Board Of Education,Maubin Township

  • Home
  • Board Of Education,Maubin Township

Board Of Education,Maubin Township Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Board Of Education,Maubin Township, Education, .

ရက်စွဲ ။ ၂၀၂၆ ခုနှစ် ၊ ဧပြီလ (၈) ရက်။ရဲဘော် ကျောင်းဆရာသည် ၂၀၂၁ ခုနှစ် ၊ နွေဦးတော်လှန်ရေးတွင် မအူပင်မြို့နယ်၌ အကြမ်းမဖက် ...
08/04/2026

ရက်စွဲ ။ ၂၀၂၆ ခုနှစ် ၊ ဧပြီလ (၈) ရက်။

ရဲဘော် ကျောင်းဆရာသည် ၂၀၂၁ ခုနှစ် ၊ နွေဦးတော်လှန်ရေးတွင် မအူပင်မြို့နယ်၌ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု ၊ သပိတ်နှင့် ပညာရေးလုပ်သားများသမဂ္ဂလှုပ်ရှားမှု ၊ လက်နက်ကိုင် တော်လှန်ရေးလှုပ်ရှားမှု၊ ပြည်သူ့ပညာရေးလှုပ်ရှားမှုများတွင် နိုင်ရာတာဝန်များကို စွမ်းစွမ်းတမံကြိုးပမ်း ဆောင်ရွက်ခဲ့သည့် မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ ရဲဘော် ကျောင်းဆရာသည် ကွယ်လွန် သည်အထိ CDM ပညာရေး ဝန်ထမ်းတဦးအဖြစ်လည်းကောင်း ၊ မအူပင်မြို့နယ် အခြေခံပညာ ပညာရေး သမဂ္ဂအဖွဲ့ဝင်တဦးအဖြစ်လည်းကောင်း ၊ လက်နက်ကိုင်တော်လှန်ရေး ရဲဘော်တဦးအဖြစ်လည်းကောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပညာရေးဝန်ကြီးဌာန နှင့် ကာကွယ်ရေးဝန်ကြီးဌာနများ၏ တာဝန်များကို ဦးလှည့်မသုန်ထမ်းဆောင်ခဲ့သဖြင့် ကျွန်ုပ်တို့၏ နွေဦးတော်လှန်ရေး ပညာအာဇာနည်တစ်ဦးအဖြစ် လေးမြတ် စွာဖြင့်ဂုဏ်ပြုအပ်ပါသည်။ ရဲဘော် ကျောင်းဆရာသည် ၂ဝ၂၆ ခုနှစ် ၊ ဧပြီလ (၇) ရက်နေ့တွင် စစ်အာဏာရှင် အား ရဲရင့်စွာ တော်လှန်တိုက်ခိုက်ရင်း မြင့်မြတ်စွာကျဆုံးသွားကြောင်းသိရှိရ၍ မအူပင်မြို့နယ် မြို့နယ် ပညာရေးဘုတ်အဖွဲ့မှ မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း သဝဏ်လွှာပေးပို့အပ်ပါ သည်။

မအူပင်မြို့နယ် ပညာရေးဘုတ်အဖွဲ့

မအူပင်မြို့

🗓️29.11.2024(သောကြာနေ့)မအူပင်မြို့နယ်ပညာရေးဘုတ်အဖွဲ့၏ကြေညာချက်အမှတ်(၁/၂၀၂၄)၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၂၉)ရက်“မအူပင်မြို့နယ်ပ...
29/11/2024

🗓️29.11.2024(သောကြာနေ့)

မအူပင်မြို့နယ်ပညာရေးဘုတ်အဖွဲ့၏
ကြေညာချက်အမှတ်(၁/၂၀၂၄)
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၂၉)ရက်
“မအူပင်မြို့နယ်ပညာရေးဘုတ်အဖွဲ့ Logo ပြောင်းလဲသုံးစွဲခြင်း နှင့်ပတ်သက်၍ အသိပေးကြေညာခြင်း”

အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ မအူပင်မြို့နယ်ပညာရေး ဘုတ်အဖွဲ့၏ (၃/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်အရ ယခင်အသုံးပြုခဲ့သော Logo အစား အားလုံးအဆိုပြု ထောက်ခံသည့် Logo အား ပြောင်းလဲ သုံးစွဲမည်ဖြစ်ကြောင်း သိစေရန်ကြေညာအပ်ပါသည်။


တာဝန်ခံ
မြို့နယ်ပညာရေးဘုတ်အဖွဲ့
မအူပင်မြို့နယ်

29/05/2023

ပြည့်သူ့ (ဘက်တော်သား) တက္ကသိုလ်များ
(update list) (28-5-2023)

ပြည့်သူ့(ဘက်တော်သား)တက္ကသိုလ်များသို့ တက်ရောက်ရန်စုံစမ်းလိုပါက သက်ဆိုင်ရာတက္ကသိုလ်များ၏ Official page များတွင် သွားရောက်စုံစမ်းနိုင်ပါကြောင်း လက်လှမ်းမီသမျှ အလွတ်သဘော စုစည်းတင်ပြလိုက်ပါသည်။

Myanmar Nway-Oo University (MNOU) မြန်မာ့နွေဦးတက္ကသိုလ်
https://www.facebook.com/mnou2022

ဆေးတက္ကသိုလ် ၁ (ရန်ကုန်) တက်ရောက်ရန်စုံစမ်းရန်
University of Medicine1, Yangon Interim University Council
https://www.facebook.com/um1iuc

ဆေးတ္ကသိုလ် (မကွေး) တက်ရောက်ရန်စုံစမ်းရန်
https://www.facebook.com/iucummg?mibextid=ZbWKwL

သစ်တောတ္ကသိုလ် (UFES) တက်ရောက်ရန်စုံစမ်းရန်
https://www.facebook.com/council.ufes

Spring University Myanmar (SUM)
https://www.facebook.com/springuniversitymm

Spring Normal University (SNU)
https://www.facebook.com/springnormaluniversity

Thanlyin Technological University Council. The highest authorised council of TTU
https://www.facebook.com/profile.php?id=100067439269793&mibextid=ZbWKwL

The Knot - Education
https://www.facebook.com/profile.php?id=100082786838861&mibextid=ZbWKwL

ကွန်ပျူတာတက္ကသိုလ်မကွေး ယာယီတက္ကသိုလ်ကောင်စီ
https://www.facebook.com/profile.php?id=100088850474417&mibextid=ZbWKwL

Burma Academy
Burma Academy is an all-inclusive alternative education platform.
https://www.facebook.com/BurmaAcademyPlatform/?mibextid=ZbWKwL

Magway Law School
Legal Training Campus.
https://www.facebook.com/profile.php?id=100087456430946&mibextid=ZbWKwL

Irrawaddy Law School
An Interim Legal Education Institute of Myanmar.
https://www.facebook.com/IrrawaddyLawSchool?mibextid=ZbWKwL

Minority Affairs Institute - MAI
“A just and independent society that values equality, liberty, and human rights principles."
https://www.facebook.com/MinorityAffairsInstituteMyanmar?mibextid=ZbWKwL

Wunzin Online University (WOU) ဝန်ဇင်းအွန်လိုင်းတက္ကသိုလ် တက်ရောက်ရန်စုံစမ်းရန်
မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ - ဗကသများ အဖွဲ့ချုပ် fb page https://www.facebook.com/meiktilauniversitystudentsuion

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားသင်တန်းကျောင်းများယာယီကောင်စီ
Interim Council of Myanmar Nursing and Midwifery Training Schools
https://www.facebook.com/NMTSMyanmar

National University of the Union of Myanmar (NUUM) - Global Campus https://www.facebook.com/profile.php?id=100076381868094

ဆရာအတတ်ပညာကောလိပ် (College of Teaching) တွင် ဆရာအတတ်ပညာရပ်များ လေ့လာသင်ယူလိုပါက သက်ဆိုင်ရာ Official page များတွင် စုံစမ်းနိုင်ပါသည်။
Formal Learning (ပုံမှန်သင်တန်းများ) အတွက် လေ့လာနိုင်ပါရန်
https://m.facebook.com/story.php?story_fbid=195660766314230&id=100076109247802&mibextid=Nif5oz

ရက်တိုသင်တန်းများ
Primary Teachership Course (PTC) အတွက် လေ့လာနိုင်ပါရန်
https://m.facebook.com/story.php?story_fbid=114952284600936&id=106465978782900&mibextid=Nif5oz

Spring Film Academy
https://www.facebook.com/SPFAPage

Public Autonomous University established in 2022

"၂၀၂၃ ခုနှစ်၊ တော်လှန်ရေးကာလအတွင်း အခြေခံပညာရေးကဏ္ဍဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်...
29/05/2023

"၂၀၂၃ ခုနှစ်၊ တော်လှန်ရေးကာလအတွင်း အခြေခံပညာရေးကဏ္ဍဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍
ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူမိဘများသို့ အသိပေးတိုက်တွန်း နှိုးဆော်ချက်"

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မေလ (၂၈) ရက်နေ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တရားမဝင်အကြမ်းဖက်စစ်ကောင်စီ ၏ လက်အောက်ခံ လက်ပါးစေ ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘကကျောင်းများ၏ အတန်းတင်သတ်မှတ်ချက်များသည် တရားမဝင်ကြောင်း အတိအလင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူမိဘများအနေဖြင့် အကြမ်းဖက် စစ်အာဏာရှင် စနစ်ဆိုး တည်တံ့သက်ဆိုးမရှည်နိုင်ဘဲ အမြန်ဆုံးအပြီးတိုင်ကျဆုံးစေရေးအတွက် အကြမ်းဖက် စစ်အာဏာရှင်များကို ဒူးထောက်အညံ့ခံ ပူးပေါင်းခြင်း မပြုလုပ်ဘဲ နေအိမ်အခြေပြုသင်ယူခြင်း၊ ပြည်သူ့အခြေပြု‌ကျောင်းများတွင်သင်ယူခြင်း၊ လက်လှမ်းမီရာ နည်းလမ်းအမျိုးမျိုးဖြင့် စဉ်ဆက် မပြတ်ပညာသင်ယူခြင်းကို ဆောင်ရွက်ကြခြင်းဖြင့် အကြမ်းဖက်စစ်ကောင်စီကို ဒူးထောက်သည့် သားကောင်အဖြစ်မှ ရုန်းထွက်တွန်းလှန်တော်လှန်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

(၁) အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ နေအိမ်အခြေပြုသင်ယူနိုင်ရန်
Myanmar Basic Education Home (MBEH Bluemark Official Page) Link >>
https://www.facebook.com/BE.moeNUG/
(၂) အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုလက်မှတ်ရရှိထား သော ပြည်သူ့အခြေပြုအခြေခံပညာရေးကျောင်းများ
https://moe.nugmyanmar.org/be/onlineschools

“ပညာဖြင့်တော်လှန် ‌နွေဦးရဲ့အောင်လံ”
“အကြမ်းဖက်စစ်အာဏာရှင်စနစ် အပြီးတိုင် ကျဆုံးရမည်”
“အရေးတော်ပုံ အောင်ရမည်”


ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအတိုင်အပင်ခံကောင်စီ (NUCC)မှ ထုတ်ပြန်ခဲ့သည့် CDM Policy အား ထောက်ခံ‌ကြောင်း ဧရာဝတီတိုင်း‌ရှိ မြို့နယ်ပ...
15/02/2023

အမျိုးသားညီညွတ်ရေးအတိုင်အပင်ခံကောင်စီ (NUCC)မှ ထုတ်ပြန်ခဲ့သည့် CDM Policy အား ထောက်ခံ‌ကြောင်း ဧရာဝတီတိုင်း‌ရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များမှ ပူးတွဲထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ။ ၂၀၂၃ခုနှစ်၊ဖေဖေါ်ဝါရီ(၁၅)ရက်
၁။ မြန်မာနိုင်ငံတွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ်၏ မတရား အာဏာသိမ်းယူမှုသည် နှစ်နှစ်ကျော်ကာလ ရှိခဲ့ပြီ
ဖြစ်သည်။ လက်နက် အားကိုးဖြင့် အာဏာ သိမ်းယူခဲ့သော်လည်း ဖက်ဆစ်စစ်တပ် အနေဖြင့် ယခုကာလအထိ အလုံးစုံအုပ်ချုပ်ရန် အခက်အခဲကြုံလျှက်ရှိပါသည်။ ထိုသို့အခက်တွေ့စေရန်တော်လှန်ကြရာတွင်CDMနိုင်ငံ့ဝန်ထမ်း
များ၏ အင်အားသည်လည်း အရေးပါသည့် အခန်းကဏ္ဍ တစ်ခုအဖြစ် ပါဝင်နေသည်မှာ မြန်မာသာမက ကမ္ဘာကပါ အသိ ဖြစ်ပါသည်။
၂။ CDM တွင် ပါဝင်သဖြင့် မတရားနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည့် သူရဲကောင်းများနှင့် ဥပဒေမဲ့ ဖမ်းဆီးခံရသည့် CDM ဝန်ထမ်းများ၏ နစ်နာမှုများကိုလည်း ဝမ်းနည်းစွာဖြင့် အားလုံး သိမြင်ခဲ့ကြပြီး ဖြစ်ပါသည်။
၃။ CDM ပြည်သူ့ဝန်ထမ်းများသည် မိမိတို့၏ရာထူး၊လစာကိုစွန့်လွှတ်ခဲ့ကြပြီးအခက်အခဲများစွာဖြင့်စားဝတ်နေရေး
အတွက် ရုန်းကန်ကြိုးစားလျှက် အာဏာရှင်စနစ် အမြစ်ပြတ်သည် အထိ အားတင်းရပ်တည် နေကြသည်မှာလည်း သမိုင်းမှတ်တမ်းတင်ဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။
၄။ မိမိတို့ CDM ပညာရေးဝန်ထမ်းများ အနေဖြင့်လည်း စစ်ကောင်စီ လက်အောက်တွင် တာဝန် မထမ်းဆောင်ဘဲ အာဏာဖီဆန် နေရုံမျှမက လက်နက်စွဲကိုင်ပြီး စစ်အာဏာရှင်ကို တိုက်ထုတ်ခြင်း ၊ ပြည်သူ့ပညာရေးကျောင်းများ
တည်ထောင်၍ စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးယန္တရားကို ပညာဖြင့်တော်လှန်ခြင်း စသည့် မိမိတို့၏နှလုံးရည်
သာမက လက်ရုံးရည်တို့ဖြင့်ပါ အားဖြည့်တော်လှန်လျှက်ရှိကြပါသည်။
၅။ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှ CDM ပညာရေးဝန်ထမ်းများသည်လည်း မြို့နယ်ပညာရေးဘုတ်
အဖွဲ့များ ဖွဲ့စည်းလျှက် ပညာဖြင့် တော်လှန်သည့် အင်အားစုများအဖြစ် ရပ်တည်ကာ တော်လှန်ရေးအခြေအနေ
အရပ်ရပ်အလိုက် အခြားပညာရေး CDM များနည်းတူ စစ်အာဏာရှင်စနစ်ကို အစွမ်းကုန် ပါဝင်တော်လှန်လျက်
ရှိကြပါသည်။
၆။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၏ CDM Policy စတင်ရေးဆွဲစဉ်အချိန်ကပင် မိမိတို့CDM အင်အားစုများ၏အသံများနှင့် သဘောထားမှတ်ချက်များကိုတောင်းခံခဲ့ပါသည်။CDMအင်အားစုများသည်မည်မျှပင်
စစ်ကောင်စီလက်အောက်ခံ Non-CDMများ၏ အနိုင်ကျင့် နှိမ်ချဆက်ဆံခြင်းကိုခံနေရစေကာမူ တစ်ဘက်စောင်းနင်း အနိုင်ကျင့်ဥပဒေမျိုးမဖြစ်စေပဲအမှန်တရားဘက်ကရဲရဲရပ်နေကြသူများပီပီစစ်မှန်မျှတသောသဘောထားမှတ်ချက်များကိုသာ အကြံပြုပေးခဲ့ကြပါသည်။
ယခုထွက်ပေါ်လာသည့် CDM မူဝါဒသည်အများစု၏သဘောထားဆန္ဒများကို လွှမ်းခြုံကာ CDMများး၏အကျိုးကို
ရှေ့ရှုလျက် ထွက်ပေါ်လာသည့် မူဝါဒ တစ်ခုအဖြစ် မိမိတို့ဧရာဝတီတိုင်းရှိ ပညာရေးအင်အားစုဖြစ်သော မြို့နယ်
ပညာရေးဘုတ်အဖွဲ့များမှ ထောက်ခံပါကြောင်းပူးတွဲထုတ်ပြန်‌ကြေညာအပ်ပါသည်။

(၁)ပုသိမ်မြို့နယ်ပညာရေးဘုတ်အဖွဲ့
(၂)လပွတ္တာ မြို့နယ်ပညာရေးဘုတ်အဖွဲ့
(၃)သာပေါင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့
(၄)လေးမျက်နှာ မြို့နယ်ပညာရေးဘုတ်အဖွဲ့
(၅)ညောင်တုန်း မြို့နယ်ပညာရေးဘုတ်အဖွဲ့
(၆)ကန်ကြီးထောင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့
(၇)မြောင်းမြ မြို့နယ်ပညာရေးဘုတ်အဖွဲ့
(၈)ဒေးဒရဲ မြို့နယ်ပညာရေးဘုတ်အဖွဲ့
(၉)ဖျာပုံ မြို့နယ်ပညာရေးဘုတ်အဖွဲ့
(၁၀)အင်္ဂပူ မြို့နယ်ပညာရေးဘုတ်အဖွဲ့
(၁၁)ကျိုက်လတ် မြို့နယ်ပညာရေးဘုတ်အဖွဲ့
(၁၂)ကျောင်းကုန်း မြို့နယ်ပညာရေးဘုတ်အဖွဲ့
(၁၃)မအူပင် မြို့နယ်ပညာရေးဘုတ်အဖွဲ့
(၁၄)ဝါးခယ်မ မြို့နယ်ပညာရေးဘုတ်အဖွဲ့
(၁၅)မြန်အောင် မြို့နယ်ပညာရေးဘုတ်အဖွဲ့
(၁၆)ဓနုဖြူ မြို့နယ်ပညာရေးဘုတ်အဖွဲ့
(၁၇)ရေကြည် မြို့နယ်ပညာရေးဘုတ်အဖွဲ့
(၁၈)ပန်းတနော် မြို့နယ်ပညာရေးဘုတ်အဖွဲ့
(၁၉)မော်လမြိုင်ကျွန်း မြို့နယ်ပညာရေးဘုတ်အဖွဲ့
(၂၀)ငပုတော မြို့နယ်ပညာရေးဘုတ်အဖွဲ့

NUCC မှ ထုတ်ပြန်ကြေညာထားသော နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ နှင့် စပ်လျဉ်းသည့်ထုတ်ပြန်ကြေညာချက်ရက်စွဲ - ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါ...
11/02/2023

NUCC မှ ထုတ်ပြန်ကြေညာထားသော နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ နှင့် စပ်လျဉ်းသည့်ထုတ်ပြန်ကြေညာချက်

ရက်စွဲ - ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီ (၁၁)ရက်

၁။ ၂၀၂၁ နွေဦးတော်လှန်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုသည် ယနေ့အချိန်အထိ အဓိက ဒေါက်တိုင်တစ်ခု အဖြစ်တည်ရှိနေသည်မှာ မည်သူမျှငြင်းချက်မထုတ်နိုင်သည့် အချက်ပင်ဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့အရှိုက်ကိုထိချက်မှန်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုကို ဖြိုချဖျက်ဆီးရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြသည်မှာလည်း ပြည်သူလူထုတစ်ရပ်လုံး အသိပင်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်း CDM တို့သည် အကြမ်းဖက်စစ်ကောင်စီ၏ ပစ်မှတ်ထားတိုက်ခိုက်ခံရခြင်း ၊ လုံလောက်သောထောက်ပံ့ကူညီမှုများမရရှိခြင်း ၊ ဘဝရပ်တည်ရေးများပျက်စီးဆုံးရှုံး၍ ပြည်သူများ နှင့် တသွေးတည်းတသားတည်း ဒုက္ခအခက်အခဲပေါင်းများစွာကို (၂) နှစ်တာအတွင်း ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကြသည်။

၂။ ထိုမတရားမှုပေါင်းများစွာကို ရင်ဆိုင်နေကြရင်းပင် နိုင်ငံ့ဝန်ထမ်း CDM တို့သည် မိမိတို့၏ ပင်မတာဝန်များကိုလည်း မပျက်မကွက် ထမ်းဆောင်ခဲ့ကြသည်။ နိုင်ငံ့ဝန်ထမ်း CDM တို့သည် အခွင့်အရေးအတွက် တိုက်ပွဲဝင်နေခြင်းမဟုတ်။ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်း CDM တို့အတွက် တရားမျှတမှုရရှိရန်လည်း အလွန်အရေးကြီးလှပေသည်။ နိုင်ငံ့ဝန်ထမ်း CDM တို့သည် တရားမျှတမှုအတွက် ရပ်တည်တိုက်ပွဲဝင်နေချိန်တွင် အခြားတစ်ဖက်တွင်လည်း Non CDM တို့သည် စစ်အာဏာရှင်ယန္တရားတွင် ဒေါက်တိုင်များအဖြစ် ပါဝင်ဆောင်ရွက်နေမှု ကြောင့် နိုင်ငံဝန်ထမ်း CDM များ ၊ တော်လှန်သော ပြည်သူလူထု နှင့် ကျောင်းသားလူငယ်များစွာတို့ မတရားဖမ်းဆီးခံ ၊ သတ်ဖြတ်ခံခဲ့ရသည်ကို လျစ်လျူရှုသင့်ပါ၏လော။ ထိုသို့မတရားမှုများကို ဒေါက်တိုင်အဖြစ်ပါဝင်မှုအဆင့်အလိုက် အရေးယူရမည်မှာ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေကြပါသော တော်လှန်ရေးအစုအဖွဲ့အသီးသီး၏ တာဝန်ဟု ရှုမြင်ပါသည်။

၃။ နိုင်ငံ့ဝန်ထမ်း CDM တို့၏ အခန်းကဏ္ဍကို လက်ခံပါလျှင် Non CDM တို့၏ ပြစ်မှုကျူးလွန်မှုများကိုလည်း လက်ခံရမည် ဖြစ်ပေသည်။ စည်းရုံးသိမ်းသွင်းခြင်းနည်းနာကို ကျွန်ုပ်တို့အနေဖြင့် အလေးအနက်လက်ခံပါသည်။ သို့သော် တော်လှန်ရေးသည် ရက်သား/လသားမဟုတ် ၊ တော်လှန်ရေးကာလ (၂) နှစ်ကျော်ခဲ့ပြီ ဖြစ်ပေသည်။ ပကတိ အရှိတရားသည် မြေပြင်မှ နိုင်ငံ့ဝန်ထမ်း CDM များ နှင့် ပြည်သူလူထုသည်သာ အသိဆုံးဖြစ်ပေသည်။ ပြည်သူလူထုအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်ရေးယန္တရားတွင် ရှေ့တန်းမှ ဦးဆောင်၍ဆောင်ရွက်နေကြသည့် Non CDM တို့၏ဒဏ်ကို ပြည်သူလူထု တစ်ရပ်လုံး ခါးစည်းခံနေရသည်မှာ ငြင်းချက်ထုတ်စရာမရှိသော သက်သေများပင်ဖြစ်ပေသည်။

၄။ သို့ဖြစ်၍ အသွင်ကူးပြောင်းရေးကာလတွင် တရားမျှတမှုများအတွက် နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ ထွက်ပေါ်နိုင်ရန် မြေပြင်ရှိ ပညာရေးဘုတ်အဖွဲ့များ ၊ CDM ဦးဆောင်ကော်မတီများ ၊ ဆရာသမဂ္ဂများ ၊ သပိတ်ကော်မတီများ မှ အကြံပြုချက်များ ပေးပို့ခဲ့ကြပြီး JCC CDM မှ ဦးဆောင်ကြိုးပမ်းရေးဆွဲခဲ့သည့် “နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ” ကို NUCC က အတည်ပြု ထုတ်ပြန်ခြင်းအပေါ် ကျွန်ုပ်တို့မှ ဝမ်းမြောက်စွာ ကြိုဆိုထောက်ခံပါသည်။

၅။ ကျွန်ုပ်တို့ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေအထွေသပိတ်ကော်မတီ( BEGSC)သည် ပြည်သူလူထု နှင့် နိုင်ငံ့ဝန်ထမ်း CDM တို့၏ ပကတိအခြေအနေကို မထီမဲ့မြင်ပြုနေသော ၊ နိုင်ငံ့ဝန်ထမ်း CDM တို့၏ ဂုဏ်သိက္ခာ နှင့် တော်လှန်ရေးတွင်ပါဝင်မှု အခန်းကဏ္ဍကို လျစ်လျူရှုနေသော ၊ နိုင်ငံ့ဝန်ထမ်း CDMတို့၏ တရားမျှတမှုကို ပစ်ပယ်နေသော ၊ CDM/Non CDM အကြပ်အတည်းတွင် မြေပြင်ရှိ CDM ဝန်ထမ်းထု၏အသံကို မျက်ကွယ်ပြုနေသော အစုအဖွဲ့ နှင့် အဖွဲ့အစည်းအားလုံးကို ပြင်းထန်စွာ ကန့်ကွက်ပါသည်။

၆။ NUCC မှ အတည်ပြုထုတ်ပြန်ထားသည့် “နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ” ပိုမိုတရားမျှတ၍ အားကောင်းခိုင်မာသည့် မူဝါဒဖြစ်စေရေး နှင့် ဥပဒေ၊နည်းဥပဒေများ အမြန်ဆုံးရေးဆွဲ အတည်ပြုနိုင်ရန်အတွက် သက်ဆိုင်ရာတော်လှန်ရေး အစုအဖွဲ့အသီးသီးအား ကျွန်ုပ်တို့ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေအထွေသပိတ်ကော်မတီ (BEGSC) က အလေးအနက် တိုက်တွန်းတောင်းဆိုလိုက်သည်။

၇။ ကျွန်ုပ်တို့ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေအထွေသပိတ်ကော်မတီ(BEGSC)သည် အခြေခံပညာ CDM ပညာရေး ဝန်ထမ်းများ၏ ပကတိအသံကိုသာကိုယ်စားပြု၍ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာရေးတို့အပြင် နိုင်ငံ့ဝန်ထမ်း CDM ထု၏ တရားမျှတမှုအတွက် ရှေ့တန်းမှ ရပ်တည် ရင်ဆိုင်တော်လှန်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

တော်လှန်ရေးသစ္စာဖြင့်……

အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ(BEGSC)



20/01/2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကြေညာချက်အမှတ် (၁၆/၂၀၂၂)၂၀၂၂ ခုနှစ်၊ အောက်တိုဘာ...
17/10/2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
ကြေညာချက်အမှတ် (၁၆/၂၀၂၂)
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်

၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းနှင့် စပ်လျဉ်း၍
ဖြေဆိုခွင့် လျှောက်ထားခြင်းနှင့် ဖြေဆိုခြင်းဆိုင်ရာ သတင်းအချက်အလက်များကို
အများပြည်သူသို့ အသိပေးတင်ပြခြင်း

`` NUG,MOE မှ ပြုလုပ်စစ်ဆေးမည့် ၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ မေးခွန်းပုံစံနှင့်စစ်ဆ...
27/09/2022

`` NUG,MOE မှ ပြုလုပ်စစ်ဆေးမည့် ၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ မေးခွန်းပုံစံနှင့်စစ်ဆေးအကဲဖြတ်မည့်ပုံစံ ဘာသာရပ်လမ်းညွှန်များ စုစည်းမှု ´´

အောက်ပါ linkများတွင် ဘာသာရပ်အလိုက် လေ့လာနိုင်ပါသည်။
👇👇👇👇👇

မြန်မာစာဘာသာရပ်လမ်းညွှန်
https://www.facebook.com/109386154653912/posts/409830761276115/

အင်္ဂလိပ်စာဘာသာရပ်လမ်းညွှန်
https://www.facebook.com/109386154653912/posts/410524121206779/

သင်္ချာဘာသာရပ်လမ်းညွှန်
https://www.facebook.com/109386154653912/posts/411189027806955/

ဓာတုဗေဒဘာသာရပ်လမ်းညွှန်
https://www.facebook.com/109386154653912/posts/411855364406988/

ရူပဗေဒဘာသာရပ်လမ်းညွှန်
https://www.facebook.com/109386154653912/posts/412571671002024/

ဇီဝဗေဒဘာသာရပ်လမ်းညွှန်
https://www.facebook.com/109386154653912/posts/413203804272144/

ပထဝီဝင်ဘာသာရပ်လမ်းညွှန်
https://www.facebook.com/109386154653912/posts/413881697537688/

သမိုင်းဘာသာရပ်လမ်းညွှန်
https://www.facebook.com/109386154653912/posts/414552490803942/

ဘောဂဗေဒဘာသာရပ်လမ်းညွှန်
https://www.facebook.com/109386154653912/posts/415251857400672/

စိတ်ကြိုက်မြန်မာဘာသာရပ်လမ်းညွှန်
https://www.facebook.com/109386154653912/posts/415968173995707/

25.9.2022
YFS

Credit

Address


Website

Alerts

Be the first to know and let us send you an email when Board Of Education,Maubin Township posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Board Of Education,Maubin Township:

Shortcuts

  • Want your school to be the top-listed School/college?

Share