10/02/2025
✨"ထူးထူးခြားခြား...ကမ္ဘာ့မြန်မာ့အရေးများ" 🎁
......................................................................................
🙏 ECMI လူငယ်လူရွယ်များ အားလုံးမင်္ဂလာပါ...🙏
ESC Myanmar Institute မှကြိုဆိုပါတယ်...
🎁 ESCMI ရဲ့ ဒီတစ်ပတ် "Sunday လေထန်ကုန်း" မှာတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့မြန်မာ့နိုင်ငံအရေးတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီတပတ်မှာတော့ "ထူးထူးခြားခြား...ကမ္ဘာ့မြန်မာ့အရေးများ" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ကျွန်တော်တို့ လေထန်ကုန်အဖွဲ့သားတွေက မိမိနားလည်ထားတဲ့ပုံစံလေးတွေနဲ့ မျှဝေသွားကြမှာ ဖြစ်ပါတယ်။
🎁 အားလုံးသိကြတဲ့အတိုင်းပဲ ကမ္ဘာနှင့်အဝန်း လက်ရှိအခြေအနေအတွေဟာ အပြောင်းအလဲတွေများစွာဖြစ်ပေါ်နေပြီး ဘာတွေဘယ်လိုဖြစ်လာမလဲဆိုတာအတော်မှန်းဆရခက်ပါတယ်။ ကမ္ဘ့ာမြန်မာ့ရဲ့ လက်ရှိဘာတွေဖြစ်နေလဲ? ဒီအပြောင်းအလဲတွေကနေ ဘာတွေဖြစ်လာမလဲ? ကောင်းကျိုးဆိုးကျိုးဘာတွေရှိနိုင်မလဲ? ဆိုတာတွေကို ဒီတပတ်မှာတော့ ESC ဝိုင်းတော်သားတွေ ပါဝင်ဆွေးနွေးကြမှာဖြစ်တာမို့ ဘာတွေဘယ်လိုပြောကြမလဲဆိုတာကို ဒီည 8:30 နာရီ (မြန်မာစံတော်ချိန်) မှာ ဆုံကြရအောင်ပါ။
🎁 ဒီအပတ်အစီအစဉ်မှာ ပါ၀င်မျှဝေသွားမယ့် ဆရာ၊ ဆရာမများကတော့ -
✅ Speaker-1. Ei Shwe Sin (Academic Researcher)
✅ Speaker-2. Sai Hein Htet Oo (Development Analysis)
✅ Speaker-3. Zin Naing Linn Tun (Social Entrepreneur)
🎁 ယခုအစီအစဉ်မှ နေ၍လူငယ်၊ လူရွယ်များအတွက် အကျိုးရှိစေမယ်လို့ ယုံကြည်မိပါတယ်။ ယခုအစီအစဉ်ကို FIP Development Institute ၏ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
🎁 ကျနော်တို့ ESCMI ရဲ့ အရွေ့တခုဟာ လူငယ်လူရွယ်တွေရဲ့အရည်အချင်း မြှင့်တင်နိုင်မှုအတွက် အထောက်အပံ့တစ်ခုဖြစ်စေမယ်အပြင် ဖွံ့ဖြိုးရေးအစီအစဉ်များကိုလည်း စတင်ဆောင်ရွက်တော့မှာ ဖြစ်တာမို့ ဘယ်လိုအစီအစဉ်အသစ်သစ်တွေနဲ့ တိုင်းရင်းသားအရေး၊ လူငယ်လူရွယ်တွေနှင့် အမျိုးသမီးတွေကို ပံ့ပိုးကူညီ စွမ်းဆောင်ရည်မြှင့်တင်ပေးမှုတွေကို လုပ်ဆောင်မလဲဆိုတာသိရအောင် Like & Follow လေးလုပ်ထားကြဖို့ တိုက်တွန်းအပ်ပါတယ်။
"The Learning Hub for Every Young...Everyone"
နွေးထွေးစွာဖြင့်
Team ESCMI
#ထူးထူးခြားခြား_ကမ္ဘာ့မြန်မာ့အရေးများ
ေထန်ကုန်း
02/02/2025
✨ "ထရမ့်အချက်...ကမ္ဘာအခက်" 🎁
......................................................................................
🙏 ESCers များအားလုံးမင်္ဂလာပါ...🙏
ESC Myanmar Institute မှကြိုဆိုပါတယ်...
🎁 ESCMI ရဲ့ ဒီတစ်ပတ် "Sunday လေထန်ကုန်း" မှာတော့ မျက်မှောက်ရေးရာကြုံတွေ့နေရတဲ့ အမေရိကန်နိုင်ငံရဲ့မူဝါဒတွေနဲ့ သက်ရောက်မှုများအကြောင်းကို "ထရမ့်အချက်...ကမ္ဘာအခက်" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ မိမိနားလည်ထားတဲ့ပုံစံ၊ ရှု့ထောင့်လေးတွေကို မျှဝေသွားကြမှာ ဖြစ်ပါတယ်။ အားလုံးပဲသိကြတဲ့အတိုင်း လက်ရှိအမေရိကန်သမ္မတအပြောင်းအလဲက အားလုံးကို အံ့သြသင့်စေပြီး သူ့ရဲ့မူဝါဒအသစ်များက အများထင်မထားခဲ့တဲ့အခြေအနေ ဖြစ်ပါတယ်။
🎁 ဒီအမေရိကန်မူဝါဒအသစ်တွေက ကမ္ဘာကို ဘာတွေပြနေလဲ? ဘာတွေပြောနေလဲ? ဘယ်လိုသတင်းစကားတွေပေးနေလဲ? ဘယ်လိုအခြေအနေတွေဖြစ်ပေါ်စေလဲ? ဆိုတာတွေကို ဒီတပတ်မှာတော့ ESC ဝိုင်းတော်သားတွေ ပါဝင်ဆွေးနွေးကြမှာဖြစ်တာမို့ ဒီည ၈နာရီ (မြန်မာစံတော်ချိန်) မှာ ဆုံကြရအောင်ပါ။
🎁 ဒီအပတ်အစီအစဉ်မှာ ပါ၀င်မျှဝေသွားမယ့် ဆရာများကတော့ -
✅ Speaker-1. Chit Min ( Community Advocator)
✅ Speaker-2. Sai Hein Htet Oo(Development Analysis)
✅ Speaker-3. Zin Naing Linn Tun (Social Entrepreneur)
🎁 ယခုအစီအစဉ်မှနေ၍ လူငယ်၊ လူရွယ်များအတွက် အကျိုးရှိစေမယ်လို့ ယုံကြည်မိပါတယ်။ ယခုအစီအစဉ်ကို FIP Development Institute နှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။
🎁 ကျနော်တို့ ESCMI ရဲ့ အရွေ့တခုဟာ လူငယ်လူရွယ်တွေရဲ့အရည်အချင်း မြှင့်တင်နိုင်မှုအတွက် အထောက်အပံ့တစ်ခုဖြစ်စေမယ်အပြင် ဖွံ့ဖြိုးရေးအစီအစဉ်များကိုလည်း စတင်ဆောင်ရွက်တော့မှာ ဖြစ်တာမို့ ဘယ်လိုအစီအစဉ်အသစ်သစ်တွေနဲ့ တိုင်းရင်းသားအရေး၊ လူငယ်လူရွယ်တွေနှင့် အမျိုးသမီးတွေကို ပံ့ပိုးကူညီ စွမ်းဆောင်ရည်မြှင့်တင်ပေးမှုတွေကို လုပ်ဆောင်မလဲဆိုတာသိရအောင် Like & Follow လေးလုပ်ထားကြဖို့ တိုက်တွန်းအပ်ပါတယ်။
"The Learning Hub for Every Young...Everyone"
နွေးထွေးစွာဖြင့်
ESCMI-FIP
#ထရမ့်အချက်_ကမ္ဘာအခက်
ေထန်ကုန်း
14/12/2024
✨ "ဆီးရီးယားကပေးသော...သတင်းစကား" 🎁
......................................................................................
🙏 ECMI ကျောင်းသား၊သူများ အားလုံးမင်္ဂလာပါ...🙏
ESC Myanmar Institute မှကြိုဆိုပါတယ်...
🎁 ESCMI ရဲ့ ဒီတစ်ပတ် "Sunday လေထန်ကုန်း" မှာတော့ မျက်မှောက်ရေးရာကြုံတွေ့နေရတဲ့ "ဆီးရီးယားကပေးသော...သတင်းစကား" ဆိုတဲ့ အကြောင်းအရာလေးကို မိမိနားလည်ထားတဲ့ပုံစံလေးတွေနဲ့ မျှဝေသွားကြမှာ ဖြစ်ပါတယ်။ အားလုံးပဲသိကြတဲ့အတိုင်း လက်ရှိ ဆီးရီးယားအပြောင်းအလဲက အားလုံးကို အံ့သြသင့်စေပြီး အများထင်မထားခဲ့တဲ့အခြေအနေ ဖြစ်ပါတယ်တယ်။
🎁 ဒီဆီးရီးယားနိုင်ငံအခြေအနေက ကမ္ဘာကို ဘာတွေပြနေလဲ? ဘာတွေပြောနေလဲ? ဘယ်လိုသတင်းစကားတွေပေးနေလဲ? ဘယ်လိုတွေကောက်ချက်ဆွဲနေလဲ? ဆိုတာတွေကို ဒီတပတ်မှာတော့ ESC ဝိုင်းတော်သားတွေ ပါဝင်ဆွေးနွေးကြမှာဖြစ်တာမို့ ဘာတွေဘယ်လိုပြောကြမလဲဆိုတာကို ဒီည ၈နာရီ (မြန်မာစံတော်ချိန်) မှာ ဆုံကြရအောင်ပါ။
🎁 ဒီအပတ်အစီအစဉ်မှာ ပါ၀င်မျှဝေသွားမယ့် ဆရာ၊ ဆရာမများကတော့ -
✅ Speaker-1. Chit Min ( Community Advocator)
✅ Speaker-2. Phyo Phyo Thein (Communication Expert)
✅ Speaker-3. Zin Naing Linn Tun (Social Entrepreneur)
🎁 ယခုအစီအစဉ်မှ နေ၍လူငယ်၊ လူရွယ်များအတွက် အကျိုးရှိစေမယ်လို့ ယုံကြည်မိပါတယ်။ ယခုအစီအစဉ်ကို FIP Development Institute ၏ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
🎁 ကျနော်တို့ ESCMI ရဲ့ အရွေ့တခုဟာ လူငယ်လူရွယ်တွေရဲ့အရည်အချင်း မြှင့်တင်နိုင်မှုအတွက် အထောက်အပံ့တစ်ခုဖြစ်စေမယ်အပြင် ဖွံ့ဖြိုးရေးအစီအစဉ်များကိုလည်း စတင်ဆောင်ရွက်တော့မှာ ဖြစ်တာမို့ ဘယ်လိုအစီအစဉ်အသစ်သစ်တွေနဲ့ တိုင်းရင်းသားအရေး၊ လူငယ်လူရွယ်တွေနှင့် အမျိုးသမီးတွေကို ပံ့ပိုးကူညီ စွမ်းဆောင်ရည်မြှင့်တင်ပေးမှုတွေကို လုပ်ဆောင်မလဲဆိုတာသိရအောင် Like & Follow လေးလုပ်ထားကြဖို့ တိုက်တွန်းအပ်ပါတယ်။
"The Learning Hub for Every Young...Everyone"
နွေးထွေးစွာဖြင့်
ESCMI-FIP
#ဆီးရီးယားကပေးသော...သတင်းစကား
ေထန်ကုန်း
10/11/2024
🏛️ "USသမ္မတအပြောင်းအလဲနှင့်... သက်ရောက်မှုများ" 🏛️
...........................................................................................................
🙏 ECMI ကျောင်းသား၊သူများ အားလုံးမင်္ဂလာပါ...🙏
ESC Myanmar Institute မှကြိုဆိုပါတယ်...
🏛️ ESCMI ရဲ့ ဒီတစ်ပတ် "Sunday လေထန်ကုန်း" မှာတော့ "USသမ္မတအပြောင်းအလဲနှင့်...သက်ရောက်မှုများ"- ဆိုတဲ့ အကြောင်းအရာလေးကို မိမိနားလည်ထားတဲ့ပုံစံလေးတွေနဲ့ မျှဝေသွားကြမှာ ဖြစ်ပါတယ်။ အားလုံးပဲသိကြတဲ့အတိုင်း အမေရိကန်နိုင်ငံဆိုတာ ကမ္ဘာပေါ်မှာအကြီးဆုံး၊ အင်အားအကြီးဆုံးဖြစ်သလို ကမ္ဘာ့နိုင်ငံအရေးတွေကို စိုးမိုးတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။
🏛️ ဒီနိုင်ငံရဲ့ ခေါင်းဆောင်အပြောင်းအလဲဟာ တကမ္ဘာလုံးအပေါ်သက်ရောက်မှုရှိပြီး အခက်အခဲအကျပ်အတည်းတွေနဲ့ လက်ရှိမြန်မာနိုင်ငံအရေးကိုလည်း သက်ရောက်မှုတွေ ရှိနေမှာအမှန်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ popular ဖြစ်နေတဲ့ ဒီအကြောင်းအရာကို ESC ဝိုင်းတော်သားတွေ ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတာမို့ ဘာတွေဘယ်လိုပြောကြမလဲဆိုတာကို ဒီညနေ ၇နာရီ (မြန်မာစံတော်ချိန်) မှာ ဆုံကြရအောင်ပါ။
🏛️ ဒီအပတ်အစီအစဉ်မှာ ပါ၀င်မျှဝေသွားမယ့် ဆရာ၊ ဆရာမများကတော့ -
✅ Speaker-1. Chit Min ( Community Advocator)
✅ Speaker-2. Ei Shwe Sin (Academic Researcher)
✅ Speaker-3. Zin Naing Linn Tun (Social Entrepreneur)
✅ Guest Speaker - Sai Hein Htet Oo (Development Analyst)
🏛️ ယခုအစီအစဉ်မှ နေ၍လူငယ်၊ လူရွယ်များအတွက် အကျိုးရှိစေမယ်လို့ ယုံကြည်မိပါတယ်။ ယခုအစီအစဉ်ကို FIP Development Institute ၏ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
🏛️ ကျနော်တို့ ESCMI ရဲ့ အရွေ့တခုဟာ လူငယ်လူရွယ်တွေရဲ့အရည်အချင်း မြှင့်တင်နိုင်မှုအတွက် အထောက်အပံ့တစ်ခုဖြစ်စေမယ်အပြင် ဖွံ့ဖြိုးရေးနှင့် လူမှုရေးအစီအစဉ်များကိုလည်း စတင်ဆောင်ရွက်တော့မှာ ဖြစ်တာမို့ ဘယ်လိုအစီအစဉ်အသစ်သစ်တွေနဲ့တိုင်းရင်းသားအရေး၊ လူငယ်လူရွယ်တွေနှင့် အမျိုးသမီးတွေကို ပံ့ပိုးကူညီမှု၊ စွမ်းဆောင်ရည်မြှင့်တင်ပေးမှုတွေကို လုပ်ဆောင်မလဲဆိုတာသိရအောင် Like & Follow လေးလုပ်ထားကြဖို့ တိုက်တွန်းအပ်ပါတယ်။
နွေးထွေးစွာဖြင့်
ESCMI-FIP
"The Learning Hub for every young...everyone"
ေထန်ကုန်း
06/11/2024
🌍✨ Join Us for the "Bridging Divides" Workshop! ✨🌍
👉 မြန်မာနိုင်ငံတွင် အပြုသဘောဆောင်သော အပြောင်းအလဲအတွက် တွန်းအားတစ်ခုဖြစ်ရန် သင်အဆင်သင့်ဖြစ်နေပြီလား?
👉 သင့်အနေနဲ့လူမှုသဟဇာတဖြစ်မှုကို မြှင့်တင်ရန်၊ ပြည်သူများ ထိတွေ့ဆက်ဆံမှုကို မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံနဲ့မတူကွဲပြားသော ယဉ်ကျေးမှုအခင်းအကျင်းအကြောင်း နက်ရှိုင်းစွာနားလည်သဘောပေါက်ဖို့ သင်ယူလိုပါသလား?
👉 Bridging Divides workshop ဟာ အကောင်အထည်ဖော်ဖို့အချက်အလက်တွေ၊ ဗဟုသုတများနှင့် ပိုမိုစည်းလုံးသော မြန်မာနိုင်ငံဖြစ်ထွန်းလာဖို့ လုပ်ဆောင်နေတဲ့ စိတ်တူကိုယ်တူ လူတစ်ဦးချင်းစီ၏ အသိုက်အဝန်းကိုဆောင်ကျဉ်းပေးနိုင်မယ့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုဖြစ်တယ်။ အဲ့တော့ ဒီအလုပ်ရုံဆွေးနွေးပွဲလေးမှာ ပါဝင်ဖို့အတွက် စိတ်ပါဝင်စားသူ အားလုံးကိုနွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။
✨ Bridging Divides workshop ကိုအောက်ပါအတိုင်း ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
📅 အလုပ်ရုံဆွေးနွေးပွဲကျင်းပမည့်နေ့ : နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ
🕒 ကြာချိန်- တစ်နေ့လျှင် (၂) နာရီ
🌐 ကျင်းပမည့်နေရာ- အွန်လိုင်း (online)
👥 ဘယ်သူတွေ ပါဝင်သင့်သလဲ- လူငယ်ခေါင်းဆောင်များ၊ ကျောင်းသားများနှင့် ပိုမိုပါဝင်နိုင်သော လူ့အဖွဲ့အစည်းကို ဖန်တီးဖို့ စိတ်ဝင်စားသူ တွေပါဝင်နိုင်ပါတယ်။
လျှောက်ထားဖို့အတွက်လင့် - 🔗 Link to Application Form https://forms.gle/rbDEmwHAQZPBNEU59
🌍✨ Join Us for the "Bridging Divides" Workshop! ✨🌍
Are you ready to be a force for positive change in Myanmar? Do you want to learn how to foster social harmony, enhance civic engagement, and deepen your understanding of Myanmar’s diverse cultural landscape? Bridging Divides is an immersive, interactive workshop that offers tools, knowledge, and a community of like-minded individuals all working toward a more unified Myanmar.
📅 Workshop Dates: November 30 – December 2, 2024
🕒 Duration: 2 hours each day
🌐 Location: Online
👥 Who Should Join: Young leaders, students, and anyone dedicated to creating a more inclusive society!
Why Participate?
In Myanmar’s richly diverse society, understanding and appreciating cultural differences is essential to building unity. Our Bridging Divides workshop is designed to: ✅ Build skills in cultural sensitivity to navigate complex social environments
✅ Enhance conflict resolution abilities to address disagreements constructively
✅ Strengthen communication skills to encourage empathy and understanding across diverse communities
✅ Empower participants to become leaders in social harmony and civic engagement
What to Expect?
Day 1: Understanding Myanmar’s Cultural Landscape
Dive deep into the unique traditions, values, and challenges of Myanmar’s various ethnic groups. Through shared stories and reflections, we’ll uncover common threads and explore how each of us can contribute to a more cohesive society.
Day 2: Conflict Resolution & Cultural Sensitivity
Practice role-playing, group discussions, and collaborative exercises to develop skills in empathy, conflict resolution, and effective communication. We’ll focus on creating mutual understanding and respecting each other's perspectives.
Day 3: Community Dialogue & Reflection
Engage in meaningful community dialogues, share insights, and reflect on lessons learned during the workshop. This closing session will empower participants with ways to continue promoting unity and cohesion in their own communities.
How to Apply:
Spaces are limited! Don't miss your chance to join this impactful workshop and become a bridge-builder in Myanmar. Apply by the 27th of November 2024!
🔗 Link to Application Form https://forms.gle/rbDEmwHAQZPBNEU59
With support from YSEALI, we’re excited to Bridge Divides together, building a future grounded in respect, understanding, and shared purpose. We look forward to embarking on this journey with you! We look forward to embarking on this journey with you!
03/11/2024
"Resilience" (ကြံ့ကြံ့ခံခြင်း - ခံနိုင်ရည်ရှိခြင်း) အကြောင်း တစေ့တစောင်း
�အားလုံးမင်္ဂလာပါ...� ESC Myanmar Institute မှကြိုဆိုပါတယ်...
�ESCMI ရဲ့ ဒီတစ်ပတ် "Sunday လေထန်ကုန်း" မှာတော့ "Resilience"- ခံနိုင်ရည်ရှိတယ် ကြံ့ကြံ့ခံနိုင်တယ်ဆိုတဲ့ အကြောင်းအရာလေးကို မိမိနားလည်ထားတဲ့ပုံစံလေးတွေနဲ့ မျှဝေသွားကြမှာ ဖြစ်ပါတယ်။ အခုလို အဖက်ဖက်ကယိုယွင်းနေတဲ့ ကာလကြီးမှာ မြန်မာနိုင်ငံသားတစ်ယောက်အတွက်တော့ ဒီစာလုံးလေးဟာ အတော်ကိုအရေးကြီးလှပြီး အသုံးချဖို့လိုအပ်ပါတယ်။ ဘာတွေဘယ်လိုပြောကြမလဲဆိုတာကို ဒီညနေ ၇နာရီ (မြန်မာစံတော်ချိန်) မှာ ဆုံကြရအောင်ပါ။
� ဒီအပတ်အစီအစဉ်မှာ ပါ၀င်မျှဝေသွားမယ့် ဆရာ၊ ဆရာမများကတော့ -
�Speaker-1. Chit Min ( Community Advocator)
�Speaker-2. Sai Hein Htet Oo (Development Analyst)
�Speaker-3. Phyo Phyo Thein (Communication Expert)
�Supporters. Ei Shwe Sin (Academic Researcher), Zin Naing Linn Tun (Social Entrepreneur)
� ယခုအစီအစဉ်မှ နေ၍လူငယ်၊ လူရွယ်များအတွက် အကျိုးရှိစေမယ်လို့ ယုံကြည်မိပါတယ်။ ယခုအစီအစဉ်ကို FIP Development Institute ၏ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
�ကျနော်တို့ ESCMI ရဲ့ အရွေ့တခုဟာ လူငယ်လူရွယ်တွေရဲ့အရည်အချင်း မြှင့်တင်နိုင်မှုအတွက် အထောက်အပံ့တစ်ခုဖြစ်စေမယ်အပြင် ဖွံ့ဖြိုးရေးနှင့် လူမှုရေးအစီအစဉ်များကိုလည်း စတင်ဆောင်ရွက်တော့မှာ ဖြစ်တာမို့ ဘယ်လိုအစီအစဉ်အသစ်သစ်တွေနဲ့တိုင်းရင်းသားအရေး၊ လူငယ်လူရွယ်တွေနှင့် အမျိုးသမီးတွေကို ပံ့ပိုးကူညီမှု၊ စွမ်းဆောင်ရည်မြှင့်တင်ပေးမှုတွေကို လုပ်ဆောင်မလဲဆိုတာသိရအောင် Like & Follow လေးလုပ်ထားကြဖို့ တိုက်တွန်းအပ်ပါတယ်။ Webinar လေးမှာ ဆုံတွေ့ကြပါစို့......
နွေးထွေးစွာဖြင့်
ESCMI-FIP
"The Learning Hub for every young...everyone"
ေထန်ကုန်း
09/10/2024
⚠️"ရေဘေးအကြောင်း...တစေ့တစောင်း"🌊
🙏အားလုံးမင်္ဂလာပါ...🙏 ESC Myanmar Institute မှကြိုဆိုပါတယ်...
🚩ESCMI ရဲ့ Weekly Online Webinar ကိုခေတ္တရပ်ထားပြီး ကျွန်တော်တို့တွေ အေးအေးဆေးဆေးအလွတ်တမ်း Trend ဖြစ်နေတဲ့အကြောင်းအရာလေးတွေကို တင်ဆက်ပေးဖို့ "Sunday လေထန်ကုန်း" ဆိုတဲ့အစီအစဉ်လေးကို စတင်လိုက်ပါတယ်။ ဒီအစီအစဉ်တွင် အများဗဟုသုတရဖွယ်လေးများကို သက်ဆိုင်ရာအသိပညာရှင်၊ အတတ်ပညာရှင်များဖြင့် မျှဝေသွားဖို့ ဖြစ်ပါတယ်။
💯 ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်သွားမှာဖြစ်ပြီး ၁၃ ရက်နေ့ အောက်တိုဘာ 2024 မှာပြုလုပ်မှာဖြစ်ပါတယ်။ ပါ၀င်မျှဝေသွားမယ့် ဆရာ၊ ဆရာမများကတော့ -
🎯Speaker-1. Chit Min ( Community Advocator)
🎯Speaker-2. Zin Naing Linn Tun (Social Entrepreneur)
🎯Speaker-3. Phyo Phyo Thein (Communication Expert)
♻️ယခုအစီအစဉ်မှ နေ၍လူငယ်၊ လူရွယ်များအတွက် အကျိုးရှိစေမယ်လို့ ယုံကြည်မိပါတယ်။ ယခုအစီအစဉ်ကို FIP Development Institute ၏ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
🚩ကျနော်တို့ ESCMI ရဲ့ အရွေ့တခုဟာ လူငယ်လူရွယ်တွေရဲ့အရည်အချင်း မြှင့်တင်နိုင်မှုအတွက် အထောက်အပံ့တစ်ခုဖြစ်စေမယ်အပြင် ဖွံ့ဖြိုးရေးနှင့် လူမှုရေးအစီအစဉ်များကိုလည်း စတင်ဆောင်ရွက်တော့မှာ ဖြစ်တာမို့ ဘယ်လိုအစီအစဉ်အသစ်သစ်တွေနဲ့တိုင်းရင်းသားအရေး၊ လူငယ်လူရွယ်တွေနှင့် အမျိုးသမီးတွေကို ပံ့ပိုးကူညီမှု၊ စွမ်းဆောင်ရည်မြှင့်တင်ပေးမှုတွေကို လုပ်ဆောင်မလဲဆိုတာသိရအောင် Like & Follow လေးလုပ်ထားကြဖို့ တိုက်တွန်းအပ်ပါတယ်။ Webinar လေးမှာ ဆုံတွေ့ကြပါစို့......
နွေးထွေးစွာဖြင့်
ESCMI-FIP
"The Learning Hub for every young...everyone"
#လေထန်ကုန်း
07/01/2023
📣"Internship Opportunity" 📣
မင်္ဂလာပါ!
ESC Myanmar Institute မှနှုတ်ခွန်းဆက်သလိုက်ပါတယ်။
ကျွန်တော်တို့ ESCMI အတွက် လိုအပ်လစ်လပ်နေတဲ့ Department များအတွက် "Internship - အလုပ်သင်" ဝန်ထမ်းများကို ခေါ်ယူလိုပါတယ်။ ဒီအစီအစဉ်ဟာ ပညာရေးကိုစိတ်ပါဝင်စားပြီး အိုင်ဒီယာအသစ်တွေနဲ့အတူ အသင်းအဖွဲ့ဖြင့် စုပေါင်းလုပ်ဆောင်လိုသူတွေအတွက် ပါဝင်နိုင်မယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။
"လစ်လပ်လျက်ရှိသောကဏ္ဍများ"
☑️ Marketing & Communication Dep
☑️ Academic & Operation Dep
"သင်ဟာဘယ်အပိုင်းကိုပါဝင်သင့်လဲ"
ဒီအောက်ပါအချက်တွေနဲ့တိုက်ပြီး ကိုယ်ဘယ်အပိုင်းကိုလျှောက်မယ်ဆိုတာ ရွေးချယ်ကြဖို့ တိုက်တွန်းလိုပါတယ်။
☑️ Marketing & Communication Dep
- marketing , sales အပိုင်းတွင် အတွေ့အကြုံရှိဖူးသူ၊ စိတ်ပါဝင်စားသူ
- Social Medai Content ဒီဇိုင်းများကို ရေးဆွဲဖူးသူ၊ စိတ်ပါဝင်စားသူ
- Canva, Powtoon စသည့် Graphic Design App များကို ကောင်းစွာသုံးဆွဲတတ်သူ
- Marketing ၊ Digital Marketing များဖြင့် Career ရွေးချယ်ထားသူ
- Idea နှင့် creation ကောင်းမွန်သူ
............................
☑️ Academic & Operation Dep
- ပညာရေးပိုင်းဆိုင်ရာ ၊ ပညာရေးအဖွဲ့အစည်းများတွင်၊ Online ပညာရေးအစီအစဉ်များတွင် ပါဝင်ဖူးသူ
- ပညာရေး အရည်အသွေးမြှင့်တင်မှုအပိုင်းကို စိတ်ပါဝင်စားသူ
- ကျောင်းသားများ၏ လိုအပ်ချက်များကို အားဖြည့်ပါဝင်နိုင်သူ
- ဆရာ၊ ဆရာမများ - ကျောင်းသားများအား ပေါင်းကူးပေးနိုင်သူ
- နိုင်ငံတကာနှင့် ခေတ်မှီပညာရေးစနစ်ကို လေ့လာနေသူ
- ပညာရေးဝန်ဆောင်မှုများ၊ အစီအစဉ်များဖြင့် Career ရွေးချယ်ထားသူ
"လျှောက်ထားသူတွေအတွက် အခြေခံလိုအပ်ချက်တွေ"
ဒီလစ်လပ်နေရာတွေကို လျှောက်ထားမယ့် အလုပ်သင်လူငယ်၊ လူရွယ်များအနေဖြင့် အောက်ပါအခြေခံအချက်လေးတွေတော့ လိုအပ်ပါတယ်။
☑️ အသင်းအဖွဲ့ဖြင့် ပူးပေါင်းလုပ်ဆောင်တတ်သူ
☑️ မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တတ်သူ
☑️ အဖွဲ့၏လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နိုင်သူ
☑️ ကွန်ပြူတာရှိသူဖြစ်ပြီး ကောင်းစွာသုံးစွဲတတ်သူ
☑️ English ဘာသာစကား Intermediate Level ရှိသူ
"ကျွန်ုပ်တို့ရဲ့အားသာချက်တွေ"
☑️ လုပ်ငန်းခွင်အတွင်း အရည်အသွေးမြှင့်တက်စေရန် စဉ်ဆက်မပျက်သင်ကြားပေးမှာဖြစ်ပါတယ်။
☑️ လစဉ် Communication Allowance စီစဉ်ပေးမယ့်အပြင် Income တစ်ခုရှိလာအောင်လည်း စီစဉ်သွားမှာဖြစ်ပါတယ်။
☑️ Internship ကာလပြီးဆုံးသည်နှင့် performance based internship certificate ကို ထုတ်ပေးမှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းလည်း ရရှိနိုင်ပါတယ်။
☑️ သတ်မှတ်အရည်အသွေးကိုက်ညီသူများအတွက် Scholarship လျှောက်ဖို့ရာလိုအပ်တဲ့ Recommendation Letter ထုတ်ပေးမှာ ဖြစ်ပါတယ်။
☑️ Work From Home ဖြစ်တဲ့အတွက် ကိုယ့်လုပ်ရမဲ့ task တွေကို ပေးထားတဲ့ deadline အချိန်အတွင်း လုပ်နိုင်ဖို့ပဲ လိုတာမလို့ 9 a.m to 5 p.m ရုံးတက်စရာမလိုပါဘူး။
☑️ Community နှင့်လုပ်ဆောင်တာ၊ ပြင်ပအဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်ရမှာမို့ Network လည်းကောင်းလာမှာဖြစ်တဲ့အပြင် External အတွေ့အကြုံလည်းရမှာဖြစ်ပါတယ်။
☑️ အဖွဲ့အစည်းမှဖွင့်လှစ်လျက်ရှိသော သင်တန်းများကိုလည်း အခမဲ့တက်ရောက်ခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။
☑️ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်လာတဲ့နဲ့အမျှ ပါဝင်သူအဖွဲ့သားများအတွက်လည်း အခွင့်အလမ်းကောင်းတွေရရှိစေမှာ ဖြစ်ပါတယ်။
"ဘယ်လိုလျှောက်ထားရမလဲ"
စိတ်ပါဝင်စားသူလူငယ်၊လူရွယ်များအနေဖြင့် Motivation Letter နှင့်အတူ CV တွဲ၍ [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါတယ်။ Interview ပဏာမအဆင့်ရွေးချယ်ခံရသူများကို Mail ကနေပြန်လည်အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။
"လျှောက်ထားသူများအား အသိပေးချက်"
ကျွန်ုပ်တို့ဟာ အဖွဲ့အစည်းအကြီးမဟုတ်ပေမယ့် စနစ်တကျသွားနိုင်အောင် ကြိုးစားနေတဲ့လူမှုအကျိုးပြု ပညာရေးအဖွဲ့အစည်းလေး ဖြစ်ပါတယ်။ အများကြီးမပံ့ပိုးပေးနိုင်ပေမယ့် ပါဝင်လာသူအဖွဲ့ဝင်တွေအနေနဲ့ တစ်စုံတစ်ရာတိုးတက်မှုဖြစ်စေမှာဖြစ်သလို အဖွဲ့အစည်းအတွက်လည်း တစ်ထောင့်တစ်နေရာ အထောက်အကူပြုတိုးတက်သွားနိုင်ဖို့ ပါဝင်သူတွေရဲ့အားတွေအများကြီးလိုအပ်ကြောင်းအသိပေးရင်း နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။
"ကျွန်ုပ်တို့အကြောင်း"
ESCMI သည် ESC Myanmar အဖွဲ့အစည်း၏ လက်အောက်တွင်ရှိပြီး အရည်အသွေးမှီပညာရေးအားလူတိုင်း လူတိုင်းရရှိနိုင်ရေးနှင့် လူငယ်၊လူရွယ်ဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်လျက်ရှိပါတယ်။ လက်ရှိတွင် ရေတိုသင်တန်းများသာဖွင့်လှစ်ထားပြီး အခြားသောပညာရေးအစီအစဉ်များလုပ်ဆောင်နိုင်ရန်လည်း ကြိုးစားလျက်ရှိပါတယ်။ လုပ်ဆောင်လျက်ရှိသော ပညာရေးအစီအစဉ်များမှ ရရှိလာသောအကျိုးအမြတ်အချို့ကို ပညာရေးလိုအပ်လျက်ရှိသောနေရာများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံးအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။
နွေးထွေးစွာဖြင့်…
ESCMI Team
03/12/2022
Thai လိုနှုတ်ဆက်တဲ့အခါ “Sawadikap” or “Sawadika” …..❔
✨မြန်မာနိုင်ငံနဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ Thai နိုင်ငံရဲ့ culture အရ နှုတ်ဆက်တဲ့အခါ ဘယ်လိုနှုတ်ဆက်ကြလဲဆိုတာသိပြီးပြီလား….! မြန်မာမှာလို ကျား၊မ လူကြီး လူငယ်မရွေး “မင်္ဂလာပါ” လို့ နှုတ်ခွန်းဆက်သကြပေမယ့် သူတို့မှာတော့ အဲလိုမဟုတ်ဘဲနည်းနည်းကွဲပြားပါတယ်။ ဘာတွေကွဲပြားလဲဆိုတာသိချင်ရင်တော့ ESCMIer တို့အနေနဲ့ ဆက်လက်ဖတ်ရှုကြရအောင်ရှင်.….
❗️အဓိကကွဲပြားသွားတာကတော့ ယောင်္ကျားလေးတွေဆိုရင် "Sawadikap” လို့နှုတ်ခွန်းဆက်သပြီး မိန်းကလေးတွေဆိုရင် “Sawadika” လို့နှုတ်ခွန်းဆက်သပါတယ်။ ဒါဆိုရင်တော့ ဘယ်လိုနှုတ်ဆက်ကြလဲဆိုတာနဲ့ပတ်သက်ပြီး သိသွားလောက်ကြပြီထင်ပါတယ် ရှင်။
🇹🇭ဒါ့အပြင်ထိုင်းမှာကျောင်းသွားတက်မလို့ပါပဲဖြစ်ဖြစ် အလုပ်သွားလုပ်မလို့ပဲဖြစ်ဖြစ် ထိုင်းစကားသင်ချင်တယ်ဆိုရင်တော့ ကျွန်မတို့ ESC Myanmar Institute မှာ December Intake အနေနဲ့ သင်တန်းဖွင့်လှစ်ဖို့ရှိပါတယ် ရှင်…..
✅ သင်ကြားရေးပိုင်းမှာလည်း Online Class ဖြစ်ပေမယ့် အကောင်းဆုံးသော သင်ကြားရေးစနစ်တွေနဲ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်ကြားပေးမယ့် တီချယ်ကလည်း ထိုင်းစာသင်ကြားရေးအတွေ့အကြုံအပြည့်အဝရှိပြီး ဗျည်း၊သရများအပြင် နေ့စဉ်သုံးစကားပြောများနှင့် listening သင်ခန်းစာများကိုပါ သင်ကြားပေးသွားမှာဖြစ်တဲ့အတွက် စိတ်ဝင်စားတယ်ဆိုရင်တော့ အခုပဲ Register လုပ်လိုက်ဖို့ တိုက်တွန်းပါရစေနော်…..
Registration form - https://forms.gle/evsrd2JMvrZcbZEh8
🏛 သင်တန်းအကြောင်းနဲ့ပတ်သက်ပြီးအသေးစိတ် သိရှိလိုပါက ESCMI Page Messenger မှာ အချိန်မရွေး လာရောက်စုံစမ်းမေးမြန်းလို့ရပါတယ်နော်…
နွေးထွေးစွာဖြင့်
ESC Myanmar Institute
23/11/2022
ESC Myanmar Institute မှ ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများ ....
မင်္ဂလာပါ!
ESC Myanmar Institute မှ ကြိုဆိုပါတယ်။
📌"ဖွင့်လှစ်မည့်သင်တန်းများ"
🏛 ESC Myanmar Institute မှာ ဖွင့်လှစ်ထားတဲ့သင်တန်းတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူငယ်တွေအတွက် အကျိုးရှိစေမယ့်သင်တန်းတွေကို လစဉ်လတိုင်းအသစ်ထပ်တိုး ဖွင့်လှစ်သွားဖို့လည်း ကြိုးစားလျက်ရှိပါတယ်။
"တက်ရောက်လို့ရတဲ့ Online Classes တွေကတော့..."
Computer နှင့်ပတ်သက်ပြီး တက်လိုသူတွေအတွက်
📖 Graphic Design Class
📖 Computer (Basic/ Advanced Class)
နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့ ပြင်ဆင်မယ့်သူများအတွက်
📖 Research Study Class
📖 Project Management Class
📖 IELTS Class
ဘာသာစကား ကျွမ်းကျင်လိုသူတွေအတွက်
📖 English (4 Skills, Business English)
📖 French Class
📖 Thai Class
📖 Korea Class
📖 Japan Class
📖 Vietname Class တို့ပဲဖြစ်ပါတယ်။
"သင်ကြားမှုပုံစံကတော့"
🔹 Zoom ဖြင့် face to face သင်ကြားခြင်း
🔹 Google Classroom မှတဆင့် Class Assignments များပြုလုပ်ရခြင်း
🔹 သင်ကြားမှုရလဒ်ကိုစစ်ဆေးခြင်း
🔹 ကျောင်းသားဗဟိုပြုသင်ကြားခြင်း
🔹 အတန်းတိုင်းတွင် facilitator တစ်ဦးထားရှိခြင်း
🔹 သင်တန်းသားဦးရေကန့်သတ်ထားခြင်း (5 - 10 students only)
🔹 75% ရလဒ်အပေါ်မူတည်ပြီး Certificate ပေးအပ်ခြင်း
🏛 ESC Myanmar Institute မှ သင်တန်းများတွင် သင်တန်းသားဦးရေကန့်သတ်ထားပြီး လူနည်းနည်းဖြင့် ထိထိရောက်ရောက် အကောင်းဆုံး service တွေနဲ့အတူ သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။ Record video တွေမှတဆင့်ပြန်လည်လေ့လာနိုင်ပြီး ဆရာ၊ ဆရာမများမှလည်း သင်တန်းသားတစ်ဦးချင်းစီကို focus ထားပြီး သေချာသင်ကြားပေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင်ကျောင်းလျှောက်ဖို့နဲ့ အလုပ်လျှောက်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် သတ်မှတ်ထားတဲ့အရည်အချင်းပြည့်မှီသူများကို ID တွေနဲ့ Certificate ပေးအပ်သွားမှာဖြစ်ပါတယ်။
📣 အထက်ဖော်ပြပါသင်တန်းများကို စိတ်ဝင်စားပြီးတက်ရောက်ချင်ပါက ESC Myanmar Institute page messenger မှာလာရောက်မေးမြန်းလို့ရသလို
ဒီ Google Form ကနေတဆင့်လည်း https://forms.gle/evsrd2JMvrZcbZEh8 စာရင်းပေးသွင်းလို့ရပါတယ်။
နွေးထွေးစွာဖြင့်
ESC Myanmar Institute