26/03/2024
ကုသိုလ် ဖြစ် စေ မယ့်
အတွေးကနေ
အကျင့်ဖြစ် လာ ဖို့ က
နေ့စဉ် အလုပ်ပါ
ငါ ဘာ ရ မယ် ဆို တာ ကြီးနဲ့
အသက် ရှင် နေ တာ ထက်
ငါ လူ တွေ ကို
ဘယ် လို စိတ်နဲ့
ကူညီ ရမလဲ
ဆို တဲ့
ရင် ထဲ က
လာ တဲ့ စိတ် နဲ့ နိုးထပါ
ရင်ထဲ ကလာ တဲ့ စိတ်နဲ့
ကောင်းတဲ့ နေ့ကို ပြီးဆုံးပါ..
ငါဘယ် စိတ် နဲ့
စတင် မလဲဆိုတာ
ပတ်ဝန်းကျင် မှာ
ငါလုပ် နိုင်တာ လေး နဲ့
စမလဲ
နည်း ချင်နည်းမယ်
များ ချင် များ မယ်
ကိုယ့် ရဲ့ အပြု အမူ
ကိုယ့် ရဲ့ စကား ကြောင့်
ဘယ် လို ကောင်းတာ တွေ
တွေးတော စေ မလဲ?
၁…..
၂….
၃….
၄….
နေ့စဉ် ပြီးသွား တာ နဲ့
အဲ့ဒီ စာရင်း တွေ ကို
ပြန် ချုပ် ရင်
ရတဲ့ ကုသိုလ် တွေ
Bank account မှာ
$$$$$ တွေ
သိမ်းထားသလို
အများ ကြီးရနေပါလား ဆို တဲ့
စိတ် နဲ့ စိတ် ဖြစ်ရင်
စိတ် ပိုကြည်လင် လာ မယ်
စိတ် ပို လန်းဆန်း လာ မယ်
စိတ် ပို အေးချမ်းလာ မယ်
အားလုံး
ကိုယ် စိတ် နှစ်ဖြာ
ရွင် လန်း အေးချမ်း
ကြပါစေ
ဉပတ်ရန်ဘေးကင်းစင်ဝေး
ငြိမ်းအေး ကြပါစေ
PFTW
Australia 🇦🇺
6:27am