းမှာ ယုံကြည်မှုရှိရှိနဲ့ ရှေ့ဆက်နိုင်ကြပါစေ။ ✨

**Study well. Grow confidently. Enjoy your new journey.** 💙

Diva Globalize မှ နွေးထွေးစွာ ကြိုဆိုပါတယ်။
**Welcome to Malaysia! 🇲🇾🎓**

🌍 ကိုယ့်အတွက် သင့်တော်တဲ့ Career ကို ဘယ်လိုရွေးချယ်မလဲ?Career ရွေးချယ်တဲ့အခါ လူကြိုက်များတဲ့ Course ကို ရွေးတာ၊ လက်ရှိ T...
23/08/2026

🌍 ကိုယ့်အတွက် သင့်တော်တဲ့ Career ကို ဘယ်လိုရွေးချယ်မလဲ?
Career ရွေးချယ်တဲ့အခါ လူကြိုက်များတဲ့ Course ကို ရွေးတာ၊ လက်ရှိ Trend နောက်ကို လိုက်တာတင် မလုံလောက်ပါဘူး။
အရေးကြီးတာက —
✨ ကိုယ်ဘာကို စိတ်ဝင်စားလဲ?
💡 ကိုယ်ဘာကို ကောင်းကောင်းလုပ်နိုင်လဲ?
🚀 အနာဂတ်မှာ ဘယ်လိုအခွင့်အလမ်းတွေ ရှိနိုင်လဲ?
ဆိုတာတွေကို အတူတူ စဉ်းစားဖို့ပါ။
ကိုယ်စိတ်ဝင်စားတဲ့အရာကို သိတယ်။ ကိုယ့်ရဲ့ အားသာချက်တွေကို နားလည်တယ်။ အနာဂတ်မှာ ရှိလာနိုင်မယ့် အခွင့်အလမ်းတွေကိုလည်း လေ့လာထားတယ်ဆိုရင် ကိုယ့်အတွက် သင့်တော်တဲ့ Study & Career Path ကို ရွေးချယ်ဖို့ ပိုလွယ်ကူလာပါတယ်။
တခြားသူတွေ ရွေးလို့ လိုက်ရွေးတာထက် ကိုယ်ဘယ်လိုအနာဂတ်မျိုး တည်ဆောက်ချင်လဲဆိုတာကနေ စပြီး ရွေးချယ်ပါ။ 🌱
Diva Globalize မှာ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှု၊ ရည်မှန်းချက်နဲ့ အနာဂတ်အစီအစဉ်တွေအပေါ် မူတည်ပြီး Malaysia နဲ့ အခြားနိုင်ငံတွေမှာ သင့်တော်မယ့် Study Options တွေကို လေ့လာရွေးချယ်နိုင်ဖို့ ကူညီပေးနေပါတယ်။
🌟 ကိုယ့်ရဲ့ အားသာချက်တွေကို ရှာဖွေပါ။
🌍 ကိုယ့်အတွက် ရှိနေတဲ့ ရွေးချယ်စရာတွေကို လေ့လာပါ။
🎓 ကိုယ်သွားချင်တဲ့ အနာဂတ်ကို ရွေးချယ်ပါ။
🌍 Diva Globalize – Connecting Dreams with Opportunities
📞 Phone / Viber / WhatsApp: +60 194399353

21/08/2026

နိုင်ငံရပ်ခြားမှာ ပညာသင်တယ်ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး.....

ပညာသင်နေရင်း ဘယ်နှစ်ယောက်က ကျောင်းနားပြီး၊ လက်လျော့ပြီး မိခင်နိုင်ငံ ကို ပြန်နေကြပြီလဲ....

ဒါတွေ ကျမ တို့ ပြောတယ်ဆိုတာ နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသူ၊ကျောင်းသားတွေကို သိစေချင်လို့ပါ...

Drop out တယ်ဆိုတာ အကြောင်းပြချက် အမျိုးမျိုး ကြောင့်မို့ ဒီ Video လေးကို ကြည့်ပြီး ခွန်အားယူနိုင်ကြပါစေ။

ပညာဆိုတာ အရမ်းတန်ဖိုး ရှိတာမို့ ကြိုးစားသင်ယူ၊ အောင်မြင်ကြဖို့ ကျမတို့ ဆုမွန်ကောင်း တောင်းပေးရင်:.....




21/08/2026

Group Project လုပ်ဖူးတဲ့ ကျောင်းသားတိုင်းအတွက် ဒီဇာတ်လမ်းက ရင်းနှီးပြီး၊ ကြုံနေရတဲ့ အမှန်တရားလေး....

Group project လို့ ဆိုပေမယ့်
👤 တစ်ယောက်က Project တစ်ခုလုံးရဲ့ 70% လောက်ကို တစ်ယောက်တည်း ဒိုင်ခံလုပ်ရတယ်။
👻 တစ်ယောက်က Submission Day ရောက်ခါနီးမှ ပေါ်လာတယ်။
🤷‍♂️ နောက်တစ်ယောက်ကတော့ —“ဟာ… အဲဒီအပိုင်း နင်လုပ် မယ်လို့ ငါထင်နေတာ” 😅
ပြီးတာနဲ့ Group Chat က ရုတ်တရက် တရားရုံးတစ်ခုလို ဖြစ်သွားပါတော့တယ်။ ⚖️😂

💡 ဒါပေမယ့် Group Project တိုင်း ဒီလောက် Stressful ဖြစ်စရာ မလိုပါဘူး။

Project မစခင် အဖွဲ့ဝင်တွေကြား ရိုးရှင်းတဲ့ Terms of Reference (TOR) လေးတစ်ခု ကြိုသဘောတူထားကြည့်ပါ —
📌 Scope — ဘာတွေ Deliver လုပ်ရမလဲ?
👥 Roles — ဘယ်သူက ဘာအပိုင်းကို တာဝန်ယူမလဲ?
📅 Deadlines — ကိုယ့်အပိုင်းကို ဘယ်နေ့အပြီးသတ်ရမလဲ?
💬 Communication — Progress Update တွေကို ဘယ်လိုလုပ်ကြမလဲ?
✅ Accountability — တစ်ယောက်ယောက် အချိန်မီမပြီးနိုင်ရင် ဘယ်လိုကူညီဖြေရှင်းကြမလဲ?
⚖️ Contract Law နဲ့ နည်းနည်းပျော်ပျော်ပါးပါး ချိတ်ကြည့်မယ်ဆိုရင်တော့ —
🗣️ Offer: “Research အပိုင်း ငါယူလိုက်မယ်။”
🤝 Acceptance: “Deal!”
⚖️ Consideration: လူတိုင်းက Project အတွက် ကိုယ့်ဘက်က Contribution တစ်ခုစီ ထည့်ဝင်ကြတယ်။
📦 ပြီးတော့ အရေးကြီးဆုံး — Delivery: ပြောထားတဲ့အတိုင်း အချိန်မီ တကယ်လုပ်တယ်။ 😌

Group Project ဆိုတာ Teamwork အတွက် သင်ယူရတဲ့နေရာပါ… တစ်ခါတလေ Contract Dispute ပါ သင်ယူလိုက်ပေမယ့်ပေါ့ 🫢

University Life ဆိုတာ Assignment ပြီးအောင်လုပ်ဖို့တင် မဟုတ်ပါဘူး။
အနာဂတ်လုပ်ငန်းခွင်မှာ တကယ်လိုအပ်မယ့် Communication, Accountability နဲ့ Teamwork Skills တွေကို လေ့ကျင့်နေတဲ့ နေရာ၊ အချိန်လည်း ဖြစ်ပါတယ်။

⚖️ ဒါဆို မေးပါရစေ — Group Project တိုင်း TOR လေးတစ်ခု ကြိုဆွဲပြီးမှ စသင့်တယ်လို့ ထင်ပါသလား?

🌍 Diva Globalize – Connecting Dreams with Opportunities

🇲🇾 **FRIDAY SCHOLARSHIP | MALAYSIA** 🎓**Malaysia Government က International Students တွေအတွက် Scholarship ပေးတယ်ဆိုတာ သိ...
21/08/2026

🇲🇾 **FRIDAY SCHOLARSHIP | MALAYSIA** 🎓

**Malaysia Government က International Students တွေအတွက် Scholarship ပေးတယ်ဆိုတာ သိပြီးပြီလား?** 👀

🌟 **MALAYSIA INTERNATIONAL SCHOLARSHIP (MIS)**

MIS ဟာ Malaysia မှာ Postgraduate ပညာဆက်လက်သင်ယူလိုတဲ့ ထူးချွန်တဲ့ International Graduates တွေအတွက် **Malaysian Government (Ministry of Higher Education)** က ပေးအပ်တဲ့ Scholarship Programme တစ်ခုဖြစ်ပါတယ်။ 🇲🇾

🇲🇲 **Myanmar ကျောင်းသားတွေအတွက် သတင်းကောင်းကတော့ —**
MIS 2026 မှာ **Myanmar နိုင်ငံဟာ လျှောက်ထားနိုင်တဲ့ ASEAN Countries ထဲမှာ ပါဝင်ခဲ့ပါတယ်။**

🎓 **Study Level**

* Master’s Degree
* PhD

Malaysia မှာ Postgraduate ပညာဆက်လက်သင်ယူဖို့ စီစဉ်နေတဲ့ ကျောင်းသားတွေအပြင် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ Malaysia မှာ လက်ရှိ Full-time Postgraduate တက်ရောက်နေသူအချို့လည်း MIS အတွက် လျှောက်ထားနိုင်ပါတယ်။

📌 **သတိပြုရန်**
**2026/2027 MIS Application Cycle ကတော့ ပိတ်သွားပြီဖြစ်ပါတယ်။**

နောက်လာမယ့် Application Cycle မှာ Scholarship Availability, Benefits နဲ့ Eligibility Requirements တွေ ပြောင်းလဲနိုင်တာကြောင့် **Official Announcement နဲ့ Eligibility Requirements တွေကို သေချာစစ်ဆေးဖို့ အရေးကြီးပါတယ်။**

🔔 **နောက်ထပ် Scholarship Opportunities နဲ့ Study Abroad Information တွေကို သိရှိဖို့ Diva Globalize ကို Follow လုပ်ထားနိုင်ပါတယ်။**

🔗 **Official Source — Ministry of Higher Education Malaysia (MIS):**
https://biasiswa.mohe.gov.my/INTER/

**DIVA GLOBALIZE**
*Connecting Dreams with Opportunities*
*Your Future Starts Here.*

🇲🇾🎒 **MALAYSIA INTERNATIONAL SCHOOL GUIDE — PART 3** # # # **Myanmar မှာ Grade 5 ပြီးထားရင် Malaysia မှာ Grade 6 တန်းတက်...
20/08/2026

🇲🇾🎒 **MALAYSIA INTERNATIONAL SCHOOL GUIDE — PART 3**

# # # **Myanmar မှာ Grade 5 ပြီးထားရင် Malaysia မှာ Grade 6 တန်းတက်လို့ရလား?**

Malaysia International School စဉ်းစားနေတဲ့ မိဘတွေ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပါ။

အဖြေကတော့ — **Grade 5 ပြီးထားတာတစ်ခုတည်းနဲ့ Grade 6 ကို တန်းတက်ရမယ်လို့ သတ်မှတ်လို့မရပါဘူး။**

International School တွေမှာ ကလေးရဲ့ သင့်တော်တဲ့ Grade/Year ကို ဆုံးဖြတ်ဖို့ **Entrance Assessment / Admission Screening** လုပ်တာမျိုး ရှိပါတယ်။ 📝

ဥပမာ — ကလေးက Myanmar မှာ **Grade 5 ပြီးထားတယ်** ဆိုပါစို့။

Assessment နဲ့ School Requirement တွေ အဆင်ပြေရင်
✅ နောက်တစ်ဆင့် **Grade/Year ကို ဆက်တက်နိုင်ပါတယ်။**

လိုအပ်တဲ့ Level မပြည့်မီသေးရင်တော့
➡️ ကလေးနဲ့ ပိုသင့်တော်တဲ့ **Grade/Year သို့မဟုတ် Academic/English Support** ကို ကျောင်းက Recommend လုပ်နိုင်ပါတယ်။

📌 **Grade Placement အတွက် ဘာတွေကြည့်လဲ?**

📚 Previous Academic Records
🗣️ English Level
🎂 Age Requirement
📝 Assessment Result
📖 Curriculum & School Policy

ဒါကြောင့် Myanmar မှာ ပြီးထားတဲ့ Grade တစ်ခုတည်းကိုကြည့်ပြီး Malaysia မှာ ဘယ် Grade/Year တက်ရမယ်ဆိုတာ ကြိုဆုံးဖြတ်ထားလို့ မရပါဘူး။

💡 **ကျောင်းရွေးတဲ့အခါ ကလေးရဲ့ အသက်၊ လက်ရှိ Grade နဲ့ Academic Background ကို ပြောပြပြီး ဘယ် Grade/Year အတွက် Apply လုပ်သင့်လဲ၊ Assessment ရှိ/မရှိ ကြိုမေးထားတာ အကောင်းဆုံးပါ။**

🇲🇾 ကိုယ့်ကလေးနဲ့ ကိုက်ညီမယ့် Malaysia International School ရှာဖွေနေတယ်ဆိုရင် **Diva Globalize** ကို Message ပို့ပြီး ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင်။ 💙

🌍 **Diva Globalize – Connecting Dreams with Opportunities**

📞 **Phone / Viber / WhatsApp:** +60 194399353

🇲🇾📑 MALAYSIA INTERNATIONAL SCHOOL GUIDE — PART 2Malaysia International School လျှောက်မယ်ဆို ဘာ Documents တွေ ကြိုပြင်ထား...
20/08/2026

🇲🇾📑 MALAYSIA INTERNATIONAL SCHOOL GUIDE — PART 2
Malaysia International School လျှောက်မယ်ဆို ဘာ Documents တွေ ကြိုပြင်ထားရမလဲ? 📄
ကျောင်းရွေးပြီးပြီဆိုရင် နောက်တစ်ဆင့်က Application & Visa Process ပါ။
အရင်ဆုံး School Application အတွက် ပုံမှန်အားဖြင့် 👇
📄 Student's Passport
📄 Birth Certificate
📄 Parents' Passport / ID
📄 Previous School Records / Results
📄 School က ထပ်မံတောင်းခံတဲ့ Documents
တွေကို ပြင်ဆင်ထားဖို့ လိုပါတယ်။
🇲🇲 Myanmar မိသားစုတွေအတွက်တော့ ဘာတွေ ထပ်လိုနိုင်လဲ?
Case ပေါ်မူတည်ပြီး —
📌 Birth Certificate
📌 Household Registration
📌 Parents' Marriage Certificate
စတဲ့ Documents တွေကို Notary / Authentication လုပ်ဖို့ လိုအပ်နိုင်ပါတယ်။
မိဘတွေ Divorce ဖြစ်ထားရင်တော့ Divorce Certificate နဲ့ Child Custody Documents တွေလည်း ထပ်လိုနိုင်ပါတယ်။
✈️ Documents ပြည့်ပြီဆို Malaysia သွားလို့ရပြီလား?
ချက်ချင်း Flight Ticket ဝယ်ဖို့တော့ မလုပ်သင့်သေးပါဘူး။
လိုအပ်တဲ့ Visa/Immigration Approval Process ပြီးစီးပြီး ကျောင်း သို့မဟုတ် သက်ဆိုင်ရာ Visa Team က Travel လုပ်လို့ရပြီလို့ Confirm လုပ်ပြီးမှ Flight စီစဉ်တာ ပိုကောင်းပါတယ်။
Malaysia ရောက်ပြီးနောက်မှာလည်း Case အလိုက် Medical Check-up, Insurance နဲ့ Student Pass Process တွေ ဆက်လုပ်ရနိုင်ပါတယ်။
💡 School တစ်ကျောင်းနဲ့တစ်ကျောင်း၊ ကလေးတစ်ယောက်နဲ့တစ်ယောက် လိုအပ်တဲ့ Documents နဲ့ Process တွေ မတူနိုင်တာကိုလည်း သတိပြုထားပါနော်။
➡️ PART 3 မှာ — “Myanmar မှာ Grade 5 ပြီးရင် Malaysia မှာ Grade 6 တန်းတက်လို့ရလား?” ဆိုတဲ့ Entrance Assessment & Grade Placement အကြောင်း ဆက်ပြီးမျှဝေပေးပါမယ်။ 🎓
📩 Malaysia International School လျှောက်ထားဖို့ စဉ်းစားနေပြီး ဘယ်ကနေစရမလဲ မသိသေးရင် Diva Globalize ကို Message ပို့ပြီး ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင်။
🌍 Diva Globalize – Connecting Dreams with Opportunities
📞 Phone / Viber / WhatsApp: +60 194399353

Address

Block D, Jalan Barat, PJS 8, Bandar Petaling Jaya
Bhulta
46050

Alerts

Be the first to know and let us send you an email when Diva Globalize posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share