13/12/2025
မြန်မာနိုင်ငံသား ပြည်ပနိုင်ငံတွေမှာနေထိုင်ပြီး နှစ်စဉ် ACCA annual fees ကပြည်တွင်းကသူတွေလိုမျိုး Discount မရပဲဖြစ်နေတဲ့သူတွေအတွက် Discount ရအောင်ဘလိုလုပ်လို့ရမလဲဆိုတာလေး experience sharing လုပ်ပေးပါမယ်
ကျတော်ကတော့ Innovative ရဲ့ Founder တယောက်ဖြစ်ပြီး ပြည်ပမှာနေထိုင်သူတယောက်ဖြစ်ပါတယ် ACCA fees က Myanmar ပြည်တွင်းနေထိုင်သူတွေထက်ပိုများနေတာသတိထားမိတာမို့ ACCA call Centre ကိုဆက်သွယ်ပါတယ်
Call center ရဲ့ဖြေကြားမူအရ မြန်မာနိုင်ငံသားဖြစ်ရင် ပြည်တွင်းအခြေနေတွေကြောင့် Discount ရပါတယ် 50% ပါ
အခြားနိုင်ငံသားတွေ £140 ဆို မြန်မာနိုင်ငံသားက £70 ပဲကျသင့်ရမှာပါ
ဆိုတော့ လုပ်ရမယ့် step တွေက
Step 1 မိမိတို့ရဲ့ ACCA portal ကိုစစ်ပါ Foreign addres ပြောင်းထားမိရင် Myanmar address ပြန်ပြောင်းပါ
(ချွင်းချက် address ပြောင်းသော်လည်း Exam book တဲ့အခါ မိမိတို့နေထိုင်ရာနိုင်ငံမှာရှိတဲ့ exam centre မှာ exam book လို့ရတာမို့ပြသနာမရှိပါ)
Step 2 ကတော့ မိမိသည် မြန်မာနိုင်ငံသားဖြစ်သော်လည်း Annual fees discount မရကြောင်း ACCA ကို Email ပို့ပါ
[email protected] ကိုပို့ရမှာပါ
Step 3 ကနေ reply ပြန်တာစောင့်ရုံပါပဲ ကျတော်ကတော့ ၃ ရက်အကြာ ပုံပါအတိုင်း Confirm email ဝင်ပီး နောက်ရက် discount rate ဖြစ်သွားပါတယ်
ပြီးနောက်နှစ်တွေလဲ discount rate နဲ့ရပါတယ်
တခုသိထားရမှာက ပြည်ပနိုင်ငံမှာ နေရင် Annual fees ပဲ discount ရတာဖြစ်ပြီး Exam fees ကတော့ပုံမှန်အတိုင်း ပြည်ပနိုင်ငံ rate အတိုင်းပါပဲ