Thit Kyate KNEC

  • Home
  • Thit Kyate KNEC

Thit Kyate KNEC In this page, you can find out what we are doing.

ကျောင်းအုပ်ကြီးရုံးခန်းနောက်က သရက်ပင်ကပြောတယ်။ ငါ့သရက်သီးတွေလည်း ကြီးလာနေပြီကွ။ သူတို့တွေ တစ်နှစ်ပတ်လုံး ငါ့သစ်ရွက်ကြွေတ...
25/03/2026

ကျောင်းအုပ်ကြီးရုံးခန်းနောက်က သရက်ပင်ကပြောတယ်။
ငါ့သရက်သီးတွေလည်း ကြီးလာနေပြီကွ။
သူတို့တွေ တစ်နှစ်ပတ်လုံး ငါ့သစ်ရွက်ကြွေတွေကို ကောက်ယူလှဲကျင်းပေးပြီး သန့်ရှင်းရေးအမြဲလုပ်နေခဲ့တာ။ ကျေးဇူးတင်တဲ့အနေနဲ့ ငါ့သီးကင်းတွေကို စားစေချင်လိုက်တာ။ ငါလည်း ကလေးတွေကို အရမ်းလွမ်းတာပဲ တဲ့။

ယောက်ျားလေးအိမ်သာနောက်က သင်္ဘောပင်ကြီးကလည်းပြောတယ်။
ငါလည်း လွမ်းပေမယ့် စိတ်ချမ်းသာရပါတယ်။ ဘာလို့ဆို ကလေးတွေက ငါ့အသီးကို ခဏခဏခူးစားကြတယ်လေ။ လိုသလောက်ပဲ ဆွတ်ယူပြီး အကုန်ကုန်အောင်စားကြတာမြင်တော့ ငါ အရမ်းစိတ်ချမ်းသာတာပေါ့။ အခုလည်း သူတို့မရှိတဲ့ခဏ ငါ အားမွေးပြီး ငါ့အသီးတွေ ကြီးရင့်လာအောင် လုပ်ထားမယ်။ ဒါမှ သူတို့ပြန်လာရင် ငါ့ကိုမြင်တာနဲ့ အရမ်း ပျော်သွားကြမှာ တဲ့။

ဇီဝဝါငုတ်တိုလေးက တခြားအပင်တွေကို ပြောတယ်။
ကလေးတွေ ငါ့ကို သေသေချာချာစိုက်ခဲ့ပေမယ့် ငါ ရှင်ပါ့မလား မသိတော့ဘူး။ ငါလည်း မင်းတို့လိုပဲ ငါ့ရဲ့ရှင်သန်မှုနဲ့ သူတို့ကိုကြိုချင်လိုက်တာ။ ငါ ရှင်သန်ဖို့အားယူနေတုန်းမှာ ကျောင်းပိတ်သွားတော့ ငါ ရေဆာတယ်။ ငါရေမဝဘူး။ ဒီမှာရှိနေသေးတဲ့ ဆရာ၊ ဆရာမတွေကလည်း သူတို့အလုပ်နဲ့သူတို့ရှုပ်နေတော့ ငါ့ကို ဂရုမစိုက်အားကြဘူးလေ။ ငါလည်း ရှင်သန်ချင်ပါတယ်။ ငါလည်း ကလေးတွေကို လွမ်းပါတယ် တဲ့။

ကဲ ငါ့ကောင်တို့ရေ။ အရမ်းကြီးလည်း Drama မခင်းကြပါနဲ့ကွာ။
နွေရာသီရောက်လာပြီမို့ ကလေးတွေကို အပြင်အရမ်းမထွက်ဖို့။
ထွက်ခဲ့ရင်လည်း ဦးထုပ်တွေ၊ ထီးတွေ ဆောင်းဖို့။
လက်ရှည်တွေဝတ်ဖို့။
ဝတ်တဲ့အရောင်ကလည်း အပူကို မစုပ်ယူတဲ့ အရောင်ဖျော့ဖျော့လေးတွေ အရောင်နုနုလေးတွေဝတ်ဖို့။
ချွေးတွေကို စုပ်ယူနိုင်တဲ့ ချည်သားအေးအေးလေးတွေ ဝတ်ဖို့။
ဂိမ်းအရမ်းမဆော့ဖို့။
အချိန်မှန်မှန်အိပ်ဖို့။
လိမ်လိမ်မာမာနေဖို့။
အဲ့ဒါတွေလည်း မှာကြပါဦး။
လွမ်းတဲ့အကြောင်းပဲ ပြောမနေကြပါနဲ့ဟ လို့ အသက်ကြီးကြီးနဲ့ အလံတိုင်ကြီးက ယိုင်နဲ့နဲ့ကြီးရပ်နေရင်းနဲ့ပြောတယ်။

သူ့ခြေရင်းက ရွက်လှပင်လေးတွေက ပြန်ပြောတယ်။ စိတ်ချစမ်းပါဗျာ။ ကလေးတွေက လိမ္မာပြီးသားပါ။ အဲ့လို လိမ္မာကြတဲ့ ကလေးတွေမို့ ကျုပ်တို့က လွမ်းနေရတာပေါ့ဗျာ တဲ့။

ပဉ္စမတန်း ဘေးက ယမနေပင်က ပြောတယ်။ ဘဝင်လေဟပ်တဲ့ လေသံနဲ့။ ဟဟ။ ငါက စောစောကြိုပွင့်တော့ ငါ့ရဲ့ပွင့်ကြွေတွေကို ကလေးတွေ ကောက်ယူ...
25/03/2026

ပဉ္စမတန်း ဘေးက ယမနေပင်က ပြောတယ်။
ဘဝင်လေဟပ်တဲ့ လေသံနဲ့။
ဟဟ။ ငါက စောစောကြိုပွင့်တော့ ငါ့ရဲ့ပွင့်ကြွေတွေကို ကလေးတွေ ကောက်ယူနမ်းရှိုက်ကြတယ်လေ။ ငါအရမ်းပျော်တာပဲ။ ပြီးတော့ ငါ့ပန်းနံ့ကလည်း လေယူရာသင်းနေတော့ ဆရာ၊ ဆရာမတွေရဲ့ စိတ်ကိုလည်း ညှို့ယူနိုင်ခဲ့သေးဗျာ။ ဘာပဲဖြစ်ဖြစ်ပါ ငါလည်း မင်းတို့လိုပဲ ကလေးတွေကို လွမ်းတယ် တဲ့။

ဧကာဒသမတန်းရှေ့က ဂုဏ်တော်ပန်းအုံ (လေးကျွန်းစကြ်ာပန်းအုံ) ကပြောတယ်။ ငါလည်း တူတူပါပဲကွာ။ ကလေးတွေလောင်းပေးတဲ့ ရေကြောင့် ငါအစ...
25/03/2026

ဧကာဒသမတန်းရှေ့က ဂုဏ်တော်ပန်းအုံ (လေးကျွန်းစကြ်ာပန်းအုံ) ကပြောတယ်။
ငါလည်း တူတူပါပဲကွာ။
ကလေးတွေလောင်းပေးတဲ့ ရေကြောင့် ငါအစွမ်းကုန် ဖူးပွင့်ခဲ့ရပေမယ့် ကျေးဇူးတင်စကားတောင် မဆိုလိုက်ရဘူး။ ငါ ကလေးတွေရဲ့ ဆူဆူညံညံ ဆော့ကစားသံကို လွမ်းတယ် တဲ့။

ဆရာ၊ ဆရာမ နားနေခန်းနောက်က ဇပြွန်းပင်ကြီးကပြောတယ်။ကျောင်းပိတ်ချိန်ရောက်မှ ပွင့်ရတဲ့ ငါ့အလှကို ကျောင်းသူကျောင်းသားတွေ တစ်ခ...
25/03/2026

ဆရာ၊ ဆရာမ နားနေခန်းနောက်က ဇပြွန်းပင်ကြီးကပြောတယ်။
ကျောင်းပိတ်ချိန်ရောက်မှ ပွင့်ရတဲ့ ငါ့အလှကို ကျောင်းသူကျောင်းသားတွေ တစ်ခါမှ မမြင်ဖူးကြဘူး။ ငါ့ရဲ့အလှဆုံးအချိန်ကို မြင်ဖူးစေချင်လိုက်တာ။ ပြီးတော့ ငါ ကျောင်းသားတွေရဲ့ စာအံသံကို လွမ်းတယ် တဲ့။

10/03/2026

သိကျိတ်ကျောင်းသင်္ကြန်ပွဲတော် အမှတ်တရ။
နုတ်ခွန်းဆက် သီချင်းဖြင့် ကျောင်းသင်္ကြန်ပိတ်သိမ်းခြင်း။

သိကျိတ်ကျောင်းတွင်းသင်္ကြန်ပွဲတော်အမှတ်တရပုံရိပ်များ။အပိုင်း ၄
10/03/2026

သိကျိတ်ကျောင်းတွင်းသင်္ကြန်ပွဲတော်အမှတ်တရပုံရိပ်များ။
အပိုင်း ၄

သိကျိတ် ကျောင်းတွင်းသင်္ကြန်ပွဲအမှတ်တရပုံရိပ်များ။အပိုင်း - ၃ #မန်းတောင်ရိပ်ခို  #ပိတောက်လက်ဆောင်  #သင်္ကြန်မိုး    #နွေ...
10/03/2026

သိကျိတ် ကျောင်းတွင်းသင်္ကြန်ပွဲအမှတ်တရပုံရိပ်များ။
အပိုင်း - ၃

#မန်းတောင်ရိပ်ခို #ပိတောက်လက်ဆောင် #သင်္ကြန်မိုး #နွေဦးကဗျာ

09/03/2026

သိကျိတ်ကျောင်းင်္သကြန်ပွဲ။
ပျော်ရွှင်စွာ ရေကစားနေကြသော ကျောင်းသားကျောင်းသူများ။
#ပိတောက်လက်ဆောင် #မန်းတောင်ရိပ်ခို #နွေဦးကဗျာ #သင်္ကြန်မိုး

သိကျိတ် ကျောင်းင်္သကြန်ပွဲ အမှတ်တရ ပုံရိပ်များ။အပိုင်း ၂ #မန်းတောင်ရိပ်ခို  #သင်္ကြန်မိုး  #နွေဦးကဗျာ    #ပိတောက်လက်ဆောင...
09/03/2026

သိကျိတ် ကျောင်းင်္သကြန်ပွဲ အမှတ်တရ ပုံရိပ်များ။

အပိုင်း ၂

#မန်းတောင်ရိပ်ခို #သင်္ကြန်မိုး #နွေဦးကဗျာ #ပိတောက်လက်ဆောင်

09/03/2026

ဆရာ၊ ဆရာမများ၏ ဖျော်ဖြေတင်ဆက်မှု။

🥰🥰🥰
#နွေဦးကဗျာ #မန်းတောင်ရိပ်ခို #ပိတောက်လက်ဆောင် #သင်္ကြန်မိုး

09/03/2026

G-10 ကျောင်းသားကျောင်းသူများ၏ သံချပ်။

ချစ်စရာကောင်းကြတဲ့ အတိုင်နဲ့ အဖောက်ကလေးများ။

ရေးသူ - မူငယ်ဦး။
#သင်္ကြန်မိုး #ပိတောက်လက်ဆောင် #နွေဦးကဗျာ #မန်းတောင်ရိပ်ခို

သိကျိတ်ကျောင်းတွင်းင်္သကြန်အမှတ်တရပုံရိပ်များ။ 07.03.2026 (SAT)   #နွေဦးကဗျာ  #ပိတောက်လက်ဆောင်  #သင်္ကြန်မိုး  #မန်းတောင...
08/03/2026

သိကျိတ်ကျောင်းတွင်းင်္သကြန်အမှတ်တရပုံရိပ်များ။
07.03.2026 (SAT)

#နွေဦးကဗျာ #ပိတောက်လက်ဆောင် #သင်္ကြန်မိုး #မန်းတောင်ရိပ်ခို

Address

PEKHON, SHAN STATE

Opening Hours

Monday 08:00 - 05:00
Tuesday 08:00 - 05:00
Wednesday 08:00 - 05:00
Thursday 08:00 - 05:00
Friday 08:00 - 05:00

Website

Alerts

Be the first to know and let us send you an email when Thit Kyate KNEC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Thit Kyate KNEC:

Shortcuts

  • Want your school to be the top-listed School/college?

Share