เว็บไซต์ ติดต่อ โรงเรียนนี้

Karen Vibes To inform, educate, and entertain with Sgaw Karen, Pwo Karen, English and Burmese Language.
(382)

22/09/2026

တၢ်မုၥ်တၢ်ခုၣ်လၢသုးမီၤစိရိၤဖီၣ်ကျၢၤဝဲအံၤတတူၢ်လိၥ်ဝဲဒ်တၢ်မုၥ်တၢ်ခုၣ်အမ့ၢ်အတီအဂ့ၢ် KNU ဘိးဘၣ်ရၤလီၤ

Karen Vibes Media | စဲးပထ့ဘၢၣ် ၂၁သီ ၂၀၂၆

တၢ်မုၥ်တၢ်ခုၣ်ကျဲလၢသုးမီၤစိရိၤဖီၣ်ကျၢၤဝဲအံၤ တတူၢ်လိၥ်ဝဲဒ်တၢ်မုၥ်တၢ်ခုၣ်အမ့ၢ်အတီအဂ့ၢ် ကညီဒီကလုၥ်စၢဖှိၣ်ကရၢ KNU လီၢ်ခၢၣ်သးသဲးစးဝဲၤကျိၤ ဝဲၤကျိၤခိၣ် ပဒိၣ်နီၢ်လွဲထူစ့ ကတိၤလီၤတၢ်ဖဲ ၂၀၂၆ နံၣ်, စဲးပထ့ဘၢၣ် ၂၁သီနံၤ ဟီၣ်ခိၣ်ဒီဖျၢၣ်တၢ်မုၥ်တၢ်ခုၣ်မုၢ်နံၤ (International Day of Peace) န့ၣ်လီၤ. တၢ်မုၥ်တၢ်ခုၣ်န့ၣ်တမ့ၢ်ဝဲ တၢ်အိၣ်ဘှ့ၣ်ဘှီလၢသုးမီၤစိရိၤ ရဲၣ်တၢ်ကျဲၤအဖီလၥ်ဘၣ်, တမ့ၢ်စ့ၢ်ကီးတၢ်ဃုထၢလၢအိၣ်လၢသုးစုတီၤဖီလၥ်ဘၣ် ကဘၣ်အိၣ်ဒီး တၢ်တြီတၢ်တြၢ်, တၢ်သဘျ့, တၢ်ထဲသိးတုၤသိး, ၦၤဟီၣ်ခိၣ်ဖိခွဲးယၥ်, ကဘၣ်တၢ်သူၣ်ထီၣ်အီၤလၢ ကမျၢၢ်တၢ်ဘၣ်သးအဖီခိၣ်န့ၣ်လီၤ. ကမျၢၢ်တဖၣ်မ့ၢ်အိၣ်ဒ်ဒၣ်လၢသုးတၢ်ဆီၣ်တံၢ်မၤနၢၤဖီလၥ်, တၢ်ပျံၤတၢ်ဖုး,တၢ်ဃ့ၢ်မှံၤဟးဖျိးအပူၤန့ၢ် တမ့ၢ်ဒ်လၢကကဲထီၣ်တၢ်မုၥ်တၢ်ခုၣ်အမ့ၢ်အတီနီၢ်နီၢ်ဘၣ်. ထံရူၢ်ကီၢ်သဲးတၢ်မၤကျဲဒီး တၢ်ဘှါၡဲတၢ်သဘံၣ်သဘုၣ်လၢ သုးအတၢ်ကူၣ်တၢ်ရဲၣ်တၢ်ကျဲၤတဖၣ် KNU တတူၢ်လိၥ်ဝဲအဂ့ၢ် ပဒိၣ်နီၢ်လွဲထူစ့ စံးဝဲန့ၣ်လီၤ. KNU ကပၢၢ်ဆၢဒီး ဒုးဒံးဝဲတၢ်န့ၢ် တမ့ၢ်လၢအထီဒါဝဲတၢ်မုၥ်တၢ်ခုၣ်ဘၣ် မ့ၢ်လၢလိၥ်ဘၣ်ဝဲတၢ်မုၥ်တၢ်ခုၣ်အမ့ၢ်အတီနီၢ်နီၢ်,လၢၦဲၤဒီးတၢ်တြီတၢ်တြၢ်န့ၣ်လီၤ. KNU ကျဲးစၢးဘှါၡှဲဝဲ ထံရူၢ်ကီၢ်သဲးတၢ်သဘံၣ်ဘုၣ်, သုးအတၢ်ဒိၣ်စိဒီး တၢ်နီၤဖးတၢ်အဒူၣ်အဆၢတၢ်ခီပတၥ်ဝဲ ကလုၥ်ဒူၣ်တဖၣ်တၢ်ထဲသိးတုၤသိး ဒီး တၢ်သဘံၣ်သဘုၣ်တၢ်ဂ့ၢ်တၢ်ကျိၤတဖၣ်လၢ ထံရူၢ်ကီၢ်သဲးကျိၤကျဲအဂ့ၢ်ပသ့ၣ်ညါဘၣ်န့ၣ်လီၤ. လၢန့ၣ်အမဲၥ်ညါ တၢ်မုၥ်တၢ်ခုၣ်န့ၣ် တမ့ၢ်တၢ်ဟ့ၣ်တၢ်ကလုၢ်လၢထးဆူလၥ် ဒီးဘိးဘၣ်ရၤလီၤအီၤဘၣ် ကဘၣ်မ့ၢ် ဟဲအိၣ်ထီၣ်သးလၢကမျၢၢ်ဒီး တၢ်ကဘၣ်သူၣ်ထီၣ်အီၤလၢ လၥ်ဆူထး န့ၣ်လီၤ. တၢ်မုၥ်တၢ်ခုၣ်အမ့ၢ်အတီနီၢ်နီၢ်ကအိၣ်ထီၣ်အဂီၢ် လိၣ်ဘၣ် ကလုၥ်ဒူၣ်တဖၣ်, ၦၤတဝၢတၢ်ကရၢကရိတဖၣ်, ဒံၣ်မိၣ်ကရ့ၣ်စံၣ်ဂံၢ်ဘါပၥ်ဖှိၣ်တဖၣ်ဒီး ၦၤလၢအတူၢ်ဘၣ် တၢ်သဘံၣ်သဘုၣ်တဖၣ် တၢ်ပၣ်ဃုၥ်ပၣ်ဂီၢ်အဂ့ၢ်ပၥ်ဖျါထီၣ်ဝဲန့ၣ်လီၤ. ခါဆူညါဖဲၣ်ဒရၢၣ်ဒံၣ်မိၣ်ကရ့ၣ်စံၣ် ကီၢ်စၢဖှိၣ်သနူ ကအိၣ်ထီၣ်အဂီၢ် KNU ကပၥ်ဖှိၣ်မၤသကိးတၢ်ဒီး ကမျၢၢ်, ဒံၣ်မိၣ်ကရ့ၣ်စံၣ်ဂံၢ်ဘါပၥ်ဖှိၣ်တဖၣ်, ကလုၥ်ဒူၣ်ဂံၢ်ဘါပၥ်ဖှိၣ် သ့ၣ်တဖၣ်ဒီး ကလုၥ်ဒူၣ်ခဲလၢၥ် ကဒီသဒၢနီၢ်ကစၢ်ဂံၢ်ခီၣ်ထံးတၢ်ခွဲးတၢ်ယၥ်တဖၣ်အဂီၢ်တလိၣ်လၢဖီၣ်တၢ်စုကဝဲၤလၢၤဘၣ်ဒီးတုၤလၢန့ၢ်ဘၣ်ဝဲတၢ်မုၥ်တၢ်ခုၣ်လၢ လၢၦဲၤဒီးတၢ်တြီတၢ်တြၢ်အဂီၢ် ကဂုၥ်ကျဲးစၢးဒ်ဝဲအဂ့ၢ် ဟီၣ်ခိၣ်ဒီဖျၢၣ်တၢ်မုၥ်တၢ်ခုၣ်မုၢ်နံၤ တၢ်ကတိၤလီၤအပူၤ တဲဖျါထီၣ်ဝဲန့ၣ်လီၤ.

22/09/2026

🟥KTLA ဆၫကပီၫၥုၭမုနုၬလၩ့လၧ (K.N.L.A) ၥုၭမိခိၪဆုၫ့-၄အီၪယူၭနီၪအဂဲး

Karen Vibes Media | လၩစဲၭတ့ၫဘၧၫ ၂၁ၥၫ့, ၂၀၂၆ နံၪ့

ဖျိၩ့ဆၨၩဆၬအဖုၫအဂီ-ခ့ၫအၫ့ယူၫ,ဘျံၭ-ထဝဲၫခးရ့ၫ,ၥုၭမိခိၪဆုၫ့(၄)လးဝၩ့အဖၧၩ့အီၪ KTLA ဆၫကပီၫၥုၭမုယီၩနုၬလၩ့မၩဎုၬထဲၩ့ဝ့ၫအဖၫ့ခိၪထိးဆၧၫ့ဝ့ၫၥိၭလၩစဲၭတ့ၫဘၧၫ(၂၁)ၥၫ့မုနံၩယီၩမၩထဲၩ့အ့ၪဝ့ၫဆၧထံၫလၩ့ဒီၩ့လၩ့နီၪအကၠီၩ့ပၥ့ၪယၫဘၪနီၪလီၫ.
မွဲဆၧထိးဆၧၫ့မုၬဆၧထံၫလၩ့ဒီၪ့လၩ့အဖၧၩ့ဂဲၫနုၬလၩ့လၧK.N.L.A ၥုၭမိခိၪဆုၫ့(၄)အီၪ K.T.L.A ဆၫကပီၫၥုၭမုဖၧၩ့နီၪၥုၭခိၪစီၩအဲၫဖိၩ,ၥုၭမုၦမူၩဒၩအီၪၥံၪဒဲၥုၭဖိၪၥံၪလဖၪထီးအလူၬ(၂၅)ယီၩထိးဆၧၫ့ဝ့ၫၥုၪ့လၧၩ့ၥၭလၧၩ့ဝ့ၫနီၪလီၫ.လၧဆၧထံၫလၩ့ဒီၪ့လၩ့အဖၧၩ့K.N.L.A ၥုၭမိခိၪဆုၫ့-၄ၥုၭဆူၭဎၩခိၪၥုၭခိၪဒိၪစီၩလ့ၩၥံၩ့နီၪထိးဆၧၫ့ချဲၩ့လၩချဲၩ့ဖၩ့ဝ့ၫဂီၩ့,ဘျံၭ-ထဝဲၫခးရ့ၫပပၧၩ့လးဆၧၫ့နၩ့ၦဒိၪစိၩဖလိၬစိၩဝ့ၩ့,ၥုၭမိခိၪဆုၫ့-၄ၥုၭမိခိၪဆုၫ့ခိၪၥုၭခိၪဒိၪပၧၩ့စီၩလ့ၩထီၫ,ခးရ့ၫနဲၩရွဲၩခိၪၦဒိၪစီၪအဲၫနၩဒဲၦဒိၪစီၩအီၫကီၫၥံၪနီၪဖ့ၪဂဲးချဲၩ့ပဂၨၪထၪ့ဝ့ၫဆၧချဲၩ့အဆုးဆုးလီၩဝ့ၫနီၪလီၫ.အနီၪဂီၩ့ဆၫကပီၫၥုၭမုခိၪနါၥုၭခိၪစီၩအဲၫဖိၩနီၪချဲၩ့ခိးချဲၩ့တၩဝ့ၫနီၪလီၫ.
ထီၩ့ကိၭနီၪလၧဖျိၩ့ဆၨၩဆၬဆၧဖီၩ့ဖျ့ၭဂဲးၥုၭမိ (K.N.L.A) အကဲၪခိၪကဲၪနါအဖၧၩ့ဂဲၫနုၬလၩ့ဝ့ၫဆၫကပီၫၥုၭမုခိၪနါယီၩဖ့ၪထဲၩ့အ့ၪဝ့ၫဆၧလၩဖၩ့ခိၪဖၭဒ့ၭဂီၩ့K.T.L.A ၥုၭနိၪစဲၩယီၩအၪ့လဲၩ့ထၪ့ဝ့ၫ K.N.L.A ၥုၭအနိၪစဲၩဆၧထံၫလၩ့ဒီၩ့လၩ့မွဲပၫဝ့ၫကထံၪဎးဒ့ၭအကၠီၩ့ပၥ့ၪယၫဘၪနီၪလီၫ.

Photo - KNU

“အလံဖြူထောင်မလို ဖြစ်ခဲ့တဲ့ မြစ်ဝကျွန်းပေါ်စစ်မျက်နှာကို ပြာပုံထဲကနေ ပြန်လည်ဖော်ထုတ်ပေးခဲ့တဲ့ ‘ဝိန့်ထောင်နဲ့ လှေဆွဲ ကွန်...
22/09/2026

“အလံဖြူထောင်မလို ဖြစ်ခဲ့တဲ့ မြစ်ဝကျွန်းပေါ်စစ်မျက်နှာကို ပြာပုံထဲကနေ ပြန်လည်ဖော်ထုတ်ပေးခဲ့တဲ့ ‘ဝိန့်ထောင်နဲ့ လှေဆွဲ ကွန်ဖရင့်’...” ကရင်တော်လှန်ရေးခေါင်းဆောင်တွေ နာမည်ပြောင်း၊ လမ်းစဉ်သစ်တွေနဲ့ ပြောက်ကျားတပ်တွေကို ပြန်လည်စုစည်းပြီး ကော်သူးလေတပြည်လုံးအတွက် သမိုင်းဝင် ‘မောကိုညီလာခံ’ သို့ ဦးတည်ခဲ့ကြပုံ။

🟥စောသိန်းလွင်၏ နိုင်ငံရေးဖြတ်သန်းမှု - အပိုင်း(၇)
(လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း - IKHRA မှ ထုတ်ဝေသည့် 'ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ်' စာအုပ်မှ)

ဝိန့်ထောင် ကွန်ဖရင့်မှ လှေဆွဲ တပ်မှူး အစည်းအဝေးသို့

ဝိန့်ထောင် ကွန်ဖရင့်မှ ကရင့်တော်လှန်ရေး၏ ရည်ရွယ်ချက်၊ ကရင့် တော်လှန် ရေး၏ အဓိကရန်သူ၊ ကရင့်တော်လှန်ရေး၏ ပစ်မှတ်၊ ကရင့် တော်လှန်ရေး၏ အင်အား၊ ကရင့်တော်လှန်ရေး၏ ဝင်ရိုး၊ ကရင့်တော်လှန်ရေး၏ လုပ်ငန်း စဉ်များကို ချမှတ်ပြီး မြစ်ဝကျွန်းပေါ်တိုင်း၊ ခရိုင်၊ မြို့နယ်များနှင့် တပ်မဟာ၊ တပ်ရင်း အသီးသီးမှ တော်လှန်သော၊ ကရင်အမျိုးသား လက်နက်ကိုင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များအား လက်တွေ့ သင်တန်းများပေးပြီး၊ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး လုပ်ငန်းများကို စတင် အကောင်အထည် ဖော်ခဲ့သည်။ တနှစ်ကျော် အကြာ ၁၉၅၄ ခုနှစ်၊ လှေဆွဲ တပ်မှူး ကွန်ဖရင့်တွင် စစ်ရေး နိုင်ငံရေး လှုပ်ရှားမှု များကို ပြန်လည် သုံးသပ်ကြရာတွင် အောက်ပါ အတိုင်း အောင်မြင်ခဲ့မှုများကို တွေ့ကြရသည်။
ကရင်လူထု တရပ်လုံးအတွက် အမှန်တကယ် အကျိုးပြုသော လမ်းစဉ် ဖြစ်ခဲ့၍ ကရင်ပြည်သူများကလည်း ထောက်ခံ အားပေးလေသည်။
အခြားသော တိုင်းရင်းသားလူမျိုးများကလည်း ထောက်ခံအားပေးလေသည်။
ကရင့်လက်နက်ကိုင်တပ်များ အားလုံးကလည်း ချမှတ်ထားသော စစ်ရေး အစီအစဉ်အောက်တွင် တက်တက်ကြွကြွ ဖြစ်လာပြီး၊ ရန်သူကို ပိုမို တိုက် ခိုက်လာနိုင်သည်။ အောင်ပွဲများလည်း ရလာကြသည်။ ထို့ကြောင့် စွန့်လွှတ်ခဲ့ရသော နယ်မြေများတွင် ပြန်လည် အခြေချနိုင် ခဲ့သည်။
တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်း နားလည်မှုရရှိပြီး၊ ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်လာခဲ့သည်။
စွန့်လွှတ်ခဲ့ရသော နယ်မြေများကို ပြန်လည် အခြေချနိုင်ခဲ့သည့် အပြင် အခြေခံ နယ်မြေများကို တိုးခ့ျဲ လာနိုင်ခဲ့သည်။
ကရင်လူထုများသည် နိုင်ငံရေးနိုးကြားလာပြီး၊ စည်းရုံးရေးလုပ်ငန်း၊ စစ်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လာကြသည်။
တပ်မတော် တည်ဆောက်ရေးတွင် အမြဲတမ်း တပ်မတော်၊ ပြောက်ကျား တပ်မတော်တို့ကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည်။ ကရင်အမျိုးသား ကာကွယ် ရေး တပ်မတော် K.N.D.O.ကို ဆက်လက်ထားရှိပြီး အုပ်ချုပ်ရေးနှင့် လုံခြုံ ရေးကိစ္စများကို တာဝန်ယူစေသည်။
ဤသို့ဖြင့် မြစ်ဝကျွန်းပေါ်တိုင်း အခြေအနေသည် ကောင်းမွန် တိုးတက် လာ သောကြောင့်၊ ထိုလမ်းစဉ်ကို ကော်သူးလေတပြည်လုံး အတိုင်းအတာဖြင့် တရားဝင် လမ်းစဉ် ဖြစ်လာရန် အရှေ့တိုင်းသို့ ခေါင်းဆောင်များအားလုံး သွားပြီး ညီလာခံ ကျင်းပရန် ပြင်ဆင်လေသည်။

ဗိုလ်ချုပ်ကျော်မြသန်းမှ ဗိုလ်ချုပ်ကော်ထူးသို့၊ -

လှေဆွဲ ကွန်ဖရင့်မှ ခေါင်းဆောင်များအားလုံးသည်၊ မိမိတို့၏ အမည်များကို ကရင်လို ပြန်လည် မှည့်ခေါ်ခဲ့ရာ၊ ဗိုလ်ချုပ်ကျော်မြသန်းကို ဗိုလ်ချုပ်ကော်ထူးသို့ နာမည် ပြောင်းလဲလေသည်။ ဗိုလ်ချုပ်ကျော်မြသန်းခေါ် ဗိုလ်ချုပ်ကော်ထူးမှလည်း အရှေ့တိုင်း မောကို ညီလာခံကို တက်ရောက်ရမည်ဖြစ်၍ အရှေ့တိုင်းသို့ မထွက်ခွာမှီ တောကျောင်း ရွာတွင် “နန်းမူ” ခေါ် “ဆရာမနန်းရှင်”နှင့် မင်္ဂလာ ဆောင် ခဲ့သည်။
မောကိုညီလာခံကို တက်ရောက်ရန် မြစ်ဝကျွန်းပေါ်မှ ခေါင်းဆောင်များ အားလုံး လိုလို အရှေ့တိုင်းသို့ သွားမည်ဖြစ်ပြီး ဆရာစိန်ဟန် (မန်းမနိတ်)၊ ဦးတိုး စသော ခေါင်းဆောင်များသာ မြစ်ဝကျွန်းပေါ်တွင် ကျန်ရစ်ခဲ့ကြသည်။ ခရီးသွားရန် ပြင်ဆင်သော ခေါင်းဆောင်များမှာ၊ မန်းဘဇန် (မန်းစိုးကမော)၊ ဗိုလ်ချုပ်မြမောင် (မန်းသုခနုတ်)၊ ဆရာသာမြိုင် (မန်းရှန်ဖလေ့)၊ ဗိုလ်ချုပ်ကျော်မြသန်း(ဗိုလ်ချုပ်ကော်ထူး)၊ မန်းသိန်းမောင်၊ စောမျိုးသွေး၊ ဗိုလ်မောင်မောင်၊ ဗိုလ်မှူးချုပ်တင်ဦး(တာအယ်)၊ ဗိုလ်မှူးမြသိန်း၊ ဗိုလ်မှူး မိုးဟိန်း၊ ဗိုလ်မှူးချုပ်ကျင်ဖေ (ကိုးဒို) တို့ ဖြစ်သည်။

စောသိန်းလွင် နှင့် အရှေ့တိုင်းခရီး

ဗိုလ်ချုပ်ကော်ထူး၏ အရှေ့တိုင်းခရီးစဉ်တွင် သူ၏ဇနီးသည် ဒေါ်နန်းရှင် တပ်မ ဟာရုံးအဖွဲ့တွင် ဗိုလ်ကြီးမြစိန်၊ တိုင်းစစ်ဋ္ဌာနချုပ် ရုံးထိုင်မှူးနှင့် ထောက်လှမ်းရေးဋ္ဌာန၊ လုံခြုံရေး တပ်ခွဲမှူးများ ဖြစ်ကြသော ဗိုလ်ဒါဝိတ်၊ ဗိုလ်ထွန်းလူနှင့် အင်အား (၅၀)ခန့်ဖြင့် ဖွဲ့စည်းထားသည်။ တောကျောင်းရွာမှ ညောင်တုန်း၌ရှိသော ဗိုလ်ကျင်ဖေ၏ အခြေခံ စခန်းသို့ အရင်သွားကြသည်။ ထိုစခန်းတွင် တပ်ခွဲမှူး ဗိုလ်ကျား၊ ဒု ခွဲမှူး ဗိုလ်ရွှေကျင်၏ တပ်ခွဲစခန်းတွင် တပတ်ခန့် နေထိုင်ပြီးနောက် အရှေ့တိုင်းသို့ ဆက်လက်ထွက်ရာတွင် ဗိုလ်ကျင်ဖေနှင့် သူ၏ တပ်ခွဲက ရထား လမ်း ကားလမ်းကိုကျော်ပြီး ပဲခူးတောင်ခြေအထိ လိုက်လံ ပို့ဆောင်ခဲ့သည်။ သူလည်း နောက်ပိုင်း အစည်းအဝေးသို့ အရောက် သွားရမည် ဖြစ်သည်။
ဗိုလ်ချုပ်ကော်ထူးနှင့်အဖွဲ့တို့ ဆက်လက်ထွက်ခွာလာရာ လက်ပံတန်းနှင့် အင်းရွာ အကြားတွင်ရှိသော၊ `ကုန်းမနဲ´ဟု ခေါ်သော ကရင်ရွာ တရွာသို့ ရောက်ရှိခဲ့သည်။ ကရင်အမျိုးသား အမာခံရွာ တရွာလည်း ဖြစ်သည်။ တော်လှန်ရေး စစချင်း တရွာလုံး မီးရှို့ခံခဲ့ရသည်။ စောသိန်းလွင် ရောက်လာသောအချိန်တွင် ရွာသားများက စနစ်တကျ ရွာကိုပြန်လည် ထူထောင်ပြီး အခြေချ နေထိုင်နေကြချိန်။ တောင်ခြေနှင့်လည်း သိပ် မဝေးလှ။ ကုန်းမနဲရွာနှင့် မနီးမဝေးတွင် ဖားရွှေကျော်ဟု ခေါ်သော ကရင်ရွာ တရွာလည်း ရှိသည်။ ဆရာစံ သူပုန်ထစဉ်က အခြေပြုခဲ့သော ရွာတရွာဖြစ်ပြီး၊ အိမ်ခြေ (၅၀)ခန့် ရှိသည်။ ဘုန်းတော်ကြီးကျောင်း တကျောင်းလည်း ရှိသည်။ ညဘက် ခရီးသွားခဲ့ရသည် ဖြစ်၍ မိုးလင်းခါနီးမှ ဖားရွှေကျော်ရွာသို့ ရောက်ခဲ့သည်။ ဆရာစံ သူပုန်များကို နှိမ်နင်း ရာတွင် အင်္ဂလိပ်တပ်မှ ပစ်ခတ်၍ ထိမှန်ထားသော ကျည်ဆံရာများကို သစ်ပင်များတွင် အမှတ်တရအဖြစ် ထိန်းသိမ်းထားသည်ကို တွေ့ရသေးသည်။ ဆက်လက် ထွက်ခွာ လာရာ ပဲခူးတောင်ခြေဖြစ်သော ကိုင်းချောင်းသို့ ရောက်လာသည်။ ကိုင်းချောင်းတွင် တောကောင် များနှင့် ဆင်ရိုင်းခြေရာများကို စတင်တွေ့ကြရသည်။ ကိုင်းချောင်းမှဆက်လျှင် `ဆောမူ ခိုလော´ သို့ ရောက်မည်။ လမ်းတွင် `ဆောမူခိုလော´ ကျေးရွာအုပ်စုဖြစ်သော ဗမာလိုက်၊ သဲမဲရွာများသို့ ရောက်လျှင် လူစုခွဲ၍ ခေတ္တ တည်းခိုကြသည်။
စောသိန်းလွင်က စူးစမ်းကြည့်သည်။ ဤ ‘ဗမာလိုက်’ ‘သဲမဲ’ရွာများသည် မြန်မာစကား လုံးဝ မပြောတတ်သကဲ့သို့ စာ မတတ်သော ကရင်ရွာများ လည်းဖြစ်သည်။ အဘယ်ကြောင့် “ဗမာလိုက်” ဟု မြန်မာလို အမည်ပေးထား ရသည်ကို စောသိန်းလွင် သိလိုလှသည်။ ထို့ကြောင့် ရေသိုး၊ အုန်းပင်စုရွာတို့မှ ရွာသားများကို မေးကြည့်ရာ၊ ရှေး လူကြီးများက ရွာအမည်များကို မြန်မာလို မှည့်ခေါ်ထားသည့်အတိုင်း ဆက်လက် ခေါ်ဆို ခဲ့ကြောင်း၊ ရှေးယခင် မြန်မာမင်းတို့က စေတီ ပုထိုးများ တည်ဆောက်ရာတွင် ကျွန်အဖြစ် ခိုင်းစေရန်၊ ကရင်များကို လာရောက် ဖမ်းဆီးကြခြင်းဖြစ်သည်။ ထို့ကြောင့် ဗမာများ လာပြီဆိုလျှင် ကရင်များသည် လွတ်ရာလွတ်ကြောင်း ထွက်ပြေးခဲ့ကြရာမှ၊ ဗမာကလိုက်၍ ဗမာလိုက်ဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်ကြောင်းကို သိခဲ့ရသည်။ ပြေး၍မလွတ်သောအခါ ရရာလက်နက် များဖြင့် “သဲသဲမဲမဲ” ပြန်လည် တိုက်ခိုက်ခဲ့ကြရာမှ၊ ထို တိုက်ခိုက်ခဲ့သော နေရာကို ‘သဲမဲ’ရွာအဖြစ် သတ်မှတ်ခဲ့ကြောင်းကိုလည်း သိရသဖြင့် စောသိန်းလွင် အတွက် အထူးအဆန်း ဖြစ်ခဲ့ရသည်။ မကြာမီ `ဆောမူခိုလော´ဟု ခေါ်သော နေရာသို့ အရောက် တွင် စခန်းချပြီး တဲများ တည်ဆောက်ကြသည်။

ဆောမူခိုလော

`ဆောမူခိုလော´ရွာသည် ကရင်လက်နက်ကိုင် တော်လှန်ရေး ကာလတွင် မြစ်ဝကျွန်းပေါ်မှ အရှေ့တိုင်းသို့ သွားလာရာတွင် စခန်းတထောက် နားခိုသော ကျေးရွာ တရွာဖြစ်သည်။ ခေါင်းဆောင်များနှင့် သူတို့၏ တပ်ဖွဲ့များက မိမိတို့ တည်းခိုရန် စခန်းကို `ဆောမူခိုလော´ ကျေးရွာနံဘေး၌ပင် ဆောက်ကြလေသည်။ ဥက္ကဋ္ဌကြီး မန်းဘဇန်နှင့် စောမျိုးသွေးတို့ တဲစခန်းလည်းရှိသည်။ ဗိုလ်မောင်မောင်နှင့် သူ့မိခင်အပြင် သူ့ညီမတို့ လာလည်ကြသောအခါ တည်းခိုရန်အတွက် အိမ်တလုံး တည်ဆောက်ထားသည်။ ဗိုလ်ချုပ် ကော်ထူးနှင့် တပ်ဖွဲ့များ ရောက်လာသောအခါ စခန်းချ တည်းခိုရန်အတွက် တဲများကို အလျင်အမြန် ဆောက်လုပ်ကြလေသည်။ ယာယီတဲများအဖြစ် ဆောက်လုပ်ထား သော် လည်း အခ့ျိုတပ်ဖွဲ့များသည် အခြေအနေကြောင့် ထိုစခန်းတွင် နေရင်းဖြင့် တောင်ယာ ခုတ် လယ်လုပ်ကြသည်။
ဗိုလ်ချုပ်ကော်ထူးတို့ တပ်ဖွဲ့များသည်`ဆောမူခိုလော´တွင် ရောက်နေစဉ် မြေပေါ်မှ တက္ကသိုလ်ကျောင်းသားများဖြစ်သော မန်းဒါဝိတ်နှင့် စ’သိန်းရွှွေတို့ နှစ်ဦး လာမည်ကို သတင်းပို့လာသည်။ ဥက္ကဋ္ဌကြီး မန်းဘဇန်နှင့် ဗိုလ်ချုပ်ကော်ထူးအား တွေ့ဆုံရန်ဖြစ်သည်။ မန်းဘဇန်ကရောက်လာပြီး ကျောင်းသား ခေါင်းဆောင်များနှင့် တွေ့ကာ မကြာမီ ခရီးဆက်လက် ထွက်ခွာသွားသည်။ ဗိုလ်ချုပ်ကော်ထူးက ကျောင်းသား ခေါင်းဆောင်များအား တွေ့ဆုံဆွေးနွေးရင်း ထိုကာလမှာပင် ဇနီး သည်က အဖျားဝင် လာသည်။ ငှက်ဖျားဖြစ်ပြီး ကိုယ်ဝန်ဆောင်စ အချိန်လည်းဖြစ်ရာ ဝမ်းချူသော်လည်း အပူမကျဘဲ ဖြစ်နေသည်။ နောက်ဆုံး ဇနီးသည်မှာ ငှက်ဖျား ရောဂါဖြင့်ပင် ကွယ်လွန် ခဲ့သည်။
ဇနီးသည် ဖျားနေ၍၎င်း တက္ကသိုလ်ကျောင်းသားများကို တွေ့ဆုံနေရသော ကြောင့် ဗိုလ်ချုပ်ကော်ထူးသည်၊ ၁၉၅၆ ခုနှစ်တွင် ကျင်းပသော၊ မောကို ကွန်ဂရက်ကိုပင် မတက်ရောက်နိုင်ခဲ့ပေ။ မန်းဘဇန်နှင့် ကျန်သော မြစ်ဝကျွန်း ပေါ်ကိုယ်စားလှယ်များသာ ထိုကွန်ဂရက်ကြီးသို့ တက်ရောက်နိုင်ခဲ့ပြီး၊ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ၁၉၅၆ ခုနှစ်၊ မောကို ကွန်ဂရက်မှ ကော်သူးလေ စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်မင်းမောင်အား၎င်း၊ ဒုတိယ စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ် ကော်ထူး အား၎င်း တာဝန်ပေး တင်မြှောက်လိုက်ကြသည်။
(နေ့စဥ်မနက်တိုင်း ဆက်လက်ဖော်ပြပေးသွားမည်။)

"၁၉၄၇ ခုနှစ် ကရင်အမျိုးသား အစည်းအရုံး (K.N.U.) စတင် ပေါ်ပေါက်လာပုံနဲ့ အောင်ဆန်း-အက်တလီ စာချုပ်ကို ငြင်းပယ်ခဲ့ကြတဲ့ သမိုင...
22/09/2026

"၁၉၄၇ ခုနှစ် ကရင်အမျိုးသား အစည်းအရုံး (K.N.U.) စတင် ပေါ်ပေါက်လာပုံနဲ့ အောင်ဆန်း-အက်တလီ စာချုပ်ကို ငြင်းပယ်ခဲ့ကြတဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်များ..." 📜🔥

🟥ကရင်အမျိုးသား တော်လှန်ရေးမှတ်စု - အပိုင်း (၇)
(လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း - IKHRA မှ ထုတ်ဝေသည့် 'ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ်' စာအုပ်မှ)

၅၅။ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့တွင် အောင်ဆန်း အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့သည်။ (ထိုစာချုပ်တွင် ဦးစောနှင့် သခင်ဗစိန်တို့က လက်မှတ်ရေးထိုးခြင်း မပြုခဲ့ပေ။)
၁။ အင်္ဂလိပ်အစိုးရသည် ဗမာပြည်ဘုရင်ခံ၏ အတိုင်ပင်ခံ အဖွဲ့အား ဗမာပြည် ကြားဖြတ် အစိုးရအဖြစ် အသိအမှတ်ပြုသည်။
၂။ အင်္ဂလိပ်စစ်တပ်မှအပ၊ ကျန်ဗမာပြည်တွင်းရှိ စစ်တပ် အားလုံးသည် ဗမာပြည် ကြားဖြတ်အစိုးရအုပ်ချုပ်မှု အောက်တွင် ရှိရမည်။
၃။ ကြားဖြတ် အစိုးရသည် ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဋ္ဌာနတို့၏ လုပ်ငန်းများကို လုပ်ကိုင်ခွင့်ရှိသည်။
၄။ ကြားဖြတ်အစိုးရသည် နိုင်ငံတော်၏ ငွေကြေးကိစ္စကို စီမံနိုင်သည်။
၅။ အင်္ဂလန်နိုင်ငံတွင် ဗမာပြည် အစိုးရ၏ ကိုယ်စားလှယ် (သံတမန်) တဦး ထားရှိရန် သဘောတူသည်။
၆။ ဗမာပြည်အနေဖြင့် တိုင်းပြည်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရန် တိုင်းပြု ပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကို ပြုလုပ်ရန်။
၇။ ဗမာပြည် တောင်တန်းဒေသတွင် နေထိုင်လျက်ရှိကြသည့် တောင်တန်းသားများ၏ အနာဂတ် ကံကြမ္မာသည် ၎င်းတို့၏ ဆန္ဒသဘောအတိုင်း ဖြစ်စေရမည်။

🟥ကရင်အမျိုးသား အစည်းအရုံး (K.N.U.) ဖွဲ့စည်းခြင်း

၅၆။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့မှ၊ (၇)ရက်နေ့အထိ အောက်ဖော်ပြပါ ကရင် အဖွဲ့အစည်း (၄)ခုမှ ခေါင်းဆောင်များ၊ ကိုယ်စားပြုသူများ စုဝေး ဆွေးနွေးကာ K.N.U. ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးကို ဖွဲ့စည်းလိုက်သည်။ ရှိသမျှသော ကရင်အမျိုးသား အဖွဲ့အစည်း အားလုံးအား စုပေါင်းပြီး၊ ညီညီညွတ်ညွတ်ဖြင့် ကရင်ပြည် ရရှိရေး လှုပ်ရှားမှုကြီးကို တိုက်ပွဲဝင်ရန် ဖြစ်သည်။ ပါဝင်သော အဖွဲ့အစည်းများမှာ -
၁။ K.N.A. ခေါ် ကရင်အမျိုးသား အသင်း။
ခေါင်းဆောင်များမှာ စောဘမောင်၊ စောဂျိမ်းစ်တာပ။
၂။ B.K.N.A. ခေါ် ဗုဒ္ဓဘာသာ ကရင်အမျိုးသားအသင်း။
ခေါင်းဆောင်မှာ ဦးပညာဝံသ၊ စောမြသိန်း။
၃။ K.C.O. ခေါ် ကရင်ဗဟို အသင်း။
ခေါင်းဆောင်များမှာ ဆာစံစီဖိုး၊ စောဘဦးကြီး၊ စောဆစ်ဒနီလူနီ၊ ရွှေထွန်းကြာ၊ စောဂျိမ်းစ်တာပ။
၄။ K.Y.O. ခေါ် ကရင်လူငယ် အသင်း။
ခေါင်းဆောင်များမှာ မန်းဘခင်၊ မန်းဝင်းမောင်၊ စောကျော်စိန်၊ စောထွန်းစိန်၊ စောစိန်တင်တို့ ဖြစ်ကြသည်။
K.N.U. ဗဟိုခေါင်းဆောင်များကို အောက်ပါအတိုင်း ရွေးကောက် တင်မြှောက်ခဲ့ ကြသည်။
၁။ စောစံဖိုးသင် ဥက္ကဋ္ဌ၊
၂။ ဦးလှဖေ ဒုတိယ ဥက္ကဋ္ဌ၊
၃။ ဆရာသာထို အတွင်းရေးမှူး၊
၄။ မန်းဂျိမ်းစ်ထွန်းအောင် တွဲဘက် အတွင်းရေးမှူး၊
၅။ မန်းဘခင် ဘဏ္ဍာရေးမှူး၊
၆။ စောဘဦးကြီး အဖွဲ့ဝင်၊
ရ။ စောသာဒင် အဖွဲ့ဝင်၊
၈။ မန်းဝင်းမောင် အဖွဲ့ဝင်၊
၉။ ဟန်တာသာမွှေး အဖွဲ့ဝင်၊
၁၀။ မန်းဘဇန် အဖွဲ့ဝင်၊
၁၁။ စောကျော်စိန် အဖွဲ့ဝင်၊
၁၂။ ပေါလ်အေးငြိမ်း အဖွဲ့ဝင်၊
၁၃။ စောစိုင်းကေ အဖွဲ့ဝင်၊
၁၄။ စောအောင်ဝင်း အဖွဲ့ဝင်၊
၁၅။ ဆစ်ဒနီလူနီ အဖွဲ့ဝင်၊
၁၆။ စောစိန်တင် အဖွဲ့ဝင်၊
၁၇။ မန်းဘခိုင် အဖွဲ့ဝင်။

၅၇။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ။
K.N.U. က အောင်ဆန်း-အက်တလီစာချုပ်ကို အောက်ပါ အချက်များကြောင့် လက်ခံခြင်း မရှိကြောင်း ဆုံးဖြတ်ချက်ချခဲ့သည်။
၁။ အင်္ဂလိပ် အစိုးရနှင့် သွားရောက်တွေ့သော ကိုယ်စားလှယ်အဖွဲ့တွင် ကရင်ကိုယ် စားလှယ်များ မပါဝင်ခဲ့ခြင်း။
၂။ ပင်လုံစာချုပ် ချုပ်ဆိုရာတွင် ကရင်တို့၏ ဆန္ဒ သဘောထားကို မယူ၊ တိုင်ပင် နှီး နှောခြင်း မရှိခဲ့ခြင်း။
၃။ တိုင်းပြု ပြည်ပြု လွှတ်တော်တွင် ကရင်ကိုယ်စားလှယ်ဦးရေ အလွန်နည်း ပါးခြင်း။
၄။ သီးခြားထားရှိသည့် ကရင်လက်နက်ကိုင် တပ်ဖွဲ့ကို ဆက်လက် ထားရှိမှုမရှိခြင်း။
၅။ ကရင်များတောင်းဆိုသည့် ကရင်ပြည်နှင့်ပတ်သက်၍ ဘာမျှ ဖော်ပြပေးခြင်း မရှိခြင်း။
အထက်ပါ ဆုံးဖြတ်ချက်များကို အင်္ဂလိပ်ဝန်ကြီးချုပ်ထံသို့ တင်ပြခဲ့ပြီး ပြန်ကြား စာကို ၁၉၄၇ ခုနှစ် မေလ (၃၁)ရက်နေ့အထိ စောင့်ဆိုင်းရန်၊ ပြန်ကြားချက် မရှိပါက အောင်ဆန်းအက်တလီ စာချုပ်ကို ဆန့်ကျင်သွားရန်။
ဆန့်ကျင်ရာတွင်
(က) စောဘဦးကြီးက လက်ရှိ ဝန်ကြီးရာထူးမှ နုတ်ထွက်ရန်။
(ခ) လွှတ်တော် ကိုယ်စားလှယ် ရွေးကောက်ပွဲကို သပိတ်မှောက်ရန်တို့ဖြစ်သည်။

(နေ့စဥ်မနက်တိုင်း ဆက်လက်ဖော်ပြပေးသွားမည်။)

21/09/2026

စကောကရင်စကားပြောကြမယ်။

21/09/2026

Karen Diaspora Voice အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ အဝေးရောက် ကရင်အသိုက်အဝန်းရဲ့ သံတမန်ရေးရာ လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေတဲ့ NUG - ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် အန်ကယ် စောဘလှသိန်း နဲ့အခုလို ဆွေးနွေးမေးမြန်းခဲ့ပါတယ်။

21/09/2026

အနောက်ပိုးကရင်စကားပြောကြမယ်။

🟥KTLA ဆၣ်ကပီၤသုးရ့ၣ်ဟဲက့ၤနုၢ်လီၤဆူ (K.N.L.A) သုးက့(၄) Karen Vibes Media | စဲးပထ့ဘၢၣ် ၂၁, ၂၀၂၆ ခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖ...
21/09/2026

🟥KTLA ဆၣ်ကပီၤသုးရ့ၣ်ဟဲက့ၤနုၢ်လီၤဆူ (K.N.L.A) သုးက့(၄)

Karen Vibes Media | စဲးပထ့ဘၢၣ် ၂၁, ၂၀၂၆

ခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖှိၣ်ကရၢ , ဘျံး-ဒဝဲၢ်ကီၢ်ရ့ၣ်, သုးက့ (၄) တၢ်ပၢဟီၣ်ကဝီၤပူၤ K.T.L.A ဆၣ်ကပီၤသုးရ့ၣ်လၢ ဟဲက့ၤနုၢ်လီၤ တဖၣ် တၢ်တူၢ်လိၥ်မုၥ်တၢ်ရဲၣ်တၢ်ကျဲၤမူး တၢ်မၤအီၤဖဲ စဲးပထ့ဘၢၣ် ၂၁သီနံၤ အဂ့ၢ်ပသ့ၣ်ညါဘၣ်န့ၣ်လီၤ. တၢ်တူၢ်လိၥ်မုၥ်တၢ်ရဲၣ်တၢ်ကျဲၤမူးအံၤ K.T.L.A ဆၣ်ကပီၤသုးရ့ၣ်ပူၤ သုးခိၣ် စီၤအဲဖိ, သုးရ့ၣ်ၦၤဘၣ်မူဘၣ်ဒါတဖၣ်ဒီး သိၣ်ဒူ ခဲလၢၥ် (၂၅)ဂၤ လၢဟဲက့ၤနုၢ်လီၤတဖၣ် K.N.L.A သုးက့ (၄)ၦၤဘၣ်မူဘၣ်ဒါတဖၣ် တူၢ်လိၥ်အီၤလၢတၢ်မဲၥ်မုၥ်နါဆၢန့ၣ်လီၤ. တၢ်ရဲၣ်တၢ်ကျဲၤပူၤ K.N.L.A သုးက့ (၄) ဒုးယၤခိၣ် သုးခိၣ်ဒိၣ်စိ စီၤလ့သ့ ကတိၤဒိၣ်အီၤဒီး ဘျံး-ဒဝဲၢ်ကီၢ်ရ့ၣ် ကရၢခိၣ် ပဒိၣ်စီၤဖျိးစိဝ့, သုးက့ (၄) သုးက့ခိၣ် သုးခိၣ်ကျၢၢ်ဖိ စီၤလ့ထီ, ကီၢ်ရ့ၣ်နဲၣ်ရွဲၣ် ပဒိၣ်စီၤအဲၣ်နၤဒီးပဒိၣ် စီၤအဲၣ်ကီၢ် ကတိၤဟ့ၣ်ဂံၢ်ဟ့ၣ်ဘါတၢ်န့ၣ်လီၤ. ဝံၤလီၢ်ခံ ဆၣ်ကပီၤသုးရ့ၣ်ခိၣ် သုးခိၣ်စီၤအဲဖိ စံးဘျုးစံးဖှိၣ်တၢ်န့ၣ်လီၤ. တကးဘၣ်အမဲၥ်ညါ ဆၣ်ကပီၤသုးရ့ၣ်ခိၣ်နၢ်လၢဟဲက့ၤနုၢ်ဆူ ခ့ၣ်အဲၣ်ယူၣ်/ ကညီဒီကလုၥ် တၢ်ထူၣ်ဖျဲးသုးမုၢ်ဒိၣ် (K.N.L.A)တၢ်တီခိၣ်ရိၣ်မဲဖီလၥ်တဖၣ် တၢ်ဟ့ၣ်မၤလၤကပီၤအီၤဒီး K.T.L.A သုးတၢ်ပနီၣ် ဘၣ်တၢ်ဆီသလဲက့ၤအီၤဆူ K.N.L.A သုးတၢ်ပနီၣ် တၢ်ရဲၣ်တၢ်ကျဲၤ တၢ်မၤဃုၥ်အီၤ တကတီၢ်ဃီအဂ့ၢ်ပသ့ၣ်ညါဘၣ်န့ၣ်လီၤ.

Photo - KNU

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Karen Vibes โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ โรงเรียนนี้

ส่งข้อความของคุณถึง Karen Vibes:

ทางลัด

แชร์