Rashida, PhD

Rashida, PhD Rashida, PhD is a Muslim Medical Social Scientist who specializes in developing Islamic worldview

𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐜𝐢𝐞𝐧𝐭𝐢𝐬𝐭 𝐰𝐢𝐭𝐡 𝐚𝐧 𝐢𝐧𝐭𝐞𝐫𝐞𝐬𝐭 𝐢𝐧 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝𝐢𝐧𝐠 𝐁𝐞𝐡𝐚𝐯𝐢𝐨𝐫𝐚𝐥 𝐝𝐞𝐭𝐞𝐫𝐦𝐢𝐧𝐚𝐧𝐭𝐬 𝐨𝐟 𝐡𝐞𝐚𝐥𝐭𝐡 𝐚𝐧𝐝 𝐝𝐢𝐬𝐞𝐚𝐬𝐞𝐬. 𝐇𝐞𝐫 𝐞𝐱𝐩𝐞𝐫𝐭𝐢𝐬𝐞 𝐢𝐧 𝐐𝐮𝐚𝐥𝐢𝐭𝐚𝐭𝐢𝐯𝐞 𝐫𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐜𝐚𝐧 𝐜𝐨𝐧𝐭𝐫𝐢𝐛𝐮𝐭𝐞 𝐭𝐨 𝐡𝐞𝐚𝐥𝐭𝐡 𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐚𝐧𝐝 𝐩𝐨𝐥𝐢𝐜𝐲 𝐫𝐞𝐬𝐞𝐚𝐫𝐜𝐡, 𝐩𝐫𝐨𝐯𝐢𝐝𝐞 𝐯𝐚𝐥𝐮𝐚𝐛𝐥𝐞 𝐢𝐧𝐬𝐢𝐠𝐡𝐭𝐬 𝐢𝐧𝐭𝐨 𝐭𝐡𝐞 𝐰𝐚𝐲𝐬 𝐰𝐞 𝐜𝐨𝐧𝐜𝐞𝐩𝐭𝐮𝐚𝐥𝐢𝐳𝐞 𝐡𝐞𝐚𝐥𝐭𝐡, 𝐢𝐥𝐥𝐧𝐞𝐬𝐬, 𝐩𝐚𝐭𝐢𝐞𝐧𝐭'𝐬 𝐞𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞𝐬, 𝐭𝐡𝐞 𝐝𝐲𝐧𝐚𝐦𝐢𝐜𝐬 𝐨𝐟 𝐢𝐧𝐭𝐞𝐫-𝐩𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐭𝐞𝐚𝐦𝐬 𝐚𝐧𝐝 𝐦𝐚𝐧𝐲 𝐚𝐬𝐩𝐞𝐜𝐭𝐬 𝐨𝐟 𝐜𝐚𝐫𝐞 𝐝𝐞𝐥𝐢𝐯𝐞𝐫𝐲.

𝐇𝐞𝐫 𝐢𝐧𝐭𝐞𝐫𝐞𝐬𝐭 𝐢𝐧 𝐈𝐬𝐥𝐚𝐦𝐢𝐜 𝐒𝐭𝐮𝐝𝐢𝐞𝐬 𝐦𝐚𝐝𝐞 𝐡𝐞𝐫 𝐢𝐧𝐭𝐞𝐫𝐞𝐬𝐭𝐞𝐝 𝐢𝐧 𝐐𝐮𝐫𝐚𝐧𝐢𝐜 𝐩𝐫𝐢𝐧𝐜𝐢𝐩𝐥𝐞𝐬 𝐚𝐬 𝐚 𝐦𝐞𝐭𝐡𝐨𝐝 𝐨𝐟 𝐦𝐞𝐧𝐭𝐚𝐥 𝐰𝐞𝐥𝐥-𝐛𝐞𝐢𝐧𝐠 𝐚𝐧𝐝 𝐩𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 𝐨𝐟 𝐩𝐡𝐲𝐬𝐢𝐜𝐚𝐥 𝐡𝐞𝐚𝐥𝐭𝐡. 𝐇𝐚𝐯𝐢𝐧𝐠 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 𝐚 𝐡𝐢𝐠𝐡𝐞𝐫 𝐝𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐈𝐬𝐥𝐚𝐦𝐢𝐜 𝐬𝐭𝐮𝐝𝐢𝐞𝐬 𝐠𝐚𝐯𝐞 𝐡𝐞𝐫 𝐚 𝐝𝐞𝐞𝐩𝐞𝐫 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝𝐢𝐧𝐠 𝐨𝐟 𝐭𝐡𝐞 𝐩𝐫𝐢𝐧𝐜𝐢𝐩𝐥𝐞𝐬 𝐚𝐧𝐝 𝐩𝐫𝐚𝐜𝐭𝐢𝐜𝐞𝐬 𝐨𝐟 𝐈𝐬𝐥𝐚𝐦 𝐢𝐧 𝐫𝐞𝐥𝐚𝐭𝐢𝐨𝐧 𝐭𝐨 𝐥𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞 𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭. 𝐒𝐡𝐞 𝐢𝐬 𝐧𝐨𝐰 𝐩𝐮𝐫𝐬𝐮𝐢𝐧𝐠 𝐡𝐞𝐫 𝐌𝐚𝐬𝐭𝐞𝐫 𝐝𝐞𝐠𝐫𝐞𝐞 𝐢𝐧 𝐈𝐬𝐥𝐚𝐦𝐢𝐜 𝐬𝐭𝐮𝐝𝐢𝐞𝐬 𝐭𝐨 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐛𝐞𝐭𝐭𝐞𝐫 𝐭𝐡𝐞 𝐫𝐞𝐥𝐚𝐭𝐢𝐨𝐧𝐬𝐡𝐢𝐩 𝐛𝐞𝐭𝐰𝐞𝐞𝐧 𝐈𝐬𝐥𝐚𝐦 𝐚𝐧𝐝 𝐜𝐨𝐧𝐭𝐞𝐦𝐩𝐨𝐫𝐚𝐫𝐲 𝐰𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐢𝐬𝐬𝐮𝐞𝐬.

𝐒𝐡𝐞 𝐢𝐬 𝐞𝐝𝐮𝐜𝐚𝐭𝐢𝐧𝐠 𝐩𝐞𝐨𝐩𝐥𝐞 𝐭𝐨 𝐡𝐚𝐯𝐞 𝐚𝐧 𝐈𝐬𝐥𝐚𝐦𝐢𝐜 𝐰𝐨𝐫𝐥𝐝𝐯𝐢𝐞𝐰 𝐨𝐧 𝐚𝐧𝐲𝐭𝐡𝐢𝐧𝐠 𝐭𝐡𝐞𝐲 𝐝𝐨, 𝐢𝐧 𝐥𝐢𝐧𝐞 𝐰𝐢𝐭𝐡 𝐭𝐡𝐞 𝐩𝐫𝐢𝐧𝐜𝐢𝐩𝐥𝐞𝐬 𝐨𝐟 𝐭𝐡𝐞 𝐐𝐮𝐫𝐚𝐧 𝐚𝐧𝐝 𝐇𝐚𝐝𝐢𝐭𝐡𝐬. 𝐒𝐡𝐞 𝐬𝐭𝐫𝐨𝐧𝐠𝐥𝐲 𝐛𝐞𝐥𝐢𝐞𝐯𝐞𝐬 𝐭𝐡𝐚𝐭 𝐲𝐨𝐮 𝐜𝐚𝐧 𝐜𝐮𝐥𝐭𝐢𝐯𝐚𝐭𝐞 𝐚 𝐩𝐨𝐬𝐢𝐭𝐢𝐯𝐞 𝐦𝐢𝐧𝐝𝐬𝐞𝐭 𝐛𝐲 𝐫𝐞𝐟𝐥𝐞𝐜𝐭𝐢𝐧𝐠 𝐨𝐧 𝐲𝐨𝐮𝐫 𝐛𝐥𝐞𝐬𝐬𝐢𝐧𝐠𝐬 𝐚𝐧𝐝 𝐮𝐭𝐢𝐥𝐢𝐬𝐢𝐧𝐠 𝐭𝐡𝐞 𝐚𝐛𝐮𝐧𝐝𝐚𝐧𝐜𝐞 𝐨𝐟 𝐫𝐞𝐬𝐨𝐮𝐫𝐜𝐞𝐬 𝐚𝐭 𝐲𝐨𝐮𝐫 𝐝𝐢𝐬𝐩𝐨𝐬𝐚𝐥 𝐭𝐨 𝐜𝐮𝐥𝐭𝐢𝐯𝐚𝐭𝐞 𝐚 𝐡𝐞𝐚𝐥𝐭𝐡𝐲 𝐥𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞 𝐈𝐬𝐥𝐚𝐦𝐢𝐜𝐚𝐥𝐥𝐲.

𝐀𝐬 𝐚 𝐌𝐮𝐬𝐥𝐢𝐦 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐜𝐢𝐞𝐧𝐭𝐢𝐬𝐭, 𝐡𝐞𝐫 𝐚𝐢𝐦 𝐢𝐬 𝐭𝐨 𝐡𝐞𝐥𝐩 𝐌𝐮𝐬𝐥𝐢𝐦𝐬 𝐠𝐚𝐢𝐧 𝐚 𝐛𝐞𝐭𝐭𝐞𝐫 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝𝐢𝐧𝐠 𝐨𝐟 𝐭𝐡𝐞 𝐜𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐬 𝐭𝐡𝐞𝐲 𝐚𝐫𝐞 𝐟𝐚𝐜𝐢𝐧𝐠 𝐚𝐧𝐝 𝐮𝐬𝐞 𝐭𝐡𝐞 𝐩𝐫𝐢𝐧𝐜𝐢𝐩𝐥𝐞𝐬 𝐨𝐟 𝐭𝐡𝐞 𝐐𝐮𝐫𝐚𝐧 𝐭𝐨 𝐜𝐫𝐞𝐚𝐭𝐞 𝐚 𝐡𝐨𝐥𝐢𝐬𝐭𝐢𝐜 𝐚𝐩𝐩𝐫𝐨𝐚𝐜𝐡 𝐭𝐨 𝐦𝐞𝐧𝐭𝐚𝐥 𝐡𝐞𝐚𝐥𝐭𝐡 𝐚𝐧𝐝 𝐰𝐞𝐥𝐥-𝐛𝐞𝐢𝐧𝐠. 𝐒𝐡𝐞 𝐢𝐬 𝐜𝐨𝐧𝐭𝐢𝐧𝐮𝐨𝐮𝐬𝐥𝐲 𝐤𝐞𝐞𝐧 𝐟𝐨𝐫 𝐨𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬 𝐭𝐨 𝐜𝐨𝐧𝐝𝐮𝐜𝐭 𝐫𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐨𝐟 𝐚 𝐦𝐮𝐥𝐭𝐢𝐝𝐢𝐬𝐜𝐢𝐩𝐥𝐢𝐧𝐚𝐫𝐲 𝐧𝐚𝐭𝐮𝐫𝐞 𝐢𝐧 𝐭𝐡𝐞 𝐟𝐢𝐞𝐥𝐝 𝐨𝐟 𝐛𝐞𝐡𝐚𝐯𝐢𝐨𝐮𝐫𝐚𝐥 𝐚𝐧𝐝 𝐬𝐨𝐜𝐢𝐚𝐥 𝐬𝐜𝐢𝐞𝐧𝐜𝐞𝐬 𝐫𝐞𝐥𝐚𝐭𝐢𝐧𝐠 𝐭𝐨 𝐦𝐞𝐧𝐭𝐚𝐥 𝐡𝐞𝐚𝐥𝐭𝐡 𝐚𝐧𝐝 𝐰𝐞𝐥𝐥-𝐛𝐞𝐢𝐧𝐠 𝐚𝐦𝐨𝐧𝐠 𝐭𝐡𝐞 𝐌𝐮𝐬𝐥𝐢𝐦 𝐜𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐚𝐜𝐫𝐨𝐬𝐬 𝐭𝐡𝐞 𝐰𝐨𝐫𝐥𝐝.

𝐒𝐡𝐞 𝐡𝐚𝐬 𝐯𝐚𝐬𝐭 𝐞𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 𝐢𝐧 𝐬𝐮𝐩𝐞𝐫𝐯𝐢𝐬𝐢𝐧𝐠 𝐚𝐧𝐝 𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐬𝐭𝐮𝐝𝐞𝐧𝐭𝐬, 𝐮𝐧𝐝𝐞𝐫𝐠𝐫𝐚𝐝𝐮𝐚𝐭𝐞 𝐚𝐧𝐝 𝐩𝐨𝐬𝐭𝐠𝐫𝐚𝐝𝐮𝐚𝐭𝐞 𝐬𝐭𝐮𝐝𝐞𝐧𝐭𝐬 𝐨𝐟 𝐯𝐚𝐫𝐢𝐨𝐮𝐬 𝐝𝐢𝐬𝐜𝐢𝐩𝐥𝐢𝐧𝐞𝐬 𝐟𝐫𝐨𝐦 𝐮𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐢𝐞𝐬 𝐢𝐧 𝐝𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐜𝐨𝐮𝐧𝐭𝐫𝐢𝐞𝐬. 𝐖𝐢𝐭𝐡 𝐡𝐞𝐫 𝐯𝐞𝐫𝐬𝐚𝐭𝐢𝐥𝐞 𝐞𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐛𝐚𝐜𝐤𝐠𝐫𝐨𝐮𝐧𝐝 𝐚𝐧𝐝 𝐚 𝐬𝐭𝐫𝐨𝐧𝐠 𝐛𝐚𝐜𝐤𝐠𝐫𝐨𝐮𝐧𝐝 𝐢𝐧 𝐫𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐚𝐧𝐝 𝐫𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠, 𝐬𝐡𝐞 𝐢𝐬 𝐚𝐛𝐥𝐞 𝐭𝐨 𝐬𝐮𝐩𝐞𝐫𝐯𝐢𝐬𝐞 𝐚𝐧𝐝 𝐞𝐯𝐚𝐥𝐮𝐚𝐭𝐞 𝐚 𝐯𝐚𝐫𝐢𝐞𝐭𝐲 𝐨𝐟 𝐫𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐩𝐫𝐨𝐣𝐞𝐜𝐭𝐬 𝐨𝐟 𝐝𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐬𝐜𝐨𝐩𝐞𝐬 𝐚𝐧𝐝 𝐬𝐢𝐳𝐞𝐬.

03/09/2026

ဒီမနက် lecture တစ်ခု နားထောင်ဖြစ်တယ်။ နားထောင်ပြီး စိတ်ထဲရှိနေတာလေး ပြန်မျှဝေပေးလိုက်တာပါ။ ကျွန်မတို့ မသင့်တော်တဲ့ ကိစ္စတော်တော်များများကို Rebranding (နာမည်ပြောင်းသုံးတာ) လုပ်နေသလားလို့။
ဥပမာ
▪လောဘ ကို “Ambition” (ရည်မှန်းချက်)လို့ ခေါ်လာတယ်။
▪မောက်မာတာ ကို “Confidence” (ယုံကြည်ချက်) လို့ ခေါ်လာတယ်။
▪မိသားစုနဲ့ အဆက်အသွယ်ဖြတ်တာကို “Protecting my space” (ကိုယ့်ရဲ့space ကိုကာကွယ်တာ) လို့ ပြောလာတယ်။
▪ကိုယ့်ဆန္ဒနောက် အလွန်အကျွံ လိုက်လျောတာကို “Healing/Self-care” လို့ ပြောလာတယ်။
▪အလွန်အကျွံ သုံးဖြုန်းတာကို “Treating myself” (ကိုယ့်ကိုယ်ကို ဆုချတာ) လို့ ခေါ်လာတယ်။
▪သူများအကြောင်း မကောင်းပြောတာကို “Venting” (ရင်ဖွင့်တာ) လို့ ခေါ်လာတယ်။
▪ကိုယ့်ကိုယ်ကို အထင်ကြီးအောင် ပြသတာကို “Self-expression” (ကိုယ့်ကိုယ်ကို ဖော်ပြတာ) လို့ ခေါ်လာတယ်။
▪ကိုယ့်စိတ်ထဲ ပေါ်လာသမျှ ဆန္ဒတိုင်းကို လိုက်လုပ်တာကို “Being true to myself” (ကိုယ့်စိတ်ကိုယ် နားထောင်တာ) လို့ ခေါ်လာတယ်။
▪သူများပေးတဲ့ အကြံဉာဏ်ကို လက်မခံတာကို “Setting boundaries” (ကိုယ့်စည်းဘောင်နဲ့ကိုယ်နေတာ) လို့ ခေါ်လာတယ်။
▪သူများရဲ့ အထင်ကြီးလေးစားမှုကို လိုချင်တာကို “Building my personal brand” (ကိုယ့် image ကို တည်ဆောက်တာ) လို့ ခေါ်လာတယ်။

ခုခေတ်လူငယ်တွေ ဒီစကားလုံးတွေ အားလုံးနဲ့ ရင်းနှီးပြီးသား။ စကားလုံးတွေကတော့ ပိုနူးညံ့ပြီး ပိုကောင်းသလို ခံစားရတယ်။ ဒါပေမယ့် အဲဒီအပြုအမူတွေရဲ့ အနှစ်သာရကိုတော့ စဉ်းစားကြည့်ဖို့ လိုလိမ့်မယ်။

လူတစ်ယောက်ကို မကောင်းတာလုပ်ဖို့ ယုံကြည်လာအောင် အမြဲတမ်း “ဒါက ကောင်းတယ်” လို့ ပြောစရာမလိုဘူး။ “ဒါက တကယ်တော့ မကောင်းပါဘူး” လို့ မခံစားလာအောင် လုပ်ပေးရုံနဲ့တင် လုံလောက်နိုင်တယ်။ ကျွန်မတို့ရဲ့ နေ့စဉ်စကားတွေထဲမှာတောင် ရှိနေတတ်တယ်။

“ဒါက Haram လို့တော့ မထင်ဘူး။”
“ဒါက ဘာသာရေးကိစ္စ မဟုတ်ပါဘူး။ It’s just culture ပဲ”
“လူတိုင်း ဒီလိုပဲလုပ်နေကြတာပဲ။”

အဲဒီ့ Rebranding trap ထဲမဝင်သွားဖို့ တော်တော်ကြိုးစားရမယ်ထင်တယ် 😞

02/09/2026

စာမရေးတာတောင်ကြာပြီ၊ ဒီရက်ပိုင်း မြင်တွေ့နေရတာတွေက စိတ်ထဲ တော်တော်မသက်သာနေလို့။ အထူးသဖြင့် ကိုယ့်ရဲ့ Muslim မောင်/ညီမလေးတွေရဲ့ social media content တွေ ကြည့်မိတဲ့အခါ စိတ်ထဲတော်တော်လေးပူမိတယ်။

တချို့ content တွေမှာ ကိုယ့် body shape ဖော်တဲ့ပုံတွေ၊ relationship ရှိနေသလို ပုံဖော်ပြတာတွေ တွေ့လာရတယ်။ ကျွန်မအထင် သူတို့အားလုံး သတ်မှတ်ထားတဲ့ boundary တွေကို ကျော်နေကြတယ်လို့တော့ မထင်ဘူး။

ဒါပေမယ့် ကျွန်မစဉ်းစားမိတာက ကျွန်မတို့ မလုပ်သင့်တဲ့အရာကို မလုပ်ရုံနဲ့ လုံလောက်ပြီလား? အဲဒီအရာကို ကိုယ်တိုင်မလုပ်ပေမယ့် တဖြည်းဖြည်း သဘောကျလာတာ၊ အတုယူလာတာ၊ ပုံမှန်လိုမြင်လာတာ၊ နောက်ဆုံးမှာ ဂုဏ်ယူစရာတစ်ခုလိုတောင် ပြလာတာကိုလည်း ပြန်စဉ်းစားသင့်တယ်ထင်တယ်။

Social media မှာ တစ်ခုခုကို နေ့တိုင်းမြင်နေရရင် အစမှာ မကြိုက်တာတောင် နောက်ပိုင်းမှာ ရင်းနှီးလာတတ်တယ်။ ရင်းနှီးလာတော့ သာမန်လို့ထင်လာတယ်။ နောက်ဆုံးမှာ ကိုယ်တိုင်ပါ အဲဒီအရာကို လိုချင်လာနိုင်တယ်။ “လူတိုင်းလုပ်နေကြတာပဲ” ၊ “ဒီခေတ်မှာ ဒီလိုပဲ” ၊ “ဒါက trend တစ်ခုပဲလေ” ဆိုတာတွေက တဖြည်းဖြည်းနဲ့ ကျွန်မတို့ရဲ့ standard ဖြစ်လာနိုင်တယ်။

Islam မှာ တစ်ခုခုကို လူအများကြီး လုပ်နေကြလို့ halal ဖြစ်သွားတာမျိုး မရှိဘူးလို့ ကျွန်မနားလည်ထားတယ်။ Trend ဖြစ်နေတာ၊ viral ဖြစ်နေတာ၊ လူတွေသဘောကျနေတာတွေက ကျွန်မတို့ ဘာလုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်ပေးနိုင်တဲ့ စံနှုန်းတွေ မဟုတ်ဘူး။

အမျိုးသားနဲ့ အမျိုးသမီး ဆက်ဆံရေးနဲ့ပတ်သက်ပြီး Muslim scholars တွေကြားမှာ အမြင်မတူတာတွေ ရှိပါတယ်။ ဒါပေမယ့် အမြင်တွေ ဘယ်လောက်ကျယ်ကျယ်၊ ကျဉ်းကျဉ်း အကြည့်ကို ထိန်းသိမ်းဖို့၊ flirting ကို ရှောင်ဖို့၊ မသင့်လျော်တဲ့ romantic သို့မဟုတ် sexual undertone တွေကို ရှောင်ဖို့ဆိုတဲ့ အခြေခံကန့်သတ်ချက်တွေကတော့ ရှိနေတယ်လို့ ကျွန်မနားလည်ထားတယ်။

တစ်ခါတလေ trend တစ်ခုက ကျွန်မတို့ကို boundary ရဲ့ အစွန်းနားအထိ တဖြည်းဖြည်း ဆွဲခေါ်လာတဲ့အခါ “ဒါက trend တစ်ခုပဲလေ” ဆိုပြီး လျစ်လျူမရှုစေချင်ဘူး။ ကျွန်မအတွက်တော့ အကြောက်ဆုံးအရာက တစ်ခုခုကို တစ်ခါမှားလုပ်မိတာထက် မသင့်တော်တဲ့အရာကို မသင့်တော်တော့ဘူးလို့ မခံစားတော့မှာကိုပါ။

ကျွန်မကိုယ်တိုင်လည်း social media ကြားမှာ နေနေရတဲ့သူတစ်ယောက်ပါ။ Trend တွေကို မြင်တယ်၊ တစ်ခါတလေ သဘောကျတယ်၊ သူများလုပ်တာမြင်ပြီး ကိုယ်လည်း လုပ်ချင်လာတယ်။ ခဏလေး Pause လုပ်ပြီး ကိုယ့်ကိုယ်ကို ပြန်မေးရမယ် ထင်တယ်...“ငါ ဒါကို တကယ်ယုံကြည်လို့ လုပ်နေတာလား? ဒါမှမဟုတ် လူတွေက လုပ်နေကြလို့ ငါလည်း လိုက်လုပ်နေတာလား?” ပြီးတော့ အရေးကြီးဆုံးတစ်ခုက “လူတိုင်းလုပ်နေတာလား?” ဆိုတာထက် “Allah နှစ်သက်မယ့်အရာလား?” ဆိုတာပါ။

Trend တွေက ပြောင်းသွားမှာ။ ဒါပေမယ့် ကျွန်မတို့ရဲ့ haya, dignity နဲ့ character တွေကိုတော့ trend အတိုင်း လိုက်ပြောင်းစရာ မလိုဘူးလို့ ထင်တာပဲ။

⚠ ခက်တာက ကျွန်မ reach ရောက်ချင်တဲ့ target ကဒီ Platform မှာမရှိလောက်ဘူး၊ သူတို့မိဘတွေမြင်ပါစေ။

International Communication Association ရဲ့ Thailand Regional Hub ကဦီးစီးကျင်းပခဲ့တဲ့ နှစ်ရက်တာ Conference…Health Commun...
18/06/2026

International Communication Association ရဲ့ Thailand Regional Hub ကဦီးစီးကျင်းပခဲ့တဲ့ နှစ်ရက်တာ Conference…

Health Communication, Platform Media နဲ့ Communication Research နဲ့ဆိုင်တဲ့ စိတ်ဝင်စားစရာ Discussions တွေကို နားထောင်ခွင့်ရခဲ့ပြီး အတွေးအမြင်အသစ်တွေ အများကြီး ရခဲ့ပါတယ်။

နောက်ထပ် လေ့လာသင်ယူစရာတွေ အများကြီး ကျန်သေးပေမယ့် ဒီလို အတွေ့အကြုံတွေက ရှေ့ဆက်ဖို့ အားပေးမှုကောင်းတစ်ခု ဖြစ်ပါတယ်။ ✨

الحمدللہ

ကျွန်မ လက်ရှိလုပ်နေတဲ့ သုတေသန တွေထဲက စာတမ်းတစ်ခု...ပင်လယ်စာလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများရဲ့ န...
30/05/2026

ကျွန်မ လက်ရှိလုပ်နေတဲ့ သုတေသန တွေထဲက စာတမ်းတစ်ခု...

ပင်လယ်စာလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများရဲ့ နေ့စဉ်ဘဝ၊ ကျန်းမာရေးအခက်အခဲများကို နားထောင်ပြီး သူတို့နဲ့အတူ ဒီဇိုင်းဆွဲထားတဲ့ Social Media အခြေပြု 'အလုပ်ကြောင့်ဖြစ်လာနိုင်တဲ့ အရိုးအကြော၊ ကြွက်သားဝေဒနာ' တွေကိုကြိုတင်ကာကွယ်နိုင်စေမယ့် program လေးတစ်ခုအကြောင်း။

🔗 Hlaing et al. (2026). https://lnkd.in/gRnNuGE5

Eid Mubarak! 🌙 Grateful for this blessed day of sacrifice and love. May Allah accept from all of us. 🤍
28/05/2026

Eid Mubarak! 🌙 Grateful for this blessed day of sacrifice and love. May Allah accept from all of us. 🤍

16/05/2026

☪️🌙 Ramadan (ရမဿွာန်) အတွက်တော့ ကျွန်မတို့ အမြဲတမ်း ကြိုတင်ပြင်ဆင်ကြတယ်နော်… ဒါပေမယ့် Dhul Hijjah (ဇုလ်ဟိဂ်ျဂျဟ်) လမြတ်ကိုတော့ တစ်ခါတလေ မေ့နေကြတယ်… နေ့စဉ်အလုပ်တွေ၊ စိတ်ရှုပ်စရာတွေကြားမှာ မသိမသာ လွှတ်သွားတတ်ပါတယ် 😔

တကယ်တော့…
🌟 Dhul Hijjah ရဲ့ ပထမ ၁၀ ရက်ဟာ တစ်နှစ်လုံးအတွင်း အဖိုးတန်ဆုံးသော ရက်များပါ။ နောက်ထပ် သုံးရက်အတွင်းမှာ ဇုလ်ဟိဂ်ျဂျဟ် လမြတ် စတင်တော့မှာပါ။

📖 တမန်တော်မြတ် (ﷺ) မိန့်တော်မူခဲ့သည်မှာ-
"ဤရက်များထက် အလ္လာဟ်ထံတွင် ကောင်းမှုများ ပို၍ ချစ်မြတ်နိုးသော အခြားရက်များ မရှိပေ။"

ဆိုလိုတာက… ဒီ ၁၀ ရက်မှာ လုပ်တဲ့ ကောင်းမှုတိုင်းဟာ အလ္လာဟ် سبحانه وتعالى ထံမှာ အလွန်တန်ဖိုးကြီးပါတယ် ✨ဒါကြောင့် ဒီ ၁၀ ရက်ဟာ ကိုယ်တိုင်ကို reset လုပ်ဖို့၊ အလ္လာဟ်နှင့် နီးကပ်ဖို့၊ နှင့် ပြန်လည်တည်ဆောက်ဖို့ အကောင်းဆုံးသောအချိန်ပါ 🤍
─────────────────────
🔹 ဘာတွေ လုပ်နိုင်သလဲ?
─────────────────────
☑️ ဇိကိရ် များများ လုပ်ပါ الله أكبر ‎(Takbeer) الحمد لله ‎ (Tahmeed) لا إله إلا الله ‎( Tahleel)
☑️ ရိုဇာ ထားနိုင်သလောက် ထားပါ ➡️ အထူးသဖြင့် အာရဖာဟ်နေ့ မလွတ်ပါစေနဲ့
☑️ နမာဇ်ကို ပိုဂရုစိုက်ပါ
☑️ ကုရ်အာန် ဖတ်ပါ၊ ဒိုအာများများ တောင်းပါ
☑️ အလှူအတန်း ပြုလုပ်ပါ (အသေးငယ်ဆုံးကနေ စလို့ရပါတယ်)
☑️ အပြစ်တွေကို ရှောင်ပြီး သောင်ဗဟ်လုပ်ပါ
─────────────────────
💭 ဒီ ၁၀ ရက်ဟာ အလ္လာဟ် ပေးသနားတဲ့ limited-time opportunity တစ်ခုပါ။ မလွတ်ဖို့ကြိုးစားကြရအောင် 🤍

10/05/2026

🕌 အာမခံ (Insurance) ကိစ္စ ဟလာလ်လား၊ ဟရာမ်လား?

မနေ့က သူငယ်ချင်းအစ်မ တစ်ယောက်နဲ့ စကားပြောရင်း Insurance (အာမခံ)အကြောင်း ရောက်သွားတာနဲ့ ကိုယ်လေ့လာထားတဲ့ Fiqh အသိပညာတွေကို ပြန်နွှေးဖြစ်ခဲ့ပါတယ်။ ဒီ post လေးက အားလုံးအတွက် အသုံးဝင်မယ်ထင်လို့ မျှဝေလိုက်ပါတယ်။ 💙
─────────────────────────
📌 အာမခံက ဘာကြောင့် ဖိက်ဟ် ပြဿနာ ဖြစ်လာရတာလဲ?

အာမခံဆိုတာ တမန်တော်မြတ် (ﷺ) ခေတ်မှာ မရှိခဲ့ပါဘူး။ ၁၇ ရာစုမှာမှ ဥရောပမှာ စပေါ်ပေါက်လာတဲ့ ခေတ်သစ်ထုတ်ကုန်တစ်ခုပါ။ ဒါကြောင့် ခေတ်သစ်ပညာရှင်တွေက အစ္စလာမ့်ရဲ့ အခြေခံမူတွေနဲ့ ချိန်ထိုးပြီး လေ့လာကြရပါတယ်။

─────────────────────────
❌ ပညာရှင်အများစု တားမြစ်ရတဲ့ အဓိကအကြောင်း ၂ ချက်

၁။ 🔸 Gharar (မရေရာမှု)

လစဉ် Premium ပေးနေရပေမယ့် ဘာပြန်ရမလဲ မသေချာ။ နှစ်တွေအများကြီး ပေးပြီး တစ်ပြားမှ မရတာမျိုး ဖြစ်နိုင်သလို၊ တစ်လပဲ ထည့်ပြီး သိန်းရာချီ ပြန်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလို အလွန်အမင်း မရေရာမှုဟာ အစ္စလာမ့်မူတွေနဲ့ ဆန့်ကျင်နေပါတယ်။

၂။ 🔸 Riba (အတိုး)
ငွေကို ငွေနဲ့ ပြန်လဲတဲ့အခါ ပမာဏ မတူတာနဲ့ အချိန် ကွာဟတာတွေကြောင့် Riba ရဲ့ သဘောသဘာဝ နှစ်မျိုးလုံး ပါဝင်နေပါတယ်။ Premium တွေကို Interest-based ရင်းနှီးမြှုပ်နှံမှုတွေမှာ သုံးတာကလည်း စားမပိုင်တဲ့ကိစ္စပါ။

⚠️ မှတ်ချက်: Gambling (Maysir) လည်း အကြောင်းရင်းတစ်ခုအဖြစ် ဆိုကြပေမယ့် ပညာရှင်အချို့က ဒါဟာ အားနည်းတဲ့ argument ဖြစ်တယ်လို့ ဆိုပါတယ်။ Stocks လည်း uncertainty ရှိပေမယ့် Halal ဖြစ်သလိုပဲ ဆိုပြီး Gharar နဲ့ Riba ကသာ အဓိကကျတဲ့ အကြောင်းရင်းတွေလို့ ရှင်းပြကြပါတယ်။

─────────────────────────
✅ ဟလာလ်ဖြစ်တဲ့ အစားထိုး - Takaful (တကာဖူးလ်)

အစ္စလာမ်က 'တားမြစ်ခြင်း' ကိုပဲ ဦးတည်တာ မဟုတ်ဘဲ 'လမ်းမှန်' ကိုပါ ညွှန်ပြပေးပါတယ်။

🔹 Takaful ဆိုတာ အမြတ်အစွန်းအတွက် မဟုတ်ဘဲ တစ်ဦးကိုတစ်ဦး ကူညီဖေးမတဲ့ (Ta'awun) သဘောဖြစ်ပြီး၊ ရရှိတဲ့ အပိုငွေကို ပါဝင်သူတွေဆီ ပြန်ပေးတဲ့ စနစ်ပါ။
🔹 လက်တွေ့ မှာ အရေးကြီးတာက အနောက်နိုင်ငံတွေမှာ Takaful ဆိုတာ လက်တွေ့မှာ မရှိသေးသလောက်ပဲ ဖြစ်ပါတယ်။ Malaysia လိုနိုင်ငံမှာ ကြိုးစားနေကြပေမယ့် ဒါဟာ ပညာရှင်တွေ Darura concession တွေပေးနေရတဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

─────────────────────────
🔄 မလွှဲမရှောင်သာတဲ့ အခြေအနေ - Darura

Takaful မရှိတဲ့ နေရာမှာ ဘယ်လိုနေမလဲ? အစ္စလာမ်မှာ Darura (မလွှဲမရှောင်သာသော လိုအပ်ချက်) ဆိုတဲ့ လှပတဲ့ မူတစ်ခု ရှိပါတယ်။ တကယ့်ကို ခက်ခဲကျပ်တည်းတဲ့ အခြေအနေမှာ "လိုအပ်သလောက်သာ" ခွင့်ပြုချက် ဖြစ်သွားပါတယ်။

ဥပမာအားဖြင့် -

🔹 ကားအာမခံ ။ ။ ဥပဒေအရ မဖြစ်မနေ ထားရမယ်၊ ကားမရှိရင် အလုပ်သွားဖို့၊ နေထိုင်ဖို့ ခက်ခဲမယ်ဆိုရင် အနည်းဆုံး လိုအပ်ချက်အတိုင်း ထားခွင့်ရှိပါတယ်။

🔹 ကျန်းမာရေးအာမခံ။ ။ တစ်ချို့ နိုင်ငံတွေမှာ အာမခံမရှိရင် ဆေးကုသစရိတ်က မတတ်နိုင်လောက်အောင် ကြီးမားတဲ့အတွက် ဒါဟာ လိုအပ်ချက် (Necessity) ထဲမှာ ပါဝင်ပါတယ်။

🔹 ဗလီဝတ်ကျောင်းတော်နဲ့ ကျောင်းများ။ ။ မီးဘေး၊ သဘာဝဘေးအန္တရာယ်တွေကနေ ကာကွယ်ဖို့ အာမခံထားရှိခြင်းကိုလည်း ပညာရှင်တွေက ခွင့်ပြုထားပါတယ်။

ဒါပေမယ့် အသက်အာမခံ (Life Insurance) ကတော့ ပိုပြီး သတိထားရမယ့် အပိုင်းဖြစ်ပါတယ်။ အထူးသဖြင့် ငွေစုတဲ့သဘော (Investment-linked) ပါဝင်တဲ့ အသက်အာမခံမျိုးတွေဟာ အတိုးနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့အတွက် အထူးရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။
─────────────────────────

💡 ကျွန်မတို့ ဘယ်လို ကျင့်သုံးကြမလဲ?

မဖြစ်မနေ အာမခံတစ်ခုခု ထားရတော့မယ်ဆိုရင်

1️⃣ نِيَّة (Niyyah) နိယာဟ်ကို ပြင်ပါ
"ငါ ဒါကို အရမ်းလိုချင်လို့မဟုတ်ဘဲ၊ မလွှဲမရှောင်သာလို့သာ ထားရတာ" ဆိုတဲ့ ရိုးသားသော ရည်ရွယ်ချက်ဖြင့် ထားပါ။

2️⃣ အနည်းဆုံးသာ ယူပါ
ဥပဒေ သတ်မှတ်ထားတဲ့ (ဒါမှမဟုတ်) တကယ့် လိုအပ်ချက်နဲ့ညီသော အနည်းဆုံး ပမာဏကိုပဲ ရွေးချယ်ပါ။ Add-on, Rider တွေ မထည့်ပါနဲ့။

3️⃣ရိုးသားပါ
လျော်ကြေးငွေ ရချင်လို့ အချက်အလက်အမှားတွေ ပေးတာ၊ Claim ဖောင်းပွတာ ဒါဟာ Ghish (လိမ်လည်မှု) ဖြစ်ပြီး ဟရာမ် ဖြစ်ပါတယ်။

4️⃣ပိုလျှံတာ ဆဒ္ဓကာ (Sadaqah) ပေးပါ
ရရှိလာသော လျော်ကြေးငွေဟာ မိမိ ဆုံးရှုံးမှုထက် ပိုနေပါက အဲဒီ အပိုငွေကို လှူဒါန်းပေးလိုက်ပါ။ ဒါဟာ Transaction ကို သန့်စင်စေဖို့ ပညာရှင်တော်တော်များများ ညွှန်ကြားထားတဲ့ နည်းလမ်းပါ။

5️⃣ Takaful ဆက်ရှာပါ
ကိုယ် နေထိုင်ရာ ဒေသမှာ Takaful ရပါက အမြန်ဆုံး ပြောင်းဖို့ ကြိုးစားပါ။

နိဂုံးချုပ်အနေနဲ့ ပြောရရင်၊ အာမခံကိစ္စမှာ ကျွန်မတို့ဟာ အစွန်းနှစ်ဖက် မရောက်ဖို့ အရေးကြီးပါတယ်။ 'အကုန်လုံး ဟရာမ်' ဆိုပြီး ကိုယ့်ဘဝကို အကျပ်အတည်းဖြစ်အောင် လုပ်တာမျိုး မဟုတ်သလို၊ 'အကုန်လုံး ခွင့်ပြုတယ်' ဆိုပြီး ပေါ့ပေါ့ဆဆ နေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ အာမခံဆိုတာ စီးပွားဖြစ် အမြတ်ထုတ်ဖို့ မဟုတ်ဘဲ၊ တကယ့် အခက်အခဲ (Darura) ရှိမှသာ လိုအပ်သလောက်ပဲ သုံးစွဲရမယ့် အရာဖြစ်ပါတယ်။

အသေးစိတ် သိချင်ရင်တော့ Contemporary ပညာရှင်ကြီးတွေရဲ့ ဖသ်ဝါတွေကို လေ့လာကြည့်ဖို့ တိုက်တွန်းပါတယ်။ 🌙✨

والله أعلم

Ramadan တစ်လလုံး ကျွန်မတို့ ပြုလုပ်ခဲ့သမျှ ကောင်းမှုကုသိုလ်တွေကို အလ္လာဟ် (سبحانه وتعالى) လက်ခံတော်မူပါစေ။ Ameen 🤲🏼
21/03/2026

Ramadan တစ်လလုံး ကျွန်မတို့ ပြုလုပ်ခဲ့သမျှ ကောင်းမှုကုသိုလ်တွေကို အလ္လာဟ် (سبحانه وتعالى) လက်ခံတော်မူပါစေ။ Ameen 🤲🏼

📖 အပိုင်း (၃၀)ဖိက်ဟ်နှင့်အတူ နေထိုင်ခြင်း (နိဂုံးချုပ်သုံးသပ်ခြင်း)🌙 وَمَا أَرْسَلْنَاكَ إِلَّا رَحْمَةً لِّلْعَالَمِين“...
20/03/2026

📖 အပိုင်း (၃၀)

ဖိက်ဟ်နှင့်အတူ နေထိုင်ခြင်း (နိဂုံးချုပ်သုံးသပ်ခြင်း)

🌙 وَمَا أَرْسَلْنَاكَ إِلَّا رَحْمَةً لِّلْعَالَمِين
“ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား စကြဝဠာအားလုံးအတွက် ကရုဏာတော်အဖြစ်နှင့်သာ စေလွှတ်တော်မူခဲ့ခြင်းဖြစ်သည်။”
📖 (အလ်-အန်ဗီယာ အာယာဟ် ၂၁း၁၀၇)

Maqāsid al-Sharīʿah ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ပညာရှင်ကြီးတွေထဲမှ တစ်ဦးဖြစ်တဲ့ အီမမ် အလ်-ရှတီဘီ ရေးသားခဲ့တာက ရရှီအအ်ကို လူသားတို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေဖို့ ဆင့်ပြန်ခဲ့တာမဟုတ်ဘဲ လူသားတွေကို လွတ်မြောက်နိုင်ဖို့၊ စိတ်ဆန္ဒတွေရဲ့ လွှမ်းမိုးမှု၊ တရားမမျှတခြင်းတွေ၊ ကျင့်ဝတ်ဆိုင်ရာကောင်းမွန်တဲ့ ဦးတည်ချက်မရှိဘဲ ဗြုတ်စဗျင်းတောင်းဖြစ်ခြင်းတွေကနေ လွတ်မြောက်နိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

ဒါက အပိုင်း ၃၀လုံးမှာဆွေးနွေးခဲ့သမျှအရာအားလုံးရဲ့ နောက်က အမှန်တရားတစ်ခုဖြစ်ပါတယ်။

ဖိက်ဟ်ရဲ့ အနှစ်သာရကတော့ ❌ တားမြစ်ချက်မဟုတ်ပါဘူး။
✔️ လူသားတွေကိုဖန်ဆင်းပေးထားတဲ့ ရည်ရွယ်ချက်နှင့်အညီ စည်းချက်ညီစွာနေထိုင်နိုင်ဖို့ ဟန်ချက်တည့်ပေးခြင်းဖြစ်ပါတယ်။

ကျွန်မတို့ လေ့လာခဲ့တဲ့

📊 အရောင်းအဝယ်စာချုပ်တစ်ခု
⚖️ ပြစ်မှုဆိုင်ရာ ပြစ်ဒဏ်တစ်ခု
💍 လက်ထပ်ထိမ်းမြားခြင်း
🧪 ဆေးပညာဆိုင်ရာဆုံးဖြတ်ချက်တစ်ခု

အစရှိတဲ့ အကြောင်းအရာတွေနှင့် ဆက်စပ်နေတဲ့ စီရင်ချက်တိုင်း တည်ရှိနေရခြင်းက ဖန်ဆင်းရှင်သည် လူသားတို့အကျိုးဖြစ်ထွန်းစေတာနှင့် လူသားတို့အကျိုးစီးပွားကို ပျက်စီးစေတတ်တာကို ကောင်းစွာသိရှိထားပြီးမို့ ကာကွယ်ပေးနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

📚 ပညာရှင်တို့ရဲ့ တာဝန်ကတော့ ဒီရည်ရွယ်ချက်တွေကို သေချာဂရုတစိုက်ဖတ်ရှုလေ့လာပြီး သာသနာနှင့်အညီ ပြန်လည်ကျင့်သုံးဖို့ပဲဖြစ်ပါတယ်။

🤲 အီမာန်ယုံကြည်သက်ဝင်သူတို့ရဲ့ တာဝန်ကတော့ အစ္စလာမ့်ဥပဒေနှင့်အညီ စစ်မှန်စွာ နေထိုင်ခြင်းပဲ ဖြစ်ပါတယ်။

ဒီနှစ်ရဲ့ လမြတ်ရမဿွါန်ကာလကုန်ဆုံးလာခြင်းနှင့်အတူ ဒီစီးရီးတစ်ခုလုံးရဲ့ အဓိက ဆွေးနွေးထားတဲ့ အကြောင်းအရာကတော့ အစ္စလာမ့်ဥပဒေက ဘာလုပ်ပါလို့ ညွှန်ပြထားနေခြင်းက ဘာကြောင့်လဲ ဆိုတဲ့အကြောင်းအရာကို ရှုမြင်တဲ့အမြင် ပြောင်းလဲသွားဖို့ပါပဲ။

💰 အမြတ်ထုတ်ခံရခြင်းမှ အားနည်းသူတို့ကို ကာကွယ်ပေးနိုင်ဖို့အတွက် အတိုးပေးစားခြင်းကိုတားမြစ်ထားတာ သိတဲ့ မွတ်စ်လင်မ်တစ်ဦးအနေနဲ့ အတိုးကိုရိုးရိုးလေးရှောင်လိုက်တယ်ဆိုတာထက် ဒီဥပဒေနောက်ကွယ်က တရားမျှတစွာအရောင်းအဝယ်ပြုနိုင်ရေးကို နားလည်နိုင်ဖို့ပါ။

⏳ ʿiddah ကာလကိုစောင့်ဆိုင်းခိုင်းတာက မျိုးဆက်ကိုကာကွယ်ဖို့နှင့် ပြန်လည်ပြေငြိမ်းရေးကာလတစ်ခုဖန်တီးပေးတယ်ဆိုတာကို သိနားလည်ထားတဲ့ မွတ်စ်လင်မ် တစ်ဦးအတွက် ရိုးရိုးစောင့်ဆိုင်းနေတာထက် ဒီစောင့်ဆိုင်းမှုရဲ့ အမျှော်အမြင်ကို မြင်တတ်ဖို့ပါ။

ဒီလောက်အဆင့်ထိ ဖိက်ဟ်ကိုလေ့လာတယ်ဆိုတာ တကယ့်ပညာရှင်ကြီးတွေရဲ့ ပညာရပ်လေ့လာတဲ့အဆင့်ထိတော့ မဟုတ်သေးပါဘူး။

ဒီလိုလေ့လာခြင်းသည်
✔️ ဥပဒေကိုလိုက်နာရုံမဟုတ်ဘဲ
✔️ taqwā ရှိခြင်း
✔️ ဖန်ဆင်းရှင်၏ အမိန့်များကို နားလည်ခြင်း
✔️ ချစ်ခင်စွာ လိုက်နာနေထိုင်နိုင်ခြင်း

အတွက် ဖြစ်ပါတယ်။

🤲 ယာအလ္လာဟ်၊ ကျွန်တော်မျိုးမတို့အား အရှင်မြတ်၏ ဒီန်းသာသာနာကို နားလည်၍ လက်တွေ့ ကျင့်သုံးနေထိုင်ကြသူများထဲမှ တစ်ဦအဖြစ် ဖြစ်ခွင့်ပေးသနားတော်မူပါ။

သာသနာမှညွှန်ပြပေးနေတဲ့ ငြိမ်းအေးမှုနှင့် သနားကရုဏာတော်ကိုလည်း ရှာဖွေတွေ့ရှိနိုင်သူများအဖြစ်ကိုလည်း ချီးမြှင့်ပေးသနားတော်မူပါ၊ ယာအလ္လာလ်။ အာမီန်း။ 🤍

🙏 စီးရီးတစ်လျောက်လုံးကိုအားပေးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ✨

📖 အပိုင်း (၂၉)ဖိက်ဟ်ဆိုတာ ရှုမြင်သုံးသပ်နည်းတစ်ခု🧠 ဥပဒေကို အမြင်အသစ်ဖြင့် ဖတ်ရှုခြင်း (synthesis ပေါင်းစပ်ခြင်း)📚 الْفِق...
20/03/2026

📖 အပိုင်း (၂၉)
ဖိက်ဟ်ဆိုတာ ရှုမြင်သုံးသပ်နည်းတစ်ခု
🧠 ဥပဒေကို အမြင်အသစ်ဖြင့် ဖတ်ရှုခြင်း (synthesis ပေါင်းစပ်ခြင်း)
📚 الْفِقْهُ طَرِيقَةٌ لِلنَّظَر

Al-Fiqh Ṭarīqah li al-Naẓar

ဖိက်ဟ်ဆိုတာ ရှုမြင်သုံးသပ်နည်းတစ်ခုဖြစ်ပြီး ဖိက်ဟ်တစ်ခုလုံးက အစိတ်အပိုင်းတစ်ခုချင်းစီစုပေါင်းခြင်းထက် ပိုကြီးကျယ်ခမ်းနားပါတယ်။

📝 မိတ်ဆက်

ပထမဆုံးအပိုင်းကနေ ယခုအပိုင်း ၂၉ အထိ ကျွန်မတို့တွေက “ဖိက်ဟ် ဆိုတာဘာလဲ” ဆိုတဲ့ မေးခွန်းကနေ ဖိက်ဟ်စနစ်တစ်ခုလုံးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ လည်ပတ်ပုံတွေကို တဖြည်းဖြည်းဆွေးနွေးခဲ့ကြပါတယ်။

🧩 အခြေခံလေ့လာမှုများ

အခြေခံကျတဲ့အကြောင်းအရာတွေဖြစ်တဲ့
📌 ဖိက်ဟ်ဆိုတာဘာလဲ
📌 ဘယ်လိုဖြစ်ပေါ်လာတာလဲ
📌 မဇ်ဟဘ်ဆိုတာဘာလဲ
📌 ရင်းမြစ်တွေကဘာတွေလဲ

အစရှိတာတို့ကို စတင်လေ့လာခဲ့ပါတယ်။

⚙️ နည်းလမ်းများနှင့် စနစ်တည်ဆောက်ပုံ

ထို့နောက်မှာတော့ ဖိက်ဟ်ရဲ့ စန်စ်တစ်ခုအနေနဲ့ မည်သို့မည်ပုံလည်ပတ်နေလဲ၊

📐 အူစူးလ်နည်းလမ်းတွေ (qiyās, istiḥsān, istiṣḥāb)
📜 ဥပဒေရေးရာကိုင်ဒါဟ်တွေ
🎯 Maqāsid

ဒါတွေကို လေ့လာခဲ့ကြပါတယ်။

🌍 လက်တွေ့အသုံးချမှု

ဒါ့အပြင် ဒီနည်းလမ်းတွေက

💼 ငွေကြေးဆိုင်ရာ ဆက်ဆံရေးတွေ
👨‍👩‍👧 မိသားစုဥပဒေ
⚖️ ပြစ်မှုဆိုင်ရာတရားမျှတမှု
🧪 ဆေးဝါးနှင့်ဆိုင်တဲ့အကြောင်းတွေ
🌐 မျက်မှောက်ခေတ်ပြဿနာတွေ

မှာ ဘယ်လိုကျင့်သုံးနေလဲဆိုတာကိုပါ ထပ်မံ လေ့လာခဲ့ပါတယ်။

💡 ဖိက်ဟ်၏ အဓိကသဘောတရား

ဒီအပိုင်း ၂၉ ထိရောက်လာတဲ့အခါမှာတော့ ဖိက်ဟ်ဆိုတာ ❌ လုပ်ရမယ်၊ မလုပ်ရဘူးဆိုတဲ့ စည်းမျဉ်းအစဉ်တစ်ခုလေးပဲ မဟုတ်ဘူးဆိုတာ ရှင်းလင်းစွာသိမြင်လာသင့်ပါတယ်။

🧠 ဖိက်ဟ်၏ အဓိပ္ပာယ်

ဖိက်ဟ်သည် ရှုမြင်ပုံနည်းလမ်းတစ်ခုဖြစ်ပြီး

🔍 ဘယ်လိုသဘောတရားတွေက အခြေအနေတစ်ခုမှာ စိုးမိုးထားသလဲ
🔗 တစ်ခုနှင့် တစ်ခုဘယ်လို ဆက်စပ်နေသလဲ
⚖️ လူသားတို့ရဲ့ အကျိုးစီးပွားအတွက် ဘယ်လိုရလဒ်က အကောင်းဆုံးဖြစ်မလဲ

အစရှိတာတွေကို နားလည်နိုင်စွမ်းဖြစ်ပါတယ်။

📌 စီရင်ချက်များ၏ နောက်ခံသဘောတရား

စီရင်ချက်တစ်ခုက ဘယ်သောအခါမှ စိတ်ကူးပေါက်ရာချမှတ်ထားတာမျိုး မဟုတ်ပါဘူး။

ခိုင်မာတဲ့ တရားဝင်ဖြစ်တဲ့ စီရင်ချက်တစ်ခုချင်းစီတိုင်းရဲ့နောက်မှာ

📖 ကျမ်းဂန်ထဲမှာစာသားဖော်ပြချက်တစ်ခု
📐 နှိုင်းယှဥ်ဆင်ခြင်ဆိုင်ရာ သုံးသပ်ချက်တိုးချဲ့မှုတစ်ခု
🎯 Maqāsid ဆိုင်ရာ ထည့်သွင်းစဉ်းစားမှု
⚖️ အကျိုးစီးပွားများကို ချင့်ချိန်ခြင်း

တို့ပါဝင်တဲ့ သေချာစွာဆင်ခြင်သုံးသပ်ထားတဲ့ ကွင်းဆက်တစ်ခုရှိနေပါတယ်။

⏳ အစ္စလာမ့်ဥပဒေ၏ သဘောသဘာဝ

ဒီအပိုင်းတွေရဲ့ ဆွေးနွေးချက်တွေအရ

❌ အစ္စလာမ့်ဥပဒေသည် ၇ ရာစုနှစ်ကတည်းက ရပ်တန့်နေခဲ့တာမဟုတ်ပါဘူး
❌ အတိုင်းအဆမဲ့လောက်အောင် ပြောင်းလဲနေတာမျိုးလည်း မဟုတ်ပါဘူး

✔️ အချိန်နှင့် တပြေးညီ
✔️ သဘောတရားတွေနှင့် ထိန်းကွပ်ထားတဲ့
✔️ အမြဲတမ်းရှင်သန်နေတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။

🎓 တာဝန်နှင့် အခန်းကဏ္ဍ

အစ္စလာမ့် ဥပဒေရဲ့ အခြေခံသဘောတရားတွေက မပြောင်းလဲသလို
ဒီကို အခြေအနေအသစ်အသစ်တွေမှာ ကျင့်သုံးဖို့ကြိုးပမ်းရတာလည်း

📚 ပညာရည်ပြည့်ဝတဲ့ ပညာရှင်ကြီးတွေရဲ့ တာဝန်ဖြစ်ပါတယ်။

🌱 သာမန်မွတ်စ်လင်မ်များအတွက် အဓိပ္ပာယ်

ကျွန်မတို့လို သာမန်မွတ်စ်လင်မ်တွေအတွက်ကတော့

❌ mujtahid တစ်ဦးဖြစ်လာဖို့ မဟုတ်ပါဘူး

✔️ ဥပဒေကို နားလည်နိုင်စွမ်း
✔️ စေ့စပ်ညှိနှိုင်းနိုင်စွမ်း
✔️ မေးခွန်းမေးတတ်မှု
✔️ စီရင်ချက်နောက်ခံကို နားလည်မှု

တို့ကို ဖွံ့ဖြိုးလာဖို့ပါပဲ။

🌙 နိဂုံးချုပ်

ရရှီအအ်ကို

❌ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလို မမြင်ဘဲ

✔️ သက်ညှာပေးမှု
✔️ လမ်းညွှန်ပေးချက်
✔️ နေ့စဉ်ဘဝအတွက် ပုံစံစနစ်

အဖြစ် ချဉ်းကပ်ကျင့်သုံးတတ်နိုင်ဖို့ပါပဲ။

Address

Dubai

Website

Alerts

Be the first to know and let us send you an email when Rashida, PhD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category