Aung Naing Maw - Civic Educator

Aung Naing Maw - Civic Educator Aung Naing Maw is civic educator in Myanmar. He promote the citizen empowerment and

20/09/2021
Deadline မရှိတဲ့ အလုပ်တွေ အချိန်ဆွဲမိနေရင်….. ⛔️⛔️1. Deadline ရှိတဲ့ အလုပ်🔔ကျွန်တော်တို့တွေ အလုပ်တစ်ခုခုကို လုပ်တဲ့အခါမှ...
20/09/2021

Deadline မရှိတဲ့ အလုပ်တွေ အချိန်ဆွဲမိနေရင်….. ⛔️⛔️

1. Deadline ရှိတဲ့ အလုပ်🔔
ကျွန်တော်တို့တွေ အလုပ်တစ်ခုခုကို လုပ်တဲ့အခါမှာ၊ စာလုပ်တဲ့အခါမှာ ဖြစ်စေ၊ Project တစ်ခုခုကို လုပ်တဲ့ အခါမှာ ဖြစ်စေ၊ လူတိုင်းကြုံနေကြ ပြသနာတစ်ခုရှိပါတယ်။ အဲ့တာကတော့ အချိန်ဆွဲမိနေတာပါ။ ဒီနေ့ မနက်တော့ ငါစာစလုပ်တော့မယ်။ မနက်ရောက်ပြီး စာမလုပ်ဖြစ်တော့ နေ့လယ်ရောက်ရင် စာစလုပ်တော့မယ်။ နေ့လယ်လည်း ရောက်ပြီ။ စာမလုပ်ဖြစ်သေးပြန်ဘူး။ နောက်ဆုံး ညနေရောက်မှလုပ်မယ်လို့ တွေးပြီး မလုပ်ဖြစ်ပြန်။ ဒီလိုနဲ့ အချိန်ကုန်သွားတဲ့ရက်တွေ လူတိုင်းကြုံဖူးကြမယ်ထင်ပါတယ်။ ဒါမယ့် အဲ့လိုတွေ အချိန်ဆွဲ မိနေပေမယ့် အလုပ်ကတော့ လုပ်ပြီးကြတာများတတ်ပါတယ်။ ဘာလို့လဲဆိုတော့ မဖြစ်မနေလုပ်ရမယ့် အချိန်ကြုံလာလို့ပါ။ Deadlineကို ရောက်လာလို့ပါ။ စာမေးပွဲဆိုတာလည်း Deadline ဥပမာ တစ်ခုပါပဲ။ ကျောင်းသားတစ်ယောက် ဘယ်လောက် အချိန်ဆွဲပြီး စာမလုပ်သည်ဖြစ်စေ စာမေးပွဲ ရောက်ခါနီးရင် မဖြစ်မနေ စာလုပ်ရပါတယ်။ ဒါက Deadline ရှိတဲ့ အလုပ်မျိုးပါ။

2. Deadline မရှိတဲ့ အလုပ်🔕
ဟုတ်ပြီ။ အခု ကျွန်တော်တို့ Deadline မရှိတဲ့ အလုပ်တစ်ခုရဲ့ ဥပမာ ကြည့်ကြည့်ရအောင်။ ကျွန်တော်တို့တွေ pageထောင်ပြီး Blog တွေ ရေးချင်တယ် ဆိုကြပါစို့။ YouTube Channel ထောင်ပြီး Content Creator လုပ်မယ် ဆိုကြပါစို့။ ဘာသာစကားတစ်ခုခုကို Self-study နဲ့ လုပ်မယ်ဆိုပါစို့။ အဲ့လို အချိန်တွေမှာ ရောက်ရင် Deadline ဆိုတာ မရှိတော့ပါဘူး။ YouTube Content Creator လုပ်မယ်ဆိုပြီး ကျွန်တော်တို့တွေ Channel တစ်ခု Sign Up လုပ်ဖို့တောင် အချိန်ဆွဲမိနေပြီး မလုပ်ဖြစ်ဘဲနေတဲ့ လူတွေ အများကြီး ရှိမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်နေ့မှာတော့ Sign Up လုပ်ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ Deadline ကျွန်တော်တို့ဆီမှာ မရှိလို့ပါ။ Facebookမှာ Page ထောင်၊ Content ရေးပေမယ့် တစ်ပတ်၊ နှစ်ပတ်လောက်နေရင် ဆက်မရေးဖြစ်တော့တာ များပါတယ်။ ဘာလို့လဲဆိုတော့ နောက် Content တွေ ဆက်ရေးဖို့ Deadline မရှိတော့လို့ပါ။ ဘာသာစကားတစ်ခုသင်ရင် ပိုသိသာပါတယ်။ Learn by Heart လုပ်ရတဲ့ အတွက် မလုပ်ဖြစ်ဘဲ အချိန်တွေဆွဲ၊ စာမေးပွဲမရှိတော့ Deadline မရှိနဲ့ အချိန်တွေသာ ကုန်သွားတတ်ပါတယ်။ ဒီလို ကျောင်းတွေ မဖွင့်တဲ့အချိန်မှာ စာလုပ်နေတဲ့လူတွေလည်း သတိထားမိမှာပါ။ အချိန်တွေသာ တဖြည်းဖြည်းဆွဲပြီး ဘာမှ စာမပြီးသွားတာကို ခဏခဏ ကြုံဖူးကြပါတယ်။

အဲ့တာကြောင့်မလို့ ဒီလို Procrastination (အချိန်ဆွဲခြင်း)ကို ရှောင်လွှားနိုင်ဖို့နည်းလမ်းတွေထဲက တစ်ခုဖြစ်တဲ့ The 5-minute Rule ဆိုတာကို ဒီ article လေးမှာ ဖော်ပြလိုက်ပါတယ်။

3. The 5-minute Rule🕐
ဒီနည်းလမ်းလေးဟာ အသုံးဝင်သလောက် အလွန် ရိုးရှင်းပါတယ်။ ကိုယ် တစ်ခုခုလုပ်ဖို့ အချိန်ဆွဲနေတယ် ဆိုပါစို့။ အဲ့ဒီအချိန်မှာ Phone က Timer ကို 5 minutes Timer ပေးပြီး အလုပ်ကို တန်းလုပ်လိုက်ပါ။ ၅မိနစ်ပြည့်ပြီးသွားရင် ဆက်မလုပ်ချင် မလုပ်ခွင့်ရှိပါတယ်။ အဲ့ဒီမှာ ဘာဖြစ်သွားလဲဆိုရင် အလုပ်ကို လုပ်ပြီးလတ်စ လူက လုပ်တာကို မရပ်ဖြစ်ဘဲ ဆက်လုပ်ဖြစ်နေတာပါ။ ဒီမှာ အရေးကြီးတာတစ်ခု ရှိပါတယ်။ အမြဲတမ်း ၅ မိနစ် ပြီးရင် အလုပ်ဆက်လုပ်ရမယ်လို့ မမှတ်ထားပါနဲ့။ ဆက်မလုပ်ခွင့်ရှိပါတယ်။ ဆက်မလုပ်ဖြစ်ဘဲ ရပ်လိုက်ရင်လည်း ရပ်ခွင့်ရှိပါတယ်။ အဲ့တော့ ဘာမှ မလုပ်ဖြစ်တဲ့ အချိန် ၁၀ ခုလောက်မှ အနည်းဆုံးလောက် အလုပ်လုပ်ဖြစ်တဲ့ အချိန်၄ခု၅ခုလောက်တော့ တိုးလာတာပေါ့။ ဒါအလုပ်ဖြစ်တဲ့ အကြိမ် အရေအတွက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် ဘာမှ မလုပ်ဖြစ်တာနဲ့ယှဉ်ရင် တစ်စိတ်တစ်ဒေသလုပ်ဖြစ်တာက အများကြီးသာပါတယ်။
အဲ့တာကြောင့်မလို့ ဒီarticle ကို ဖတ်ပြီးပြီးချင်း Phone က Timer ကို 5 Minutes ပေး၊ ကိုယ်မလုပ်ဘဲ အချိန်ဆွဲထားတဲ့ အလုပ်တစ်ခုခုကို အခုချက်ချင်း ၅မိနစ်လောက် လုပ်ကြည့်လိုက်ပါ။🥰

your time


ကိုယ့်ကိုယ်ကို အချိန်ရတိုင်း ကိုယ်ဘယ်လိုလူစားလဲဆိုတဲ့မေးခွန်းကို အမြဲတမ်း မေးခွန်းထုတ်မိတယ်။ … ပြီးပြည့်စုံတဲ့အဖြေတော့ မ...
19/09/2021

ကိုယ့်ကိုယ်ကို အချိန်ရတိုင်း ကိုယ်ဘယ်လိုလူစားလဲဆိုတဲ့မေးခွန်းကို အမြဲတမ်း မေးခွန်းထုတ်မိတယ်။
… ပြီးပြည့်စုံတဲ့အဖြေတော့ မရသေးဘူး။

မနေ့က ဗုဒ္ဓဇာတ်ကားထဲမှာ ဘုရားရှင်ကအဇာတသတ်ကို ပြောတာ မှတ်မိတယ် “မိမိကိုယ်ကို ခွင့်လွှတ်တတ်ရမယ်တဲ့” အဲ့တော့ လူ့ဘဝမှာ အမှားတွေကျူးလွန်မိကြတယ်။ တစ်ခါတလေ ခွင့်လွှတ်လို့မရတဲ့ အမှားတွေ ကျူးလွန်မိတတ်တာလည်းရှိမယ်။ အဲ့အမှားတွေကို မှားမှန်းသိပြီး မိမိကိုယ်ကို ပြန်ခွင့်မလွှတ်နိုင်တာလည်းရှိမယ်။ ဒါပေမယ့် အမှားတွေကို ပြန်ပြင်နိုင်ဖို့က ကိုယ့်ကိုကိုယ် ခွင့်လွှတ်ရမယ်လို့နားလည်တယ်။ ဘုရားရှင်က“ကိုယ့်အပေါ် ကိုယ့်ကိုယ်တိုင် မေတ္တာထားနိုင်ဖို့၊ မိမိ ကိုယ်ကို ခွင့်လွှတ်တတ်ဖို့” ဆိုတဲ့ အကြောင်းတွေ ဆက်ပြောတယ်။

သင်ခန်းစာယူမိတာကဘာလဲဆိုတော့ လူဆိုတာ ရာနှုန်းပြည့်ကောင်းနိုင်တာမဟုတ်ဘူး။ အဲ့တော့ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်တဲ့အခါ စိတ်တိုင်းမကျပဲ အားမလို အားမရမှု တွေ ဖြစ်တတ်တယ်။ အမှားတွေ အလွဲတွေလည်း မြင်လာတတ်တယ်။ ဒါတွေကို ပြင်နိုင်ဖို့ အရင်ဆုံး ကိုယ့်ကိုကိုယ် ခွင့်လွှတ်တတ်ရမယ်။ အမှားတွေကို ဝန်ခံရဲ တာဝန်ယူရဲရမယ်။ ဖြစ်လာမယ့် အကျိုးရလဒ်တွေကို ရင်ဆိုင်ရဲရမယ် ဆိုတာပါပဲ။

မိမိကိုယ်ကို ခွင့်လွှတ်တတ်သူ ဖြစ်ဖို့ ကြိုးစားရပါဦးမည်။

09/09/2021
Google သုံးတတ်ရင် တော်ရုံကတော့ အေးဆေးပဲနော်လေ့လာကြည့်ကြပါဦးပြည်တွင်းရှိ ကျောင်းသားများအတွက် Google သည် မရှိမဖြစ် အရာတစ်ခ...
31/08/2021

Google သုံးတတ်ရင် တော်ရုံကတော့ အေးဆေးပဲနော်
လေ့လာကြည့်ကြပါဦး

ပြည်တွင်းရှိ ကျောင်းသားများအတွက် Google သည် မရှိမဖြစ် အရာတစ်ခုဟုသာ အဓိပ္ပာယ် ဖွင့်ဆိုရမည် ဖြစ်သည်။
သို့သော်လည်း ကျောင်းသားအများစုက မည်သို့အသုံးပြုရမည်ကို သေချာစွာ သိရှိခြင်း မရှိသေးပေ။ မိမိရှာဖွေလိုသည့်
အကြောင်းအရာ၊ အချက်အလက်များကို တိကျစွာရှာဖွေခြင်း၊ သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့ကို သေချာစွာ မသိရှိခြင်းကြောင့်
အချိန်ကုန်၊ လူပင်ပန်း၊ ငွေကုန်ကြေးကျ များရသည့် အဖြစ်မျိုးနှင့်လည်း ကြုံနေရသည်။ ယင်းကဲ့သို့ အခြေအနေများရှိသည့်
အတွက် ပြည်တွင်းရှိ ကျောင်းသားတိုင်းအတွက် Google အသုံးပြုနည်း လမ်းညွှန်အနေနှင့် အချက်အလက်များ ရှာဖွေခြင်း၊
သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့အတွက် နည်းလမ်းများကို စုစည်းဖော်ပြပေးအပ်ပါသည်။

Google Web Search (Tips and Tricks)

၁။ စာအုပ်တစ်အုပ်ကို pdf file format နှင့် ရှာဖွေလိုပါက filetype:pdf ဟု ထည့်သွင်းရေးသားပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ ။ ။ electronics filetype:pdf

၂။ အချို့စကားလုံးများကို မိမိရှာဖွေသည့် အဖြေရလဒ်အတွင်း ထည့်သွင်းမဖော်ပြစေလိုပါက ” – ” ( အနုတ်လက္ခဏာ) ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ restaurant -japan (Japan စားသောက်ဆိုင်မရှာရန် လုပ်ဆောင်ခြင်း ဖြစ်သည်။)

၃။ တစ်မျိုးမဟုတ်တစ်မျိုး တစ်ခုခုကို ရှာဖွေမှုရလဒ်မှာ ထည့်သွင်းဖော်ပြစေလိုပါက ‘OR’ ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ Drone OR UAV

၄။ Google တွင် အင်္ဂလိပ်ဘာသာမှ အင်္ဂလိပ်ဘာသာ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှာဖွေလိုပါက "Define" ကို အသုံးပြုနိုင်မည် ဖြစ်သည်။ ဥပမာ။ define Drone

၅။ ကိုယ်ရှာဖွေလိုတဲ့ အကြောင်းအရာရဲ့ စာလုံးပေါင်းကို မသိဘူးဆိုရင် "*" ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ electroni*s

၆။ ရှာဖွေမှုရလဒ်မှာ ကိုယ်ရှာချင်တာကို ရေးထားတဲ့အတိုင်း အတိအကျရှာဖွေဖို့အတွက် ဆိုရင်တော့ " " ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ “I am student”

၇။ Google မှာ Graph ရေးဆွဲလိုပါက ကိုယ်ရေးဆွဲမည့် Graph ၏ ညီမျှခြင်းကို ရိုက်ထည့်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်သည်။
ဥပမာ။ y=x^2+6x+9

၈။ Website တစ်ခုကနေ မိမိရှာဖွေလိုတာကို Google အသုံးပြုပြီး ရှာဖွေဖို့ဆိုရင် site:easy devboards.com Bluetooth ဟု ရိုက်ထည့်ပြီး ရှာဖွေနိုင်မည် ဖြစ်သည်။

၉။ အင်တာနက် ဆက်သွယ်မှု မရှိစဉ် ယခင်ရှာဖွေထားသည့် ရှိပြီး Cache များကို ပြန်လည်ကြည့်ရှုလိုပါက cache: ကို ခံပြီးရှာဖွေနိုင်မည် ဖြစ်ပါသည်။
ဥပမာ။ cache:easydevboards.com

Advanced Google Web Search

ရှာဖွေခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ နောက်ထပ်မံပြီး Webpage များတွင် ရှာဖွေခြင်းနှင့် ပတ်သက်သည့်
အချက်အလက်များကို သိရှိထားရန် လိုအပ်ပေသည်။
• စကားလုံးတိုင်းသည် ရှာဖွေမှုတိုင်းတွင် အရေးပါသည်ကို သတိပြုပါ။ who, the who, a who သုံးမျိုးကို ရှာဖွေကြည့်ပါက
ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။
• အကြောင်းအရာများကို ရှာဖွေရာတွင် စကားလုံး ရှေ့နောက်အထားအသိုသည်လည်း မှန်ကန်ရန် လိုအပ်ပါသည်။
ဥပမာအားဖြင့် blue sky, sky blue အထားအသို နှစ်ခုအပေါ်တွင် ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။
• မိမိရှာဖွေလိုသည့် စကားလုံးများကို စာလုံးအကြီးဖြင့်ဖြစ်စေ၊ စာလုံးအသေးဖြင့်ဖြစ်စေ ရေးသားနိုင်ပါသည်။ ရလဒ်ကွဲပြားမှု မရှိနိုင်ပါ။
•comma (,) ကဲ့သို့သော စာလုံးများကို မည်သို့ပင် ထည့်သွင်းစေကာမူ အရေးမကြီးလှပေ။
• သို့သော် အချို့သော C #, C++, Google+ စသည်ဖြင့် Programming language အမည်များ နောက်တွင် တွဲလျက်ပါသည့်
# သို့မဟုတ် + စသည်တို့မှာ အရေးပါသည်ကို သတိပြုရန် လိုအပ်ပေသည်။
ရံဖန်ရံခါ မိမိရှာဖွေသည့် အချက်အလက်များကို မတွေ့ဘဲ လည်နေခြင်းမျိုး ကြုံလာပါက Keyword လွဲမှားခြင်းကြောင့် ဖြစ်နိုင်ပါသည်။ Keyword ကို ပြောင်းလဲရှာဖွေ ကြည့်နိုင်ပါသည်။
ရှာဖွေမှုရလဒ်များ
တစ်စုံတစ်ခုကို ရှာဖွေမည်ဆိုပါက ကြော်ငြာများကိုလည်း ရလဒ်များတွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။
အဓိက မိမိရှာဖွေသည့် ရလဒ်အဖြေကိုသာ တိုက်ရိုက်ဖတ်ရှုဖို့ လိုအပ်မည် ဖြစ်ပါသည်။ Search Bar ၏ အောက်ဘက်ရှိ Filter တွင်
Web, image, maps, shopping စသည်ဖြင့် မိမိလိုအပ်သည့်အရာကို ရွေးချယ်နိုင်ပါသည်။ ပုံများကိုသာ ရှာဖွေလိုပါက image ကို
ရွေးချယ်နိုင်ပါသည်။ ရှာဖွေသည့် စကားလုံးကလည်း အတိအကျရှိမည်၊ Google ဘက်ကလည်း ရလဒ်ရှိမည် ဆိုပါက Knowledge
အနေနှင့် ဘေးဘက်တွင် သီးခြားပြသထားခြင်းမျိုးလည်း ရှိပါသည်။ အထူးသဖြင့် နေရာများကို ရှာဖွေရာတွင် သီးခြားပြသမှုများကို
မြင်တွေ့ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။

Advanced Searching

Advanced Searching ကို နည်းလမ်းနှစ်မျိုးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

၁။ Advanced Search page ဒီနေရာမှာ ပုံတွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_image_search တွင် ရှာဖွေနိုင်မည် ဖြစ်ပြီး၊ Website တွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_search တွင် ရှာဖွေနိုင်မည် ဖြစ်ပါသည်။

၂။ ဒုတိယ နည်းလမ်းတစ်ခု အနေနှင့် Operator များကို အသုံးပြုပြီးလည်း ရှာဖွေနိုင်မည် ဖြစ်ပါသည်။ Operator List များကို https://support.google.com/websearch/answer/2466433 ဤလင့်ခ်တွင် ကြည့်ရှုနိုင်မည် ဖြစ်ပြီး Operator များ အကြောင်းကို အထက်တွင် Tips and Tricks အနေနှင့် ဖော်ပြပြီး ဖြစ်ပါသည်။

စာအုပ်များ ရှာဖွေခြင်း မိမိဖတ်ရှုလိုတဲ့ စာအုပ်တွေကို ရှာဖွေမည် ဆိုပါက Google Book မှတစ်ဆင့် ရှာဖွေပါက အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ ယင်းအပြင် Google Book တွင် စာအုပ်တစ်အုပ်လုံးကို မဟုတ်သော်လည်း အချို့အစိတ်အပိုင်းများကို နမူနာဖတ်ရှုခွင့် ပေးထားသည့်အတွက် စာအုပ်ရှာဖွေ ဒေါင်းလုပ်ရယူမည့်သူများ အတွက် အထူးပင် အဆင်ပြေစေနိုင်မည် ဖြစ်ပါသည်။
https://books.google.com/ တွင် စာအုပ်များကို ရှာဖွေနိုင်မည် ဖြစ်ပါသည်။
နမူနာအနေနှင့် Wireless Communication နှင့် ပတ်သက်သည့် စာအုပ်စာတန်းများ ရှာဖွေလိုပါက အထက်ပါလင့်ခ်တွင် Wireless
Communication ဟု ရိုက်ထည့်ပြီး ရှာဖွေပါက စာအုပ်စာတမ်းများ ကျလာမည် ဖြစ်သည်။ ယင်းစာအုပ်များ၏ လင့်ခ်တွင်
https://books.google.com/books?isbn=_______” ဟု ဖော်ပြထားမည် ဖြစ်သည်။ ယင်းကွက်လပ်နေရာတွင် ဂဏန်းများပါရှိမည် ဖြစ်ပြီး
ယင်းနံပါတ်များသည် အပြည်ပြည်ဆိုင်ရာသုံး စာအုပ်နံပါတ် (ISBN) ဖြစ်သည်။
အကယ်၍ မိတ်ဆွေ၊ သူငယ်ချင်းများက စာအုပ်တစ်အုပ်ကို ညွှန်းပါက ISBN ကို ကွက်လပ်နေရာမှာ ရိုက်ထည့်ပြီး အလွယ်တကူ
ရှာဖွေနိုင်မည် ဖြစ်ပါသည်။

ISBNနံပါတ်တွေကို စာအုပ်တွေရဲ့ ရှေ့ဆုံးစာ မျက်နှာမှာလည်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။
စာအုပ်များကို ဖတ်ရှုပြီးပါကလည်း စာအုပ်ကို မိမိ Library တွင် သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ Google Account လိုအပ်မည်
ဖြစ်သော်လည်း ကျောင်းသားအများစုက gmail အသုံးပြုတာကြောင့် Google Account ရှိပြီး ဖြစ်ပေလိမ့်မည်။

Library အတွင်း သိမ်းဆည်းထားခြင်းဖြင့် မိမိဖတ်ရှုပြီး စာအုပ်များကို မှတ်သားထားနိုင်ပြီး ဖတ်ရှုရန် လိုအပ်သည့် စာအုပ်များကိုလည်း အ
လွယ်တကူ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

အထက်ပါအချက်များကို Google မှာ လေ့လာရှာဖွေမည့် ကျောင်းသူ/သားများအတွက် အထောက်အကူဖြစ်ရန်အတွက် အသုံးများသောအချက်များကို
ဖော်ပြလိုက်ရပါသည်။ တကယ်တော့ Google SE ကသင်တို့ထင်တာထက် အများကြီးကျယ်ပြန့်ပါတယ်။

***စာအုပ်free downloadဆွဲနိုင်မဲ့ channelများ***စာဖတ်ဝါသနာပါသူများအတွက် စာအုပ်တင်ပေးတဲ့Telegram Channelလေးတွေshareပေးပါမ...
25/08/2021

***စာအုပ်free downloadဆွဲနိုင်မဲ့ channelများ***

စာဖတ်ဝါသနာပါသူများအတွက် စာအုပ်တင်ပေးတဲ့Telegram Channelလေးတွေshareပေးပါမယ်ဗျ။
Adminကိုယ်တိုင်လဲစာမဖတ်ဖြစ်တာကြာပြီမို့ အခုတလော စာအုပ်တွေပြန်ဖတ်ရင်း telegramမှာ joinထားတဲ့channelလေးတွေကို​ မျှဝေပေးချင်ပါတယ်
Channel 12ခုမှာ လိုချင်တဲ့စာအုပ်တွေကိုအလွယ်တကူရှာကြည့်နိုင်ပါတယ် 4ခုမြောက်ကchat botလေးပါ သုံးရလဲအရမ်းအဆင်ပြေပါတယ် Kindle Readerတို့အတွက်လဲchannelတခုပါတယ်နော်DC Comic channelလေးပါထည့်ပေးထားပါတယ်

1.Book Paradise Myanmar📚📚
https://t.me/bookparadisemyanmar

2.စာအုပ်စာပေ(Book For You)
https://t.me/booksforyou1986

3.myanmar book lovers❤️
https://t.me/myanmarbooklovers

4.Burmese Books (Chat bot)
t.me/burmesebooks_bot

5.OLD english Book
https://t.me/OBbyChanMin

6.EBOOKS(နာမည်ကြီး English Booksတွေတင်ပေးတဲ့channelပါ)
https://t.me/ebooks

7.eBooks Cafe(English Novelတွေတင်ပေးတဲ့channelပါ)
https://t.me/eBooksCafe

8.English Books Magazines Novels(နာမည်ကြီးစာအုပ်တွေတင်ထားပါတယ်)
https://t.me/English_Books_Magazines_Novels

9.Ebookz Collections(English Novelပေါင်းများစွာတင်ပေးတဲ့channelပါ အုပ်အများစုက စာရေးဆရာနာမည်တွေနဲ့စုပေးထားတာတွေးရပါတယ်)
https://t.me/EbookzCollection

10.eBook Room(English Novelတွေတင်တဲ့channelပါ)
https://t.me/eBookRoom

11.Myanmar DC comic Books
https://t.me/DCcomictranslator

12.Myanmar Books For Kindle Reader
https://t.me/mmebooks

စာဖတ်ရတာမြတ်နိုးတယ်ဆိုရင် တက်နိုင်သမျှ စာအုပ်လေးတွေဝယ်ဖတ်ပြီး စာရေးဆရာတွေအားပေးကြပါလို့ paid ebook platform တွေကလဲအားပေးကြပါလ်ို့
photo credit to rightful owner

You can view and join right away.

စာတွေ့မှ လက်တွေ့သို့ ကူးပြောင်းနိုင်သော ပညာရေးမျိုး လိုအပ်တယ်။
23/08/2021

စာတွေ့မှ လက်တွေ့သို့ ကူးပြောင်းနိုင်သော ပညာရေးမျိုး လိုအပ်တယ်။

သင်ယူလေ့လာစရာ တယ်လီဂရမ်မှာရှာ …. အောက်ဖော်ပြပါ Telegram group ​တွေကို free join ခွင့်​ပေးထားပါတယ်။ ကြိုက်နှစ်သက်ရာပညာရပ်...
21/08/2021

သင်ယူလေ့လာစရာ တယ်လီဂရမ်မှာရှာ ….
အောက်ဖော်ပြပါ Telegram group ​တွေကို free join ခွင့်​ပေးထားပါတယ်။ ကြိုက်နှစ်သက်ရာပညာရပ်​တွေကို ​​ရွေးချယ်​​လေ့လာကြပါ😊.


Htun Myint Htay Academy
https://t.me/joinchat/9UkmtEj2CsM1YTA1
(1) Modern Automotive Technology Module (1)
https://t.me/joinchat/VUSSI1yJQXuDpFIS
(2) Modern Automotive Technology Module (2)
https://t.me/joinchat/UYibaevxNZMwYzQ1
(3) Modern Automotive Technology Module (3)
https://t.me/joinchat/nF_HPq6yD5c5MDVl
(4) Modern Automotive Technology Module (4)
https://t.me/joinchat/iIAq7gjY3B4wYzZl
(5) Car Maintenance and Repair Technology
https://t.me/joinchat/5jmJNlGTTZEyYTE9
(6) Automotive Technology Quality Books
https://t.me/joinchat/UHE6YWC3Q20Gzgud
(7) Hydraulic Heavy Machinery Module (1)
https://t.me/joinchat/UTy0PZDed-3_nNOb
(8) Hydraulic Heavy Machinery Module (2)
https://t.me/joinchat/d599asIfAMQ4NzBl
(9) Hydraulic Heavy Machinery Module (3)
https://t.me/joinchat/UxzQD47orCkDRWKc
(10) Hydraulic Heavy Machinery Module (4)
https://t.me/joinchat/TrkJSYQKvox4iOzD
(11) Hydraulic Heavy Machinery Supporting
https://t.me/joinchat/Owvcf7AYODw5YjVl
(12) Microsoft Project Online Training
https://t.me/joinchat/norqoLe59oU2NjFl
(13) Thesis Reference Books
https://t.me/joinchat/WYtGgp1nxoliYTRl
(14) Small Engines and Outdoor Power Equipment
https://t.me/joinchat/guay6fV49uFjMjQ1
(15) Microsoft Project
https://t.me/joinchat/tuSNqVR9uKJhM2Vl
(16) Car Repair Discussion
https://t.me/joinchat/VzOdy_zJPK3QM2Rt
(17) Microsoft Powerpoint
https://t.me/joinchat/q6AQYkxfmPNhYThl
(18) Crane and Lifting Management System
https://t.me/joinchat/tlUiw-klibtmNTk9
(19) Piping & Instrumentation Diagram
https://t.me/joinchat/OglzAOG72zE3MGU1
(20) Machining Fundamentals
https://t.me/joinchat/CDpJLgjVlr44NDY1
(21) Microsoft Excel Free Online Training
https://t.me/joinchat/ukxhloQ-kxAwNWU1
(22) Microsoft Word Free Online Training
https://t.me/joinchat/lu9BHSoM19g5ZWM1
(23) AutoCAD
https://t.me/joinchat/_QKPs2HDw5EzNzA1
(24) Htun Myint Htay Online Library(Engineering, Technology, etc)
https://t.me/joinchat/uKUBvnZRDhU0NTk1
(25) အဖိုးတန်စာအုပ်များကို လှူပါတယ်။
https://t.me/joinchat/JRO2dD5jgNwyNzU1
(26) Tayartaw
https://t.me/joinchat/UXv4awtFFSrut4Fd
(27) Quality Books
https://t.me/joinchat/VMPYpiLkbj0a-eGF
(28) Code of Practice for Engineers
https://t.me/joinchat/TxmsRcFIw5jPa9E_
(29) Online Training by Htun Myint Htay
https://t.me/joinchat/_vQfVe1tA3JlOTM1
(30) English Grammar in Use 5th Edition
https://t.me/joinchat/NVJI8BP1XSQwMGQ1
(31) Electrical Power Engineering Books
https://t.me/joinchat/SbvBx5IKn7S7UvxE
(32) Piping Fabricaiton and Installaiton Technology
https://t.me/joinchat/TEadN4R3RQ03NmM1
(33) Artificial Intelligence
https://t.me/joinchat/2x3fCJnTcnAxZTBl
(34) မြန်မာဘာသာဖြင့်ရေးထားသော အင်ဂျင်နီယာစာအုပ်များ
https://t.me/joinchat/Wh_6nE2miKA1OTI9
(35) Automotive Service Information
https://t.me/joinchat/gVBOIqBL8W9iNDI1
(36) စာပေဟောပြောပွဲ
https://t.me/joinchat/Se8PcnAcZ6jERiiI
(37) CNC Books & Learning Videos
https://t.me/joinchat/brr_Wc9_XN82ZmJl
(38) Book Request to U Htun Myint Htay
https://t.me/joinchat/SyU2mme8T5Y2MGI9
(39) Chemical Engineering Books and Learning Videos
https://t.me/joinchat/j6GeNHUCmvs3OGM1
(40) Mechanical Engineering Books and Learning Videos
https://t.me/joinchat/ASxO3ShqMS85YjQ9
(41) English Pronunciation Practice
https://t.me/joinchat/gnDd1adLacc3NzQ1
(42) AutoCAD Books and Software
https://t.me/joinchat/QZRWGgfoAsQyMjM9
(43) SolidWorks Books and Software
https://t.me/joinchat/_w20MdY3Pxk1YzE1
(44) Movie
https://t.me/joinchat/zMzb1kJtpZk0YTRl
(45) Electronics and Communication Engineering
https://t.me/joinchat/CJO9mIaqCqg3NWE9
(46) ရွှေဥဒေါင်း
https://t.me/joinchat/uMui24FxPc9lNGI9
(47) နန္ဒာသိန်းစံ
https://t.me/joinchat/3nbRbZukUAs4YmM9
(48) အောင်သင်း
https://t.me/joinchat/Qo3iLK5vZ3kzM2Y1
(49) မိုးမိုး (အင်းလျား)
https://t.me/joinchat/C3ko5yxnVpthMjM1
(50) ဂျာနယ်ကျော်မမလေး
https://t.me/joinchat/MBkZ3KDJafY2OGVl
(51) မြသန်းတင့်
https://t.me/joinchat/6jy23IyyN884MWZl
(52) ကိုယ်တိုင်သင်ယူပါ
https://t.me/joinchat/-_Us3cNqBJE4NjFl
(53) Mechatronics Engineering Books and Learning Videos
https://t.me/joinchat/bAMzfyw5oPVhY2Fl
(54) Hydraulic Heavy Machinery Service Manual
https://t.me/joinchat/m--zr76PFao3OWFl
(55) Steel Structure
https://t.me/joinchat/CrurCoWvFjY4MmE1
(56) Agricultural Books
https://t.me/joinchat/y0MnMAbA_js1YTY1
(57) M & E Books
https://t.me/joinchat/U2Rvc7YPe0M2MWU9
(58) Hybrid & Electric Vehicle Technology
https://t.me/joinchat/6SjjnboW0k5hMTE1
(59) Audio Books [Several Authors]
https://t.me/joinchat/-X3dXrSv4pM2MWM9
(60) Internal Combustion Engine
https://t.me/joinchat/1EPzGXJH3i4yZDI1
(61) Welding Books
https://t.me/joinchat/yZTq9a23pQRmOGQ1
(62) Motorcycle Books and Learning Videos
https://t.me/joinchat/alHYlfghtuEyMjZl
(63) Matlab Books
https://t.me/joinchat/RI94Do8NGkQ0MmU1
(64) CATIA 3D Software
https://t.me/joinchat/6Zz8cvQr5AYwZTU1
(65) Primavera P6
https://t.me/joinchat/kwLyy_7S77FhZjNl
(66) Interchange 5th Edition
https://t.me/joinchat/RsMlzB5u1awwYzU9
(67) Resource Books for Teachers
https://t.me/joinchat/dCwqtQi9S3UyYWNl
(68) Solution Manual
https://t.me/joinchat/8vpUa9X7n8llMTQ1
(69) Automotive Books & Learning Videos
https://t.me/joinchat/OU5MjU3JwYU2NzFl
(70) Civil Engineering Books and Learning
https://t.me/joinchat/KPdsAL9EJw4wNWRl
(71) TU Textbooks (All Majors)
https://t.me/joinchat/6lvxrVbqYwdhYjI1
(72) Solar Energy Books & Technology
https://t.me/joinchat/_QhAZ3BlrWE4ZTBl
(73) အရှင်ဇနကာဘိဝံသ
https://t.me/joinchat/T9Wgk_4D5OSdRIKU
(74) တက္ကသိုလ်ဘုန်းနိုင်
https://t.me/joinchat/T2mLSYJQwXe1b_7R
(75) ပါရဂူ
https://t.me/joinchat/TIMaH_NCTdM_Bxwn
(76) Vocational Education
https://t.me/joinchat/Up1-f2ZPO7LDYO4n
(77) မျိုးဆက်သစ်တိုးတက်ရစ်ဖို
https://t.me/joinchat/R_se2JyAcvRe809X
(78) Basic Education
https://t.me/joinchat/HFg8tnaIBBdm7OaF
(79) ဓမ္မာစရိယဦးဌေးလှိင်စာအုပ်များ
https://t.me/joinchat/UfpPha0rF7H0ZKZ7
(80) Biography Books
https://t.me/joinchat/TobrRQFye_G62jCz
(81) ချစ်ဦးညို
https://t.me/joinchat/Vpz0nNoxApW9EBT7
(82) Teach Yourself
https://t.me/joinchat/Uu3j-oXjyoa3VaAS
(83) အလုပ်ရှာသူများအတွက်
https://t.me/joinchat/0GbskXqhAh8yNzE1
(84) English Language Books
https://t.me/joinchat/WTTeltF5NUhlMzhl
(85) Navisworks Books and Software
https://t.me/joinchat/BHv89iy-shFjMjU1
(86) CNC & Machining Technology
https://t.me/joinchat/xVlPSSkvfYgwYjFl
(87) Precision Machining Technology
https://t.me/joinchat/36enr6Y9kEEwYzY1
(88) Refrigeration and Air Conditioning Technology
https://t.me/joinchat/0nfmjvBBvZtmNjFl
(89) Automotive Wiring Diagram Module (1)
https://t.me/joinchat/u7eQLg9yUeM4YjY1
(90) Car Wiring Diagram pdf and videos
https://t.me/joinchat/Um_dvdIbxH24Bh8w
(91) Cambridge IGCSE Series Books
https://t.me/joinchat/NmUQzkEx33U2Nzdl


တာလီဘန်လက်အောက်မှာ စိုးရိမ်နေကြတဲ့ အမျိုးသမီးအခွင့်အရေး—————— အတိတ်ကာလ တာလီဘန်အစိုးရ အုပ်ချုပ်ခဲ့တဲ့ (၁၉၉၆ - ၂၀၀၁) က အခြ...
18/08/2021

တာလီဘန်လက်အောက်မှာ စိုးရိမ်နေကြတဲ့ အမျိုးသမီးအခွင့်အရေး
——————
အတိတ်ကာလ တာလီဘန်အစိုးရ အုပ်ချုပ်ခဲ့တဲ့ (၁၉၉၆ - ၂၀၀၁) က အခြေအနေလိုမျိုးဖြစ်သွားမှာ ကို အာဖဂန်အမျိုးသမီးတွေစိုးရိမ်နေကြတယ်။
မကြာသေးမီ ဇူလိုင်လက တာလီဘန်ထိန်းချုပ်ရာ နိုင်ငံတောင်ပိုင်း Kandahar မှာရှိတဲ့ Azizi Bank မှာ အလုပ်လုပ်နေတဲ့ ဘဏ်ဝန်ထမ်းအမျိုးသမီးကိုးယောက်ကို အလုပ်ကထွက်သွားဖို့ တာလီဘန်တွေက အမိန့်ပေး လုပ်ဆောင်တာမျိုးတွေရှိတယ်။

အာဖဂန်က အမျိုးသမီးအရေးလှုပ်ရှားသူ အမျိုးသမီးတစ်ဦးဖြစ်တဲ့ Atahi က သူဟာ နှစ်ပေါင်း ၂၀ လုံး အမျိုးသမီးများ အခွင့်အရေး လှုပ်ရှားဆောင်ရွက်ခဲ့ အတွက် အခုအချိန်မှာ တာလီဘန်တွေက ရန်ပြုလာမှာကို စိုးရိမ်မိကြောင်းပြောပါတယ်။ သူမဟာ အာဖဂန်ကျေးလက်ဒေသက အမျိုးသမီးတွေရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကို လေ့လာနေသူလည်းဖြစ်ပါတယ်။ တာလီဘန်တွေ အနေနဲ့ ၁၉၉၆ တုန်းကအနေအထားမျိုးကို ပြန်လည်အသက်သွင်းမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။

American University of Kabul က ပါမောက္ခတစ်ဦးက အာဖဂန်အမျိုးသမီးတွေကြားမှာ စိတ်ဓာတ်ကျတာ စိုးရိမ်တာတွေရှိနေကြတယ်။ တာလီဘန်တွေ အာဏာရလာမယ့် အချိန် သူတို့ရဲ့ အနာဂတ်အတွက်စိုးရိမ်နေကြတယ်။ ၁၀ နှစ် ၁၅ နှစ်လောက်နောက်ပြန်ဆုတ်သွားနိုင်တယ် လို့ ဆိုပါတယ်။

တာလီဘန်တွေ အုပ်စိုးခဲ့တဲ့ ၁၉၉၆ ကနေ ၂၀၀၁ အတွင်း ကာလမှာ အမျိုးသမီးတွေ ပညာသင်ကြားဖို့ ပိတ်ပင်ထား ခဲ့တာတွေ ဆိုးဆိုးရွားရွား ဖိနှိပ်တာတွေရှိခဲ့ပါတယ်။ အမျိုးသမီးတွေအပေါ် ခြိမ်းခြောက်တာတွေ၊ ကိုယ်ထိလက်ရောက် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်အောင်လုပ်တာတွေ၊ အခန့်မသင့်ရင် အသက်သေဆုံးသည်အထိ အကြမ်းဖက်ရန်ပြုတာတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

https://www.google.com/amp/s/amp.dw.com/en/afghan-womens-rights-activist-the-taliban-will-come-and-kill-me/a-58861827?fbclid=IwAR0PLTeYtMavN6LaEgpT6JvjTLfCCajWX-wJxPGkUB3hAk4cWGUitYa5cJ8

As the Taliban make rapid gains in Afghanistan, women in the country are concerned about their future. An Afghan women's rights activist told DW her life may be in danger if the Islamist militants attack Kabul.

18/08/2021

လူတိုင်းမှာ အိပ်မက်ကိုယ်စီ ရှိတယ်တဲ့။ မိတ်ဆွေတို့ရဲ့ အနာဂတ်အိပ်မက်က ဘယ်အရာများ ဖြစ်မ လဲ။

ကျွန်တော်တို့ရဲ့ အိပ်မက်တွေအကြောင်းပြောကြရအောင် ဗျာ 😘 အမှောင်ထဲရောက်နေတဲ့ကာလမှာလည်း အိပ်မက်တို့ မျှော်လင့်ချက်တို့ထားဖို့လိုပါတယ်။

ရန်သူက ကိုယ့်ကို သေစေချင်တဲ့အခါ ရှင်သန်အောင်ကြိုးစားရမယ် လေ၊

အမှောင်ဆိုတာ အခိုက်အတန့်ပါ နောက်ဆုံးမှာ "ကျွန်တော်တို့ ဖြစ်ချင်ရောက်ချင်တဲ့ အတိုင်း ဖြစ်လာမှာပါ" ဘာကြောင့်လဲဆိုတော့ လူတိုင်းရရှိနေတဲ့ ဘဝ အခြေအနေဟာ သူတို့ရဲ့ အတွေးတွေ အိပ်မက်တွေနဲ့ တိုက်ရိုက်ဆက်စပ် နေလို့ပါပဲ"

အိပ်မက်တွေဟာ ကြီးမားကောင်းကြီးမား လိမ့်မယ်။ သေးငယ် ကောင်းသေးငယ်လိမ့်မယ်။ ဒါပေမယ့် သင်မက်တဲ့ အိပ်မက်ရဲ့ ကြီးကျယ်ခမ်းနားမှုကို သင်ကိုယ်တိုင်ပဲ အဆုံးအဖြတ် ပေးရလိမ့်မယ်။

အိပ်မက်တွေကို စိတ်ကူးပုံဖော်ပါ။ ပြီးရင် အဲဒီအိပ်မက်တွေ ကို သင်ကစပြီး လက်တွေ့စလှမ်း လုပ်ဆောင်ကြည့်ပါ။ အဆုံးတစ်နေ့မှာ အိပ်မက်တွေတကယ်ဖြစ်လာတာကို တွေ့ရပါလိမ့်မယ်။ I have a Dream နဲ့ စတင်ပါ။ အဆုံးတစ်နေ့မှာ Dream Do Come True နဲ့ အဆုံးသတ် နိုင်ပါလိမ့်မယ်။

တစ်ခုတော့အရေးကြီးတယ်။ သင့်မျှော်မှန်းတဲ့ အိပ်မက်တွေ တကယ်ဖြစ်လာဖို့အတွက် သင့်မှာပြင်းပြတဲ့ စိတ်ဆန္ဒရှိဖို့ အလွန်တရာ အရေးကြီးပါတယ်။

ကျွန်တော်ရေးတဲ့စာတစ်စုက ဖတ်ရှုသူတွေအတွက် ခွန်အား ဖြစ်စေမယ်ဆိုရင်ပဲ ရေးရကျိုးနပ်ပါပြီ။

Address

Bago, NSW
11451

Alerts

Be the first to know and let us send you an email when Aung Naing Maw - Civic Educator posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Aung Naing Maw - Civic Educator:

Shortcuts

Share

Category