Kindness Garden Education Center-KGEC

Kindness Garden Education Center-KGEC

Share

Quality education for students with happy learning environment

09/05/2025

လိမ်မာပြီး စာကြိုးစားတဲ့ ကလေးလေးတွေ။ စာသင်ရတာ စိတ်ကိုချမ်းသာနေရော 🥰🥰

19/04/2025

Children learn best when they like their teacher and they think their teacher likes them.
ဆိုတာလေးဖတ်ပြီး ကလေးတစ်ယောက်အတွက် သင်ရိုးညွှန်းတမ်းကောင်းတစ်ခုလိုအပ်သလို သူ့ကိုသင်ကြားပေးမဲ့ဆရာနဲ့ကြား connectionကောင်းတစ်ခုရှိဖို့လည်း လိုအပ်ပါတယ်။ အဲ့အရာကတော့ ဆရာနဲ့တပည့်ကြားက ချစ်ခြင်းမေတ္တာပါပဲ။ စာသင်ခန်းထဲမှာ ဆရာနဲ့တပည့် ဆက်ဆံရေး အဆင်ပြေနေရင် ကလေးတွေလည်း သင်ကြားသင်ယူမှုအပေါ်ပိုမိုမြတ်နိုးပြီး ပိုမိုကောင်းမွန်သောရလဒ်တွေထွက်လာမယ်လို့ ယုံကြည်ပါတယ်။

18/03/2025

ဒီနေ့ Grade 12 အင်္ဂလိပ်စာမေးခွန်းခက်တာနဲ့ပတ်သက်ပြီး ကလေးတွေနဲ့ပတ်သက်လို့ စဉ်းစားမိတာက အခြေခံကောင်းကောင်းလိုအပ်တယ်ဆိုတာပါပဲ။ subjectဖြစ်စေ၊ languageဖြစ်စေ conceptတစ်ခုက ရေရေလည်လည်နားလည်ရင် လေ့လာရအဆင်ပြေပါတယ်။ အထက်တန်းအဆင့်မှာ
ထူးချွန်ဖ်ို့ဆို မူလတန်းနဲ့အလယ်တန်းမှာ အခြေခံကောင်းကောင်းပါလာဖို့လိုအပ်ပါတယ်။ မိဘတွေအနေနဲ့လည်း အထက်တန်းရောက်မှပုံပြီးပံ့ပိုးတာထက်
မူလတန်းထဲက ကလေးပညာရေးကို သေချာလေးပံ့ပိုးပေးရင် ပိုပြီးတော့effectiveဖြစ်မယ်လို့ ယုံကြည်ပါတယ်။

Photos from Kindness Garden Education Center-KGEC's post 05/10/2024

Happy World Teachers’ Day 💗
သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများအားရိုသေစွာကန်တော့လျက်ပါ။
ဆရာအလုပ်ဆိုတာ နှလုံးသားမှလာသည့်ချစ်ခြင်းမေတ္တာများနှင့် ဦးနှောက်မှလာသည့်ဥာဏ်ပညာတို့ပေါင်းစပ်ကာ ကလေး၊လူငယ်များအား အနာဂတ်တွင်ကိုယ်ကျင့်တရားကောင်းမွန်ပြီး ဥာဏ်ရည်မြင့်မားသည့် လူတော်လူကောင်းများဖြစ်လာစေရန် သွန်သင်လမ်းညွှန်ပြသဆုံမပေးရသည့် မြင့်မြတ်သည့်အသက်မွေးဝမ်းကြောင်းပင်ဖြစ်သည်။ ဆရာဟူသည် တပည့်တွေမိမိထက်ပိုတော်ပိုကောင်းပြီး ကောင်းမွန်သည့်လမ်းကြောင်းပေါ်ရောက်လျှင်ကျေနပ်ပီတိဖြစ်ရသည်။ လမ်းမှားပေါ်ရောက်နေလျှင်လည်း အမုန်းခံဆုံးမတတ်သူတွေဖြစ်သည်။ မြတ်ဆရာ သီချင်းထဲမှ ‘တုတ်ကလေးပြကာပြကာ မရိုက်ရက်သော်လည်း ‘ ဆိုသည့်အတိုင်း မရိုက်ရက်သူတွေဖြစ်သည်။ ရိုက်မိပြီးလျှင်လည်းရင်ထဲစိတ်မကောင်းတာဆရာတွေသာဖြစ်သည်။ ဘဝတွင်လမ်းကြောင်းအမှန်ပေါ်ရောက်အောင်ဆုံးမပဲ့ပြင်သွန်သင်ပေးခဲ့သော လက်ဦးဆရာမိဘနှစ်ပါးနှင့် သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများအားလုံးကိုကျေးဇူးတင်ဂါရဝပြုလိုက်ပါသည်။မိမိကိုယ်တိုင်ဆရာတစ်ယောက်ဖြစ်လာချိန်တွင်လည်း ကျင့်ဝတ်သိက္ခာနှင့်လျော်ညီသော၊တပည့်များအတွက်စံနမူနာယူထ်ိုက်သောဆရာကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေထိုင်မယ်လို့ ဆုံးဖြတ်ထားပါသည်။

08/09/2024

Young learners English Class 💗💗
Song name - If you’re happy …

Photos from Kindness Garden Education Center-KGEC's post 04/08/2024

KGEC family 💗

01/08/2024

We are looking for a qualified teaching guide who are passionate about teaching for grade 11 curriculum. Send us your CV to [email protected].
Contact - 09799917399, 09768577310

09/06/2024

Young Learner English Class 💗💗
Song name - Put your hands up in the air

Photos from Kindness Garden Education Center-KGEC's post 30/05/2024

We had a wonderful time in this summer 💛
Love you all 💛

Photos from Kindness Garden Education Center-KGEC's post 29/05/2024

KGECမှ ဆရာ‌ေဇယျာလင်းမွေးနေ့ အမှတ်တရ🎉ချစ်တပည့်လေးများနဲ့ ကြာဇံကြော်ပါတီ 💗

28/05/2024

ညဘက် စာသင်၊စာကျက်အတန်းမှ ကလေးငယ်များ၏ ကြိုးစားမှု 💗

Want your school to be the top-listed School/college?

Telephone

Website