TIB Real Estate

TIB Real Estate

Share

Real Estate Charity Foundation Group

Photos from TIB Real Estate's post 22/04/2026

နောင် မရနိုင်သော နေရာကောင်း အလွန်ကောင်းသော မိန်းလမ်းမကြီးပေါ်
ဒဂုံဆိပ်ကမ်း စက်မှုဇုံ မြေ ၁ ဧက
ရောင်းရန်ရှိပါတယ်

ခြံစည်းရိုးလေးဘက်ခတ်ထားပြီး ၊ ပေ ၄၀ ကွန်တိန်နာကားဝင်ရန် တံတားနှင့် မိန်းပေါက်ဖေါက်ထားပြီး ၊ မြေဧရိယာ ၃ မတ် နီးပါးထိ Concrete လောင်းထားပြီး ၊ စက်မှု ဂရန် အမည်ပေါက် ရမည် ။
ကနောင်မင်းသားကြီးမိန်းလမ်းမပေါ် မေးတင်

သိန်း ၈၅၀၀၀

အကျိုးဆောင်ခ ၂% အပြည့်ပေးမည်

ဆက်သွယ်ရန် : 09883882885

Photos from TIB Real Estate's post 21/02/2026

*Royal Parami Residence၊၇လွှာ၊ပါရမီလမ်း၊မရမ်းကုန်း။
*1854 Sqft
*Single room -2,big hall -1, Toilet -1 balcony(kitchen) -1
*အရောင်း - 7900 lakhs (ညှိနှိုင်း)
funiture မပါ
*ဓာတ်လှေကား- 2 (1-24 hr ရ)
*One Car Parking
ကြွေပြားကျောက်ပြားခင်းထားပြီး
24 hrs security ရှိ

အကျိုးဆောင်များနှင့်လဲ လက်တွဲပါမည်။

ဆက်သွယ်ရန် : 09-883882885

19/01/2026

နှင်းတွေကျတဲ့နေရာမှာ နေလုံးကြီးကလဲ လင်းလက်နေပြီး ရာသီဥတုကို အပြိုင် ဆင်နွှဲနေကြသလိုဘဲ??

04/11/2025

နေ့စဉ်ဘဝရဲ့ ပင်ပန်းမှုတွေကနေ ခဏတာလွတ်မြောက်ပြီး စိတ်ကူးယဉ်ဆန်တဲ့ကမ္ဘာဆီ🏃 ထွက်ပြေးချင်နေပြီလား?

🌄 တောင်တန်းတွေရဲ့ အေးချမ်းမှု၊ 🌊ပင်လယ်ပြင်ရဲ့ လွတ်လပ်မှု ဒါမှမဟုတ် ကမ္ဘာ့အံ့ဖွယ်နေရာတွေရဲ့ ဆွဲဆောင်မှုတွေဆိုကို ခံစားဖို့ စဉ်းစားနေရင်တော့ 💭

💁Thousand Islands Travels & Tours က သင်အမြဲမက်ခဲ့တဲ့ ခရီးအိပ်မက်တွေကို လက်တွေ့အဖြစ် ဖန်တီးပေးဖို့ အသင့်ရှိနေပါတယ်။ ✈️ ရင်သပ်ရှုမောဖွယ်ရှုခင်းတွေကြားမှာ စိတ်လွတ်ကိုယ်လွတ်ပျော်ရွှင်ဖို့၊ ဒေသခံယဉ်ကျေးမှုအသစ်တွေနဲ့ လတ်ဆတ်တဲ့လေကောင်းလေသန့်ကို အပြည့်အဝရှူရှိုက်ရင်း စိတ်အပန်းဖြေဖို့... ခရီးစဉ်တိုင်းက မမေ့နိုင်စရာအမှတ်တရတွေကို ဖန်တီးကြရအောင်

🌐ကမ္ဘာ့နေရာအနှံ့အပြားက အလှပဆုံးမြို့တွေ၊ လျှို့ဝှက်ဆန်းကြယ်တဲ့နေရာတွေနဲ့ 🌊ကမ်းခြေတွေကို တစ်နေရာတည်းမှာ စူးစမ်းရှာဖွေရင်း၊ စိတ်နှလုံးကို နိုးကြားစေလိုက်ပါ။ ✨ ပျော်ရွှင်စရာ ခရီးစဉ်အသစ်တွေ ဖန်တီးဖို့ Thousand Islands Travels and Tours ကို အခုပဲ ဆက်သွယ်လိုက်တော့နော်

𝐓𝐡𝐨𝐮𝐬𝐚𝐧𝐝 𝐈𝐬𝐥𝐚𝐧𝐝𝐬 𝐓𝐫𝐚𝐯𝐞𝐥𝐬
ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်များဆက်သွယ်ရန် ဖုန်းနံပတ်📲

📱ပြည်ပလေယာဉ်လက်မှတ်
📲09-450001676
📲09-250577551

📱ပြည်တွင်း လေယာဉ်လက်မှတ်
📲09-250577554
📲09-250577250

📱Visa service
📲09-250577552

"Passport"service
📲09-421047022
📲09 883882886

Facebook messenger မှလည်း ဆက်သွယ်စုံစမ်းလို့ရပါပြီရှင့်…🍀

🗓 Monday to Friday – ⏰ 9 AM to 5:00PM
🗓 Saturday – ⏰ 9 AM to 3:00 PM အထိ
ဖွင့်လှစ် ၀န်ဆောင်မှုများ ပေးလျှက်ရှိပါတယ်။
______________________________
🏢Thousand Islands Travels
အခန်းအမှတ်(၅)၊ဆရာစံပန်းခြံဝန်း၊ဆရာစံလမ်း၊ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

IATA Member No - 05300422

ပြည်တွင်း ခရီးသွားလိုင်စင်အမှတ် - T/I(YGN)-0318

ပြည်ပ ခရီးသွားလိုင်စင်အမှတ် - T/O(YGN)-0059
__________________________________________

#ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်









#ခရီးသွားခြင်း
#အိပ်မက်ခရီးစဉ်
#ကမ္ဘာပတ်မယ်
#စိတ်ကူးယဉ်

Photos from TIB Real Estate's post 27/09/2025

ဗီယက်နမ်- မြန်မာ နှစ်နိုင်ငံ ခရီးသွားလာမှုကို တိုးမြှင့်ပေးမဲ့ 𝐓𝐫𝐚𝐯𝐞𝐥 𝐕𝐢𝐞𝐭𝐧𝐚𝐦 𝐏𝐚𝐯𝐢𝐥𝐢𝐨𝐧 ✈️

𝐕𝐢𝐞𝐭𝐧𝐚𝐦-𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐓𝐫𝐚𝐝𝐞 𝐅𝐚𝐢𝐫 𝟐𝟎𝟐𝟓 မှာ ထပ်မံပါဝင်လာတဲ့ အစီအစဉ်ကတော့ ဗီယက်နမ်နိုင်ငနဲ့ မြန်မာနိုင်ငံက ခရီးသွားအေဂျင်စီတွေအတွက် အခွင့်အလမ်းတစ်ခုဖြစ်လာမယ့် "𝐓𝐫𝐚𝐯𝐞𝐥 𝐕𝐢𝐞𝐭𝐧𝐚𝐦 𝐏𝐚𝐯𝐢𝐥𝐢𝐨𝐧" ဆိုတဲ့ (72 Sqm) ကျယ်ဝန်းတဲ့ ခရီးသွားပြခန်း Pavilion တစ်ခုကို ဒီနှစ် 𝐕𝐌𝐓𝐅 𝟐𝟎𝟐𝟓 မှာ ထပ်တိုးထည့်သွင်းထားပါတယ်။

𝐓𝐫𝐚𝐯𝐞𝐥 𝐕𝐢𝐞𝐭𝐧𝐚𝐦 𝐏𝐚𝐯𝐢𝐥𝐢𝐨𝐧 မှာ နှစ်နိုင်ငံက Leading Travel အေဂျင်စီ (၁၀) ခု အတွက် 𝐜𝐨𝐮𝐧𝐭𝐞𝐫 (၁၀) လုံးသာ စီစဉ်ထားတာမို့ အမြန်ဆုံးပါဝင်စာရင်းသွင်းဖို့ လိုအပ်ပါတယ်နော်။

💵 မြန်မာပြည်ရဲ့ Travel Agency တွေအတွက် Counter (၁) ခုကို မြန်မာငွေကျပ် (၁၀) သိန်းသာ ကျသင့်မှာဖြစ်ပါတယ်။

◻️ ဗီယက်နမ်ခရီးစဉ်များ စီစဉ်ပေးနေတဲ့ 𝐓𝐫𝐚𝐯𝐞𝐥 𝐀𝐠𝐞𝐧𝐜𝐲 များ

◻️ ဗီယက်နမ် ဗီဇာလျှောက်ထားခြင်း ဝန်ဆောင်မှုပေးနေတဲ့ 𝐓𝐫𝐚𝐯𝐞𝐥 𝐀𝐠𝐞𝐧𝐭 များ

◻️ 𝐕𝐢𝐞𝐭𝐧𝐚𝐦 𝐀𝐢𝐫𝐭𝐢𝐜𝐤𝐞𝐭 ရောင်းချပေးနေတဲ့ 𝐓𝐢𝐜𝐤𝐞𝐭𝐢𝐧𝐠 𝐀𝐠𝐞𝐧𝐭 များပါဝင်နိုင်မှာ ဖြစ်ပါတယ်။

Customer များနဲ့ တိုက်ရိုက်တွေ့ဆုံရောင်းချနိုင်မဲ့အပြင် ဗီယက်နမ် Travel Agent များနဲ့လည်း ချိတ်ဆက်နိုင်မဲ့ အခွင့်အလမ်းများရှိလို့ ဒီ Pavilion မှာ ပါဝင်သင့်တာဖြစ်ပါတယ်ရှင့် ‼️

𝐓𝐫𝐚𝐯𝐞𝐥 𝐕𝐢𝐞𝐭𝐧𝐚𝐦 𝐏𝐚𝐯𝐢𝐥𝐢𝐨𝐧 မှာ ဘယ်လိုအစီအစဉ်တွေပါဝင်မှာလဲ ?

✨ ဗီယက်နမ် မြန်မာ အစားအသောက်တွေကို ကျွေးမွေးဧည့်ခံမယ်။

✨ ရွှေပွဲလာများအတွက် ဗီယက်နမ်ရိုးရာဝတ်စုံနဲ့ ဓာတ်ပုံလှလှလေးတွေရိုက်နိုင်မယ်။

✨ ဗီယက်နမ်ကို ခရီးသွားဖူးတဲ့သူတွေရော မသွားဖူးတဲ့သူတွေရော ပါဝင်နိုင်မဲ့ ဂိမ်းအစီအစဉ်တွေပါဝင်ပါမယ်။

ဒီ 𝐓𝐫𝐚𝐯𝐞𝐥 𝐕𝐢𝐞𝐭𝐧𝐚𝐦 𝐏𝐚𝐯𝐢𝐥𝐢𝐨𝐧 မှာ ပါဝင်ပြသသူတွေအတွက် နိုင်ငံတကာခရီးသွားပြပွဲများကလို တမူထူးခြားတဲ့ ကောင်တာအမြင့်ဒီဇိုင်းမျိုးနဲ့ ဝင်ရောက်ပြသနိုင်ဖို့ စီစဉ်ထားပါတယ်။

အရေးကြီးတာလေး တစ်ခုက ကောင်တာ (၁၀)ခုသာ စီစဉ်ထားရှိတာမို့ အမြန်ဆုံးစာရင်းပေးသွင်းလိုက်ဖို့ပါပဲ။

ဗီယက်နမ်နိုင်ငံ အငယ်စားလေးကို ရောက်နေသလို vibe မျိုးနဲ့ ကျင်းပသွားမဲ့ ဒီ "𝐓𝐫𝐚𝐯𝐞𝐥 𝐕𝐢𝐞𝐭𝐧𝐚𝐦 𝐏𝐚𝐯𝐢𝐥𝐢𝐨𝐧" လေးမှာ ပါဝင်ပြီး ဖောက်သည်သစ် ဖောက်သည်ဟောင်းများ၊ စီးပွားရေးမိတ်ဖက်များနဲ့ ချိတ်ဆက်လိုက်ကြပါစို့လားရှင် ✨

🌟 𝐕𝐢𝐞𝐭𝐧𝐚𝐦-𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐓𝐫𝐚𝐝𝐞 𝐅𝐚𝐢𝐫 𝟐𝟎𝟐𝟓
📆 𝐃𝐚𝐭𝐞 & 𝐓𝐢𝐦𝐞 : 𝟏𝟎𝐭𝐡 𝐎𝐜𝐭 ~ 𝟏𝟐𝐭𝐡 𝐎𝐜𝐭, 𝟐𝟎𝟐𝟓 (𝟗:𝟑𝟎 𝐀𝐌 - 𝟓:𝟎𝟎 𝐏𝐌)
🏢 𝐏𝐥𝐚𝐜𝐞 : 𝐘𝐚𝐧𝐠𝐨𝐧 𝐂𝐨𝐧𝐯𝐞𝐧𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞, 𝐈𝐧𝐬𝐢𝐝𝐞 𝐈𝐧𝐲𝐚 𝐋𝐚𝐤𝐞 𝐇𝐨𝐭𝐞𝐥 𝐂𝐨𝐦𝐩𝐨𝐮𝐧𝐝, 𝐍𝐨.𝟑𝟕 𝐊𝐚𝐛𝐚𝐫 𝐀𝐲𝐞 𝐏𝐚𝐠𝐨𝐝𝐚 𝐑𝐝, 𝐘𝐚𝐧𝐠𝐨𝐧.

အသေးစိတ်သိရှိလိုပါက ☎️ Phone - 09 424 484 364 ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် . . .




Photos from Min Thein's post 03/05/2025

👍THOUSAND ISLANDS page အတု မှာ Like 1.4K နဲ့ Followers 23K ဘဲ ရှိပါတယ်

👍THOUSAND ISLANDS page အစစ်မှာ Like 235K နဲ့ Followers 237K ရှိပါတယ်

👍Page အတု ကိုသတိထားမိစေရန် မိတ်ဆွေများအား အသိပေးချင်းဖြစ်ပါတယ်

👍 Review လုံးဝ မရှိပါ 👍

👍Page အစစ်မှာ U Min Thein အမည် အနေနဲ့သာ ငွေလက်ခံ ဆောင်ရွက်လျှက်ရှိကြောင်း အသိပေးအပ်ပါတယ်

👌Payment များကို အောက်ပါ accounts များဖြင့်သာလက်ခံဆောင်ရွက်လျှက်ရှိပါတယ်

👌အောက်ဖေါ်ပြပါ အကောင့်မဟုတ် ပါက Thousand Islands Page အတုမှ ထင်ယောင်ထင်မှား ငွေလိမ်ကောက်ခံနေကြောင်း အသိပေး အကြောင်းကြားအပ်ပါတယ်

👌 Thousand Islands Travel ရဲ့ page အစစ်က ဒီ link ဖြစ်ပါတယ်ရှင့် :

https://www.facebook.com/share/1AkdnDyytt/?mibextid=wwXIfr

👌မိတ်ဟောင်းမိတ်သစ်များအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်👌

Photos from Min Thein's post 03/05/2025

👍THOUSAND ISLANDS page အတု မှာ Like 1.4K နဲ့ Followers 23K ဘဲ ရှိပါတယ်

👍THOUSAND ISLANDS page အစစ်မှာ Like 235K နဲ့ Followers 237K ရှိပါတယ်

👍Page အတု ကိုသတိထားမိစေရန် မိတ်ဆွေများအား အသိပေးချင်းဖြစ်ပါတယ်

👍Page အစစ်မှာ U Min Thein အမည် အနေနဲ့သာ ငွေလက်ခံ ဆောင်ရွက်လျှက်ရှိကြောင်း အသိပေးအပ်ပါတယ်

👌Payment များကို အောက်ပါ accounts များဖြင့်သာလက်ခံဆောင်ရွက်လျှက်ရှိပါတယ်

👌အောက်ဖေါ်ပြပါ အကောင့်မဟုတ် ပါက Thousand Islands Page အတုမှ ထင်ယောင်ထင်မှား ငွေလိမ်ကောက်ခံနေကြောင်း အသိပေး အကြောင်းကြားအပ်ပါတယ်

👌 Thousand Islands Travel ရဲ့ page အစစ်က ဒီ link ဖြစ်ပါတယ်ရှင့် :

https://www.facebook.com/share/1AkdnDyytt/?mibextid=wwXIfr

👌မိတ်ဟောင်းမိတ်သစ်များအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်👌

Photos from Min Thein's post 22/03/2025

"မိဘကျေးဇူး ဆပ်နည်း ( ၆ ) ချက်''

1 အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း

2 ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း

3 ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း

4 ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း

5 တရားနာ ရိပ်သာဝင်ခိုင်း၍ကျေးဇူးဆပ်နည်း

6 အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း

တို့ပဲဖြစ်ပါတယ်.......

1 အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း.......

မိဘအတွက်
စားဦးစားဖျား ဖယ်ထားတာ
မိဘစားချင်တာ ချက်ကျွေးတာ
မိဘစားချင်တဲ့မုန့် ဝယ်ပေးတာ စတာတွေကို
လုပ်ပေးတာတွေက
မိဘတွေ အလွန်ပဲ ၀မ်းသာပါတယ် တဲ့.....

ဒါကြောင့်
အစားအစာ ကျွေး၍
မိဘကို ကျေးဇူးဆပ်နိုင်ပါတယ်.........။

2 ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း........

မိဘများ
စာချင်တာတွေ စားနိုင်အောင်
မရောက်ဖူးသေးတဲ့ ဘုရားတွေ ဖူးနိုင်အောင်
လှူချင်တာတွေ လှူနိုင်အောင် စတာတွေကို
လုပ်ပေးရင်
မိဘတွေက အလွန်ပဲ ဝမ်းသာပါတယ် တဲ့.......

ဒါကြောင့်
မိဘအတွက် ဥစ္စာ(ပိုက်ဆံ)ပေး၍လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.......

ပိုက်ဆံဆိုတာ မဆပ်လည်း ကုန်မှာ
ဆပ်လည်း ကုန်မှာပါနော်.....။

3 ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း........

အိမ်မှုကိစ္စများနှင့်
မိဘတွေပင်ပန်းမယ့် အခြားကိစ္စတွေမှာ
ကိုယ်တိုင်၀င်ရောက်ပြီး
မိဘတွေမပင်ပန်းအောင် ပြုလုပ်ပေးခြင်း
မိဘကို နင်း နှိပ် ပေးခြင်း
ပြုစုပေးခြင်း စတဲ့
ဝေယျာဝစ္စတွေကို ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........

4 ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း........

မိဘတွေ ကုသိုလ်ရအောင်
တရားနာနိုင်အောင် တိုက်တွန်းခြင်း
သင်္ကန်းတွေ လှူခိုင်းခြင်း
အလှူတွေ လုပ်ခိုင်းခြင်းဖြင့်
သား သမီးများက
မိဘတွေ ကုသိုလ်ရအောင်
ဘေးနားကနေ ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........

5 တရားနာ,ရိပ်သာ၀င်ခိုင်း၍ ကျေးဇူးဆပ်နည်း......

မိဘတွေ
တရားနာနိုင်အောင် တိုက်တွန်းပေးခြင်း
ကူညီဖြည့်ဆည်းပေးခြင်း......

မိဘတွေ
ဘုရားအရိပ် တရားအရိပ်မှာ ပျော်မွေ့နိုင်အောင်
ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်........

မြတ်ဗုဒ္ဓ၏
အမြတ်ဆုံးကျေးဇူးအကျေဆပ်နည်းပါ.....

ဖခင်အား ရဟန္တာဖြစ်အောင်
ကျေးဇူး အကျေဆပ်....

မိခင်အား မဟာသောတာပန်ဖြစ်အောင်
ကျေးဇူး အကျေဆပ် တဲ့......

6 အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း.........

နောက်ဆုံးကတော့......

မိဘများသက်ရှိ ထင်ရှားမရှိတဲ့အချိန်မှာ
မိဘအတွက် ရည်မှန်းပြီး
ကောင်းမှုကုသိုလ်များ ပြုလုပ်ကာ
အမျှတမ်း ပေးဝေခြင်းကလည်း
မိဘအတွက် ကျေးဇူးဆပ်ရာ ရောက်ပါတယ်။


29/01/2025

မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ပါစေ

နှစ်ဟောင်းကုန်၍ နှစ်သစ်ကြိုသောအခါသမယ ~
Chinese Lunar New Year 🧧
မြွေနှစ်သည် ခွန်အားကြီးခြင်း လာဒ်လာဘတိုးပွါးခြင်း အပြောင်းအလဲမြန်သောနှစ်ဖြစ်ခြင်း စသည့်ကောင်းမွန်သောနိမိတ် ကောင်းမွန်သောကံအကျိုးတရားများ ကောင်းမွန်သောလာဒ်လာဘများ အားလုံး ထပ်တူထပ်မျှရရှိကြပါစေ

𝐇𝐚𝐩𝐩𝐲 𝐋𝐮𝐧𝐚𝐫 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝐄𝐯𝐞𝐫𝐲𝐨𝐧𝐞! 🏮🧧

Wishing you all a wonderful Lunar New Year. May the Year of the Snake bring you prosperity, peace, and success in all your endeavors!

THOUSAND ISLANDS Travel


#ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်

04/01/2025

သင့်ခေါင်းထဲကထုတ်ပစ်သင့်တဲ့အရာ(၆)ခု

၁။ ဂရုမစိုက်နဲ့။

သင့်ကို ဂရုမစိုက်တဲ့သူတွေကို သင်ဂရုစိုက်စရာ မလိုပါဘူး။ တချို့လူတွေက သူတို့ကို ဂရုစိုက်လေလေ၊
သင့်ကို တန်ဖိုးမထားလေလေပါပဲ။ ဒီတော့ သူတို့ကို လိုက်ဂရုစိုက်နေမှာထက် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လိုက်ပါ။

၂။ လူ့ခွစာတွေကို ဝေးဝေးက ရှောင်ပါ။

တချို့လူတွေက အခြားသူ ဘာလုပ်လုပ် အမြဲအပြစ်ပြောတတ်ကြတယ်။ ဘုကလန့် တိုက်တတ်တယ်။ ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိရင် ရှိသလို မဆင်မခြင်စကားတွေ ပြောတတ်ကြတယ်။ ဒီလို အဆိုးမြင်ဝါဒီရှိသူတွေကို ရှောင်ရှားပါ။ အဆိုးမြင်စိတ်ဓာတ်က သင့်ကိုပါ ကူးစက်လာစေနိုင်လို့ပါ။

၃။ တစ်ခုခုကို အမြဲသင်ယူလေ့လာနေပါ။

ပညာလို အိုသည်မရှိ ဆိုသလိုပဲ ဘယ်အတတ်ပညာမဆို သင်ယူဖို့ ဝန်မလေးပါနဲ့။ ငါ့ အသက်အရွယ်ကြီးနဲ့
မသင့်တော်ပါဘူးလေ၊ ငါငယ်သေးလို့ မလိုသေးပါဘူးဆိုပြီး မတွေးပါနဲ့။

၄။ အရမ်းမတွေးပါနဲ့။

အတိတ်က အဖြစ်အပျက်တွေ အတိတ်က အကြောင်းအရာတွေကို အရမ်းမတွေးပါနဲ့။
အတိတ်မှာ အမှတ်ရစရာ အများကြီး ရှိကောင်းရှိခဲ့မှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တစ်ခုမှာ ပြီးသွားခဲ့ပြီးသား အဖြစ်အပျက်တွေပါ။ နောက်ထပ်ဖြစ်လာမယ့် အနာဂါတ်တွေကို လှပနေစေဖို့သာ ကြိုးစားပါ။

၅။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။

ကိုယ်ကျင့်တရားကောင်းတဲ့့သူက
လောကမှာ တန်ဖိုးအရှိဆုံးပါ။ ကိုယ့်ကိုယ်ကို အမြဲတမ်းတိုးတက်အောင် ကြိုးစားပါ။ ကိုယ်စိတ်နှလုံး ဖြူစင်လာအောင် အမြဲကြိုးစားပါ။ စိတ်ကောင်းကောင်းထားပါ။

၆။ ထင်ချင်သလို ထင်ကြပါစေ။

လူအမျိုးမျိုး၊ စိတ်အထွေထွေရှိတယ်ဆိုသလိုပဲ
လူတစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတာတွေ၊ ခံယူချက်တွေနဲ့ အမြင်တွေ မတူညီကြပါဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတာမို့ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့အရာကို ရဲရဲသာလုပ်ပါ။

Noble Buddha မှပြန်လည်မျှဝေသည်

15/12/2024

#ပတ်ဝန်းကျင်က အဓိက
လူတစ်ယောက်အတွက်...
မျိုးရိုးဗီဇ နဲ့ ရှင်သန်ရာပတ်ဝန်းကျင်
ဘယ်ဟာက ပိုအရေးပါတယ်လို့ ထင်လဲ?

စိတ်ပညာရှင်ကြီး ဆစ်ဂမန်ဖရိုက် က
Nature နဲ့ Nurture
နှစ်ခုလုံး အရေးကြီးတယ်ဆိုပြီး
ပြောခဲ့ဖူးတယ်။

ဆရာဝန်ရဲ့သားက
ဆရာဝန်ပဲဖြစ်လာနိုင်တယ်။
စျေးသည်သားက
ကုမ္ပဏီပိုင်ရှင် မဖြစ်နိုင်တော့ဘူး။
ဒီလိုအတွေးမျိုးရှိတဲ့ လူတွေကို
ကြုံဖူးကြမှာပေါ့။

တကယ်တော့ ဗီဇက အရေးပါသလို
ရှင်သန်ရာပတ်ဝန်းကျင်ကလဲ
သိပ်စကားပြောတယ်။

ဥပမာ
စာဖတ်ပျင်းသူတစ်ယောက်က
စာတအားဖတ်တဲ့ အဝန်းအဝိုင်းထဲရောက်သွားရင်
သေချာပေါက် စာလိုက်ဖတ်လိမ့်မယ်။
ပတ်ဝန်းကျင်က သူ့ကိုလမ်းပြနေတာကိုး။

ကြိုးစားချင်စိတ်ရှိတဲ့သူက
ပျင်းရိလေးကန် အချိန်ဖြုန်းနေတဲ့သူတွေနဲ့
နေပါများရင် သူပါရောပြီး
အလေလိုက်မိမှာ အသေအချာပဲ။

ဒါဟာ ပတ်ဝန်းကျင်ရဲ့
ရောင်ပြန်ဟပ်မှုကို ခံနေရတာပါ။
ပတ်ဝန်းကျင်ကနေ ကူးစက်လာတဲ့
အကြောင်းအရာတွေပေါ့။

ဆိုတော့ ... အကြံပေးချင်တာက
ကိုယ်နေမဲ့ပတ်ဝန်းကျင်ကို
ကိုယ်တိုင် ခေါင်းသုံးပြီးရွေးပါ။

အလေ့အကျင့်ကောင်းတွေရှိတဲ့
ဝန်းကျင်မှာ ရောက်နေရင်
တန်ဖိုးထားပြီး ဆက်နေ...

အဲဒီလိုမဟုတ်ဘဲ

ကိုယ့်ရဲ့ အပြုအမူ အကျင့်စရိုက်တွေကို
ပျက်စီးစေတဲ့ ပတ်ဝန်းကျင်မျိုး၊
ကိုယ့်ကို ဘာကောင်းကျိုးမှ မပေးတဲ့
အသိုင်းအဝိုင်းမျိုး ဆိုရင်တော့
ချန်ထားခဲ့လိုက်တာ အကောင်းဆုံးပါပဲ။

အမြဲတမ်းမှတ်ထားပါ...
ရွေးချယ်ခွင့်က ကိုယ့်လက်ထဲမှာပဲ ရှိတယ်။

🅲🆁🅴🅳🅸🆃
#စာပေဥယျာဉ်
#စာဖတ်ပါမိတ်ဆွေ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address

Sayarsan Street
Yangon
11201