KMUTT Myanmar Student Association

KMUTT Myanmar Student Association

Share

This page was created to help quickly communicate among Myanmar students at KMUTT.

Photos from KMUTT Myanmar Student Association's post 14/05/2025

[English below]

ပထမအသုတ် လှူဒါန်းခြင်း

KMUTT နှင့် KMUTT မြန်မာကျောင်းသားများမှ ကျင်းပ ပြုလုပ်ခဲ့သော ရန်ပုံငွေပွဲမှ ရရှိခဲ့တဲ့ အမြတ်အစွန်း နှင့် လှူဒါန်းငွေ အားလုံးကို မြန်မာနိုင်ငံ မှ သက်ဆိုင်ရာ ယုံကြည် စိတ်ချရတဲ့ အဖွဲ့အစည်းတွေမှ တဆင့် ငလျင်ဘေးသင့် ပြည်သူများရဲ့ ပြန်လည်ထူထောင်ရေးအတွက် ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံ၊ မန္တလေး ငလျင်ဘေးသင့် အိမ်ထောင်စု (၂၄) အိမ် အတွက် တစ်အိမ်လျင် မြန်မာငွေ ခြောက်သိန်း ခြောက်သောင်း (၆၆၀,၀၀၀) ကျပ်တိတိ၊ စုစုပေါင်း တစ်ရာ့ ငါးဆယ့် ရှစ်သိန်း လေးသောင်း (၁၅,၈၄၀,၀၀၀)တိတိ ကို အမရရွှေကူ အသင်းကြီးအား ပေးအပ်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလို ထိရောက်စွာ လှူဒါန်းနိုင်အောင် လိုက်လံပြဆောင်ပေးခဲ့တဲ့ အမရရွှေကူ အသင်းကြီးနှင့် မိခင်ကျန်တန်း လူမှုကူညီရေးအသင်း ကို လည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေကို ကူညီ လှူဒါန်းငွေတွေရောက်ဖို့ အားတက်သရော ပါဝင်ပေးတဲ့ တစ်ဦးတစ်ယောက် ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။

First Batch Donation

All proceeds and donations from the fundraising event organized by KMUTT and KMUTT Myanmar students have been handed over through trusted organizations in Myanmar to support the recovery efforts for earthquake-affected communities.

Specifically, MMK 660,000 per household (totaling MMK 15,840,000) has been donated to the Amara Shwe Ku Association to assist 24 earthquake-affected families in Mandalay, Myanmar.

We extend our deepest gratitude to the Amara Shwe Ku Association and Mikhin Kyan Tan Social Support Association for their effective coordination in ensuring the donations reached those in need. We are also immensely thankful to every individual who contributed generously, helping these funds reach the people who truly need them.



Photos from KMUTT Myanmar Student Association's post 05/05/2025

[English Below]
"Earthquake Relief Donation Certificate"
📍၂၀၂၅ခုနှစ်၊ မတ်လ ၂၈ရက်မှာ ဖြစ်ပွားခဲ့သော စစ်ကိုင်းမြေငလျင်ကြီးကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတစ်ဝှမ်းမှ ပြည်သူများ၏ ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် ကူညီထောက်ပံ့မှုများပြုလုပ်နိုင်ရန် ကျွန်မတို့ "KMUTT Myanmar Student Association ''အနေဖြင့် မတ်လ(၂၉) ရက်နေ့မှ စတင်ကာ ဧပြီ (၃၀) ရက်နေ့အထိ အလှူငွေများ ကောက်ခံခဲ့ရာ စုစုပေါင်း အလှူငွေ (၆၁၉၅၄) ဘတ်ရရှိခဲ့ပါတယ်

📍ရရှိလာသော အလှူငွေများမှ ကနဦးရရှိငွေ (၃၆၉၅၄) ဘတ်ကို ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်သော နေရာများသို့ ငလျင်သင့်ပြီး ရက်ပိုင်းအတွင်း လိုအပ်လျက်ရှိသော ဆေးဝါး၊ရေသန့် အထောက်အပံ့ပစ္စည်းများကို လှူဒါန်းခဲ့ကြပြီး ကျန်ရှိသော အလှူငွေ (၂၅၀၀၀) ဘတ်ကို မကြာသေးမီကျင်းပပြုလုပ်ခဲ့တဲ့ ရံပုံငွေဈေးရောင်းပွဲတော်မှ ရရှိသောအလှူငွေများနှင့် ပေါင်းကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများသို့ ထိထိရောက်ရောက် လှူဒါန်းသွားမှာဖြစ်ကြောင်းကိုလဲ အသိပေးကြေငြာပါရစေရှင်

📍ယုံယုံကြည်ကြည်ဖြင့် ပါဝင်လှူဒါန်းပေးခဲ့ကြတဲ အလှူရှင် တစ်ဦးတစ်ယောက်ချင်းစီကို KMUTT Myanmar Students Association မှလေးစားသောအားဖြင့် ဂုဏ််ပြုမှတ်တမ်းလွှာများပေးအပ်ကာ အထူးကျေးဇူးတင်ရှိကောင်းကို အသိအမှတ်ပြုပြောကြားလိုက်ပါရစေရှင့်

Google Drive Link –https://drive.google.com/drive/folders/1xzNf5Z84T0IGBC3ICiZRM7slMqaj1Yht?usp=sharing

(အထက်ပါ Google Drive Folder ထဲတွင် အလှူရှင်များ၏အမည်နှင့် ဂုဏ််ပြုမှတ်တမ်းလွှာများအား Upload ပြုလုပ်ထားပါသည်။ Receipt slip များမှ အမည်များအားကူးယူကာ မှတ်တမ်းလွှာများအား ပြင်ဆင်ခဲ့ခြင်းဖြစ်ပါသောကြောင့် အမည်ကျန်ရှိနေခြင်း (သို့) စာလုံးပေါင်းတစ်စုံတစ်ရာမှားယွင်းခဲ့ပါက Page Messenger မှတစ်ဆင့် လာရောက်ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။)

📍In response to the severe damages and losses experienced by people across central Myanmar due to the powerful earthquake that struck on March 28, 2025, we — the KMUTT Myanmar Student Association — began collecting donations from March 29 to April 30.

During this period, we raised a total of 61,954 Baht in donations.

📍From the collected funds, we initially used 36,954 Baht to urgently donate essential items such as medicine and purified water to the most severely affected areas shortly after the earthquake occurred.

The remaining 25,000 Baht has been combined with proceeds from our recently held Fundraising Bazaar, and will be donated effectively to support rebuilding and recovery efforts in the affected communities.

📍We would also like to sincerely express our heartfelt thanks and appreciation to every single donor who contributed with trust and generosity. As a token of gratitude, certificates of appreciation have been prepared by KMUTT Myanmar Students Association.You all may download your certificate from the following Drive folder link or download in the following scan your certificate directly.

🔗 Google Drive Link – https://drive.google.com/drive/folders/1xzNf5Z84T0IGBC3ICiZRM7slMqaj1Yht?usp=sharing

(Inside the Google Drive folder, you will find the names of the donors and their appreciation certificates. These were prepared based on the names shown on the donation receipt slips. If any names are missing or there are spelling mistakes, please feel free to contact us via Page Messenger to correct them.)

30/04/2025

[English below]

ဧပြီလ (၂၃) ရက်နေ့ မှ (၂၆) ရက်နေ့ထိ ကျင်းပ ပြုလုပ်ခဲ့တဲ့ KMUTT ရဲ့ငလျင် ပြန်လည်ထူထောင်ရေး အတွက် ရန်ပုံငွေပွဲမှ အမြတ်ငွေစုစုပေါင်း တစ်သိန်း ၃ သောင်း ၆ ထောင့် ၄ ရာ ၇ ဆယ့် ၇ ဘတ် ( ထိုင်းဘတ်ငွေ ၁၃၆,၄၇၇ ) တိတိ လှူဒါန်းဖို့ လက်ခံရရှိခဲ့ပါသည်။

ဤ ငွေပမာဏသည် ကျောင်းသူကျောင်းသားများ၏ စျေးရောင်းပွဲတော်မှ ရရှိလာတဲ့ အမြတ်အစွန်း နှင့်တကွ လာရောက် အားပေးကြသော အလှူရှင်များ၏ လှူဒါန်းငွေများလည်း ပါဝင်ပါသည်။ ဒါ့အပြင် T-shirt များ ရောင်းချပြီး ရရှိလာမယ့် အမြတ်အစွန်းများနှင့် အထွေထွေအမြတ်အစွန်း များကိုလည်း ဆက်လက်ပြီး ထည့်ပေါင်း လှူဒါန်းသွားမည်ဖြစ်ပါသည်။

စျေးရောင်းပွဲတော်မှ ရရှိလာတဲ့ အမြတ်ငွေများ အားလုံးကို မြန်မာနိုင်ငံတွင်းမှာရှိတဲ့ စိတ်ချရသော အဖွဲ့အစည်းများဆီသို့ ထိထိရောက်ရောက် ပြန်လည်လှူဒါန်းသွားမှာပဲ ဖြစ်ပါတယ်။

ငွေအားရော လူအားပါမကျန် လာရောက်ပါဝင် လှူဒါန်းပေးခဲ့ကြတဲ့ ကျောင်းသူကျောင်းသားများနှင့် အလှူရှင်များ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။

From April 23 to 26, the fundraising event organized by KMUTT for earthquake recovery successfully raised a total profit of 136,477 Thai Baht. This amount includes profits from the student-led market event as well as generous donations from supporters who came to the event.

In addition, profits from T-shirt sales and other general earnings will continue to be added and donated. All of the proceeds from the market event will be effectively donated to trusted organizations within Myanmar.

We would like to express our heartfelt gratitude to all the students and donors who contributed both financially and through their participation.



28/04/2025

(English Below)
ကျွန်မတို့ KMUTT Myanmar Students Association အနေနဲ့ ငလျင်ဘေးသင့်ဒေသများရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လှူဒါန်းသွားနိုင်ဖို့အတွက် (၅.၄.၂၀၂၅) မှ အလှူငွေများစတင်ကောက်ခံခဲ့ရာ စေတနာရှင်များရဲ့ ပံ့ပိုးကူညီများကြောင့် ယနေ့အလှူငွေ (၂၀,၁၅၅) ဘတ်ကို လက်ခံရရှိပြီးဖြစ်ပါတယ်

ကျွန်မတို့အနေနဲ့ (၃၀.၄.၂၀၂၅) ရက်နေ့ထိ အလှူငွေများကို ဆက်လက်လက်ခံသွားမှာဖြစ်ပြီး မကြာခင်က ပြီးစီးသွားသော Fundraising Bazzar မှ ရရှိသည့် အလှူငွေများနှင့်စုပေါင်းကာ လိုအပ်နေသောနေရာများသို့ ထိထိရောက်ရောက်လှူဒါန်းသွားမှာဖြစ်ကြောင်း စေတနာရှင်များအား အသိပေးအကြောင်းကြားရင်း

(၃၀.၄.၂၀၂၅) ည (၁၂) နာရီထိ Prompt Pay Scan မှတစ်ဆင့်တိုက်ရိုက်လှူဒါန်းနိုင်ပါသေးကြောင်း ထပ်ဆင့်ပြောပြလိုက်ပါရစေနော်

ပါဝင်လှူဒါန်းပေးခဲ့ကြတဲ့ အလှူရှင်များအားလုံးကို KMUTT Myanmar Students Association မှ အထူးကျေးဇူးတင်ရှိပါတယ်ရှင့်🙏🏻🙏🏻🙏🏻

As KMUTT Myanmar Students Association, we started collecting donations on (5.4.2025) to contribute to the rebuilding efforts in the earthquake-affected areas. Thanks to the support and generosity of our donors, we have received a total of 20,155 Baht as of today.

We would like to inform you that we will continue accepting donations until (30.4.2025). After that, we will combine the funds raised from the Fundraising Bazaar with the donations and contribute effectively to the areas in need.

We would also like to remind you that donations can still be made directly via PromptPay Scan until midnight (12:00 AM) on (30.4.2025).

We truly appreciate your kind support and sincerely thank each and every donor.🙏🏻🙏🏻🙏🏻

KMUTT Myanmar Students Association

26/04/2025

KMUTT ရဲ့ ရန်ပုံငွေပွဲလေးကတော့ အောင်အောင် မြင်မြင် ကျင်းပ ပြီးစီးသွားပြီပဲ ဖြစ်ပါတယ်။ နောက်ဆုံးနေ့ထိ ကြိုးစားအားထုတ်ပြီး ရောင်းချပေးကြသော၊ ပါဝင် ကူညီပေးကြသော Seller များ နဲ့ Volunteer များ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ စီစဉ်သူများမှလည်း အကောင်းဆုံး အားထုတ် ပြီး ဒီပွဲလေး ဖြစ်မြောက်အောင် စီစဉ် ဦးဆောင်ပေးခဲ့တဲ့အတွက် လိုအပ်ချက်များ၊ လစ်ဟင်းခဲ့တာများ ရှိရင် နားလည်ပေးကြပါဦးနော်။ လာရောက်အားပေးခဲ့ကြ တဲ့ တစ်ဦး တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ အလှူငွေ စာရင်းရှင်းတမ်းများကိုလည်း အမြန်ဆုံး ချပြသွားမှာ ဖြစ်တဲ့အတွက် စောင့်မျှော် ကြည့်ရှုနိုင်ပါတယ်နော်။

The KMUTT fundraising event has now successfully and joyfully come to a close! A heartfelt thank you goes out to all the dedicated sellers and volunteers who gave their time and effort up until the very last day. Huge appreciation also to the organizers who led and arranged everything behind the scenes, with their greatest effort. If there were any shortcomings or things we missed, we kindly ask for your understanding. And of course, a big thank you to each and every one of you who came to support the event! The donation and financial report will be shared as soon as possible, so please stay tuned!



Photos from KMUTT Myanmar Student Association's post 26/04/2025

ဒီနေ့ကတော့ ရန်ပုံငွေပွဲ ရဲ့နောက်ဆုံးနေ့ကို ရောက်ရှိလာပြီပဲဖြစ်ပါတယ်နော်။ မနေ့က၂၅ရက်နေ့ ပွဲမှာကျောင်းသူကျောင်းသားတွေရဲ့ အားထုတ်ပြီး ချက်ပြုတ် ပြင်ဆင် နေကြပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။ နောက်ဆုံးနေ့လေးဖြစ်တဲ့အတွက် လာရောက်အားပေး လှူဒါန်းနိုင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Today marks the final day of the fundraising event! Yesterday, on the 25th, we got to see the students putting in so much effort preparing, cooking, and organizing everything. Since it’s the last day, we’d like to warmly invite you to come by, show your support, and make a contribution if you can!



Photos from KMUTT Myanmar Student Association's post 25/04/2025

ရန်ပုံငွေပွဲမှာ မြန်မာ အစားအစာတွေအပြင် ဒီလို အစီအစဉ်လေး တွေလည်းရှိလို့ မုန့်လည်းစား၊ activity လေးတွေလည်း လုပ်ရင်း ပွဲမှာ လာရောက်ပါဝင်နိုင်ပါတယ်နော်။

At the fundraising event, in addition to Myanmar food, there will also be fun activities like this—so you can enjoy snacks while taking part in some small activities and join the event in a fun way!





Photos from KMUTT Myanmar Student Association's post 25/04/2025

ဒီနေ့ ရန်ပုံငွေပွဲလေး မှာတော့ ဆိုင်ရော မီနူးရော ပိုပြီးတော့ စုံနေ မှာနော် ။ ယနေ့ ထွက်ရှိမယ့် ဆိုင်တွေ နဲ့ မီနူးလေးတွေကို တစ်ပါတည်းစု ပြီး တင်ပေးထားတာ ဖြစ်လို့ လာရောက်အားပေး ဖို့ ဖိတ်ခေါ် လိုက်ပါတယ်။

📅 ပွဲရက်: April ၂၃ - ၂၆ ရက်
📍 ပွဲနေရာ: KMUTT Bangmod Campus, LX Courtyard
⏰ ပွဲချိန်: ညနေ ၄ - ၇ နာရီ (နေ့စဥ်)

At today’s fundraising event, there’ll be even more variety—both in terms of booths and menus! We’ve put together and shared a full list of today’s participating stalls and their special items, so we warmly invite you all to come by and show your support!

📅 Event Dates: April 23 - 26
📍 Venue: KMUTT Bangmod Campus, LX Courtyard
⏰ Time: 4:00 PM - 7:00 PM (Daily)



Photos from KMUTT Myanmar Student Association's post 25/04/2025

KMUTT ရဲ့ ရန်ပုံငွေပွဲလေး ရဲ့ ပထမနေ့ နဲ့ ဒုတိယနေ့ရဲ့ ပုံရိပ်လေးတွေကို တင်ပြရင်း ဒီနေ့လည်း လာရောက် လှူဒါန်းကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ လာရောက်အားပေးကြမ်း ကြတာဖြစ် တဲ့အတွက် ဆိုင်တွေက ရောင်းချတဲ့ ပစ္စည်းတွေ စော ကုန်အောင် ဖြစ်တဲ့ထိ လက်မလည်အောင်ရောင်းရတာမို့ အားလည်းတက်၊ ဝမ်းလည်းမြောက် ဖြစ်ရပါတယ်။ ဒီနေ့ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့မှာလည်း ပွဲကျင်းပ သွားမှာ ဖြစ်တဲ့ အတွက် အားလုံးကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

📅 ပွဲရက်: April ၂၃ - ၂၆ ရက်
📍 ပွဲနေရာ: KMUTT Bangmod Campus, LX Courtyard
⏰ ပွဲချိန်: ညနေ ၄ - ၇ နာရီ (နေ့စဥ်)

As we share some snapshots from the first and second days of KMUTT’s fundraising event, we’d also like to invite everyone to come and donate today as well. Thanks to your amazing support, the shops have been selling out so quickly that they can hardly keep up—it’s been both encouraging and heartwarming! The event will continue today and tomorrow, on the 25th and 26th, so we warmly invite everyone to come join us!

📅 Event Dates: April 23 - 26
📍 Venue: KMUTT Bangmod Campus, LX Courtyard
⏰ Time: 4:00 PM - 7:00 PM (Daily

Photos from KMUTT Myanmar Student Association's post 24/04/2025

ရန်ပုံငွေ အလှူပွဲ ဒုတိယနေ့လေး ကလည်း စည်စည်ကားကား နဲ့ ကျင်းပလို့ နေပြီဖြစ်ပါတယ်။ အင်တာတိန်းမန့်တွေလည်း ပါဝင်တာ ဖြစ်လို့ လာရောက် အားပေးကြဖို့ဖိတ်ခေါ် လိုက်ပါတယ်နော်။

The second day of the donation event for the fund is also successfully holding with great excitement. Since there will be entertainment as well, we warmly invite everyone to come and show your support!



Want your school to be the top-listed School/college?

Website