01/09/2026
Writing Legends
📝📝📝📝📝
သတင်းကောင်း တစ်ခု ပြောပြချင်ပါတယ်။
Reading Eggs Company က Writing Legends Acc များစွာကို ကျွန်တော်တို့ကျောင်းအတွက် လှူထားတာကို လက်ခံရရှိပါပြီ။ ရရှိထားတဲ့ Acc အရေအတွက် များလို့ ၈ နှစ်တန်း ကျောင်းသားတိုင်းအတွက်အပြင် ၇ နှစ်နဲ့ ၆ နှစ်ကျောင်းသားတိုင်းအတွက်လည်း ကိုယ်ပိုင် Acc တစ်ယောက်တစ်ခု ပေးဖို့ လုံလောက်လို့ ပေးလိုက်ပါပြီ။ မရသေးရင် Teacher Audrey ကို မေးပါ။ ၈ နှစ်တန်းထဲမှာပဲ ဆရာမက သင်မှာဖြစ်ပြီး ၆-၇ နှစ်တန်းတွေမှာ မသင်ပါ။ ၆-၇ တန်းကျောင်းသားတွေက ကိုယ်ပိုင် Acc သုံးပြီး အိမ်စာ အနေနဲ့ ကိုယ်တိုင် လုပ်ရပါမယ်။
Writing Legends App ကို Reading Eggs Company ကပဲ ထုတ်တာ ဖြစ်ပြီး English Writing Skill ကို အခြေခံကစ ပီပီပြင်ပြင် အထူးပြု သင်ကြားပေးတဲ့ သင်ထောက်ကူပါ။ ဒီ App ကို မိဘတစ်ဦး အနေနဲ့ ကလေးအတွက် ဝယ်ပေးချင်လို့ ဝယ်နိုင်ရင်တောင် Writing Legends Website ကနေ သွားဝယ်လို့ မရပါ။ ကျောင်းတွေကိုသာ ရောင်းတာ ဖြစ်လို့ ကျောင်းတစ်ကျောင်းကျောင်းက ဝယ်ပေးတာ မဟုတ်ရင် ဝယ်မရတဲ့ သဘောပါ။ တန်ဖိုးလည်း ရှိပြီး ရခဲတဲ့ အခွင့်အရေးလည်းဖြစ်လို့ တန်ဖိုးထားပြီး အကျိုးရှိအောင် အသုံးချပေးတတ်ဖို့ ပြောပြပေးတာပါ။
မြန်မာနိုင်ငံက အစိုးရကျောင်း ကျောင်းသားတွေမှာ English Writing Skill လည်း အလွန်အားနည်းလေ့ရှိတာမို့ ဒီ App က ကျွန်တော်တို့ကျောင်းက အစိုးရကျောင်းတက်တဲ့ ကျောင်းသားတွေအတွက် အထူးအကျိုးကျေးဇူး ပေးပါလိမ့်မယ်။ Reading Eggs, Fast Phonics, Reading Eggspress and Library တွေကနေ Listening Skill နဲ့ Reading Skill တွေပေးပြီး Every Sunday 11:30-12:50 မှာလုပ်တဲ့ Kids' English Speaking Corner ကနေ Speaking Skill ကို ရပါမယ်။ 4 Skills လုံးကို ယူတတ်ရင် အများကြီးရနိုင်အောင် လုပ်ပေးထားပါတယ်။
Australian English Writing သင်ရိုးကို ပုံပါ ဇယားကနေ ကြည့်ပါ။
6 yr Class
Lesson 1-10
(Homework)
7 yr Class
Lesson 11-30
(Homework)
8 yr Class
Lesson 31-50
(In-Class)
App ကို မိတ်ဆက်ပေးမယ့် Tutorial Video တစ်ခုလည်း လုပ်ပေးဖို့ ကြိုးစားပါမယ်။
Dr. Steven Lwin
Principal