University of Co-operative and Management, Sagaing

  • Home
  • University of Co-operative and Management, Sagaing

University of Co-operative and Management, Sagaing Education

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊(စစ်ကိုင်း) တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထ...
28/06/2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊(စစ်ကိုင်း) တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများ(မူ/လယ်/ထက်) ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာထောက်ပံ့ခြင်း အခမ်းအနားကျင်းပ
************

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၊ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် (၂၈.၆.၂၀၂၆)ရက်နေ့ နံနက် (၉း၀၀)နာရီအချိန်၌ ဝန်ထမ်းသား/သမီး(မူ/လယ်/ထက်)ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ ထောက်ပံ့ခြင်း အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်‌၊ ဒုတိယပါ‌မောက္ခချုပ်(စီမံ)၊ ဒုတိယပါ‌မောက္ခချုပ်(သင်ကြား)၊ အုပ်ချုပ်ရေးဌာနများဖြစ်သော စီမံရေးရာဌာန၊ သင်တန်းရေးရာဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမနှင့် ဝန်ထမ်းသား/သမီး(မူ/လယ်/ထက်)ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်အရ ပါမောက္ခချုပ်မှ အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမှီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရည်အချင်းရှိသော ပညာတတ်များ ပေါ်ထွန်းလာစေရန် အားပေးလျက်ရှိပြီး တက္ကသိုလ်အနေဖြင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းများတွင် ပညာသင်ကြားလျက်ရှိသော ဝန်ထမ်းသား/သမီးများ၏ပညာရေးကို တစ်ထောင့်တစ်နေရာမှ အထောက်အကူ ဖြစ်စေရန်နှင့် ပညာသင်ကြားချင်စိတ် ပိုမိုဖြစ်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ဘက်စုံထူးချွန်ထက်မြက်ပြီး မိဘကျေးဇူးသိတတ်သော၊ လိမ္မာပြီး စည်းကမ်းပြည့်ဝသော အနာဂတ်တွင် တိုင်းပြည်က အားထားရသော သားကောင်း၊ သမီးကောင်းလေးများ ဖြစ်ကြပါစေ၊ အထက်တန်းစာမေးပွဲ ဖြေဆိုကြသည့်အခါ ဘာသာရပ်တိုင်း၌ ဂုဏ်ထူးများဖြင့် အောင်မြင်ကြပြီး မိမိတို့ဝါသနာ၊ ဆန္ဒရှိသော တက္ကသိုလ်များ၌ ပညာဆက်လျက်ဆည်းပူးနိုင်ကြပါစေ‌ကြောင်း ဆုမွန်ကောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ KG မှ Grade-5 ထိ (၆၈)ဦး၊ Grade-6 မှ Grade-9 ထိ (၂၆)ဦး၊ Grade-10 မှ Grade-12 ထိ (၆)ဦး၊ စုစုပေါင်း ကျောင်းသား/‌ကျောင်းသူ (၁၀၀)ဦးတို့ကို ပါမောက္ခချုပ်၊ ဒုတိယပါ‌မောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)တို့မှ ကျောင်းဝတ်စုံများ၊ ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများ HRD Programme အသီးသီးမှ လှူဒါန်းငွေ စုစုပေါင်း(၄,၈၄၂,၀၀၀ိ/.) ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူ မိဘတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် ပါမောက္ခချုပ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) သက်ပြည့်ပင်စင်ခံစားမည့် ဒုတိ...
26/06/2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) သက်ပြည့်ပင်စင်ခံစားမည့် ဒုတိယဌာနမှူး၊ စီမံခန့်ခွဲရေးဌာနအား နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပ
================================================
ဇွန် ၂၆၊၂၀၂၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) သက်ပြည့်ပင်စင်ခံစားမည့် ဒုတိယဌာနမှူး၊ စီမံခန့်ခွဲရေးဌာနအား နှုတ်ဆက်ပွဲ အခမ်းအနား ကို T1 စာသင်ဆောင်ရှိ Conference Roomတွင် ကျင်းပခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါ‌မောက္ခချုပ်(သင်ကြား)နှင့် အုပ်ချုပ်ရေးဌာနများဖြစ်သော စီမံ ခန့်ခွဲရေးဌာန၊ သင်တန်းရေးရာဌာန၊ သုတေသနနှင့်ဖွံ့ဖြိုးမှု ဌာနများမှ ဌာနမှူးများ၊ သင်ကြားရေး ဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး) နှင့် ဒေါ်စန်းစန်းမြင့်၊ ဒုတိယဌာနမှူး၊စီမံခန့်ခွဲရေးဌာန တို့ စုံစုံညီညီတက်ရောက်ကြသည်။ ထို့နောက် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်(စီမံ)မှ သက်ပြည့်ပင်စင်ခံစားမည့် ဒေါ်စန်းစန်းမြင့်၊ ဒုတိယဌာနမှူး၊ စီမံခန့်ခွဲရေးဌာနအား နှုတ်ဆက်အမှာစကားပြောကြားပြီးနောက် ပါမောက္ခချုပ်မှ တက္ကသိုလ်၏ တာဝန်ထမ်းဆောင်သည့် အမှတ်တရ Crystal ဆုတံဆိပ် ပေးအပ်ခဲ့ပြီး ဒုတိယပါမောက္ခချုပ် (စီမံ)၊ ဒုတိယပါ‌မောက္ခချုပ်(သင်ကြား)နှင့် ဌာနမှူးများမှ အမှတ်တရ နှုတ်ဆက်လက်ဆောင်များ အသီးသီး ပေးအပ်ခဲ့သည်။ ဆက်လက်၍ သက်ပြည့်ပင်စင်ခံစားမည့် ဒေါ်စန်းစန်းမြင့်၊ ဒုတိယဌာနမှူး၊ စီမံခန့်ခွဲရေးဌာနမှလည်း တာဝန်ထမ်းဆောင်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံများ နှင့် နှုတ်ဆက်စကားပြောကြားခဲ့ပြီး ပါမောက္ခချုပ်မှ နိဂုံးချုပ် စကားပြောကြားပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၌ဂျီအီးစီ(ပညာရေး)ဝန်ထမ်းများ သ...
25/06/2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၌
ဂျီအီးစီ(ပညာရေး)ဝန်ထမ်းများ သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တို့၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ
================================

စစ်ကိုင်း၊ ဇွန် ၂၄

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၌ ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်း ဥပဒေအရ ဖွဲ့စည်းထားသည့် ဂျီအီးစီ(ပညာရေး)ဝန်ထမ်းများ သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို (၂၅-၆-၂၀၂၆)ရက်နေ့တွင် အဆိုပါတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ အသင်းသား (၂၃၀)ဦး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး အစီအစဉ်များအရ ပထမဦးစွာ ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အသင်းနှစ်ခု၏ အမှုဆောင်အဖွဲ့ လုပ်ငန်းအစီရင်ခံစာများ၊ နှစ်ချုပ် ဘဏ္ဍာရေးရှင်းတမ်းများနှင့် မြို့နယ်သမဝါယမဦးစီးဌာန စာရင်းစစ်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များကို ဖတ်ကြားတင်ပြပြီး အတည်ပြုချက်ရယူခဲ့သည်။

ထို့နောက် ဒုတိယပိုင်းအစီအစဉ်အနေဖြင့် ငွေစုငွေချေး သမဝါယမအသင်းအတွက် ဥက္ကဌ၊ အမှုဆောင်ဒါရိုက်တာအဖွဲ့အသစ်များကို ရွေးချယ်တင်မြှောက်ခဲ့ပြီး ရွေးချယ်တင်မြှောက်ခံရသည့် အသင်းဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်အသစ်(၁၂)ဦးတို့က သဘာပတိ ရှေ့မှောက်၌ ကတိသစ္စာပြုခဲ့ကြပါသည်။ တတိယပိုင်းအစီအစဉ်တွင် ငွေစုငွေချေးအသင်း ဥက္ကဋ္ဌက မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး အမှုဆောင်တစ်ဦးမှ အသင်း၏ စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ကာ အသင်းအဖွဲ့ဝင်များ အားလုံးမှ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

"အဂတိလိုက်စားမှုကင်းရှင်းနိုင်ရေး ပြည်သူများမှ ပူးပေါင်းဆောင်ရွက်ရေး"
15/06/2026

"အဂတိလိုက်စားမှုကင်းရှင်းနိုင်ရေး ပြည်သူများမှ ပူးပေါင်းဆောင်ရွက်ရေး"

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ MPA၊ MAR နှင့် MBA (4th Batch)...
06/06/2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ MPA၊ MAR နှင့် MBA (4th Batch) သင်တန်းများ၏ Orientation Ceremony ကျင်းပခြင်း
*****************

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ဖွင့်လှစ်ပို့ချသော Master of Public Administration (MPA)၊ Master of Applied Research (MAR) နှင့် Master of Business Administration (MBA) (4th Batch) သင်တန်းများ၏ Orientation Ceremony ကို (၆-၆-၂၀၂၆) ရက်နေ့၊ နံနက် ၉:၀၀ နာရီတွင် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ပါမောက္ခ (ဌာနမှူး)များ၊ Program Director များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာမေဂျာအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ (၆၀) ဦး စုံစုံညီညီတက်ရောက်ခဲ့ ကြပြီး ပြင်ပပညာရှင်ဆရာမကြီးများနှင့် Programme (၃) ခုမှ သင်တန်းသား၊ သင်တန်းသူ (၂၄၂)ဦး တို့က Zoom Online စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာဥမ္မာစံက အဖွင့်အမှာစကားအနေဖြင့် ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားခဲ့ရာတွင် “လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေး ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်တစ်ခုဖြစ်လာစေရန်” ဟူသော တက္ကသိုလ်မျှော်မှန်းချက်နှင့်အညီ ဒေသဆိုင်ရာဖွံ့ဖြိုးရေး၊ လူမှုစီးပွားရေး လုပ်ငန်းစီမံခန့်ခွဲရေး၊ စာရင်းကိုင်နှင့်ဘဏ္ဍာရေး၊ ဈေးကွက်ဖော်ဆောင်ရေးနှင့် အသုံးချ စာရင်းအင်းပညာရပ်အစရှိသော အထူးပြုပညာရပ်အစီအစဉ်များ ဖွံ့ဖြိုးလာစေရန်၊ သက်ဆိုင်ရာ ပညာရပ်နယ်ပယ်များတွင် အလေးထား ပူးပေါင်းဆောင်ရွက်တတ်သော လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရန်နှင့် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်၍ လက်တွေ့အသုံးချနိုင်ရေးဆောင်ရွက်ရန် အဓိကတာဝန်(၃)ရပ်ကို အောင်မြင်အောင် ဆောင်ရွက်လျက်ရှိရာ ယခုအခါ HRD သင်တန်းအသီးသီးမှ မဟာဘွဲ့နှင့် Diploma ဘွဲ့ ရရှိပြီးသူ ဦးရေ (၃၄၄)ဦး ဖြစ်ပြီး ကျမ်းပြုစုလျက်ရှိသူ ဦးရေ (၄၂၁)ဦးနှင့် တက်ရောက်ဆဲဦးရေ (၅၀၃)ဦး ရှိပါ ကြောင်း ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှ စတင်ပြီး Master of Development Studies (MDevs), Master of Financial Management(MFM) နှင့် Diploma in Entrepreneurship and Small Business Development သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း ၊ ယခုပညာသင်နှစ် မှာ ပညာဆည်းပူးကြမည့် MPA, MAR, MBA 4th Batch သင်တန်းသူ/သားများကိုလည်း တက္ကသိုလ်မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ နိုင်ငံတော်က အားထားရသော ထူးချွန် ထက်မြက်သည့် လူတော်လူကောင်း များဖြစ်ကြပါစေကြောင်း၊ သင်တန်းမှ သင်ကြားပို့ချမည့် Knowledge များနှင့် လက်တွေ့လုပ်ငန်းခွင်နယ်ပယ်မှ Experienceများ၊ Skills များကို ပေါင်းစပ်၍ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်သွားနိုင်ကြပါစေကြောင်း ဆုတောင်းစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါက်တာကြည်ကြည်ဝင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးမျိုးသန့်အောင်နှင့် ပြင်ပပညာရှင်များဖြစ်ကြသည့် (ပါမောက္ခ၊ဌာနမှူး (ငြိမ်း)) ဒေါ်ခင်အေးမြင့်၊ ဧည့်ပါမောက္ခ ဒေါက်တာချိုချိုဝေတို့က သြဝါဒ အမှာစကား၊ ကြိုဆို နှုတ်ဆက်စကား အသီးသီးပြောကြားခဲ့ကြပြီး၊ MPA၊ MAR နှင့် MBA သင်တန်းများမှ သင်တန်းသားကိုယ်စားလှယ်တစ်ဦးစီက သင်တန်းတက်ရောက်ခွင့်ရသည့်အပေါ် ဝမ်းသာပီတိ စကားနှင့်ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။ ၎င်းနောက် တက်ရောက်လာကြသူ များစုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)(၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်၊ တည်ဆော...
29/05/2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
(၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ ကျင်းပ
****************

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်လှစ်မည့်အခမ်းအနားကို (၂၉.၅.၂၀၂၆)ရက်နေ့၊ နံနက် (၉း၃၀)အချိန်တွင် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားပြီးနောက် တက်ရောက်လာသည့် ကုမ္ပဏီများမှ မိတ်ဆက်စကားပြောကြားခြင်း၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ အတွင်းရေးမှူးမှ တင်ဒါစည်းမျဉ်းများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကာ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌမှ နိဂုံးချုပ် စကားပြောကြားခဲ့ပြီးနောက် ဖွင့်ပွဲအခမ်းအနား ပြီးမြောက်ခဲ့ပါသည်။
ဆက်လက်၍ ကျပ်သန်း (၂၀၀) အထက် လုပ်ငန်း(၃)မျိုးနှင့် ကျပ်သန်း (၂၀)မှ ကျပ်သန်း (၂၀၀)အထိ လုပ်ငန်း (၄)မျိုး စုစုပေါင်း လုပ်ငန်း (၇)မျိုးအတွက် တင်သွင်းသည့် စာအိတ် (A) Technical Proposal များ ဖွင့်ဖောက်ခြင်း၊ ရမှတ်များ ကြေညာခြင်းနှင့် စာအိတ်(B) Price Proposal များ ဖွင့်ဖောက်ခြင်း၊ သတ်မှတ်စျေးနှုန်းများနှင့် အဆိုပြုစျေးနှုန်းများအား ကြေညာခြင်းတို့ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမည့...
21/05/2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမည့်ရက်(သတင်းပို့ရမည့်ရက်)၊ ကျောင်းစတင်ဖွင့်လှစ်မည့်ရက်များအား ထုတ်ပြန်ကြေညာခြင်း

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရ...
15/05/2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂ဝ၂၆)ကျင်းပပြုလုပ်ခြင်း
******************

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၆)အား ၁၄-၅-၂ဝ၂၆ ရက်နေ့၊ နေ့လယ် (၁၅:၃၀)နာရီအချိန်တွင် T-1စာသင်ဆောင်(104)၌ ကျင်းပပြုလုပ်ခဲ့ရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တက္ကသိုလ်၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဥမ္မာစံ၊ ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားပြီး တက္ကသိုလ်၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ(၁)၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU)၏ အဖွဲ့ဝင် ဦးမျိုးသန့်အောင်၊ ဒုတိယပါမောက္ခချုပ်(စီမံ)က သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့၏လုပ်ငန်းလမ်းညွှန်ချက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် (၁၂-၅-၂ဝ၂၆)ရက်နေ့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန် အဖွဲ့ခေါင်းဆောင်ဦးဆောင်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် လမ်းညွှန်မှုများနှင့်ပတ်သက်၍ အများပြည်သူနှင့် ထိတွေ့ ဆက်ဆံလျက်ရှိသည့် လုပ်ငန်းများအပေါ် လေ့လာဆန်းစစ်ချက်(Public Feedback Programme-PFP) အနေဖြင့် တင်ဒါများခေါ်ယူရာတွင် လာရောက်လျှောက်ထားသူများအား Feedback Form များ ဖြန့်ဝေပေးထားမည်ဖြစ်ကြောင်း၊ ဌာနတွင်း ဖွင့်လှစ်မည့် ဝန်ထမ်းစွမ်းဆောင်ရည်သင်တန်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် (၄၅)မိနစ်စာ ပညာပေးသင်ခန်းစာ ထည့်သွင်းပို့ချရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပါသည်။ တက္ကသိုလ်၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ(၂)၊ ဒေါက်တာကြည်ကြည်ဝင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)က ဌာနမှူးများအနေဖြင့် ဆရာ/ဆရာမများ Feedback ပြန်နားထောင်ပေးရန် မှာကြားလိုကြောင်း၊ တက္ကသိုလ်၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၏ အဖွဲ့ဝင် ဒေါက်တာခင်မြဝင်း၊ ပါမောက္ခ (ဌာနမှူး)၊ ဥပဒေပညာဌာနမှ Feedback သည် အရေးကြီးကြောင်း၊ ယခင်ကလည်း အသိပညာပေး ဟောပြောပွဲများပြုလုပ်ခဲ့ကြောင်း ဆွေးနွေးကြပြီး အစည်းအဝေးကို (၁၆:၃၀)နာရီတွင် ရုပ်သိမ်း ပါသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိ...
14/05/2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Dip.ESBD နှင့် Dip.HRM ဒီပလိုမာ သင်တန်းများကို အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ်သင်ကြားမည်ဖြစ်၍ ဝင်ခွင့်လျှောက်ထားနိုင်ပါကြောင်း ကြော်ငြာချက်

Application Form များကို အောက်ဖော်ပြပါ Link များတွင် Download ရယူနိုင်ပါသည်။
Dip.ESBD - http://studyonline.ucms.edu.mm/?p=611
Dip.HRM - http://studyonline.ucms.edu.mm/?p=625

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မဟာတန်းကျောင်းသား/ကျောင်းသူများ၏ Master Thesis Viv...
11/05/2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မဟာတန်းကျောင်းသား/ကျောင်းသူများ၏ Master Thesis Viva Defense စစ်ဆေးခြင်း
***********
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုမေဂျာနှင့် လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြုမေဂျာ မဟာတန်းကျောင်းသား/သူများ၏ Master Thesis Viva Defense ကို (၇.၅.၂၀၂၆)ရက်နေ့နှင့် (၈.၅.၂၀၂၆) ရက်နေ့တို့တွင် အသီးသီး ကျင်းပပြုလုပ်ခဲ့ပြီး Board of Examiner များအဖြစ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ဘောဂဗေဒဌာနနှင့် သမဝါယမပညာဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ဘောဂဗေဒဌာန၊ သမဝါယမပညာဌာနနှင့် စာရင်းအင်းပညာဌာနများမှ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့် ပြင်ပပညာရှင်ဆရာမကြီးများဖြစ်သော ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာရီအေး (ပါမောက္ခချုပ်(ငြိမ်း)၊သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း))၊ ဒေါက်တာနီနီအောင် (ဒုတိယပါမောက္ခချုပ်(ငြိမ်း)၊ မုံရွာစီးပွားရေးတက္ကသိုလ်))တို့သည် သက်ဆိုင်ရာ အထူးပြုဘာသာရပ်များ၏ သတ်မှတ်ပြဌာန်းချက်များအတိုင်း ဌာနများ၏ အစီအစဉ်ဖြင့် မဟာတန်း ကျောင်းသူများ၏ Master Thesis Viva Defense ကို တက်ရောက်ခဲ့ပြီး ကျောင်းသူများ တင်သွင်းသည့် စာတမ်းနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်ခဲ့ကြပါသည်။ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပညာ အထူးပြုမေဂျာမှ ကျောင်းသူ(၂)ဦးနှင့် လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာအထူးပြုမေဂျာမှ ကျောင်းသူ(၁)ဦး၊ စုစုပေါင်း (၃)ဦးတို့သည် သက်ဆိုင်ရာ အထူးပြု ဘာသာရပ်များ၏ သတ်မှတ် ပြဌာန်းချက်များအတိုင်း ဌာနများ၏ အစီအစဉ်ဖြင့် ဖြေဆိုခဲ့ကြပါသည်။

Address

Sagaing

072

Telephone

+957221183

Website

Alerts

Be the first to know and let us send you an email when University of Co-operative and Management, Sagaing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your school to be the top-listed School/college?

Share