07/06/2026
ကိုယ့်ကိုယ်ကို အမြဲ သတိပေးဖြစ်တဲ့ အရာတစ်ခုရှိတယ်
ဒါကတော့ ဘယ်အခြေအနေမှာဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်ချက် မပျောက်ဆုံးအောင်နေတာနဲ့ အကောင်းမြင်စိတ် (Positive Energy) အမြဲရှိနေအောင် နေဖြစ်တာပဲ🫶🏻🫶🏻 ပုံကတော့ Georgia 🇬🇪 သွားလည်ခဲ့တုန်းကပုံပါ လမ်းကြုံတုန်းပြောရရင် အရင်ကရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ ကိုယ်အလုပ်သွားအလုပ်ပြန် နားထောင်ဖြစ်ခဲ့တဲ့ သီချင်းတွေကလည်း ကျနော့်အတွက်တော့ အဲ့အချိန် အဲ့အခိုက်အတန့်မှာ ရှိခဲ့တဲ့ Energy တွေ ကိုယ်ဘယ်လောက်ထိ ကြိုးစားခဲ့လဲဆိုတာတွေကိုပါ ပြန်သတိရစေတယ်🌟🌟အခုတော့ ထိုင်းမှာ မြန်မာထမင်းဟင်းလေး အရံသင့်သွားစားလိုက် အပြင်လေး သွားလည်လိုက်နဲ့ ရှယ်ပဲ😁
06/06/2026
Bangkok က China Town တဲ့✨🌟Street Food လာစားကြတဲ့ အဖြူတွေနဲ့ ပြည့်နေလိုက်တာ သူများနိုင်ငံတွေ နိုင်ငံခြား ခရီးသွားဧည့်သည်တွေနဲ့ စီကားပြီး စီးပွါးရေးတွေ လုပ်ကောင်းနေတာမြင်ရတော့ ကိုယ့်နိုင်ငံနဲ့ ယှဉ်ပြီး တော်တော်စိတ်မကောင်းဖြစ်ရတယ် 😑✨
03/06/2026
UAE နိုင်ငံထဲမှာ မရှိပေမယ့် သတင်းတွေတော့ နေ့တိုင်းဂရုစိုက်ပြီးကြည့်ဖြစ်တယ် Iran က UAE ကို အပစ်အခတ်မရှိပေမယ့် ဒီမနက်ထိ Bahrain နဲ့ Kuwait ကို ပစ်နေဆဲ တွေ့ရတဲ့သတင်းတွေကတော့ သိပ်အားရစရာမရှိဘူး တစ်ဘက်နဲ့ တစ်ဘက် သဘောတူညီချက်ရဖို့ကလဲသေသေချာချာမတွေ့ရသေးးး
28/05/2026
ငယ်ငယ်က မြန်မာ့သမိုင်းထဲမှာ ယိုးဒယား-မြန်မာစစ်ပွဲတွေအကြောင်း သင်ရတုန်းကတော့ "ဘယ်မင်းဆက်ကတော့ဖြင့် ဘယ်လိုအောင်နိုင်ခဲ့တယ်" ဆိုတဲ့ အောင်နိုင်သူတို့ရဲ့ ရာဇဝင်ကိုပဲ စိတ်ဝင်တစား ကျက်မှတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုလို အယုဒ္ဓယ (Ayutthaya) ရဲ့မြေပြင်ပေါ်ကို ကိုယ်တိုင်ခြေချပြီး ပျက်စီးယိုယွင်းနေတဲ့ နန်းတော်ဟောင်းတွေ၊ ခေါင်းပြတ်နေတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ မီးလောင်ကျွမ်းခဲ့တဲ့ အုတ်ရိုးနီနီတွေကို မြင်လိုက်ရတဲ့အခါမှရင်ထဲမှာ တစ်မျိုးကြီး ခံစားရတယ်။
စစ်ပွဲတစ်ခုမှာ တကယ်တမ်းတော့ နိုင်သူရော ရှုံးသူပါ နှစ်ဘက်စလုံး ပေးဆပ်ရတာတွေရှိတာပါပဲ။ စစ်ရဲ့နောက်ကွယ်မှာ ကျန်ရစ်ခဲ့တာက သွေးကွက်တွေ၊ မျက်ရည်တွေ၊ အိုးအိမ်မဲ့သွားတဲ့ ပြည်သူတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေရဲ့ ပြာပုံတွေပါပဲ။ အုပ်ချုပ်သူတွေရဲ့ အာဏာလုပွဲနဲ့ မာနတွေကြားထဲမှာ သမိုင်းရဲ့ ဓားစာခံဖြစ်ခဲ့ရတဲ့ လူတွေ ဘယ်လောက်တောင် များခဲ့ပြီလဲ။ ဒီအယုဒ္ဓယရဲ့ ဒဏ်ရာဒဏ်ချက်တွေက စစ်ဆိုတာ ဘယ်လောက်အထိ အရုပ်ဆိုး အကျည်းတန်ကြောင်း စကားမပြောဘဲနဲ့ သက်သေပြနေသလိုပါပဲ။ သမိုင်းထဲက သင်ခန်းစာယူပြီး ကမ္ဘာကြီးတစ်ခုလုံး စစ်ပွဲတွေ ကင်းစင်ပါစေတော့လို့ပဲ ဆုတောင်းခဲ့မိပါတယ်
24/05/2026
မြန်မာနဲ့ သမိုင်းတစ်ခုကို အတူယှဉ်တွဲပြီး ပိုင်ဆိုင်တဲ့
အယုဒ္ဓယမြို့🛕🕍