22/02/2025
Frontend Project Development Webinar နဲ့သက်ဆိုင်ရာများကို အောက်ပါ Telegram group ကနေတစ်ဆင့်လုပ်ဆောင်သွားမှာဖြစ်သောကြောင့် ဖော်ပြထားသော Link မှတစ်ဆင့်ဝင်ရောက်ပြီး Join ပေးကြပါဦးခင်ဗျ။💪
Join group chat on Telegram
21/02/2025
HTML Project Development Webinar
ကျောင်းသားအများစုက HTML Project တွေလုပ်တဲ့အခါ လုပ်ဆောင်ပုံအမှားများစွာကြုံတွေ့ရတတ်ကြပါတယ်၊ ထိုအမှားများကိုတတ်နိုင်သမျှရှောင်ရှားပြီး၊ project များကို ပိုမိုကျစ်လစ်စွာ တည်ဆောက်နိုင်ရန် Webinar တစ်ခုကို ပြုလုပ်ပေးလိုက်ပါသည်။
ဤ Webinar တွင် HTML project တွေလုပ်ရင်း ကြုံတွေ့နိုင်သော common mistakes များအပြင်၊ Best Practices များနှင့် Efficiency တိုးတက်စေနိုင်သည့်နည်းလမ်းများကိုလည်း ဖော်ပြပေးသွားမှာဖြစ်လို့ အားလုံးကိုတက်ရောက်ပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျ။
အတူတူလေ့လာပြီး ပြောင်းလဲမှုများ ပြုလုပ်လိုက်ကြပါစို့။💪
Date - 23.2.2025 (Sunday)
Time - MMT 7:30 pm
27/01/2025
🚨📢 Admission is closing soon for Linux Essential Course! ⏳✨ Hurry up! 🏃♂️💨
အားလုံးပဲ Linux Essential အတန်းကလာမယ့် saturday စတော့မှာဖြစ်လို့ Admission ပိတ်ဖို့ရက်အနည်းငယ်သာလိုပါတော့တယ်။ နောက် batch ဖွင့်ဖို့ကလဲကြာဉီးမှာဖြစ်လို့Join ချင်တဲ့လူတွေရှိသေးရင်အမြန်လာ join ပေးကြပါ။
⏰⏰⏰
Send a message to learn more
26/01/2025
Attention Please 📢
𝑶𝒏𝒍𝒊𝒏𝒆 𝑽𝒊𝒅𝒆𝒐 𝑪𝒍𝒂𝒔𝒔: 𝑫𝑩𝑴𝑺 𝑭𝒐𝒖𝒏𝒅𝒂𝒕𝒊𝒐𝒏 𝑪𝒐𝒖𝒓𝒔𝒆 𝑨𝒏𝒏𝑜𝒖𝒏𝒄𝒆𝒎𝒆𝒏𝒕📚
DBMS ကိုဘာလို့ သင်ကြားရမှာလဲ?
IT နယ်ပယ်မှာ Software ပိုင်းနဲ့ ရှေ့ဆက်မယ်ဆိုရင်တော့ Database Management System လို့ခေါ်တဲ့ DBMS က လုံးဝ မကင်းလွတ်ပါဘူး။ DBMS က Information Technology ရဲ့ အုတ်မြစ်တစ်ခုလို့ပြောရင်တောင် လုံးဝ မမှားပါဘူး။ Software field ထဲမှာ ဘယ်နယ်ပယ်ထဲဘဲဝင်ဝင် DBMS က မရှိမဖြစ်တတ်ထားရမယ့် ဘာသာရပ်ဖြစ်လို့ DBMS ကို သင်ယူရမှာဖြစ်တယ်...
ဒီ course မှာတော့ DBMS ကို Basic ကနေစပြီးတော့ Database Design Phase ရော Implementation Phase ပါ ကျေညက်အောင် သင်ပေးသွားမှာဖြစ်ပါတယ်။ Course ပြီးသွားတဲ့အခါမှာ DBMS project တစ်ခုပါ လုပ်နိုင်မှာဖြစ်ပြီး database fundamentals ကို ပိုင်ပိုင်နိုင်နိုင် သိရှိနားလည်မှာဘဲဖြစ်ပါတယ်...
သင်ကြားမယ့်ပုံစံကတော့ Lecture Video Recording တွေကို private group ကနေတစ်ဆင့် မျှဝေ သင်ကြားသွားမှာဖြစ်တယ်။ နားမလည်တာလေးတွေကို မေးလို့ရအောင် သက်သက် group လေးတစ်ခုလည်း ထားရှိမှာဖြစ်တဲ့အတွက် နားမလည်မှာကိုတော့ လုံးဝစိတ်ပူစရာမလို့ပါဘူး 😊...
Course ကို သင်ကြားရာမှာလည်း module သုံးခုခွဲပြီး သင်ကြားမှာဖြစ်တဲ့အတွက် မိမိကြိုက်နှစ်သက်ရာ module တွေကို customize လုပ်ပြီး တက်ရောက်နိုင်ပါတယ်...
💡 သင်ကြားမည့်အကြောင်းအရာများ
𝑴𝒐𝒅𝒖𝒍𝒆 𝟏: 𝑫𝒂𝒕𝒂𝒃𝒂𝒔𝒆 𝑭𝒖𝒏𝒅𝒂𝒎𝒆𝒏𝒕𝒂𝒍𝒔
Chapter 1: Intro to Database Systems
Chapter 2: The Relational Model
𝑴𝒐𝒅𝒖𝒍𝒆 𝟐: 𝑫𝒂𝒕𝒂𝒃𝒂𝒔𝒆 𝑫𝒆𝒔𝒊𝒈𝒏 𝑷𝒉𝒂𝒔𝒆 𝒂𝒏𝒅 𝑰𝒎𝒑𝒍𝒆𝒎𝒆𝒏𝒕𝒂𝒕𝒊𝒐𝒏 𝒖𝒔𝒊𝒏𝒈 𝑴𝒚𝑺𝑸𝑳
Chapter 3: Database Design using E-R Model
Chapter 4: Basic to Intermediate MySQL
𝑴𝒐𝒅𝒖𝒍𝒆 𝟑: 𝑨𝒅𝒗𝒂𝒏𝒄𝒆𝒅 𝑺𝑸𝑳 𝒂𝒏𝒅 𝑵𝒐𝒓𝒎𝒂𝒍𝒊𝒛𝒂𝒕𝒊𝒐𝒏 𝑻𝒆𝒄𝒉𝒏𝒊𝒒𝒖𝒆𝒔
Chapter 5: Advanced Constructs of SQL
Chapter 6: Normalization
ဒီ course ရဲ့ general info လေးကတော့👇
☕️ Course Name : DBMS Foundation Course
🎯Level : Intermediate
🗓 Start Date : 1/2/2025
⏳ Duration : 5 weeks (4 hours a week)
👥Class Type : Video Class
💸 Course fee : 10000 ကျပ် for Module I
20000 ကျပ် for Module II
30000 ကျပ် for Module III
🛠Requirement : Laptop with i3 7th gen နှင့်အထက်, having at least 4GB RAM
Course ကိုသင်ကြားရာမှာ အပေါ်ယံဘဲ သင်ကြားမှာမဟုတ်ဘဲ Core Concept ကို ထိရောက်အောင်ထိ သင်ကြားသွားမှာဖြစ်တဲ့အတွက် DBMS ကို အကျွမ်းတဝင် ဖြစ်သွားမှာတော့ သေချာပါတယ်...
ဘယ်သူတွေက Course join သင့်သလဲ?
✅Software Development field ထဲဝင်ချင်သူများ
✅Developers, Database Administrator ဖြစ်ချင်သူများ
✅Researcher, Data Analyst and Financial Analyst ဖြစ်ချင်သူများက ဒီ ဘာသာရပ်ကို ပိုင်ပိုင်နိုင်နိုင်လေ့လာထားသင့်တယ်။
ဒါ့အပြင် Data Science field ထဲကို ဝင်ရောက်ချင်သူတွေအတွက်လည်း DBMS သည် essential skill တစ်ခုဖြစ်တဲ့အတွက် မရှိမဖြစ် တက်ထားသင့်ပါတယ်...
ဒီ course ကို join ချင်တယ်ဆိုရင်တော့ comment မှာသော်လည်းကောင်း၊ cb မှာသော်လည်းကောင်း လာရောက်မေးမြန်းနိုင်သလို့MM Logic Gallery ရဲ့ official page ကနေတစ်ဆင့်လည်း ဆက်သွယ်နိုင်ပါတယ်...
🎉 Join us now and enhance your skills! 🚀
🌟 CST Community – Together We Learn & We Develop! 🌟
24/01/2025
📢🐧💻Announcement for Linux Training!!!!
🚀 Weekend Online Class: Linux Essential for System Administrator / IT Engineer 🖥️
🔧 Linux သင်ယူရတာ ဘာလို့အရေးကြီးလဲ?
Linux ကတော့အခုခေတ်မှာ မရှိမဖြစ်ပါပဲ! Server, Cloud Infrastructure, Networking Device တွေကစလို့ Smartphone, Supercomputer တွေအထိ Linux OS ကိုသုံးနေပါတယ်။ အလုပ်ဆိုလဲ Data Mining, Data Analyst ကနေ Devops, Sysadmin, Network Engineer တွေထိ Linux ပေါ်မှာပဲ အားထားနေပါတယ်။ အထူးသဖြင့် System Administrator တွေအတွက် Linux ကိုကျွမ်းကျင်စွာ သိထားဖို့က အရေးကြီးတဲ့လိုအပ်ချက်ဖြစ်ပြီး IT လောကမှာ Linux ကိုနားလည်တာက ဘယ် IT Field မှာမဆိုသူများတွေထက်မျက်နှာပွင့်ပြီး တဗန်းသာပါတယ်။
ဒီ course မှာ Linux System တွေရဲ့ Nature နဲ့ Essential ကိုသင်ပေးမှာဖြစ်တဲ့အတွက် system administrator တွေတင်မဟုတ်ဘဲ Developer တွေ Data Analyst တွေလဲတက်ရောက်သင့်ပါတယ်။
Linux အပိုင်းမှာအတွေ့အကြုံရှိပြီးလက်တွေ့ projects တွေလဲအများကြီးလုပ်ဖူးတဲ့ CT Network Major မှ Senior ဖြစ်တဲ့ ကိုချစ်မျိုးလွင် ကိုယ်တိုင်သင်ပေးမှာဖြစ်တဲ့အတွက် စာတွေ့ရောလက်တွေ့ labs တွေပါလုပ်ရမှာမို့ နားမလည်မှာစိုးရိမ်စရာမလိုပါဘူး။
📅 သင်တန်းအချိန်ဇယား:
• ရက်သတ်မှတ်ချက်: စနေ၊ တနင်္ဂနွေ (အပတ်စဉ်)
• အချိန်: ညနေ ၆:၃၀ မှ ၈:၃၀
• ကြာချိန်: ၂ လ
• စတင်မည့်ရက်: ဒီဖေဖော်ဝါရီမှစတင်မည်
• 💰 သင်တန်းကြေး:
120,000 ကျပ်
💡 သင်ကြားမည့်အကြောင်းအရာများ:
Module 1: Performing Basic System Management Tasks
• Chapter1: Introduction to Linux
• Chapter2: Linux Package Management System
• Chapter3: Using Essential Tools
• Chapter4: Essential File Management Tools
• Chapter5: Working with Text Files
• Chapter6: User & Group Management
• Chapter7: Permissions Management
• Chapter8: Configuring Networking
Module 2: Operating Running Systems
• Chapter9: Managing Software
• Chapter10: Managing Processes
• Chapter11: Working with Systemd
• Chapter12: Scheduling Tasks
• Chapter13: Configuring Logging
• Chapter14: Managing Storage
• Chapter15: Managing Advanced Storage
Additional: Linux Firewall, Network Basics
🎓 ဘာကြောင့်ပါဝင်သင့်သလဲ?
• တိုက်ရိုက် Online သင်တန်း (Live) ဖြစ်လို့နားမလည်တာကို On Spot မှာမေးလို့ရပါတယ်။
• လက်တွေ့ကျကျ လေ့ကျင့်ခန်းများလုပ်ရမှာဖြစ်ပါတယ်။(စာစမ်းဖို့Laptop spec က i3 6th gen နှင့်အထက်ကို RAM 8gb အနည်းဆုံးရှိဖို့တော့လိုပါလိမ့်မယ်။)
• RHCSA ရဲ့ course outline အတိုင်းသင်ပေးမှာမို့လို့ commands တွေအလွတ်မှတ်ရိုက်တာ မျိုးမဟုတ်ဘဲ ကိုယ်ရိုက်လိုက်တဲ့တစ်ကြောင်းချင်းစီက system မှာဘယ်လို impact မျိုးဖြစ်လဲဆိုတာပါသင်မှာမို့တစ်ခြားအပြင်သင်တန်းတွေနဲ့ယှဉ်ရင် ပိုပြီး impact ဖြစ်ပါတယ်။
💻 ဘယ်သူတွေ ပါဝင်သင့်သလဲ?
Linux အခြေခံတွေ စတင်လေ့လာချင်သူတွေ, Developers တွေ Data Analyst တွေနဲ့ အထူးသဖြင့် System Administrator အနေနဲ့ အဆင့်မြှင့်လိုသူတွေအတွက် သင့်တော်တဲ့ သင်တန်းဖြစ်ပါတယ်။
🔗 စာရင်းသွင်းရန် ဘယ်လိုလုပ်ရမလဲ?
Comment မှာ မေးမြန်းရုံ၊ သို့မဟုတ် DM ပို့ပြီး စာရင်းသွင်းနိုင်ပါတယ်။ ကို့ရဲ့ Career ကို တိုးတက်အောင် Linux နဲ့ စတင်လိုက်ပါ!
🌟 CST Community – Together We Learn & We Develop! 🌟
23/01/2025
UCSY မှ Junior များအတွက်သတင်းကောင်းလေးတစ်ခုရှိပါတယ်။🎉🎉
CST Community ကပြီးခဲ့တဲ့သောကြာနေ့ကပြုလုပ်ခဲ့တဲ့ Senior Junior Orientation ကြီးကအောင်မြင်ခဲ့တဲ့အတွက် နောက်တစ်ဆင့်အနေနဲ့ Community မှ Courses လေးတွေသင်ပေးသွားဖို့ရှိပါတယ်။
ကျောင်းမှာအသုံးဝင်တဲ့ courses တွေတင်မဟုတ်ဘဲ real world မှာပါအသုံးဝင်မယ့် အပြင်coursesတွေကိုလဲ အပြင်ကထက်ဈေးနှုန်းအများကြီးချိုပြီးတကယ်တတ်အောင်သင်ပေးဖို့ရည်ရွယ်ချက်နဲ့ အလုပ်အတွေ့အကြုံရှိတဲ့ Seniors တွေကသင်ကြားပေးသွားမှာဖြစ်ပါတယ်။
Courses တွေနဲ့ပက်သက်တဲ့ information တွေကိုတော့နောက်ဆက်တွဲ Community page မှာ posts တွေတင်သွားမှာဖြစ်တဲ့အတွက် page ကို like 👍 & follow ❤️ လေးလုပ်ပေးထားကြပါ။
Send a message to learn more
18/01/2025
မနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ Senior-Junior Orientation နဲ့ပတ်သက်ပြီး ဘယ်လိုအားသာချက်၊ အားနည်းချက်၊ လိုအပ်ချက်တွေ ရှိခဲ့သလဲဆိုတာ ပြောပြပေးကြဖို့ UCSYer အားလုံးကို ဖိတ်ခေါ်ပါရစေနော်။
အတွေးအမြင်၊ ဝေဖန်ထောက်ပြချက်တွေကို comment section မှာ မျှဝေပေးသွားပါဦး။
18/01/2025
မနေ့က CST Community ကနေ ကြီးမှူးကျင်းပတဲ့ Senior-Junior Orientation က ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
14/01/2025
📢 Senior-Junior Orientation ပွဲသို့တက်ရောက်ပေးပါရန်အသိပေးကြေညာချက်📢
UCSY ကျောင်းသားများဆီသို့,
လာမည့် သောကြာနေ့ (၁၇.၁.၂၀၂၅) တွင် Theatre- B ၌ကျင်းပမည့် Senior-Junior Orientation ပွဲသို့ တက်ရောက်ပေးပါရင် လှိုက်လှဲစွာဖိတ်ကြားလိုက်ရပါတယ်ခင်ဗျာ။
📅 Date: Friday (17.1.2025)
⏰ Time: 10:00 AM to 12:00 PM
📍 Venue: Theatre B
မိမိတို့ရဲ့ပညာရေးလမ်းခရီးကိုလွယ်လွယ်ကူကူလျှောက်လှမ်းနိုင်ရန် လိုအပ်ချက်များစွာကို ဖြည့်ဆည်းပေးဖို့ရည်ရွယ်ထားတာကြောင့်အခွင့်အရေးကိုလက်လွှတ်မခံကြဖို့တိုက်တွန်းလိုက်ရပါတယ်။ အားလုံးပဲ Orientation နေ့၌ ဆုံဆည်းကြရအောင်ပါခင်ဗျာ။
13/01/2025
UCSY မှအနာဂတ် IT ပညာရှင်များအားလုံး မဂ်လာပါခင်ဗျာ။
ကိုယ်က UCSY ကျောင်းတော်ကြီးကိုအိပ်မက်တွေနဲ့ရောက်လာပြီးမှ
-လမ်းပျောက်နေတယ်လို့ထင်တဲ့ Juniorsလေးတွေ၊
-ကိုယ့် passion ကို career ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာမသိသေးတဲ့သူတွေ၊
-ကိုယ်တတ်ထားတဲ့ပညာကိုဖလှယ်ချင်ပေမယ့်အခွင့်အလမ်းမရှိသလိုဖြစ်နေတယ်ဆိုရင်…
တစ်ခေတ်တစ်ခါက UCSY မှာအသစ်ရောက်ရှိလာတဲ့ကျောင်းသားကျောင်းသူတွေကို IT နဲ့ပက်သတ်တာတွေ guide လုပ်ပေးချင်လို့ senior ကိုကိုမမတွေ သီးသန့်ဖွဲ့ထားတဲ့အဖွဲ့ကြီးတစ်ခုရှိခဲ့တယ်ဆိုတာသိကြလား?
ဟုတ်ပါတယ်!!
အကြောင်းအမျိုးမျိုးကြောင့်ရပ်တန့်လိုက်ရတဲ့ Computer Science & Technology Community ကြီးကိုဒီနှစ်မှာပြန်လည်အသက်သွင်းလိုက်ပြီဖြစ်ကြောင်းဝမ်းမြောက်အားရစွာကြေညာလိုက်ပါတယ်။
အကိုတို့ CST Community မှာဆိုရင်တော့ IT ပိုင်းမှာ- 1. ပညာရေးပိုင်းအရကော၊ 2. အပြင်အလုပ်အတွေ့အကြုံအရကော လုံလောက်စွာကျွမ်းကျင်တဲ့ UCSY က seniors တွေနဲ့ဖွဲ့စည်းထားတာကြောင့်မို့-
-ကျောင်းမှာသင်တဲ့ subjectsတွေ အတွက်လိုအပ်တဲ့အကူအညီတွေအပြင်၊
-Tech လောကထဲကိုတကယ်ဝင်ချင်တယ်ဆိုတဲ့ Juniors တွေအတွက်လိုအပ်တဲ့ informations တွေကို..
guide လုပ်ပေးတာ၊ Learning platforms တွေကိုညွှန်ကြားပေးခြင်းတို့သာမက သက်ဆိုင်ရာနယ်ပယ်မှာကျွမ်းကျင်တဲ့ seniorsတွေက Short courses၊ Bootcamp လေးများပါလုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။
-အကယ်၍များ IT ဆိုတာကြီးကသင့်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေပြီလို့ခံစားမိပါက CST community ရှိလာပြီ မိတ်ဆွေတို့တွေစိတ်အေးလို့ရပြီနော်။
လွယ်လွယ်ကူကူနဲ့ပျော်ပျော်ရွှင်ရွှင်သင်ယူနားလည်စေချင်တယ်ဆိုရင် အကိုတို့ CST Communityကို မည်သူမဆိုလာ join လို့ရပါတယ်ခင်ဗျာ။ အကိုတို့ communityမှာက အဓိကအားဖြင့်-
1. Tech Discussions - Share knowledge, ask questions, and get answers!
2. Project Collab - Team up and build something awesome!
3. Workshops & Events - Hands-on learning, from networking to AI!
4. Memes & Fun - Because debugging is better with a little laughter!
စတဲ့ activities တွေကိုပြုလုပ်သွားမှာဖြစ်တဲ့အတွက်ကြောင့် knowledge လဲရ၊ fun လဲဝဖြစ်မှာသေချာတယ်နော်။
ဒါကြောင့်အခုပဲအကိုတို့ page လေးကို
like & follow လေးလုပ်ထားမှ
နောက်လာမယ့် events တွေကိုအချိန်နဲ့တပြေးညီ ညီလေးတို့၊ ညီမလေးတို့သိနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။
Lets Learn & Have Fun Together.