Education Of Future Generation.EOFG

Education Of Future Generation.EOFG

Share

Welcome From EOFG.👩🏼‍🏫👩🏼‍💻
“Education is the fundamental key to life, shaping the future.”

09/06/2026

🌟 Free Webinar On Sunday 🌟

💖 မင်္ဂလာပါရှင့်။

ခွန်အားဖြည့် ဘဝနေနည်း အနေနဲ့
“Road To Real Happiness - 2.0 “ ကို EOFG Page မှ (14.6.2026) Sunday ညတွင် Free Webinar အဖြစ် စီစဉ်ပေးထားပါသည်။
Webinar ကို ဦးဆောင်ပေးမည့် ဝါရင့်ပညာရှင် Senior Trainer တစ်ယောက်ကိုလည်း ထပ်မံဖိတ်ခေါ်ထားပါသည်။

ပြီးခဲ့သော ဧပြီလတွင် ပြုလုပ်ခဲ့သော
“Road To Real Happiness - 1” Webinar သည် တက်ရောက်သူများအား စိတ်ခွန်အားများစွာပေးနိုင်ခဲ့ပါသည်။
ယခု ဒုတိယအကြိမ် “Road To Real Happiness - 2.0 “ တွင် ကြည်လင်ခြင်း၊ သစ်လွင်ခြင်း၊ စတင်ခြင်းတို့နှင့်အတူ ရှေ့ဆက်ရန် ခွန်အားလိုအပ်သူများအတွက် စိတ်ခွန်အားပေးမည့် Talk တစ်ခုကို မျှဝေပေးသွားမည် ဖြစ်ပါသည်။

💖 Webinar Talk ပြောကြားပေးမည့်
💖 Business Coach & NLP Trainer :
Ma Phyu Su Mon
(MBA – University of Northampton, UK)
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေနှင့်ရော ဝန်ထမ်းများ၏ လုပ်နိုင်စွမ်းကို အကောင်းဆုံးဖြစ်အောင် ဦးဆောင်ပေးနေသူတစ်ဦးဖြစ်ပြီး စီးပွားရေးလုပ်ငန်း အတွေ့အကြုံ (၂၆) နှစ်ကျော်ရှိသူလည်း
ဖြစ်ပါသည်။

💖 ယခု Webinar တွင် Neuro Linguistic Programming (NLP) မှ လက်တွေ့အသုံးချနိုင်သည့် နည်းလမ်းများကို မျှဝေပေးမည်ဖြစ်ပြီး အလုပ်နှင့် ဘဝတွင် အကောင်းဆုံး စိတ်ဓာတ်ဖြင့် အောင်မြင်ပျော်ရွှင်စွာ ရှင်သန်နိုင်ရန် လမ်းညွှန်ပေးသွားမည် ဖြစ်ပါသည်။
🕔 အချိန် (၁) နာရီခွဲခန့်အတွင်း Talk ပြီးဆုံးသွားသော်လည်း ခွန်အားသစ်များ ရရှိသွားမှာ သေချာပါသည်။

📌 Webinar Day & Time
🗓️ Day : 14.6.2026 (Sunday)
🇹🇭 BKK Time : 7:30 PM – 9:00 PM
🇲🇲 Myanmar Time : 7:00 PM – 8:30 PM
🇦🇪 UAE Time : 4:30 PM – 6:00 PM

👩🏻‍💻 Platform : Zoom (Online)

Webinar စိတ်ဝင်စားပါက အောက်ပါ Viber Link 🔗 သို့ ဝင်ရောက်ထားပေးပါ။
Join this chat on Viber: EOFG Free Webinar Group. https://invite.viber.com/?g=28jyqT4HU1a3Z0XKPuJwGMD0k-BKH3M1

https://invite.viber.com/?g=28jyqT4HU1a3Z0XKPuJwGMD0k-BKH3M1

💖 Webinar ကို Share လုပ်ပြီး မျှဝေပေးနိုင်ပါသည်။ မိတ်ဆွေသူငယ်ချင်းများကိုလည်း တက်ရောက်ရန် ဖိတ်ခေါ်နိုင်ပါသည်။

💬 Webinar အဆုံးတွင် Question & Answer
(Q & A) အစီအစဉ်လည်း ပါဝင်မည်ဖြစ်ပါသည်။













#နှစ်သစ်စိတ်ခွန်အား
#ဘဝတိုးတက်ရေး
#စိတ်ဓာတ်ခွန်အား
#အောင်မြင်မှုလမ်းကြောင်း

08/06/2026

Philippine ငလျင်ဖြစ်တဲ့အချိန်က ကလေးတွေ ကျောင်းတက်နေတဲ့အချိန်ဖြစ်ပေမဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ ဆရာ၊ ဆရာမတွေက အခြေအနေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့လေးစားစရာကောင်းတယ်။
သူတို့ရဲ့ စနစ်တကျ စီမံခန့်ခွဲမှုကြောင့် ကလေးငယ်များစွာရဲ့ အသက်အန္တရာယ်ကို ကာကွယ်နိုင်ခဲ့တယ်။
ကလေးအများကြီးကို ရှင်းလင်းတိကျတဲ့ ညွှန်ကြားချက်တွေ ပေးနိုင်ခဲ့တာကို အရမ်းလေးစားစရာကောင်းပြီသဘောကျမိပါတယ်။

No one was injured in the accident.👍🏻

Well educated & respectful. 👏🙏🏻

05/06/2026

FYI📌

အွန်လိုင်းကနေ စာသင်တာ ထိရောက်ရဲ့လား…

ကိုဗစ် ဖြစ်ပြီးတဲ့နောက်ပိုင်း သင်ယူမှုတွေဟာ နည်းပညာတွေကို အဓိက ထားပြီး အသုံးပြုရတော့ မိဘတွေရော၊ ဆရာ၊မတွေရော အွန်လိုင်းကနေ သင်တာ၊ နည်းပညာသုံးသင်တာတွေက ထိရောက်ရဲ့လားဆိုတဲ့ မေးခွန်းမျိုး ရှိကြပါတယ်။ အွန်လိုင်းကနေ သင်ယူရတာဟာ အားသာချက်၊ အားနည်းချက်ရှိတာပေါ့။ ပြင်ပ စာသင်ခန်းထဲမှာ ရရှိနိုင်တဲ့ အပြန်အလှန် ဆက်သွယ်တာတွေ၊ လူမှုဆက်ဆံရေးတွေက အွန်လိုင်းမှာ မလုပ်ဖြစ်ကြဘူး။ တဖက်ကပြန်ကြည့်တော့လည်း ဘယ်နေရာကမဆို အွန်လိုင်းသုံးပြီး တက်လို့ ရပြန်ရော။

အွန်လိုင်းကနေ သင်ရင် ကလေးတွေ စိတ်ဝင်စားအောင် လုပ်ရတာပိုခက်တယ်၊ အနှောင့်အယှက်ပိုများတယ်၊ တခါတလေ သူတို့ရဲ့ အာရုံစူးစိုက်မှုကို မရတာမျိုးတွေ ရှိကြတယ်။ အပြင်စာသင်တန်းတွေမှာ စာသိပ်မလိုက်နိုင်တဲ့ ကလေးတွေဟာ အွန်လိုင်းမှာ ပိုပြီး အခက်အခဲ တွေ့ကြတယ်။

အပေါ်မှာ ပြောသလို အွန်လိုင်းကနေ သင်ယူတာဟာ အပြင်မှာ လူချင်းတွေ့ပြီး ထိတွေ့သင်ယူရတာလောက်တော့ မလွယ်ကူဘူး။ ဒါပေမယ့် သင်ယူမှုတွေ လုံးဝမရှိတော့တာမျိုး သို့မဟုတ် စာသင်ညံ့တဲ့၊ အရိုက်ကြမ်းတဲ့ ဆရာမနဲ့ အပြင်မှာ သင်ရတာထက်စာရင်တော့ ပိုကောင်းတာပေါ့ ဟုတ်တယ်မလား။

ပြီးတော့ ၂၁ရာစု ပညာရေးပုံစံဟာ နည်းပညာနဲ့ နှီးနွယ်နေတာဖြစ်လို့ အွန်လိုင်းကနေ သင်တာ၊ နည်းပညာအခြေပြုသင်တာတွေက ရှောင်လွှဲလို့မရပါဘူး။ ဒီတော့ အွန်လိုင်းကနေ သင်ရရင်အောင် ဘယ်လို ထိရောက်အေင် သင်မလဲ။ ကိုယ်က မိဘဆိုရင်လည်း ကိုယ့်သားသမီးကို ဆရာ၊မတွေက အွန်လိုင်းကနေ ထိရောက်အောင် သင်ပေးနိုင်အောင် ဘယ်လိုလုပ်ဆောင်သင့်သလဲ။

မတူညီတဲ့သင်ယူသူတွေအတွက် စဉ်းစားပါ --- ကလေးတွေဟာ သင်ယူတဲ့ ပုံစံ မတူညီပါဘူး။ ကြားရတဲ့အပေါ် သင်ယူသူတွေက ဆရာ၊မတွေ အွန်လိုင်းကနေ ရှင်းပြတာကို သဘောကျနိုင်ပေမယ့် လက်တွေ့လုပ်မှ ပိုမှတ်မိတဲ့ ကလေးအတွက် လက်တွေ့လုပ်ငန်းတွေက အရေးပါပါတယ်။ ကျွန်မ မူကြိုကလေးတွေကို သင်တဲ့ အချိန်တုန်းက ကလေးတွေကို ကွန်ပြူတာရှေ့၊ ဖုန်းရှေ့စာသင်ရပေမယ့် သူတို့ကို အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေ ပြေးယူပြခိုင်းတာတို့၊ သူတို့ အိမ်မှာ ရှိတဲ့ ပစ္စည်းတွေနဲ့ တစ်ခုခု အတူတူ လုပ်ကြတာတို့ ပုံမှန်လုပ်တယ်။ မြင်မှ၊ ကြားမှ၊ လက်တွေ့လုပ်ရမှ သင်ယူကြတဲ့ မတူညီတဲ့ ကျောင်းသားတွေအတွက် မတူညီတဲ့ သင်ကြား သင်ယူမှုပုံစံကို စဉ်းစားထည့်သွင်းဖို့လိုပါတယ်။

အွန်လိုင်းရပ်ဝန်းလေး သေချာ တည်ဆောက်ပါ --- ကျောင်းစာသင်ခန်းတွေမှာ ကလေးတွေဟာ စာသင်ရုံတင်မကဘူး သူငယ်ချင်းတွေနဲ့ ဆော့ကစားတယ်၊ ဆရာ၊မတွေနဲ့ စကားပြောကြတယ်။ လူမှု ဆက်ဆံရေးကို ပိုလုပ်ခွင့်ရတယ်။ အွန်လိုင်းမှာလည်း ဆရာ၊မတွေက စာသင်ဖို့ပဲ ပုံမှန်တွေ့တာမျိုးမဟုတ်ဘဲ၊ ကလေးတွေ အချင်းချင်း စကားပြောအောင်၊ ကိုယ်နဲ့ သူတို့နဲ့ အာလာပ သလာပ ပြောနိုင်အောင်၊ စာမဟုတ်တဲ့ အခြားလုပ်ငန်းလေးတွေ အတူတူလုပ်နိုင်အောင် ဖန်တီးပေးဖို့လိုပါတယ်။

မိဘတွေနဲ့ ဆရာ၊မတွေ သေချာ စကားပြောပါ --- မိဘကလည်း အိမ်ရဲ့ အခြေအနေကို ပြောသင့်သလောက် ပြောပြပြီး ဆရာ၊မတွေနဲ့ အတူတူ ကလေးကို ဘယ်လို ကူညီကြမယ်၊ အတူတူ ဘယ်လို ပံ့ပိုးကြမယ်ဆိုတာ တိုင်ပင်ပါ။ ကျောင်းစာသင်ခန်းထဲမှာဆိုရင် ကလေးတွေက သင်ယူဖို့အတွက် သီးသန့်လုပ်ထားတဲ့ နေရာမှာ ရှိတာမို့ ပိုပြီး အာရုံစိုက်နိုင်ပေမယ့် အိမ်မှာနေရင်း သင်ယူရတဲ့အခါ စိတ်က ပိုလွင့်တာတို့၊ အာရုံတွေများနေတာတို့ ပိုဖြစ်တတ်လို့ပါ။ ဆရာ၊မအနေနဲ့လည်း ကလေးရဲ့ တိုးတက်မှု အခြေအနေတွေကို သေချာ ပုံမှန် မျှဝေဖို့လိုပါတယ်။

ပျော်ရွှင်စရာ သင်ခန်းစာ ဖြစ်ပါစေ --- စာသင်ခန်းမှာဖြစ်ဖြစ်၊ အွန်လိုင်းမှာဖြစ်ဖြစ် ကလေးတွေဟာ ပျော်စရာကောင်းတဲ့ သင်ယူမှုမျိုးကို ကြိုက်ပါတယ်။ စာသင်ခန်းမှာ လူချင်းတွေ့ပေမယ့် ပျင်းစရာကောင်းပြီး၊ စိတ်ညစ်စရာဖြစ်အောင် သင်တတ်တဲ့ ဆရာ၊မတွေလည်းရှိပါတယ်။ ကိုယ်က ကလေးကို ဘယ်မှာသင်သင်၊ သူတို့အတွက် စိတ်ဝင်စားစရာကောင်းပြီး လက်တွေ့ဘဝနဲ့ ချိတ်ဆက်တဲ့ သင်ခန်းစာမျိုးဖြစ်အောင် ဖန်တီးဖို့လိုပါတယ်။

လူတွေ့သင်သင်၊ အွန်လိုင်းကသင်သင် ထိရောက်မှု ရှိအောင် ကြိုးစားသင်ကြားပေးဖို့ ဆရာ၊မတွေမှာ တာဝန်ရှိသလို၊ ကိုယ့်ဘဝအတွက်သင်ယူမှုကိုလည်း ကျောင်းသားတွေက တန်ဖိုးထားဖို့လိုပါတယ်။ ထို့နည်းအတူ မိဘတွေကလည်း ကလေးတွေရဲ့ လိုအပ်ချက်နဲ့ သင်ယူမှုကို အထောက်အပံ့ပြုနိုင်မှုအပေါ် ချိန်ဆပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ သင်ယူမှုဟာ သင်ကြားသူမှာပဲ တာဝန်ရှိတာမဟုတ်ဘဲ သင်ယူသူကိုယ်တိုင်ရော၊ သင်ယူသူရဲ့ မိသားစုဝင်တွေပါ တာဝန်ရှိတာမို့ အွန်လိုင်းကနေ သင်ယူနေရတဲ့ အခုလိုကာလမှာ အားလုံး ဝိုင်းဝန်း ပံ့ပိုးရအောင်နော်။

မေတ္တာဖြင့်…
Sayarma-ဆရာမ

05/06/2026

🛑 kg နဲ့ ပိဿာ တွက်ချက်ပုံလေးပါ
ဥပမာ ကြက်သား 1 ပိဿာ ဝယ်ခဲ့ပါလို့--> မှာလိုက်ရင်ကိုယ်က kg နဲ့ ချိန်ရောင်းတဲ့ city mart တွေမှာဝယ်ဖြစ်မယ်ဆိုရင်ပေါ့🛑👇👇💯💯✅✅

1 ပိဿာ လိုချင်ရင် kg နဲ့ ဆိုရင် 1.6 kg ပြည့်အောင် ဝယ် ရပါမယ်
g နဲ့ဆိုရင် 1600 g ဝယ် ရပါမယ်

50 ကျပ်သား လိုချင်ရင် 800 g ဝယ် ရပါမယ်

25 ကျပ်သား လိုချင်ရင် 400 g ဝယ်ရပါမယ်

10 ကျပ်သား လိုချင်ရင် 160 g ဝယ်ရပါမယ်

20 ကျပ်သား လိုချင်ရင် 320 g ဝယ်ရပါမယ်

30 ကျပ်သား လိုချင်ရင် 480 g ဝယ်ရပါမယ်

40 ကျပ်သား လိုချင်ရင် 640 g ဝယ်ရပါမယ်

ဖြည့်စွက်

1 kg ဟာ 62ကျပ်သား နဲ့ ညီမျှပါတယ်

မူရင်း

Want your school to be the top-listed School/college in Dubai?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Dubai

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00