07/08/2026
📢 စာစီစာကုံးပြိုင်ပွဲ ကြေညာချက်
မြန်မာ့ရိုဟင်ဂျာကျောင်းသားများသမဂ္ဂ (MRSU) သည် ဩဂုတ်လ (၂၅) ရက် အထိမ်းအမှတ်အဖြစ် ရိုဟင်ဂျာပြည်သူများ၏ သမိုင်းဖြစ်ရပ်မှန်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ မှတ်တမ်းများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ Rohingya National Education Board (RNEB) နှင့် ပူးပေါင်း၍ စာစီစာကုံးပြိုင်ပွဲတစ်ရပ်ကို ကျင်းပသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးကြေညာအပ်ပါသည်။
ဒုက္ခသည်စခန်းများရှိ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ရိုဟင်ဂျာပညာရှင်များနှင့် စိတ်ပါဝင်စားသူအားလုံးအား ပါဝင်ယှဉ်ပြိုင်ကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်လိုသူများအနေဖြင့် အောက်ဖော်ပြပါ Google Form တွင် သတ်မှတ်ထားသော အချိန်အတွင်း လိုအပ်သောကိုယ်ရေးအချက်အလက်များကို ပြည့်စုံစွာ ဖြည့်သွင်းပေးပါရန် မေတ္တာရပ်ခံအပ်ပပါသည်
မှတ်ချက်။ ။ ဖြေဆိုသူ၏ ကိုယ်ရေးအချက်အလက်များကို စာမူ၏ ပထမစာမျက်နှာ အပေါ်ပိုင်းတွင် အောက်ပါအတိုင်း ပြည့်စုံစွာ ဖော်ပြပေးပါရန်။
၁။ အမည်
၂။ အဘအမည်
၃။ စခန်းအမှတ်
၄။ ဖုန်းနံပါတ်
မြန်မာရိုဟင်ဂျာကျောင်းသားများသမဂ္ဂ (MRSU)
Google Form Link
https://share.google/rzGDf9bnoqcLWvdAR