Psychoeducation with Wahidah

Psychoeducation with Wahidah I’m Wahidah, a psychologist in Australia. I’m currently a researcher there and teach psychology seminars. Welcome!🤍

I completed my psychology studies (including Honours and Master’s degrees) at the University of Melbourne ( #1 in Australia, #19 globally).

17/11/2024

ဆယ်ကျော်သက်တွေကဘာလို့စိတ်ကိုအလိုလိုက်တက်ကြတာလဲ?

29/07/2024

ရန်မဖြစ်သော Relationship

တချို့တွေက ထင်ကြတယ်၊ relationship တခုမှာ သူနှင့်ကိုယ်က right person ဖြစ်ပြီး ပြည့်စုံတဲ့ relationship ဆိုရင် ရန်ဖြစ်စကားများတာမျိုး မရှိသင့်ဘူးလို့။

ဒါဆိုရင် စကားများရန်ဖြစ်တိုင်း ဒီ relationship က ကိုယ့်အတွက် သင့်တော်တဲ့ relationship မဟုတ်တော့ဘူးလား?

ကြည့်ရအောင်

လူနှစ်ယောက်ဖြစ်လာပြီဆိုရင် တနည်းမဟုတ်တနည်းနဲ့ တနေရာရာမှာတော့ စိတ်သဘောထားကွဲလွဲတာလေးတွေရှိပြီး စကားများ ငြင်းခုံမိမှာမလွဲမသေပါပဲ။

တကယ်တော့ စကားများငြင်းခုံနည်းသာမှန်ကန်ခဲ့မယ်ဆိုရင် ကိုယ့် relationship ကိုမထိခိုက်ဘဲ အကျိုးတောင်ရှိနိုင်ပါသေးတယ်။

ဘာလို့လဲဆို ပြီးတော့ နည်းလမ်းမှန်မှန်နဲ့ဘယ်လိုငြင်းခုံမလဲ ကြည့်ရအောင်

စိတ်သဘောထားကွဲလွဲတဲ့အခါမှာ ကိုယ့်အမြင် သူ့အမြင်ကို တဖက်နဲ့တဖက် သေချာပြောပြတတ်မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်ကြား နားလည်မှု တိုးစေနိုင်တာကြောင့် relationship ကို ပိုခိုင်မာစေပါတယ်။

ဒီလို သူ့အမြင် ကိုယ့်အမြင် ဖလယ်ကြတဲ့အခါ တစ်ယောက်ရဲ့အမြင်ကို နောက်တစ်ယောက်က လေးလေးစားစားနဲ့ သေချာနားထောင်ပေးဖို့လိုပါတယ်။

မတူညီတဲ့အတွေးအခေါ် အမြင်တွေ ဖလယ်ပြီးရင် နောက်လုပ်ရမှာက ညှိရမှာပါ။ သူနဲ့ကိုယ် နှစ်ယောက်စလုံး အဆင်ပြေမဲ့ ဖြေရှင်းနည်းကို ရှာရမှာပါ။

ဒီလို ဖြေရှင်းနည်းရှာတဲ့အခါ ငါနိုင်ရမယ်၊ ငါဖြစ်ချင်သလိုပဲ ဖြစ်ရမယ် လုပ်လို့မရသလို၊ ဟိုဘက်လူကလဲ သူနိုင်ရမယ် သူ့လမ်းအတိုင်းပဲ သွားရမယ် လုပ်လို့မရပါဘူး။

ဘာလို့လဲဆိုတော့ relationship ဆိုတာ သူနဲ့ကိုယ်နှစ်ယောက်အတူတည်ဆောက်ထားတဲ့ အရာလေ။ အဲ့တော့ တစ်ယောက်အပေါ်တစ်ယောက် အနိုင်လိုချင်စိတ်မထားဘဲ ကိုယ်နဲ့သူနဲ့က တစ်ဖွဲ့၊ ပြဿနာက တစ်ဖွဲ့ ဆိုတဲ့စိတ်ထားပြီး ပြဿနာတခုကို နှစ်ယောက်တစ်ဖွဲ့တူတူအဖြေရှာတဲ့သဘောမျိုးထားကြည်ပါ။

ကဲ ကိုယ့် relationship မှာ ဒါလေးတွေ try ကြည့်ကြဦးနော်။

This page is dedicated to self-motivated people who want to improve their mental wellbeing.

26/01/2024

Emotional intelligence (EQ)
စိတ်ခံစားမှုပိုင်းဆိုင်ရာအသိဉာဏ်ဆိုတာ ဘာလဲ ဘာလို့အရေးကြီးတာလဲဆိုတာ ပြောပြထားပါတယ် 🙂

Happy new year everyone 🥳နှစ်သစ်ရဲ့ ပထမဆုံးလရဲ့ လတစ်ဝက်တောင်ရောက်တော့မယ်နော်အချိန်တွေကမြန်လိုက်တာကျန်သေးတဲ့ ၁၁လနဲ့တစ်ဝက်...
12/01/2024

Happy new year everyone 🥳
နှစ်သစ်ရဲ့ ပထမဆုံးလရဲ့ လတစ်ဝက်တောင်ရောက်တော့မယ်နော်
အချိန်တွေကမြန်လိုက်တာ

ကျန်သေးတဲ့ ၁၁လနဲ့တစ်ဝက်ကျော်လောက်ကို အားလုံးအကောင်းဆုံး ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ခက်ခဲ့တဲ့အချိန်တွေနဲ့ကြုံလာတဲ့အခါ moti ဖြစ်စေဖို့ ပုံလေးတင်ပေးလိုက်တယ်နော်

Do it alone
တစ်ယောက်တည်းဖြစ်နေလဲ ဆက်သွားပါ
Do it tired
ပင်ပန်းနေလဲ ဆက်သွားပါ
Do it scared
ကြောက်နေရင်လဲ ဆက်သွားပါ
Just do it
သွားစရာရှိတာဆက်သာသွားပါ

ဘောင်ဝင်မဆံ့တဲ့အမျိုးသမီးတွေဖတ်ဖို့ မိန်းမတစ်ယောက်ဖြစ်လာပီဆိုရင် ဘယ်အသက်မရောက်ခင် အိမ်ထောင်ပြုရမယ်တို့ဘယ်အသက်မရောက်ခင် က...
26/07/2023

ဘောင်ဝင်မဆံ့တဲ့အမျိုးသမီးတွေဖတ်ဖို့

မိန်းမတစ်ယောက်ဖြစ်လာပီဆိုရင်
ဘယ်အသက်မရောက်ခင် အိမ်ထောင်ပြုရမယ်တို့
ဘယ်အသက်မရောက်ခင် ကလေးယူရမယ်တို့ဆိုတာ ပတ်ဝန်းကျင်က အသင့်သတ်မှတ်ထားပေးပီးသား

နိုင်ငံရေး, လုပ်ငန်းခွင် နဲ့ ပညာရေး နယ်ပယ်အသီးသီးမှာ အမျိုးသမီးတွေအတွက် တိုးတက်မှုတွေအများကြီးရှိလာပေမဲ့ ပတ်ဝန်းကျင်ရဲ့အမျိုးသမီးတစ်ယောက်ချင်းစီပေါ်မှာထားတဲ့ အမြင်တွေကတော့ ခုထိ ကျောက်ခေတ်ကလိုပဲ

ကျောက်ခေတ်ကဆို မိန်းမတွေရှင်သန်ဖို့ ယောက်ျားတွေမရှိမဖြစ်လိုအပ်တယ်
ယောက်ျားတွေကအပြင်ထွက်အမဲလိုက် မိန်းမတွေကဂူထဲမှာ ကလေးတွေနဲ့ ယောက်ျားက ရိက္ခာနဲ့ပြန်လာတာစောင့်
ယောက်ျားမရှိရင်သူလဲရှာမစားတက် သူ့ကလေးလဲမကျွေးနိုင်ဆိုတော့
သူရှင်သန်ဖို့ရောသူ့ကလေးရှင်သန်ဖို့ပါ သူ့ယောက်ျားရှိမှဖြစ်မှာ

ဟော နောက်နည်းနည်းခေတ်တိုးတက်လာတော့လဲ ယောက်ျားတွေပေါ် မှီခိုရပြန်ရော
မိန်းမဖြစ်နေလို့ အလုပ်မရတာနဲ့ ကျောင်းတက်ခွင့်မရတာနဲ့
US လိုနိုင်ငံမှာတောင် ပထမဦးဆုံး အမျိုးသမီး တက္ကသိုလ် တက်ခွင့်ရတာ ခုနှစ် 1800 ကျော်လောက်ကမှ
ဒီလိုကျားမခွဲခြားမှုတွေကြောင့် မိန်းမတွေ ရှင်သန်ဖို့ ယောက်ျားတွေကို မှီခိုရရင်းမှီခိုရဆဲပဲ

ခုခေတ်မှာတော့ progress တွေအများကြီးရှိလာပါပီ
မိန်းမတွေယောက်ျားတွေနဲ့ရင်ဘောင်တန်းနိုင်နေပီ တချိုု့အမျိုးသမီးတွေ တချို့ယောကျ်ားတွေထက်ရှေ့ပြေးတယ်
ယောကျ်ားတစ်ယောက်ရှိမှစားနိုင်နေနိုင်မဲ့ ခေတ်လဲမဟုတ်တော့ပါဘူး

အဲ့တော့ အသက် ၃၀ ဝန်းကျင်ပဲဖြစ်ဖြစ် ၄၀ ဝန်းကျင်ပဲဖြစ်ဖြစ် ယောကျ်ားယူစရာ reason ကောင်းကောင်းမရှိသေးလို့ ယောက်ျားမယူသေးဘူးဆိုတော့ရောဘာဖြစ်လဲ
တချို့အမျိုးသမီးတွေ အကြောင်းအမျိုးမျိုးကြောင့် ကလေးမယူပဲ ခွေးလေတွေ ကြောင်လေးတွေနဲ့ ပျော်နေတာမျိုးလဲရှိတယ်
တချို့လဲ လုပ်ငန်းခွင်မှာ ပေါက်ရောက်အောင် ရှေ့ပြေးတစ်ယောက်ဖြစ်လာအောင် ကြိုးစားဖို့ အချိန်တွေနှစ်မြှုပ်ထားရင်း အိမ်ထောင်ပြုတဲ့ဘက်မလှည့်နိုင် ရှိချင်ရှိမယ်
တချို့တွေ broken family မှာကြီးပြင်းလာရလလို့ရထားတဲ့ စိတ်ဒဏ်ရာတွေကြောင့် အိမ်ထောင်မပြုချင် ကလေးမမွေးချင်ရှိချင်ရှိမယ်

ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ဘဝကိုယ် ကျေနပ်နေရင်ပီးတာပဲ
ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းဘောင်တွေနဲ့ဆန့်အောင် လိုက်နေနေရအောင် ကိုယ်က ကွေးချင်တိုင်းကွေး ညှစ်ချင်တိုင်းညှစ်လို့ရတဲ့ ရော်ဘာတုံးကြီးမို့လို့လား?

Cinderella ခေတ်ကလို princess လုပ်ပီး မင်းသားလေးက လာကယ်တာစောင့်ရမဲ့ခေတ်မဟုတ်တော့လို့
princess မလုပ်ပဲ ဘုရင်မပဲ လုပ်ပီး ကိုယ့် empire ကိုယ်ဆောက်ကြစမ်းပါအမျိုးသမီးတို့ရေ

To all the queens out there 👸

09/07/2023

သူများတွေ ကိုယ့်ကို ​ဝေဖန်ကဲ့ရဲ့တာတွေ လိုက်မခံစားခင် ကိုယ့်ကိုယ်ကို အရင်မေးကြည့်ပါဦး သူတို့ထင်မြင်ချက်တွေက ကိုယ်လိုက်ခံစားဖို့ရော တန်ရဲ့လားဆိုတာ

လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ထင်မြင်ယူဆချက်တွေကတူတာမှမဟုတ်တာ
အဲ့တာကြောင့် ကံကောင်းလို့ရထားတဲ့ ကိုယ့်ဘဝကို
ကိုယ့်ကိုယ်ပိုင်သတ်မှတ်ချက်တွေနဲ့ပဲ ဖြတ်သန်းပါ

ကိုယ့်ကိုယ်ကိုယ် ငါကဘယ်လိုလူမျိုးလဲ ဆိုပီးစဉ်းစားဖူးကြလား?စိတ်ပညာမှာ လူတွေရဲ့ပင်ကိုစရိုက်ကိုအလွယ်ကူဆုံးနဲ့အရှင်းဆုံး Typ...
02/03/2023

ကိုယ့်ကိုယ်ကိုယ် ငါကဘယ်လိုလူမျိုးလဲ ဆိုပီးစဉ်းစားဖူးကြလား?

စိတ်ပညာမှာ လူတွေရဲ့ပင်ကိုစရိုက်ကိုအလွယ်ကူဆုံးနဲ့အရှင်းဆုံး Type A နဲ့ Type B ဆိုပီးခွဲထားတာမျိုးရှိတယ်

ကိုယ်က Type A လား Type B လားသိချင်ရင်အဆုံးထိဖတ်ကြည့်သွားနော်

Type A တွေက ရည်မှန်းချက်အရမ်းကြီးတယ်
တနေ့ထက်တနေ့ဘာတွေထက်ကြိုးစားရမလဲပဲစဉ်းစားနေတက်တယ်
သူတို့မှာလုပ်စရာတွေကတပုံကြီးနဲ့အချိန်ကမလောက်ဖြစ်နေတက်တယ်
စိတ်မရှည်ပဲ နေရာတိုင်းမှာ အပြေးအလွှား အလောတကြီးလုပ်တက်တဲ့ထဲမှာလဲ သူတို့ပါတယ်
အပြိုင်အဆိုင်စိတ်ကြီးတယ်
သူများနဲ့လိုက်ယှဉ်ပီးပြိုင်နေတာမျိုးမဟုတ်ပဲ
သူ့ဘဝမှာပိုပိုပီးအောင်မြင်အောင် ဘာတွေလုပ်ရမလဲဆိုပီး ကိုယ့်ကိုယ်ကိုယ်နဲ့နေ့စဉ်ပြိုင်ပွဲဝင်နေတာမျိုး

Type B တွေကတော့အေးဆေးသမားတွေ
သူတို့တွေကရည်မှန်းချက်မကြီးဘူးလားဆိုတော့ကြီးပါတယ် ဒါပေမဲ့ Type A တွေလိုတော့ အလျင်စလိုမရှိဘူး လိုရာခရီးတနေ့ရောက်ရင်ပြီးရော ဘယ်တော့ရောက်ရောက်ဆိုပီး ဘဝကို အပူအပင်ကင်းကင်းနဲ့အေးဆေးဖြတ်သန်းတက်ကြတယ်
စိတ်လဲရှည်ကြပီး အရာရာတိုင်းကိုအကောင်းဖက်ကတွေးတက်တဲ့စိတ်ကဟိုဘက်ကမ်းတောင်ရောက်နေလို့ သူတို့တွေကတော်ရုံကိစ္စလောက်နဲ့လဲစိတ်မညစ်တက်ကြဘူး

28/12/2022

အတိတ်က ပစ္စုပ္ပန် ဖြစ်နေသောအခါ

ကျွန်မတို့တွေ ပစ္စုပ္ပန်မှာ ဘယ်လိုပြုမူနေထိုင်တယ် ဘယ်လိုတွေတွေးတောတယ် ဘာတွေပြောဆိုတယ်ဆိုတာကို အတိတ်က အများကြီး လွှမ်းမိုးထားတယ်

ဥပမာ

ပစ္စည်းဥစ္စာ မကြွယ်ဝပဲကြီးခဲ့တဲ့ ကလေးတစ်ယောက်က ကြီးလာတော့ ပိုက်ဆံနောက် ဂုဏ်ဒြပ်နောက် သဲကြီးမဲကြီး လိုက်သွားတက်တာမျိုး

အထင်အမြင်သေး နှိမ့်ချတက်တဲ့ မိဘလက်ထဲမှာ ကြီးလာတဲ့ လူတစ်ယောက် ထုတ်ဖော်မပြောရဲခဲ့တဲ့ ခံစားချက်တွေကို အရက်နဲ့စမ်းဖြေသိမ့်ကြည့်ရင်း အရက်သမားကြီး လုံးလုံးဖြစ်သွားတက်တာမျိုး

အချိန်တွေ ဂရုစိုက်မှုတွေမပေးနိုင်တဲ့ မိဘလက်ထဲမှာကြီးလာခဲ့ရတဲ့သူကြတော့ ကိုယ့်အနားကလူတွေဆီက တနည်းမဟုတ်တနည်းနဲ့ attention ရှာတဲ့အကျင့်လေးတွေ တက်လာတာမျိုး

အကာကွယ်လွန်တက်တဲ့ မိဘလက်ထဲမှာ ကြီးလားတဲ့ ကလေးကြတော့လဲ အရွယ်ရောက်လာတော့ ဘယ်နေရာမဆို မပြောရဲ မဆိုရဲ မလုပ်ရဲ ဖြစ်နေတက်တာမျိုး

စသဖြင့်ပေါ့

ခက်တာက ကျွန်မတို့ရဲ့ အကျင့်စရိုက် ပြုမူနေထိုင်ပုံတွေက ဘယ်ကအရင်းခံဖြစ်ပေါ်လာလဲဆိုတာ ကျွန်မတို့ အသေအချာ မသိနိုင်သလို ကျွန်မတို့နားက လူတွေလဲ မသိနိုင်ကြပါဘူး

ပိုခက်တာက အပေါ်ယံတွေ့ရတဲ့ လူတစ်ယောက်ရဲ့ အပြုအမူကိုကြည့်ပီး ဝေဖန်ကဲ့ရဲ့တာတွေ ထင်မြင်ချက် ပေးတာတွေ အရမ်းစောကြတယ်
သူဘာလို့ဒီလိုပြုမူလဲဆိုတာ ဘယ်သူမှမသိကြဘူး သိလဲမသိချင်ကြဘူး ဝေဖန်ချင်တာပဲရှိတယ်

အာကြောင့် နောက်တခါ ကိုယ့်ကိုယ်ကိုယ်ဖြစ်ဖြစ် တခြားသူတစ်ယောက်ကိုဖြစ်ဖြစ် ဝေဖန်တာတွေမစောခင် အခုလိုပြုမူရတာလဲ သူ့အကြောင်းနဲ့သူရှိမှာပေါ့လေလို့ ဖြည့်တွေးပေးရင်း စာနာစိတ်လေးထားကြည့်ရအောင်နော်

မဟတ္တမဂန္ဒီ ပြောဖူးတဲ့ ဆိုရိုးလေးတခု ကြိုက်လို့ပြန် ရှဲပေးလိုက်တယ်နော် 🤍 မင်းရဲ့ ယုံကြည်ချက်တွေက မင်းရဲ့အတွေးတွေ ဖြစ်လာတ...
23/12/2022

မဟတ္တမဂန္ဒီ ပြောဖူးတဲ့ ဆိုရိုးလေးတခု ကြိုက်လို့ပြန် ရှဲပေးလိုက်တယ်နော်

🤍 မင်းရဲ့ ယုံကြည်ချက်တွေက မင်းရဲ့အတွေးတွေ ဖြစ်လာတယ်

မင်းရဲ့အတွေးတွေက မင်းရဲ့ စကားလုံးတွေဖြစ်လာတယ်

မင်းရဲ့ စကားလုံးတွေက မင်းရဲ့ လုပ်ရပ်တွေ ဖြစ်လာတယ်

မင်းရဲ့ လုပ်ရပ်တွေက မင်းရဲ့ အလေ့အကျင့်တွေ ဖြစ်လာတယ်

မင်းရဲ့ အလေ့အကျင့်တွေက မင်းရဲ့ စံ/တန်ဖိုးတွေ ဖြစ်လာတယ်

မင်းရဲ့ စံ/တန်ဖိုးတွေက မင်းရဲ့ ကံကြမ္မာ ဖြစ်လာတယ် 🤍

ကိုယ့်ရဲ့ ဘဝကံကြမ္မာ တခုလုံးက ကိုယ့်ရဲ့ ယုံကြည်ချက်တွေကနေ အရင်းခံလို့ မှန်ကန်တဲ့ ယုံကြည်ချက်တွေထားနိုင်ပီး အောင်မြင်တဲ့ဘဝတွေကို လျှောက်လှမ်းနိုင်ကြပါစေ

အမြင့်ဆုံးဆိုတဲ့တောင်တွေတောင် ဟိုးတောင်ခြေကနေစကြရတာပဲ ဘဝမှာလဲ အဲ့လိုပဲ အခက်ခဲဆုံးဆိုတဲ့ အလုပ်တွေလဲပီးမြောက်အောင်လုပ်မယ်ဆ...
14/10/2022

အမြင့်ဆုံးဆိုတဲ့တောင်တွေတောင်
ဟိုးတောင်ခြေကနေစကြရတာပဲ
ဘဝမှာလဲ အဲ့လိုပဲ
အခက်ခဲဆုံးဆိုတဲ့ အလုပ်တွေလဲ
ပီးမြောက်အောင်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့
ပထမဆုံးခြေလှမ်း တွေကနေစကြရတယ်
Fighting 💪

10/09/2022

စိတ်ကျရောဂါရဲ့လက္ခဏာတွေကဘာတွေလဲ?

Address

Burwood, VIC

Website

Alerts

Be the first to know and let us send you an email when Psychoeducation with Wahidah posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category