Mar Kalay

Mar Kalay Knowledge - Sharing culture

(၁)သိန်းရတဲ့ ဝန်ထမ်းကို အလုပ်ရှင်ကမေးတယ် လစာကိုကျေနပ်လားလို့ ဝန်ထမ်းက မကျေနပ်ဘူးပြောတယ် 😏😏😏အလုပ်ရှင်ကလဲပြောတယ် သူလဲမကျေန...
22/10/2023

(၁)သိန်းရတဲ့ ဝန်ထမ်းကို
အလုပ်ရှင်ကမေးတယ် လစာကို
ကျေနပ်လားလို့

ဝန်ထမ်းက မကျေနပ်ဘူးပြောတယ် 😏😏😏

အလုပ်ရှင်ကလဲပြောတယ်
သူလဲမကျေနပ်ဘူးတဲ့

ဘာကြောင့်လဲဆိုတော့
သူ့ဝန်ထမ်းကို (၁)သိန်းလေးဘဲပေးရလို့တဲ့😒
အလုပ်ရှင်က(၃)သိန်းပေးချင်ပေမယ့် 😏
ဝန်ထမ်းက (၃)သိန်းနဲ့တန်ဖိုးညီတဲ့
လုပ်အားမှ ပြန်မထွက်လာတာ😒😒😒

ဘယ်အလုပ်ရှင်မဆို ကိုယ့်ဆီလုပ်နေတဲ့ ဝန်ထမ်းကို လစာများများပေးပီး ခန့်ထားချင်တာက (၁၀၀)မှာ(၉၀)ကျော်က ဒီအတိုင်းပါဘဲ 😧😧😧

ဒါကြောင့် ဝန်ထမ်းများအနေနဲ့ salary များများလိုချင်ရင် ကိုယ့်ရဲ့ ability ကို မြင့်သထက်မြင့်အောင် ကြိုးစားကြပါ ။

လစာ များများရတဲ့ အလုပ်ကိုပြောင်းဖို့ ကြိုးစားဖို့ထက် ကိုယ့်ရဲ့ ability ကိုမြင့်အောင် ကြိုးစားကြပါ။

ability မြင့်လာရင် salary ဆိုတာ နောက်က လိုက်လာမှာပါ။😊😊😊

ငွေကြေးကို အရင်မရှာပါနဲ့။

စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုကို အရင်ရှာပါ။
😊😊😊

ငွေကြေးဆိုတာ နောက်ကလိုက်လာပါလိမ့်မယ်။
;

ဘဝတိုးတက်ဖို့ ကြိုးစားနေချိန်"တစ်နှစ် မပြောနဲ့ တစ်ပတ်လေးတောင် ခွဲပီး မနေနိူင်ဘူး" ဆိုတဲ့စကားတွေကြားရင် စိတ်မယိမ်းယိုင်သွ...
20/10/2023

ဘဝတိုးတက်ဖို့ ကြိုးစားနေချိန်
"တစ်နှစ် မပြောနဲ့ တစ်ပတ်လေးတောင် ခွဲပီး မနေနိူင်ဘူး" ဆိုတဲ့စကားတွေကြားရင် စိတ်မယိမ်းယိုင်သွားပါနဲ့နော်
ကိုယ့်ဘဝ ကိုယ့်အနာဂတ်ကို ကိုယ့်ဘာသာ ဖန်တီးယူရမှာ

အသက်လောက်ချစ်ပါတယ်ဆိုပီး တချိန်မှာ အသစ်တွေ့တော့ ထားခဲ့ကြတာ ကြားဖူး မြင်ဖူးကြမှာပါ
သူတို့ ထားခဲ့တဲ့အချိန်မှ ထ ကြိုးစားမယ်ဆိုရင်
အသက် နဲ့ ပညာက စကားပြောတယ်

စိတ်ဆင်းရဲ စိတ်ဓာတ်ကျချိန် ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်ဖို့ ခက်သလို
သူများထက် ပိုရုန်းကန်ရတယ်
ငယ်တုန်း ကိုယ့်ဘဝတက်လမ်းအတွက် မိဘ (အရေးပေါ်)ကျန်းမာရေးကြောင့်သာ မဟုတ်ရင် ဘာကြောင့်မှ နောက်မဆုတ်ပါနဲ့

အချစ်ဆိုတာ ချစ်လို့ရတယ် ချစ်ပါ

မာနကြီးလှပါပေ့၊ လှပပြီး ထက်မြတ်လှပါပေ့ဆိုတဲ့ မိန်းကလေးတွေမှာတောင် အချစ်ဆိုတဲ့အရာမှာ ကျရှုံးတတ်ကြသေးတာပဲ
ကိုယ့်ဘဝတော့ ထိခိုက်နစ်နာအောင် အချစ်ကို မကိုးကွယ်ပါနဲ့
အချစ်ကြောင့် တိုးတက်လာတဲ့သူဖြစ်ပါစေ

From A Time Called You

အခက်ခဲတို့ အဆင်မပြေမှုတို့ဆိုတာ ကျမ အတွက်အကောင်းဆုံးအဖော်လို့ဖြစ်နေ🙆🙆သူတို့က အရမ်းသစ္စာရှိတာ ကျမ ကြိုးစားလေလေ အောင်မြင်မ...
11/10/2023

အခက်ခဲတို့ အဆင်မပြေမှုတို့ဆိုတာ ကျမ အတွက်အကောင်းဆုံးအဖော်လို့ဖြစ်နေ🙆🙆

သူတို့က အရမ်းသစ္စာရှိတာ ကျမ ကြိုးစားလေလေ အောင်မြင်မှုဆီတွန်းပို့လေ

ကျွန်မသူတို့အကြောင်းကိုများများတွေးလေး သူတို့က ကျွန်မ ရဲ့အတွေးတွေ ရော ခန္ဓာကိုယ်တစ်ခုလုံးပါထိမ်းချုပ်လေ🙆

အခုတော့ အဆင်‌မပြေမှုတွေ အပူသောကတွေ ဆို တဲ့ လှေကားထစ်တွေ ကိုကျော်ဖြစ်ရင် အောင်မြင်မှုဆိုတဲ့ လမ်းစလေး ပန်းတိုင်လမ်းကို လှမ်းမြင်နေရပါပြီ

ချစ်တဲ့......သရဖီ

ရေစက်ပါလို့ တွေ့ဆုံလို့လဲဝမ်းမသာပါနဲ့ဝဋ်ကြွေးဆပ်ဖို့လဲ ဖြစ်နိုင်တယ်။ရေစက်ကုန်လို့ လမ်းခွဲရလဲဝမ်းမနည်းပါနဲ့ဝဋ်ကြွေးကုန်တာ...
10/10/2023

ရေစက်ပါလို့ တွေ့ဆုံလို့လဲ
ဝမ်းမသာပါနဲ့
ဝဋ်ကြွေးဆပ်ဖို့လဲ ဖြစ်နိုင်တယ်။

ရေစက်ကုန်လို့ လမ်းခွဲရလဲ
ဝမ်းမနည်းပါနဲ့
ဝဋ်ကြွေးကုန်တာလဲ ဖြစ်နိုင်တယ်။

တစ်ယောက်တည်း နေတက်အောင်
ကြိုးစားပါ အဖော်ဆိုတာ အလကားပဲ။

ကိုယ်သေရင် သူလိုက်မသေပေးသလို
သူသေလဲ ကိုယ်လိုက်မသေပေးနိုင်ဘူးလေ။

နှစ်ယောက်ရှိမှ တဘဝမဟုတ်ဘူး
တစ်ယောက်တည်းလဲ လျှောက်ရဲရမယ်
တစ်ပွင့်ထဲလဲ ဖွင့်ရဲရမယ်။

ခက်ခဲ့လိုမလုပ်ခြင်တာ မဟုတ်ပါဘူး
မလုပ်ခြင်လို့သာ ခက်ခဲ့တာပါ။

အခက်ခဲ့တွေက မင်းဘဝသန်မာအောင်
လေ့ကျင့်ပေးတဲ့ ဆရာတဆူမှန်းသိနေရင်
ရဲရဲသာ သင်ယူလိုက်ပါ။

အရာအားလုံးက နောက်ဆုံးမှာ
အဆင်ပြေသွားလိမ့်မယ်။

အဆင်မပြေသေးရင် အဲ့တာ
နောက်ဆုံး မဟုတ်သေးလို့ပါ။

ဘဝစာပေချစ်သူ #စာရေးဆရာအားလုံး #ဘဝစာပေ

သူများထက်ခြေတလှမ်းပိုသာချင်တယ်ဆိုရင်============================သူများအိပ်တဲ့အခါကိုယ်က လေ့လာပါ ~~~သူများ တွေဝေနေတဲ့အခါကိ...
07/10/2023

သူများထက်ခြေတလှမ်းပိုသာချင်တယ်ဆိုရင်
============================

သူများအိပ်တဲ့အခါ
ကိုယ်က လေ့လာပါ ~~~

သူများ တွေဝေနေတဲ့အခါ
ကိုယ်က ဆုံးဖြတ်ပါ ~~~

သူများ လေထဲ တိုက်ဆောက်နေတဲ့အခါ
ကိုယ်က ပြင်ဆင်ပါ ~~~

သူများ အချိန်ဆွဲနေတဲ့အခါ
ကိုယ်က စတင်ပါ ~~~

သူများ ဆုတောင်းနေတဲ့အခါ
ကိုယ်က လက်တွေ့လုပ်ပါ ~~~

သူများ ဖြုန်းနေတဲ့အခါ
ကိုယ်က စုပါ ~~~

သူများပြောနေတဲ့အခါ
ကိုယ်က နားထောင်ပါ ~~~

သူများမျက်နှာကြောတင်းနေတဲ့အခါ
ကိုယ်က ပြုံးပါ ~~~

သူများရပ်လိုက်တဲ့အခါ
ကိုယ်က ဇွဲရှိပါ ~~~
. မဖြုန်းသင့်သည့်အရာ ( ၃ )ခု. ငွေကို ဖြုန်းလျှင် ...... ဥစ္စာကို ဆုံးရှုံးရတတ်သည် ....''
. စကားကို ဖြုန်းလျှင်. သိက္ခာကို ဆုံးရှုံးရတတ်သည် .... ''
. အချိန်ကို ဖြုန်းလျှင်. ဘဝကို ဆုံးရှုံးရတတ်သည် .......

Credit- Original Writer

လူတချို့က -----တစ်သက်လုံး မဆင်းရဲတော့ဘူး အမှတ်နဲ့ ၊ဘဝင်တွေ မြင့်နေကြတယ် !!လူတချို့က -----တစ်သက်လုံး မမွဲတော့ဘူး အမှတ်နဲ့...
06/10/2023

လူတချို့က -----
တစ်သက်လုံး မဆင်းရဲတော့ဘူး အမှတ်နဲ့ ၊
ဘဝင်တွေ မြင့်နေကြတယ် !!

လူတချို့က -----
တစ်သက်လုံး မမွဲတော့ဘူး အမှတ်နဲ့ ၊
မောက်မာနေကြတယ် !!

လူတချို့က -----
တစ်သက်လုံး အသာစံရမယ် အမှတ်နဲ့ ၊
အထက်စီးဆန် ဆက်ဆံနေကြတယ် !!

လူတချို့က -----
တစ်သက်လုံး အောက်ခြေခံဘဝ
မဖြစ်တော့ဘူးအမှတ်နဲ့ ၊
နိုင့်ထက်စီးနင်း ပြုမူနေကြတယ် !!

လူတချို့က -----
တစ်သက်လုံး မငတ်တော့ဘူး အမှတ်နဲ့ ၊
အောက်ခြေလွတ်နေကြတယ် !!

လူတချို့က -----
တစ်သက်လုံး ပြီးပြည့်စုံမယ် အမှတ်နဲ့ ၊
သွေးနားထင် ရောက်နေကြတယ် !!

လူတချို့က -----
တစ်သက်လုံး ချစ်ခင်နေမယ် အမှတ်နဲ့ ၊
ယုံကြည်မှုတွေ အလွဲသုံးစား
လုပ်ပြလာနေကြတယ် !!

လူတချို့က -----
တစ်သက်လုံး အကြည်ညိုမပျက်ဘူး
အထင်နဲ့ ၊
အရှက်မဲ့ပြ လာနေကြတယ် !!

လူတချို့က -----
တစ်သက်လုံး ကိုးကွယ်နေမယ် အမှတ်နဲ့ ၊
ချယ်လှယ်ချင်တိုင်း ချယ်လှယ်
လာနေကြတယ် !!

လူတချို့က -----
တစ်သက်လုံး ငတုံးတွေအတိုင်း
ရှင်သန်မယ် အမှတ်နဲ့ ၊
လှည့်စားလာကြတယ် !!

လူတချို့က -----
တစ်သက်လုံး အမှန်တွေချည်းပဲ -
ရွေးလုပ်ခဲ့တယ် အမှတ်နဲ့ ၊
စကားကြီးစကားကျယ်
ပြောထွက်လာကြတယ် !!

လူတချို့က------
တစ်သက်လုံး မသေတော့ဘူးအမှတ်နဲ့ !
ကျိန်ဆဲနေကြတယ်!!

အဲ့ဒီလူမျိုးတွေထဲ ---
သင်ကိုယ်တိုင် မပါမိစေနဲ့မိတ်ဆွေ။
===================

#လူငယ်များအတွက်ဗဟုသုတစာပေများ #ဘဝစာပေ #ခွန်အားဖြစ်စေသောစာများ

ဒီမှာ ညီမလေး -ဘဝမှာ ဘုရင်မလိုပဲ တွေးပါမိဖုရားလိုတွေးရင် ဘုရင့်ကိုမှီခိုနေရလိမ့်မယ် ဘဝဆိုတာ အလိုလိုက်တဲ့ မိခင်တော့ဟုဘူးခက...
05/10/2023

ဒီမှာ ညီမလေး -
ဘဝမှာ ဘုရင်မလိုပဲ တွေးပါ

မိဖုရားလိုတွေးရင် ဘုရင့်ကို
မှီခိုနေရလိမ့်မယ်

ဘဝဆိုတာ အလိုလိုက်တဲ့ မိခင်တော့ဟုဘူး
ခက်ထန်ကြမ်းတမ်းတဲ့ သင်တန်းပြဆရာဖြစ်တယ်

ဘာပဲလုပ်လုပ် ကိုယ့်ကို ယုံကြည်မှုရှိပါစေ
ကောင်းတာပဲလုပ်လုပ် ဆိုးတာပဲလုပ်လုပ်
လူတေဆီမှာ ပြောစရာကတော့
အမြဲ့ရှိနေမှာပါ ဒါကိုဘဝလို့ခေါ်တယ်
ညီမလေး ---

အချိန်ဆိုတာ အမြဲလက်ထဲမှာ ထားရှိနိုင်ပေမယ့် ပစ္စည်းတော့မဟုတ်ဘူး

ကိုယ်မကြိုက်တဲ့ကြောင်း
ဘယ်သူကိုမှ အတင်းမပြောပါနဲ့

နေ့စဉ်လုပ်ဆောင်ချက်ပေါ်
ကောင်းကျိုးတွေ ​အမြဲရေတွက်ပါ

ပျင်းသော်လည်းပဲ
လုပ်သင့်လုပ်ထိုက်တာကို
ပီးဖြစ်အောင်လုပ်လိုက်ပါ

လူတွေက ကိုယ်မလုပ်ချင်တာကို
ကိုယ်ပါမလုပ်ချင်အောင်
မလုပ်နိုင်ကြောင်း ပြောလိမ့်မယ်

အမြဲတမ်းပြင်ဆင်ဖို့
မမေ့ပါနဲ့ မပျက်ကွက်ပါနဲ့

နောက်ဆုံး - ပညာသင်ချိန်မှာ
အိမ်ထောင်မကျမိအောင်
အချစ်ဆိုတာကို အချိန်သက်မှတ်ထားလိုက်ပါ။

#ဘဝစာပေချစ်သူ #ညီမလေးထံသို့ #စာရေးဆရာအားလုံး စတီဗင် #ဘဝစာပေ

04/10/2023

ငါ ကိုယ်တိုင် အေးချမ်းအောင် နေတယ် ။
တတ်နိုင်သမျှ အပူပေးတဲ့သူကို ရှောင်တယ် ။

ငါ ဘာအမှားမှ မလုပ်မိဘဲ
အပြစ်တင်ဝေဖန်ခံရတဲ့ အချိန်တွေ ရှိတယ် ။

တစ်နေ့တစ်နေ့
ငါ စာတွေ ဖတ်တယ် ။
ငါ သီချင်း နားထောင်တယ် ။
ပျော်မယ်ထင်တဲ့ အရာတွေကို လိုက်လုပ်တယ် ။
ငါ လိုချင်တာတွေကို ရဖို့
အလုပ်ကြိုးစားပြီး ပိုက်ဆံစုတယ် ။

ငါ့ ရှင်သန်ခြင်းက
ငါ့ မိဘနှစ်ပါးကို လိုလေသေးမရှိထားနိုင်ဖို့နဲ့
ပေးကမ်းနိုင်ဖို့ပဲ ။

သိပ်ရိုးရှင်းသော အိပ်မက်တွေနဲ့အတူပေါ့ ။

❤ ကိုယ့်ဘဝရဲ့ စာမျက်နှာများ❤မတူညီတဲ့လူလောကကြီးမှာကိုယ်နေထိုင်ပါတယ်ကိုယ်ကသူများအကြောင်းကို စိတ်မဝင်စားတတ်ဘူးကိုယ့်ဘဝကိုရိ...
04/10/2023

❤ ကိုယ့်ဘဝရဲ့ စာမျက်နှာများ❤

မတူညီတဲ့လူလောကကြီးမှာ
ကိုယ်နေထိုင်ပါတယ်

ကိုယ်က
သူများအကြောင်းကို စိတ်မဝင်စားတတ်ဘူး

ကိုယ့်ဘဝကို
ရိုးရိုးရှင်းရှင်းနဲ့ တန်ဖိုးရှိစွာ နေထိုင်တယ်

အလိုက်အထိုက်တော့ နေတတ်ပေမဲ့
မဟုတ်မမှန်သော စကားကိုတော့မပြောတတ်ဘူး

ကိုယ့်ဘက်ကစပြီး
ဘယ်သူ့ကိုမှ မမုန်းတတ်ခဲ့ဘူး

ကိုယ့်အပေါ် မကောင်းဘူးဆိုရင်
ကိုယ်ကပဲ ကင်းအောင်နေလိုက်တော့တယ်

ကြောက်တတ်လို့တော့မဟုတ်ဘူး
ဒေါသတွေနောက်မှာ အမှားတွေပါတတ်လွန်းလို့

သူများက ကိုယ့်အပေါ် မကောင်းရင်
ကိုယ်ကအရင်စပြီး ကင်းအောင်နေလိုက်တာက
အပူပင်ကင်းတာပဲ မဟုတ်ပါလား။

ထပ်တူမကျနိုင်တဲ့
လူတွေကြားထဲမှာ ကိုယ်နေထိုင်ပေမဲ့
ကိုယ့်ရဲ့စိတ်ကိုချမ်းသာအောင်တော့
နေထိုင်ရတာပဲပေါ့။

ပျော့ညံ့လို့ မရဘူးကိုယ့်နောက်မှာ လုံလုံလောက်လောက် မှီခိုစရာမရှိတော့ဘဝရဲ့ အချိုးအကွေ့တိုင်းကိုနဂိုထက်ပိုပြီး သန်မာပြရတယ် ...
04/10/2023

ပျော့ညံ့လို့ မရဘူး

ကိုယ့်နောက်မှာ
လုံလုံလောက်လောက် မှီခိုစရာမရှိတော့

ဘဝရဲ့ အချိုးအကွေ့တိုင်းကို
နဂိုထက်ပိုပြီး သန်မာပြရတယ် !!

စိတ်ညစ်နေလားသူငယ်ချင်း... မင်းလိုပဲ စိတ်ညစ်နေသူတွေ အများကြီးပါ။တစ်ယောက်ယောက်ကို  ရင်ဖွင့်ချင်နေလား သူငယ်ချင်း.. ခဏတော့ သ...
26/09/2023

စိတ်ညစ်နေလားသူငယ်ချင်း...
မင်းလိုပဲ စိတ်ညစ်နေသူတွေ အများကြီးပါ။

တစ်ယောက်ယောက်ကို
ရင်ဖွင့်ချင်နေလား သူငယ်ချင်း..
ခဏတော့ သည်းခံ မျိုသိပ် လိုက်ပါ...

တစ်ခါတစ်လေကျရင်လေ
ဒီနေ့ ပြောချင်နေတဲ့ စကားကို
နောက်တစ်ရက် ရွှေ့လိုက်လို့လည်း
အများကြီး နောက်ကျ မသွားပါဘူး ။

မင်းမမျိုသိပ်နိုင်တော့ရင်
နောက်နေ့မှ..ငါ့ကိုပြောပြနော်...

သေချာပါတယ် နောက်နေ့ကျ
ငါမေးတဲ့အခါ..
မင်းက "ဒီလိုပါပဲ
ဘာမှ မဟုတ်တော့ပါဘူး "
လို့ ပြန်ပြောလိမ့်မယ်။

ဒီလိုပါပဲ သူငယ်ချင်း..ခံစားချက်ဆိုတာ...
အရှိန် တက်နေတုန်းတော့ ရင်နဲ့အမျှပါပဲ....
တစ်ရက်ထက်တစ်ရက်
ရက်ကြာလာတာနဲ့အမျှ
အနယ်ထိုင်သွား လိမ့်မယ်။

အဲ့ဒီ အခါမှာ မင်း..
တစ်ချို့ခံစားချက်တွေကို
ပြန်ပြောပြချင်စိတ် မရှိတော့ဘူး..

တချို့ခံစားချက်တွေကို
ဥပက္ခာ ပြုတတ်လာမယ်....

တချို့ခံစားချက်တွေကို
မင်းပြန်သုံးသပ်တတ်လာမယ်....

တချို့ခံစားချက်တွေကို
သင်ခန်းစာ ယူတတ်လာမယ်...

တချို့ခံစားချက်တွေက
ဟာသ ဖြစ်သွားမယ်....

တချို့ခံစားချက်တွေက
တစ်ကယ်တွေးကြည့်ရင် ဘာမှ မဟုတ်ပါဘူး...

မင်းစဉ်းစားကြည့်
မင်းခံစားချက်တွေကို ငါ့ကိုရင်ဖွင့်ရင်
မှန်လား မှားလားဆိုတာ....

မစာနာလို့ပြောတာမဟုတ်ဘူးနော်
ကိုယ်ချင်းစာလို့ ပြောပြတာ....

မင်းစကားအဖတ်တင်
ကျန်မနေစေချင်လို့ပါ...မင်းခံစားချက်ကို
လူတကာလိုက်ပြောရအောင်
ဝတ္ထုတစ်ပုဒ်မှမဟုတ်ပဲ...
ရင်နဲ့အမျှ ခံစားခဲ့ရတာ တွေလေ

ပြောပြရင်တော့ နားထောင်ကြမှာပဲ..
နားထောင်လို့ ကောင်းတာကိုး..
အပြည့်အဝ ထပ်တူ
ခံစားပေးလိမ့်မယ်လို့ မင်းထင်သလား...

သူတို့က မင်းမဟုတ်ဘူးလေ ....
မင်းအကြောင်းကို မင်းသာ အသိဆုံး....
မင်းခံစားချက်ကိုလည်း မင်းသာ အသိဆုံး ...

ဘာလုပ်သင့်တယ်ဆိုတာ
မင်းသာ အသိဆုံး ဖြစ်ရမှာပေါ့...

ငါပေးတဲ့ အကြံက
ဘယ်လောက်မှန်နိုင်မှာမို့လို့လဲ...
ငါခိုင်းတဲ့ အတိုင်းကော
မင်းလိုက်လုပ်မှာမို့လို့လား

စိတ်ပေါ့သွားရုံသက်သက်နဲ့တော့
ရင်မဖွင့်ပါနဲ့....မင်းခံစားချက်တွေ
တန်ဖိုးမဲ့ သွားမှာ ...
စကား အဖတ်တင်ကျန်ခဲ့မှာ စိုးလို့ပါ..

တစ်ချို့ခံစားချက်တွေက
ခံစားရတဲ့သူတိုင်း
မှန်နေတယ်လို့ ပြောလို့မရဘူး..
နေရာတိုင်းမှာ အကြောင်း
အကျိုးဆက်နွယ်မှုတွေရှိနေတတ်တာကို
မမေ့ဖို့တော့ မှာချင်တယ် ....

နွားသိုးမှန်ရင် ဂျိုချက်နဲ့ မကင်းပါဘူး ...
ရင့်ကျက်မှုဆိုတာကလည်း
ရင်ထဲက အနာတရတွေက
တစ်ဆင့် ရလာတာ....
ဘဝအတွေ့အကြုံတွေကနေ
တစ်ဆင့်ရလာတာပါ...

ဒဏ်ရာမရှိတဲ့
နှလုံးသားပိုင်ရှင်ဖြစ်ချင်ရင်တော့
မင်းကလေးလေးပဲလုပ်တော့..
ဘယ်တော့မှ လူလားမြောက်လာမှာ မဟုတ်ဘူး..

စိတ်ညစ်ပြေသွားပြီလားသူငယ်ချင်း ....
စိတ်ညစ်မပြေသေးဘူးဆို
နောက်နေ့တွေကျမှ
ငါ့ဆီလာ ရင်ဖွင့်လိုက်ပါ......

Credit

Address

Arkar, Myitkyina.

Website

Alerts

Be the first to know and let us send you an email when Mar Kalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Mar Kalay:

Shortcuts

  • Want your school to be the top-listed School/college?

Share