Precision Agriculture by Drones

Precision Agriculture by Drones

Share

Precision Agriculture works focus

29/08/2025

ဒရုန်းနဲ့ဆေးဖြန်းတာတွေတွင်ကျယ်လာရခြင်း

အကြောင်းတွေထဲကတခုကတော့

ဆေးစက်အရွယ်သေးပီး ညီညာနေခြင်းကြောင့်ပါ

အားသာချက်
———————
ရွက်ပြန့်ပင်တွေမှာ ဆေးစက်အကြီးတွေ တွဲလဲခို

လိမ့်ကျကုန်တာကိုမြင်ဖူးကြပါလိမ့်မည်

အဲ့တာကို chemical waste ဆေးအလေအလွင့်

ဖြစ်ခြင်းလို့ခေါ်ကြပီး ပိုက်ဆံအပိုကုန်ခြင်းပါပဲ

အောက်ကပုံကတော့ ဒရုန်းဆေးဖြန်းခြင်းပါ

(အခုဆိုရင် ၉ဆက်မြောက်ရှိပီမို့ ပိုပီး တိကျညီညာ

နေပါပီ)

အဲ့လိုဆေးစက်သေးသေးလေးတွေ ပြန့်ပြူးညီညာ

နေခြင်းဟာ ဆေးအလေအလွင့်ကကာကွယ်ပေးပါ

တယ်။

အမှတ်တရပြောပါဆိုရင်

ဧရာဝတီတိုင်းကြံခင်းမြို့ လယ်တကွက်ထဲမှာ

Glyphosate ဖြန်းစဉ်ကပေါ့ ဖြန်းတာက ၇ဧက

နောက်ဆုံ အကွက်လည်းပီးရော

ပထမဆုံးအကွက်က ပေါင်းတွေက အသက်ငင်နေ

အဲ့လိုတွေ ပြန်ကြားရတိုင်း

စာရေးသူကို ပျော်စေ ဂုဏ်ယူစေခဲ့တဲ့

ဒီစိုက်ပျိုးရေး ဒရုန်းလောကပေါ့

အစဉ်လေးစားလျှက်..

🫡

26/08/2025

ထိရောက်တဲ့ဆေးဖြန်းခြင်းဆိုရာဝယ်
——
၁) ဆေးနဲ့ပိုးကိုက်ရမယ်
၂)ဆေးဖြန်းတဲ့အချိန်မှန်ရမယ်
၃)ဆေးဖြန်းတဲ့စနစ်တိကျမှန်ကန်ရမယ်

တစ်ခုစီကို နောက်ပို့စ်တွေမှာတင်ပြပါအုံးမယ်။
ပုံကတော့ စာရေးသူ ဆေးဖြန်းနည်းစနစ်ကို သရုပ်ပြ တင်ဆက်စဉ်အခါက ခင်ဦးနယ်၊ နန်းမတော်မယ်နုဇာတိ ဖလံခုံ တွင်ဖြစ်သည်။

စာရေးသူတို့လုပ်စဉ်ကဆို

တောင်သူကဖုန်းခေါ်လိုက်တာနဲ့

ကွင်းဆင်းပီး ပိုးမွှားရောဂါစစ်၊

ဆေးညွှန်းတယ်၊ ရာသီဥတုစစ်ပီး

ဆေးဖြန်းနဲ့အချိန်ပြောတယ်

ကွင်းတိုင်းတာပီး

ဆေးဖျော်စပ်ရမဲ့ နှုန်းထား၊

စနစ်၊ အချိန် ကိုပြောတယ်

နောက်နေ့ လာတာပဲ။

ပုံကတော့ ၂၀၁၉ ခုနှစ်စပါးခင်းမှာ

ဆစ်ပိုးဖြန်းစဉ်ကဖြစ်ပါတယ်

21/08/2025

ပိုးသတ်ဆေးဆိုရာဝယ်
ထိသေစားသေဆိုသိပ်ကြိုက်တယ်ဆိုတဲ့
ခရမ်းသုံးခွကတောင်သူကြီးကိုသတိအရသား

ပိုးကလည်းညထွက်တာရယ်
ညဖက်မှလေငြိမ်တာရယ်နဲ့

အကောင်းဆုံးဆေးဖြန်းသင့်တဲ့အချိန်က
ညဖက်တဲ့..

ညဖက်ကြီး လူနဲ့ဖြန်းရင် မြွေဖားကင်းဖား
ကြောက်ရတယ်ဆိုတော့

ဒရုန်းနဲ့ကိုင်ထည့်လိုက်တယ်

ဧက ၅၂ ဧက ကိုတထိုင်တည်း ပီးသွားတော့

အတော်ကြီးကျေးဇူးတင်နေပုံရတယ်ဗျ

ငါးပုဇွန်နဲ့ကို ထမင်းကျွေးလိုက်လေရဲ့

စာရေးသူကတော့ ဘောင်းဘီတိုကြီးနဲ့
အပျော်လွန်ပီး ကျနော်မအေးပါဘူးဆိုပီး
တုန်တုန်ရီရီနဲ့ပြောခဲ့တာအမှတ်တရ

အမှတ်တရဆိုပီး ဒရုန်းကြီး မီးဖွင့်ပီးဓါတ်ပုံရိုက်ကြ

အမှတ်တမဲ့ မှ အမှတ်တရ ဖြစ်သွားခဲ့တဲ့

၂၀၂၁ ဇန်နဝါရီက ပုံဟောင်းလေး..

(ဒရုန်းနဲ့ဆေးဖြန်းခြင်း မပိတ်သိမ်းခင် တလအလိုပေါ့)



20/08/2025

ဖောငမြောင်တောင် မြန်မာပြည်သို့စတင်ဝင်ရောက်

စာရေးသူတို့ ဆေးဖြန်းဒရုန်းတွေစမ်းသပ်နေချိန်က
ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဝန်ကြီးတွေခေါ်ပီး ဧရာဝတီလယ်သမားတွေနဲ့တွေ့စဉ်အခါကပေါ့။
ဧရာဝတီတိုင်း ဇလွန်၊ဟင်္သာတ နယ်တလွှား ပြောင်းခင်းတွေမှာ ပိုးမျိုးစိတ်အသစ်ဟာ ဖျက်အားမြန်ပီး ဘာဆေးမှမတိုးကြောင်း နိုင်ငံတော်အဆင့် လုပ်ပေးဖို့ရယ်၊ မဟုတ်ရင်တံဇဉ်လွတ် လို့တောင်သူတွေပြောတော့ စိုက်ဝန်ရဲ့ ညွှန်ကြားမှုအရ ပထမဆုံး ကောင်းကင်ဆေးဖြန်းစက်(လူတွေပြောတဲ့ ဒရုန်းပေါ့) ကို နေ့ညဖျက်ဆီးနေတဲ့ FAW ဖောငမြှောင်တောင်ကို နှိမ်နင်းဖို့အတွက် စိုက်ပျိုးရေးကပညာရှင်တွေနဲ့ပေါ့
စာရေးသူကတော့ ပထမဆုံးပညာရပ်ကို အသုံးချခွင့်
ရလို့ပျော်ပေါ့

သုတေသနဆိုတာ အခုလိုမှအကျိုးမပြုနေရင်
အလကားပဲ မဟုတ်လားဗျာ။

မှတ်မှတ်ရရ ဩဘာရဲ့ ပထမဆုံးသော ဆေးအမည်

ငှက်ကြီးတောင်ကို မိတ်ဆက်တဲ့ပွဲလို့လည်းပြောလို့ရ

ဇလွန်ရဲ့တဖက်ကမ်း ပြောင်းစိုက်ဧက ထောင်ချီကို ပိုးနှိမ်နင်းပေးလိုက်နိုင်ခဲ့စဉ်က အမှတ်တရပါ

၂၀၁၈နှောင်းပိုင်းလောက်ဖြစ်မယ်ထင်တယ်

ငှက်ကြီးတောင် +အဆိပ်ငွေ့မို့ အတော်လုံအောင် ဝတ်ထားတာတောင် အားနည်းသူဆို ပစ်လဲတဲ့အနေအထားပါ

ဖော ငမြောင်တာဟာ ပြောင်းအဓိကစိုက်ပျိုးရာ
အာဖရိက ကနေလာခဲ့တဲ့ အာဖရိကန်သားပါခင်ဗျာ

ဆရာDr.Aung Sweရဲ့ဖြည့်စွက်ပေးမှု(ကျေးဇူးပါဆရာ)

အဲ့စိုက်ခင်းတွေမှာ ထိုပိုးအား မျိုးဖျတ်နှိမ်နင်းလိုက်နိုင်တယ်လို့နောက်ပိုင်းကြားသိရပါတယ်။
သားလောင်း /အရွယ်ရောက်/မိခင်အပြင်/ ဥတွေကိုပါ နှိမ်နင်းတဲ့ အာနိသင်ပ့ ဆေးတမျိုးထပ်ထည့်ခဲ့ကြောင်း သိရပါတယ်ခင်ဗျာ။
ဆရာပြောသလိုပဲ အတူလုပ်တဲ့ ယိုးဒယားဒရုန်းအဖွဲ့တွေ အဲ့ဆေးအနံ့ကို အတော်ကြေကွဲနေတာတော့ ဆရာပြောမှ ပြန်သတိရ😂

18/08/2025

ရှမ်းတောင်က အာလူးခင်းတွေထဲရောက်စဉ်ကအမှတ်တရပါ။

Myanmar Potato Group (မြန်မာ့အာလူးအဖွဲ့အစည်း) က အစ်ကိုတွေကိုတော့အမြဲသတိတရရှိပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးဟာ ဘာစိုက်လို့ရတယ်၊ဘယ်သီးနှံတော့မရဘူးဆိုပီးရှိကြပေမဲ့။

မြန်မာနိုင်ငံမှာကတော့ မြေအမျိုးအစား အစုံအလင်ရှိပီး မြေမျက်နှာသွင်သင် ရာသီဥတုအနေအထားကြောင့် တစ်နိုင်ငံတည်းမှာတင် စိုက်လို့ရတဲ့ သီးနှံကွဲအတော်များတာကို ဒီနေရာမှာတွေ့ရပါမယ်။

ဥရောပဖက်မှာလို အာလူး၊ပြောင်း၊ဥနီ၊ကော်ဖီထုတ်တွေကို မြန်မာနိုင်ငံရဲ့ ရှမ်းပြည်တောင်ပေါ်တွေမှာစိုက်ပျိုးလို့ရပီး

အာဖရိကမှာလို လက္ဖက် ၊စပါး၊ကော်ဖီ တွေလည်းစိုက်လို့ရနေတာပါ။

မလေးမှာလို ဒူးရင်းတွေ၊ဆီအုန်းတွေကိုတော့
မွန်ပြည်နယ်တလွှားမှာစိုက်ပျိုးဖြစ်ထွန်းနေတာမျိုးပါ။

သီးနှံမစုံပေမဲ့ စိုက်ပျိုးရေးနဲ့ ချမ်းသာနေကြတဲ့ ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးရှိနေပေမဲ့

သီးနှံစုံပီး ဆင်းရဲတွင်းနက်နေကြောင်း ထိုစဉ် ၂၀၁၉ လောက်က မြန်မာ့အာလူးအဖွဲ့ဝင်

ကိုဝင်းနောင်နဲ့ စကားစမြည်ကို သတိတရရှိနေတာပါ။

သူ့အနေနဲ့ ဝန်ကြီးချုပ်နဲ့ အချေအတင်ဖြစ်ခဲ့ရကြောင်း

ကျနော်ခြုံနားထောင်ပီး သူမှန်တယ်၊ သူဟာတောင်သူတွေမျက်နှာမူနေတယ်ဆိုတာ သိခဲ့ရတယ်။

အခုဆို ပိုတောင်သိနေရတယ်..

ပုံကတော့ စာရေးသူ ရှမ်းတောင်အာလူးခင်းရောက်စဉ်က ဒရုန်းနဲ့ဆေးဖြန်းစဉ်အခါက ပုံအဟောင်းဖြစ်ပါတယ်

16/08/2025

မြန်မာနိုင်ငံလူဦးရေရဲ့၈၇% ဟာ

လယ်သမားမိသားစုကပေါက်ဖွားလာကြသလို

အကုန်လုံးနီးပါးဟာ လယ်ယာမျိုးရိုးရှိကြပါတယ်

လယ်သမားတွေရုန်းကန်နေရတာမို့ မြန်မာပြည်

ဆင်းရဲနေတယ်လို့ပြောရင်လည်းရပါတယ်။

စာရေးသူမိဘတွေကိုယ်၌ကတောင်

စိုက်ပျိုးရေးထဲ ဝင်လုပ်နေတယ်ကြားတော့

သူတို့စိတ်ဆိုးသွားပုံရတယ်ဗျ။

ဘာလို့ဆို ခလေးတွေကို ပညာတတ်စေချင်တယ်

ဘွဲ့ရရင် အဲယားကွန်းခန်းထဲ ဘောလ်ပင်လေး ကိုင်

ရာထူးလေးတက်သွားတာကိုမြင်စေချင်တယ်ပေါ့

အတိအကျပြောရရင် ဒီဆင်းရဲတဲ့စိုက်ပျိုးရေးကို

မလာစေချင်တာပေါ့

**

စာရေးသူကလည်းခေါင်းမာတယ်ဗျ။

လယ်ယာမြေကို လူငယ်တွေစွန့်ခွါနေတာကို ပြန်ခေါ်

ချင်တဲ့ဆန္ဒ ရှိနေတယ်။ အဲ့အတွက်ကြောင့်လည်း

ပြောင်းလဲဖို့ကြိုးစားတယ်။ နားလည်ဖို့ကြိုးစားတယ်

စာရေးသူက စိုက်ပျိုးရေးဘွဲ့ရဟုတ်မနေပေမဲ့

လယ်သမားတွေရဲ့ အခက်အခဲတွေကို နားထောင်ခွင့်

ရခဲ့တယ်။ အဲ့တုန်းကတော့ ဆေးဖြန်းရခက်ခဲမှု

မြေဆီ၊ မျိုးစေ့ခက်ခဲမှု၊ ဆေးမြေဆီမတိကျမှု

အလေလွင့်မှု၊ ငွေကုန်ကြေးကျများပီး အမြတ်နည်း

ကျွမ်းကျင်လုပ်သားရှားပါးလာမှု

အစုံပေါ့ဗျာ..ပြသနာတွေ အခက်အခဲတွေအများကြီး

အဲ့တာတွေအတွက် စာရေးသူအဖြေရှာတယ်

ပုံကတော့၂၀၂၀အလယ်လောက်ဖြစ်မယ်

ရေဦးက ရေနက်ကွင်းကြီးမှာပါ

လယ်ကကျွံလို့ ဆေးဖြန်းမဲ့လူရှာရခက်

ခရီးကမပေါက်ပေါ့..

စာရေးသူတို့က လယ်ကို ဘေးကနေပတ်ပီးတိုင်း

အဲ့တာမှ ဒရုန်းက တိတိကျကျဆေးဖြန်းတာမို့

ရံဖန်ရံခါ အခုလို နွံနစ်နေတတ်သေး

စာရေးသူဆို ညှောင့်ဆွေး ဆူးတော့ထုတ်မရ

ဓါးမီးဖုတ်ပီး ထုတ်ခဲ့ရသေး

ဆိုတော့ စာရေးသူတို့ ကြုံရတာက

လယ်သမားတွေအတွက်နေ့စဉ်ဒဒူဝ နော်

အဲ့တာမို့လည်း ဝမ်းသာပိတိက ပြောမပြတတ်အောင်

ဂုဏ်ယူစွာနဲ့ ဆက်လတ်လျှောက်လှမ်းဖြစ်တာပေါ့

**မှတ်ချက်။ ။အစားအသောက်ရှားပါးလာနေတဲ့ ကမ္ဘာကြီးမှာ စာရေးသူတို့လယ်သမားတွေဟာ ချမ်းသာဖို့ထိုက်တန်ပါတယ်။

စေတနာရှိသူတွေ စီးပွါးရေးပေါ်လစီတွေ ကတဆင့် အလှမ်းမဝေးစေဖို့ဆန္ဒမွန်လျက်🙏🙏🙏

15/08/2025

မှတ်မိပါသေးတယ် ကိုဗစ်ကာလကြီး

ဖောငမြောင်တောင် ပိုး သောင်းကျန်းလို့

နောင်တရား၊ပင်လောင်းဖက်အရောက်

လက်ဆွဲခေါ်ရာလိုက်လာတာ

ဟိုရောက်တော့

၄၆ ဒီဂရီမတ်စောက်တဲ့ တောင်စောင်းမှာ

ကြိုကြားထဲ ထောပတ်ပင်တွေက ရှိသေး

*ဘယ်နှယ့်လဲ ဒရုန်းဆရာ* ဆိုပီးမေးငေါ့အပြ

အဲ့အချိန် ကနဦးပေါ်စ

ပထမမျိုးဆက် ဒရုန်းဆိုတော့

DJI MG 1S ဗျာ obstacles ရှောင်တာမပါသလို

တောင်စောင်းဆို ၁၂ ဒီဂရီလောက်ပဲ ရတာလေ

သို့သော် စာရေးသူအဲ့အခင်းကို ဖြန်းခဲ့ပါတယ်

ဘယ်တော့မှ နိုးမပြောခဲ့ပါ

နှုန်းထားလည်းအတိအကျကိုဖြန်းခဲ့တာပါ

တိကျပီး မှန်တဲ့ အမြန်နှုန်း

ဆေးဖြန်းနှုန်း၊တိကျတဲ့ဆေးဖြန်းအကျယ်

လယ်သမားတော့ သိပ်ပျော်သွားတယ်ဗျ

ပါလာတဲ့ ကားဆရာကမေးတယ်

အပင်ထိပ်နဲ့ ဒရုန်းအကွာအဝေးက အတိအကျ

သွားနေတာဆိုတော့ autoလားတဲ့

😁😁

မိုးလေဝသနဲ့အချိန်မှီ ဆေးဖြန်းခဲ့ရစဉ်က

မှတ်ချက်။ ။စာရေးသူ နောင်တယား ပြောင်းခင်း၌ဆေးဖြန်းစဉ်က ပုံအဟောင်းဖြစ်ပါတယ်

14/08/2025

ရွှေဘိုနယ်မှာ ဖြုတ်တွေသောင်းကျန်းစဉ်က

စာရေးသူတို့ အဖွဲ့ရွှေဘိုကို အဖိတ်ခံရတော့ လမ်းမှာသတိထားမိတာကတော့

စပါးတွေကို ဝါးနဲ့ အလယ်ခွဲလေးတွေလုပ်ထားတာတွေ့ရတယ်။ ကားရပ်ပီးခနဆင်းကြည့်တော့ အတန်းကြားတွေထဲမှာ ဖြုတ်တွေတအိုးတအိမ်ထောင် ဆောက်နေကြလေရဲ့။ စပါးကလည်းရိတ်ခါနီးပီဗျ။

အေးပေါ့ ရွှေဘိုပေါ်ဆန်းကသိပ်မွှေးတာကိုးဗျ။ ဖြုတ်ဆို လေဝင်လေထွက်ဖန်တီးပေးရတယ်လို့ အဆိုရှိတယ်မဟုတ်လား။

စပါးပင်တွေကလည်း အတော်ရှည်ပါဘိ။
စာရေးသူလို ဂျပုကတော့ ပလုံဆိုပျောက်တာပဲ

အဲ့တော့ အပင်ပျက်ဆီးခံ မခွဲကြတော့ဖို့နဲ့

ကျနော်တို့ ဆေးဖြန်းဒရုန်းဟာ အပင်ခြေထိ ဆေးအရောက်ပို့ ပီး လေခွဲ ပြန်ပိတ်စနစ်နဲ့ သွားတဲ့အကြောင်း

ပန်ကာဖွင့် သက်သေထူဖို့ ဆေးဖြန်းပြခဲ့သဗျို့..

လှတောသားတွေ တယ်ဆိုချက်ကတော့

စာရေးသူပါးမစေ့ခဲ့ရဘူးဗျို့..
“ဒုန်းဆိုတဲ့အတိုင်း ဒုန်းပြေးလာတာတောင် မမှီဘူးကို့ဆရာရေ” တဲ့။ 😂

**၂၀၂၀နှစ်လယ်ပိုင်းရွှေဘိုနယ်၌ ညဖက်ဆေးဖြန်းစဉ်ကပုံအဟောင်းဖြစ်ပါတယ်

13/08/2025

ဖရဲသခွါးလို မကြာခန ဆေးဖြန်းရတဲ့

အသီးအနှံတွေမှာဆိုရင် ဆေးဖြန်းရတာ

အရမ်းကို အလျင်စလို ဖြစ်ပါတယ်

အချိန်မှီဖြန်းနိုင်မှသာလျှင် ရောဂါ နဲ့ပိုးမွှား

ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်

၂၀၁၉ မှာ တရက် ကို ဧက ၅၀ ပီးစီးနိုင်တဲ့

ဒရုန်း (ပုံ- ခင်ဦးသခွါးမွှေးခြံ) တွေဟာ

ယခုဆိုရင် တနာရီကို ဧက၅၀ ထိပီးစီးနိုင်တာမို့

တရက်လျင် ဧက ၃၀၀နဲ့အထက် ပီးနိုင်နေပါပီ

ပုံ-စာရေးသူ မြန်မာပြည်အနှံ့ ဆေးဖြန်းစဉ်က ပုံအဟောင်းဖြစ်ပါတယ်

12/08/2025

ဆေးဖြန်း ဒရုန်းကို ပျံသန်းတဲ့နေရာမှာ

ဘေးအန္တရာယ်ကင်းရှင်းဖို့ဆိုရင်

VLOS (Visual Line Of Sight) မှာ အမြဲရှိနေဖို့

လိုအပ်ပါတယ်။

ကိန်းဂဏန်းအရဆို မီတာ ၁၅၀၀ အတွင်းရှိရပါမယ်

ပုံ။ စာရေးသူဟသ်ာတ ပဲစိုက်ခင်းကပျံသန်းစဉ်
၂၀၁၉

Terrasetup3 or Mission Planning for Agras 10/10/2024

သရက်လို အပင်ကြီးတွေကို ဆေးဖြန်းတဲ့အခါ

တပင်ချင်းစီဖြန်းကြရပါတယ်

အောက်မှာပြ ထားတာကတော့

ဆော့ဝဲထဲမှာ စာရေးသူတို့ အစီအစဉ်ဆွဲပုံလေးပါ

စိုက်ခင်းထဲမရောက်ခင်လုပ်ရတာလေးတွေပါ

စိုက်ခင်းထဲမှာတော့ စိုက်ခင်းကိုရွေးပီး

ထိလိုက်တာနဲ့ သူ့ဟာသူအလိုအလျောက်ဖြန်းပါတယ်

Terrasetup3 or Mission Planning for Agras This video will guide you through fruit tree mission planning process and all you need to know. Save this link so that you can always come and check along yo...

05/10/2024

ဒါကတော့ မလေးရှားနိုင်ငံ

တောင်စောင်းတွေမှာ ဒူးရင်းစိုက်ပျိုးလာတဲ့ မလေးရှားမှာဆိုရင် မြန်မာလုပ်သားတွေ အများကြီး စာရေးသူတွေ့ခဲ့ရပါတယ်

အပင်ပန်းဆုံးကတော့ ဆေးဖြန်းတဲ့ရက်တွေလို့ပြောကြလေရဲ့။ တခြားနိုင်ငံကလုပ်သားတွေလက်ရှောင်ကြသလို။ မြန်မာလုပ်သားတွေအတွက်တောင် အဲ့ရက်တွေဆို မလှုပ်နိုင်ကြတော့တဲ့ထိပင်ပန်းပါတယ်တဲ့။

တွေးကြည့်ပေါ့
တောင်စောင်းမှာ တပင်ပီးတပင် ဖြန်းရတယ် ။ ပိုက်ကြီးဆွဲလို့။ ၁၀ရက်တပတ် လှည့်ပီးဖြန်းတော့ နေ့တိုင်းလိုလိူပေါ့။ လုပ်သားရှားတဲ့ပြသနာအတွက်

ဆေးဖြန်းဒရုန်းတွေဟာ အဖြေဖြစ်လာပါတော့တယ်။
ပရိုဂရမ်ထဲမှာ အပင်တွေကို တပင်စီ ဖြန်းဖို့စီစဉ်ရေးမှာ အခက်အခဲရှိနေခဲ့လို့ စာရေးသူကို ဖိတ်ကြားခဲ့တာမို့ ပညာရပ်သွားရောက်ပို့ချဖြစ်ခဲ့ပါတယ်။🙏🙏🙏

(English)

Power of Fruit Tree Mapping Workflow
*****************************************
Using DJI Terra with mapping drones for fruit tree spray planning
1) Can yield highly accurate results, typically within a few centimeters with DRTK 2 Mobile Station & Tripod and the environmental conditions.
- The integration of high-resolution imagery allows for detailed mapping, enabling precise planning for spray applications, which is crucial for optimizing pesticide or fertilizer use while minimizing waste and environmental impact.
2) Safety measures significantly enhance a pilot's confidence level. via
a) Pre-Flight Checks: Conducting thorough pre-flight inspections ensures the drone is in good working order, reducing the risk of malfunctions.
b) Flight Planning Software: Utilizing DJI Terra helps in planning optimal flight paths, which minimizes the risk of collisions and maximizes coverage.
c) Real-Time Monitoring: Many mapping drones offer real-time telemetry and monitoring, allowing pilots to keep track of the drone's status and location throughout the flight.
d) Fail-Safe Features: Features like return-to-home, low-battery warnings, and geofencing add layers of safety by automatically guiding the drone back or preventing it from entering restricted areas.
T
In summary, when combined with robust safety measures and training, DJI Terra and mapping drones can greatly improve both the accuracy of spray planning and the pilot's confidence in executing those plans safely.

Want your school to be the top-listed School/college in Dubai?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Dubai
00000