Fit by Phyu

Fit by Phyu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Fit by Phyu, Personal coach, .

Perform-Max Training System,
Fat Loss Specialist MFTA team,
MFTA team at Certified Personal Trainer,
Bootylicious-Training Techniques and Programming To Build 3D Gluteus

ပြည်ပကချစ်ရသော သင်တန်းသူလေးတွေ💛ကိုယ်လုပ်မှကိုယ်ရမှာ ကြိုးစားရင်ကြိုးစားသလို ကိုယ့်အတွက်ကြီးပဲ တီချယ်က သေချာဂရုစိုက် နည်း...
21/04/2025

ပြည်ပကချစ်ရသော သင်တန်းသူလေးတွေ💛

ကိုယ်လုပ်မှကိုယ်ရမှာ ကြိုးစားရင်ကြိုးစားသလို ကိုယ့်အတွက်ကြီးပဲ တီချယ်က သေချာဂရုစိုက် နည်းပြလမ်းညွှန်ပေးမယ် ရှင်လေးတို့က သေချာလိုက်လုပ်ပေးယုံပဲ ဘယ်နှလနဲ့ဘာဖြစ်ပါမယ်ဆိုပြီး
ဂျင်းတော့မကျွေးတတ်ဘူး😆

စိတ်ပါဝင်စားပါက CBမှာ အသေးစိပ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်

One by One Home/Gym PT
One by One Online PT
Online Group Class

29/05/2024

မိန်းမကိုယ် မွေးလမ်းကြောင်း ကြွက်သားများကို ကျစ်လစ်သန်မာစေပြီး တင်ပါးလေးလုံးဝန်းလှပချင်သူများအတွက် ဆော့သင့်သောလေ့ကျင့်ခန်း
နှစ်ဆယ်ကြိမ် လေး‌ကျော့ ဆော့ပေးရပါမယ်ရှင်



16/05/2024

ပေါင်နောက်အဆီများကိုကျစေပြီး တင်ပါးလေးကိုလုံးဝန်းလှပစေရန်အတွက် ထိရောက်စေသော လေ့ကျင့်ခန်း‌ဖြစ်ပါတယ်ရှင်🥰

အကြိမ် နှစ်ဆယ် လေးကျော့ ဆော့ပေးရမှာဖြစ်ပါတယ်ရှင်☺️





အမျှင်ဓာတ်ပါဝင်တဲ့အစားအစာတွေကို ဘာကြောင့်စားသင့်သလဲ...?အမျှင်ဓာတ်မြင့်မားစွာပါဝင်တဲ့အစားအစာတွေက ကျွန်တော်တို့ရဲ့ ကျန်းမာ...
30/04/2024

အမျှင်ဓာတ်ပါဝင်တဲ့အစားအစာတွေကို ဘာကြောင့်စားသင့်သလဲ...?

အမျှင်ဓာတ်မြင့်မားစွာပါဝင်တဲ့အစားအစာတွေက ကျွန်တော်တို့ရဲ့ ကျန်းမာရေးကိစ္စအ၀၀မှာ မရှိမဖြစ်လိုအပ်ပါတယ်။ အမျှင်ဓာတ်ပါသောအစားအစာများက ကျွန်တော်တို့ခန္ဓာကိုယ်ထဲကရောဂါများနဲ့ နာမကျန်းမှုများကို ကူညီတိုက်ဖျက်ပေးနိုင်ပြီး ဝိတ်ကျဖို့လည်း ကူညီပေးနိုင်ပါတယ်။ အစာကိုအချိန်အတော်ကြာအောင် ပြည့်အင့်နေစေပါတယ်။ သင့်ရဲ့အစာစားတဲ့ပုံစံကိုပြောင်းလဲပစ်ချင်တယ်ဆိုရင်တော့ အမျှင်ဓာတ်များတဲ့အစားအစာကို ထည့်သွင်းစားသုံးသင့်ပါတယ်။ ဝမ်းချုပ်ခြင်ကိုလည်း ကာကွယ်နိုင်ပါတယ်။

အမျှင်ဓာတ်ကို ဘာကြောင့်လိုအပ်တာလဲ။
အမျှင်ဓာတ်များပြားတဲ့အစားအစာတွေက ပုံမှန်အစာချေနိုင်ဖို့အတွက် မရှိမဖြစ်အရေးပါပါတယ်။ ဝိတ်ကို ထိန်းပေးနိုင်ပါတယ်။ သွေးထဲကသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။၊
ကိုလက်စထရောကိုလည်း ထိန်းပေးနိုင်ပါတယ်။ အမျှင်ဓာတ်
များပြားတဲ့အစားအစာတွေကို စားသုံးခြင်းက ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း လျော့ကျစေနိုင်ပါတယ်။ အမျှင်ဓာတ်မြင့်မားစွာပါဝင်တဲ့အစားအစာတွေက ကျွန်တော်တို့ကို ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်တွေကိုလည်း ထောက်ပံ့ပေးနိုင်တဲ့အတွက် ခုခံအားစနစ်အတွက် အကောင်းဆုံးပါပဲ။

အမျှင်ဓာတ်က ဘယ်လိုမျိုးလုပ်ဆောင်ပေးသလဲ။
အမျှင်ဓာတ်က ကာဗွန်ဟိုက်ဒရိတ်နဲ့ဆင်တူပါတယ်။ ဒါပေမယ့် starches တွေနဲ့မတူပါဘူး။ ကယ်လိုရီမပါဝင်ပါဘူး။ အမျှင်ဓာတ်တွေက ရေကိုစုပ်ယူတယ်။ အစာခြေလမ်းကြောင်းထဲမှာ ပြည့်အင့်နေစေပါတယ်။ ရေဓာတ်စုပ်ယူမှုကိုများစေတဲ့အတွက် ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ဖို့ အမျှင်ဓာတ်များတဲ့အစားအစာကို စားသုံးသင့်ပါတယ်။

အမျှင်ဓာတ် ၂မျိုးရှိပါတယ်။ ရေမှာပျော်ဝင်တဲ့အမျှင်ဓာတ်နဲ့ မပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်ဖြစ်ပါတယ်။ ရေမှာပျော်ဝင်တဲ့အမျှင်ဓာတ်က ရေထဲမှာ
ဂျယ်ပုံစံနဲ့ပျော်ဝင်ပါတယ်။ သွေးထဲက ကလူးကို့စ်နဲ့ကိုလက်စထရော
ဓာတ်ကို လျော့ကျဖို့ကူညီပေးပါတယ်။ ရေမှာမပျော်ဝင်တဲ့အမျှင်ဓာတ်ကတော့ အူလမ်းကြောင်းတစ်လျှောက်မှာ အစာတွေသယ်ယူရွေ့လျားမှုလွယ်ကူဖို့ ကူညီပေးပါတယ်။

အမျှင်ဓာတ်ပါဝင်မှုများတဲ့အစားအစာတွေကတော့….
အသီးအနှံတွေ(ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ စပျစ်သီး၊ ခရမ်းချဉ်သီး) ဟင်းသီးဟင်းရွက်တွေ(ပန်းပွင့်စိမ်း၊ ကန်စွန်းဥ၊ ဂေါ်ဖီထုပ်၊ သခွားသီး၊ အစိမ်းရင့်ရောင်အရွက်များ၊ ဖရုံသီး၊ ဥနီ) ပဲအမျိုးမျိုးပဲဖြစ်ပါတယ်။ အုတ်ဂျုံ၊ ဂျုံ၊ အစေ့အဆံ၊ ဆန်လုံးညို၊ အခွံမာသီးနဲ့ flax seeds တွေမှာလည်း ပါဝင်ပါတယ်။

သင့်ရဲ့ဝိတ်လျှော့မယ့်အစီအစဉ်ထဲမှာတော့ အမျှင်ဓာတ်များတဲ့အစားအစာကို ထည့်သွင်းစားသုံးသင့်ပါတယ်။ အမျှင်ဓာတ်က ကယ်လိုရီမပါဝင်ဘဲ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ်က သင့်ကို အချိန်အတော်ကြာအောင် ဗိုက်ပြည့်နေစေတဲ့အတွက် မကြာခဏဗိုက်ဆာခြင်းကို တားဆီးပေးပါတယ်။




သက်ြန်ပိတ်ရက် အသိပေးကြေငြာခြင်း
12/04/2024

သက်ြန်ပိတ်ရက် အသိပေးကြေငြာခြင်း

ခိုတွေပေးတဲ့ ပြသနာ...........................မြန်မာနိုင်ငံမှာ ခိုစာကျွေးတာ ပေါ်ပြူလာ ဖြစ်ပါတယ်။ဘာကြောင့် ခိုစာကျွေးကြသလဲ...
08/04/2024

ခိုတွေပေးတဲ့ ပြသနာ...........................
မြန်မာနိုင်ငံမှာ ခိုစာကျွေးတာ ပေါ်ပြူလာ ဖြစ်ပါတယ်။
ဘာကြောင့် ခိုစာကျွေးကြသလဲ.....
(၁) ချစ်လို့
(၂) ကုသိုလ်ရအောင်လို့
(၃) ယတြာချေ ခိုင်းလို့

နိုင်ငံတကာမှာ ခိုတွေကို တော်တော်လေး ကန့်သတ်ထိန်းချုပ် ကြပါတယ်။ ဘာကြောင့်လဲ .....
ခိုတွေမှာ ပိုးမွှားတွေ အများကြီး သယ်ဆောင်ထားလို့ပါ။
(၁) Bird mites (ငှက်လှေး)
(၂) Pigeon ticks (ခိုမွှား)
(၃) Bird fleas (ငှက်သန်း)
(၄) ဘတ်တီးရီးယား ပိုးများ
(၅) ဗိုင်းရပ်စ် ပိုးများ

လှေး မွှား သန်း တွေကို အကောင်သေးလို့ အထင်မသေးပါနဲ့။
လူ့ အရေပြားမှာ စိုက်ဝင်နေပြီး ညစဥ်ညတိုင်း သင့်သွေးတွေကို စုပ်နေမှာပါ။ (ညဘက်မှာ အဓိက အစာရှာထွက်ပါတယ်)
လူ့ရဲ့ ခြေထောက် နဲ့ လက်နဲ့ ကို အဓိက ကိုက်တတ်ပါတယ်။

သင်ဟာ ညဘက်မှာ ခြေလက်တွေ ယားလေ့ရှိရင် သတိထားပါ။ ယားတဲ့နေရာကို ကုတ်လိုက်ရင် အဖုအပိန့်တွေ အစဥ်းကြောင်းတွေ ထွက်လာတယ် ဆိုရင် သင် အကိုက်ခံရပါပြီ။

သင့်ရဲ့ သွေးတွေကို အစုပ်ခံနေရလို့ လူက ပုံမှန်အတိုင်း စားသောက် အိပ်စက်ပေမယ့် အားမရှိဘဲ နုံးချိနေတတ်ပါတယ်။

ခြေလက်မှာ အနီစက်တွေပေါ်ပြီး ယားတိုင်း ခြင်ကိုက်တယ်လို့ မထင်ပါနဲ့နော်။ ခြင်ကိုက်တာလား လှေးတွေ မွှားတွေကိုက်တာလား ခွဲခြားလို့ရအောင် ခွဲခြားနည်း ဇယားကွက်လည်း အောက်မှာ ထည့်ထားပေးပါတယ်။

ညဘက်အိပ်ပျော်နေချိန်မှာ ခန္ဓာကိုယ်နဲ့ သွေးက ယားယံနေတဲ့အတွက် နှစ်ခြိုက်စွာ အိပ်မပျော်တော့ဘဲ မနက် အိပ်ရာထချိန်မှာ ညမအိပ်ထားရသေးသလိုမျိုး မူးနောက်နောက် ခံစားရတတ်ပါတယ်။

အဲ့ဒီ့ အကောင်လေးတွေကို သာမန်မျက်စိနဲ့ မြင်နိုင်ဖို့ ခက်ပေမယ့် သူတို့ ထုတ်တဲ့ အဆိပ်ဓာတ်က ကြောက်စရာပါ။
သူတို့ရဲ့ အဆိပ်ကြောင့် သွေးယားစေပါတယ်။
Allergy (အလာဂျီ) ဖြစ်တာနဲ့ ဆင်တူပါတယ်။

ဒါကြောင့် အကြောင်းရင်း တစ်စုံတစ်ရာ ရှာမတွေ့ဘဲ မကြာခန Allergy ရတတ်တယ်ဆိုရင် ဒီအကောင်တွေကြောင့် ဖြစ်နိုင်တယ်လို့ အဂ်လန် မှ ပညာရှင်များက ပြောထားပါတယ်။

မကြာခန ယားလွန်းလို့ အရေပြားဆေးခန်း ပြနေရရင် သတိထားသင့်ပါတယ်။ ယားလွန်းလို့ ကုတ်ဖဲ့ရင်လည်း အနာတွေ ဖြစ်တတ်ပါသေးတယ်။

ဒီအကောင်လေးတွေဟာ သွေးကို ပုံမှန်စုပ်နေရမယ်ဆိုရင် ၃ လအထိ အသက်ရှည်ပါတယ်။ ၃ လအတွင်း ဘယ်လောက်အထိ မျိုးပွားမလဲ ဆိုတာကတော့ မတွေးရဲစရာပါဘဲ။

ဒီသန်းတွေ လှေးတွေက ခုန်တတ်ပါတယ်။
အလျားလိုက် ဆိုရင် (၁၃)လက်မ အကွာအဝေးအထိ ခုန်နိုင်တယ်။ ဒေါင်လိုက်ဆိုရင် (၇)လက်မ အထိ ခုန်နိုင်တယ်။

ခိုမှ တဆင့် လူဆီကို ကပ်ပါလာမယ်။ လူ့ရဲ့ အိမ်ထဲ ရောက်လာမယ်။ အိမ်ထဲမှာ မှောင်တဲ့နေရာ၊ ချောင်ကျတဲ့နေရာ၊ လေဝင်လေထွက်နည်းတဲ့ နေရာမှာ အသိုက်ဖွဲ့ပါတော့တယ်။

အိမ်တံခါးဘောင်တွေ၊ အိမ်ခေါင်မိုးတွေ၊ မျက်နှာကျက်တွေ၊ သစ်သားကြမ်းပြင်တွေ၊ ထုတ်တန်းတွေ မှာ အဓိက နေတတ်တယ်။လူအနံ့ရမှ လူပေါ်ကို ခုန်တက်လာပြီး ကိုက်ပါတော့တယ်။ သွေးစုပ်လို့ ဝသွားရင် သူ့အသိုက်ကို ပြန်ပါတယ်။

ဒါဆို ခိုက ဘာမှ မဖြစ်ဘူးလား ????
သန်း လှေး မွှားတွေက ခိုရဲ့ သွေးကိုလည်း စုပ်ယူပါတယ်။
ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို တော့ ခိုက ကယ်ရီယာ လုပ်ပေးပါတယ်။ ကြက်ငှက်တုပ်ကွေးရောဂါကို ကြားဖူးကြမှာပါ။ ခိုကတဆင့် လူတွေဆီ ကူးစက်ပြီး ကပ်ရောဂါအဆင့်အထိ ဖြစ်ပွားတတ်ပါတယ်။

ခိုမွေးတဲ့သူတွေ၊ ခိုစာကျွေးတဲ့သူတွေ
ကိုယ့်အန္တရာယ် ကိုယ်မြင်ကြပါစေ။

🔹ချစ်လို့ ခိုမွေးမယ်ဆိုရင် စနစ်တကျ မွေးတတ်အောင် လေ့လာပါ။
🔹 ကုသိုလ်ရအောင် ခိုစာကျွေးတယ်ဆိုရင် တခြားနည်းနဲ့ ကုသိုလ်ယူပါ။
🔹တနလ်ာနံကို အစာကျွေးရမယ် ဆိုရင် ငါးအစာ ကျွေးပါ။
ခြင်အကိုက်ခံတာလည်း တနလ်ာနံကို အစာကျွေးတာဘဲနော် 😂

လူတွေအစာမကျွေးလည်း ခိုတွေက ရှာစားတတ်ပါတယ်။ ခိုတွေ သေမသွားပါဘူး။

ခိုစာ မဖြစ်မနေ ကျွေးကိုကျွေးရမှ ဆိုရင်တော့
PPE ဝတ်ပါ။ N95 mask တပ်ပါ။ ပြီးရင် အစာသွားကျွေးပါ။

ကိုယ့်အနီးအနားမှာ ခိုအသိုက်ရှိတယ်ဆိုရင်တော့ သူအသိုက်ပြောင်းမလား၊ ကိုယ်အိမ်ပြောင်းမလား စဥ်းစား။

ကိုယ့်အိမ်ရှေ့အိမ်အနီးမှာ ခိုစာကျွေးကြသူတွေရှိရင်တော့ အဲ့လူတွေကို နားလည်အောင် ပြောပြပါ။ စည်းရုံးပါ။
ပြေလို့မရရင်တော့ နေ့တိုင်း မေတ္တာ များများပို့ပါလေ။

ကျွန်မလည်း မေတ္တာပို့ပါတယ်။ သူတို့က ကျွန်မအိမ်ရဲ့ sunshade ပေါ်ကို နေ့တိုင်း ဆန်တွေကြဲချပြီး ခိုစာကျွေးလို့ ကျွန်မအိမ်မှာ အကောင်တွေ အများကြီး အသိုက်ဖွဲ့နေပြီလေ။ 😫

ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။
ကျွန်မလည်း အသေဝနာ စဗာလာနံ ဟူသော မဂ်လာနဲ့ ပြည့်စုံ၍ ဗာလနံ လူမိုက်တို့နှင့် အမြန်ဆုံး ဝေးဝေးနေနိုင်ပါစေ....

ခွေးသန်း၊ ကြောင်သန်းတွေ အကြောင်းလည်း ရေးဦးမယ်။

သန်းတွေ လှေးတွေကို ဘယ်လို သုတ်သင်ရမလဲ ဆိုတာလည်း ရေးပါဦးမယ်။

Dr.KhineSandarMaw
16-11-2021
(သက်ဆိုင်သူများသို့)

အမျှင်ဓာတ်ပါဝင်တဲ့အစားအစာတွေကို ဘာကြောင့်စားသင့်သလဲ...?အမျှင်ဓာတ်မြင့်မားစွာပါဝင်တဲ့အစားအစာတွေက ကျွန်တော်တို့ရဲ့ ကျန်းမာ...
04/04/2024

အမျှင်ဓာတ်ပါဝင်တဲ့အစားအစာတွေကို ဘာကြောင့်စားသင့်သလဲ...?

အမျှင်ဓာတ်မြင့်မားစွာပါဝင်တဲ့အစားအစာတွေက ကျွန်တော်တို့ရဲ့ ကျန်းမာရေးကိစ္စအ၀၀မှာ မရှိမဖြစ်လိုအပ်ပါတယ်။ အမျှင်ဓာတ်ပါသောအစားအစာများက ကျွန်တော်တို့ခန္ဓာကိုယ်ထဲကရောဂါများနဲ့ နာမကျန်းမှုများကို ကူညီတိုက်ဖျက်ပေးနိုင်ပြီး ဝိတ်ကျဖို့လည်း ကူညီပေးနိုင်ပါတယ်။ အစာကိုအချိန်အတော်ကြာအောင် ပြည့်အင့်နေစေပါတယ်။ သင့်ရဲ့အစာစားတဲ့ပုံစံကိုပြောင်းလဲပစ်ချင်တယ်ဆိုရင်တော့ အမျှင်ဓာတ်များတဲ့အစားအစာကို ထည့်သွင်းစားသုံးသင့်ပါတယ်။ ဝမ်းချုပ်ခြင်ကိုလည်း ကာကွယ်နိုင်ပါတယ်။

အမျှင်ဓာတ်ကို ဘာကြောင့်လိုအပ်တာလဲ။
အမျှင်ဓာတ်များပြားတဲ့အစားအစာတွေက ပုံမှန်အစာချေနိုင်ဖို့အတွက် မရှိမဖြစ်အရေးပါပါတယ်။ ဝိတ်ကို ထိန်းပေးနိုင်ပါတယ်။ သွေးထဲကသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။၊ ကိုလက်စထရောကိုလည်း ထိန်းပေးနိုင်ပါတယ်။ အမျှင်ဓာတ်များပြားတဲ့အစားအစာတွေကို စားသုံးခြင်းက ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း လျော့ကျစေနိုင်ပါတယ်။ အမျှင်ဓာတ်မြင့်မားစွာပါဝင်တဲ့အစားအစာတွေက ကျွန်တော်တို့ကို ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်တွေကိုလည်း ထောက်ပံ့ပေးနိုင်တဲ့အတွက် ခုခံအားစနစ်အတွက် အကောင်းဆုံးပါပဲ။

အမျှင်ဓာတ်က ဘယ်လိုမျိုးလုပ်ဆောင်ပေးသလဲ။
အမျှင်ဓာတ်က ကာဗွန်ဟိုက်ဒရိတ်နဲ့ဆင်တူပါတယ်။ ဒါပေမယ့် starches တွေနဲ့မတူပါဘူး။ ကယ်လိုရီမပါဝင်ပါဘူး။ အမျှင်ဓာတ်တွေက ရေကိုစုပ်ယူတယ်။ အစာခြေလမ်းကြောင်းထဲမှာ ပြည့်အင့်နေစေပါတယ်။ ရေဓာတ်စုပ်ယူမှုကိုများစေတဲ့အတွက် ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ဖို့ အမျှင်ဓာတ်များတဲ့အစားအစာကို စားသုံးသင့်ပါတယ်။

အမျှင်ဓာတ် ၂မျိုးရှိပါတယ်။ ရေမှာပျော်ဝင်တဲ့အမျှင်ဓာတ်နဲ့ မပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်ဖြစ်ပါတယ်။ ရေမှာပျော်ဝင်တဲ့အမျှင်ဓာတ်က ရေထဲမှာ ဂျယ်ပုံစံနဲ့ပျော်ဝင်ပါတယ်။ သွေးထဲက ကလူးကို့စ်နဲ့ကိုလက်စထရောဓာတ်ကို လျော့ကျဖို့ကူညီပေးပါတယ်။ ရေမှာမပျော်ဝင်တဲ့အမျှင်ဓာတ်ကတော့ အူလမ်းကြောင်းတစ်လျှောက်မှာ အစာတွေသယ်ယူရွေ့လျားမှုလွယ်ကူဖို့ ကူညီပေးပါတယ်။

အမျှင်ဓာတ်ပါဝင်မှုများတဲ့အစားအစာတွေကတော့….
အသီးအနှံတွေ(ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ စပျစ်သီး၊ ခရမ်းချဉ်သီး) ဟင်းသီးဟင်းရွက်တွေ(ပန်းပွင့်စိမ်း၊ ကန်စွန်းဥ၊ ဂေါ်ဖီထုပ်၊ သခွားသီး၊ အစိမ်းရင့်ရောင်အရွက်များ၊ ဖရုံသီး၊ ဥနီ) ပဲအမျိုးမျိုးပဲဖြစ်ပါတယ်။ အုတ်ဂျုံ၊ ဂျုံ၊ အစေ့အဆံ၊ ဆန်လုံးညို၊ အခွံမာသီးနဲ့ flax seeds တွေမှာလည်း ပါဝင်ပါတယ်။

သင့်ရဲ့ဝိတ်လျှော့မယ့်အစီအစဉ်ထဲမှာတော့ အမျှင်ဓာတ်များတဲ့အစားအစာကို ထည့်သွင်းစားသုံးသင့်ပါတယ်။ အမျှင်ဓာတ်က ကယ်လိုရီမပါဝင်ဘဲ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ်က သင့်ကို အချိန်အတော်ကြာအောင် ဗိုက်ပြည့်နေစေတဲ့အတွက် မကြာခဏဗိုက်ဆာခြင်းကို တားဆီးပေးပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when Fit by Phyu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your school to be the top-listed School/college?

Share