အလက ၁ နေပြည်တော်

  • Home
  • အလက ၁ နေပြည်တော်

အလက ၁ နေပြည်တော် Welcome Everyone! This page intend to collect old students and teachers altogether.

Furthermore We all students will try to participate "The event of paying respect to teacher".

❤️မုန့်စားကျောင်းဆင်းချိန် အခန်းထဲကနေပြေးပြီး တမာပင်ကြီးအောင် ဝိုင်းဖွဲ့စားခဲ့ရတဲ့ အမှတ်တရတွေရယ်❤️မန်ကျည်းပင်အကြီးကြီးအေ...
21/07/2022

❤️မုန့်စားကျောင်းဆင်းချိန် အခန်းထဲကနေပြေးပြီး တမာပင်ကြီးအောင် ဝိုင်းဖွဲ့စားခဲ့ရတဲ့ အမှတ်တရတွေရယ်

❤️မန်ကျည်းပင်အကြီးကြီးအောက်မှာ မန်းကျည်းသီးခူးကြီး မြွေတွေ့လို့ ပြေးခဲ့ရတဲ့ အမှတ်တရတွေရယ်

❤️ယူကလစ်ပင်တွေမှာရော စာတွေခိုးရေးခဲ့ကြသေးလား?✌️

❤️ပုဆိုးကွင်းသိုင်းပြီး ဆော့ကြ‌တဲ့ကောင်လေးတွေရဲ့ ဘောလုံးကွင်းကြီးလဲ မပြောင်းလဲ သေးဘူးနော်

❤️အရပ်မရှည်မှာစိုးတဲ့ကလေးတွေအတွက် ဘားတန်းလေးတွေပါ လုပ်ပေးထားတာ

❤️အတောင်စုံ အရောင်သွေးစုံလို့ ကမ္ဘာမြေအနှံ့ပျံသန်းနေတဲ့ ကျောင်းသားဟောင်း/ကျောင်းသူဟောင်းတို့နဲ့အတူ အရောင်အသွေးစုံလှပနေတဲ့ တို့ရဲ့ကျောင်းတော်ကြီး ကိုလဲအမှတ်တရဖြစ်အောင် မျှဝေပေးလိုက်ပါတယ်။

တို့ရဲ့ကျောင်းတော်ကြီးက ခုဆိုခေတ်နဲ့အညီ အရောင်အသွေးကိုစုံလင်လို့ လှပနေတာ ငယ်ငယ်ကအမှတ်တရတွေ ပြန်အောက်မေ့ရင်း တို့တွေအသက်က...
21/07/2022

တို့ရဲ့ကျောင်းတော်ကြီးက ခုဆိုခေတ်နဲ့အညီ အရောင်အသွေးကိုစုံလင်လို့ လှပနေတာ

ငယ်ငယ်ကအမှတ်တရတွေ ပြန်အောက်မေ့ရင်း တို့တွေအသက်ကြီးလာပေမယ့်

တစ်ခေတ်ဆန်းသစ်နေတဲ့ တို့တွေရဲ့ကျောင်းတော်ကြီးနဲ့ ဆရာသမားတွေကို သတိရကြရဲ့လား 😥

အရင်ကအပင်လေးအောက်ပဲထိုင်ခဲ့ရပေမယ့် ခုဆိုခုံလှလှလေးတွေနဲ့ထိုင်လို့ရနေပြီ😍

လမ်းကြုံရင် အလွမ်းပြေဝင်ခဲ့ဖို့ ဖိတ်ခေါ်တယ်နော်😉

ကျောင်းအနောက်ဘက်က စက်ဘီးထားတဲ့နေရာလေးရယ်❤️ကျောင်းဆင်းချိန်တိုင်းအပြေးသွားရတဲ့ မုန့်ဈေးတန်းလေးရယ်❤️ကျောင်းနောက်ကျလို့ မုန...
21/07/2022

ကျောင်းအနောက်ဘက်က စက်ဘီးထားတဲ့နေရာလေးရယ်❤️

ကျောင်းဆင်းချိန်တိုင်းအပြေးသွားရတဲ့ မုန့်ဈေးတန်းလေးရယ်❤️

ကျောင်းနောက်ကျလို့ မုန့်ဈေးတန်းအပြေးအလွှားသွားခဲ့ရတဲ့ရက်တွေရယ်

မုန့်ဈေးတန်းနောက်ဘက်ကပုံပြင်တွေရယ်

ဘယ်သူမှတ်မိသေးလဲ✌️✌️

05/10/2020

"ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီး တည်ဆောက်အံ့ " ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ 😊
မြန်မာတစ်မျိုးသားလုံးပညာရည်မြင့်မားရေးဦးတည်ချက်နှင့်လျော်ညီစွာချမှတ်ထားသောပညာရေးစီမံကိန်းတို့ကိုလက်တွေ့အကောင်အထည်
ဖော်သူများမှာ ဆရာ-ဆရာမကြီးများပင်ဖြစ်ကြပေရာ
ဆရာ-ဆရာမများ အခန်းကဏ္ဍမှာလွန်စွာအရေးပါသည်

ထို့ကြောင့်လည်းကုလသမဂ္ဂပညာရေးသိပ္ပံနှင့်
ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း(ယူနက်စကို)ကအနာဂတ်မျိုးဆက်သစ်လူ
ငယ်လေးများမွေးထုတ်ရေး တစ်နည်းအားဖြင့်လူသားအရင်းအမြစ်များတိုးတက်မြင့်မားရေးတွင်အဓိကလိုအပ်သည့်လိုအပ်ချက်များကိုစဉ်ဆက်မပြတ်ဖြည့်ဆည်းပေးရေးနှင့်ဆရာ/ဆရာမများ၏အခန်းကဏ္ဍမြှင့်တင်ရေး/စည်းရုံးရေး လှုပ်ဆော်မှုတို့ကိုရည်ရွယ်၍"

" ကမ္ဘာ့ဆရာများနေ့" ကို
1994 ခုနှစ်အောက်တိုဘာ(5)ရက်နေ့မှ
စတင်၍ တရားဝင်ပြဋ္ဌါန်းအတည်ပြုခဲ့ကြသည်👍
နှစ်စဉ်အောက်တိုဘာ(1)ရက်နေ့သို့ရောက်လေတိုင်း
" ကမ္ဘာ့ဆရာများနေ့ " ကိုကျင်းလာခဲ့ကြသည်မှာ
(2020)ခုနှစ်ဆိုပါက(26)ကြိမ်တိုင်တိုင်ရှိခဲ့ကြပေပြီ🤗🤗

ထို(26)ကြိမ်မြောက်
"ကမ္ဘာ့ဆရာများနေ့" ကိုဂုဏ်
ပြု လိုက်ပါသည်

" ဆရာဆိုသည်မှာ "

#ဆရာဆိုသည်မှာ
နာသုံးနာကိုဦးထိပ်ရွက်
ရှက်ကြောက်ခြင်းကိုဘေးမှာထားကိုယ့်ရင်သွေးကိုယ့်သားကိုယ့်သမီးများပမာအကြိမ်ကြိမ် အခါခါ ကြိမ်တံပြာမြှောက်လို့ငေါက်တန်ငေါက် ခြောက်တန်ခြောက်
မြှောက်တန်မြှောက် အော်တန်အော်ကိုယ့်ရဲ့ ချစ်တပည့်ကျော်လေးတွေလူတော် လူမော် လူဇော်ဖြစ်စေဖို့ပို့ချပေးရကျောင်းသင်ခန်းစာအဖုံဖုံ အစုံစုံ
ငွေကြေးမဖူလုံသော်လည်း ဝမ်းသာလျှက်
မနက်ဖြန်အရေး လုံးဝပင်မတွေးအားရှာ
အစဉ်လေးစားရပါသော မြတ်ဆရာ … … …

#ဆရာဆိုသည်မှာ
ပို့ရာကိုသွား… ထားရာမှာနေ
ကိုယ့်ရွာ ကိုယ့်မြေမဟုတ်သော်လည်း
ရှိတာလေးဝတ် ပျော်သလိုနေ ကြုံသလိုစား
ဘယ်ဘုံဖျား ဘယ်ချုံကြားမှာထားထား
လက်ထဲမှာကိုယ်ပိုင်ငွေတစ်ပြားမရှိသော်လည်း
တပည့်များကိုကြည့်ကြည့်ပြီး ပီတိကိုစားရင်း
အမြဲစွမ်းပကားတွေကြီးမား၍နေသောမြတ်ဆရာ… … …

#ဆရာဆိုသည်မှာ
အသံကွဲအက် ချွေးစက်ယိုစီး
ကိုယ်ပေါ်မှာဒီးဒီးကျနေသော်လည်း
အနာဂတ်နိုင်ငံတော်အတွက် လမ်းပြကြယ်
ယနေ့လူငယ်များအတွက် ဥယျာဉ်မှူးပမာမို့
မြတ်သောဆရာ-မြတ်ဆရာအပေါင်းတို့အား
ဤစာစုဖြင့် လေးစားစွာ ဂုဏ်ပြုလိုက်ရပါကြောင်း … … …

#

01/09/2020

မင်္ဂလာပါ
* Covid-19ရောဂါကူးစက်ပြန့်ပွားနေသည်ဖြစ်ရာ ဒီနှစ်ဆရာကန်တော့ပွဲပြုလုပ်ရန်အတွက် အဆင်မပြေသောကြောင့် covid-19 ရောဂါကူးစက်မှုအခြေအနေလျော့နည်းသည့်အခါမှသာ ပြန်လည်ကျင်းပရန် စီစဥ်ထားရှိပါကြောင်း အသိပေးအပ်ပါသည်။

* Covid-19 ရောဂါမကူးစက်စေရန် အားလုံးကျန်းမာရေးဂရုစိုက်ကြပါ။ အပြင်သွားရင်maskတပ်ဆင်ကြပါ။ လက်ဆေးကြဖို့လဲမမေ့ကြပါနှင့်။

မင်္ဂလာပါ။   တစ်ခုလုပ်ရအောင်။  ဒီပို့စ်အောက်မှာ ကျောင်းနဲ့ပတ်သက်တဲ့အမှတ်တရပစ္စည်းတစ်ခုကိုမန့်ရမယ်။ ဘာပစ္စည်းဖြစ်ဖြစ်ရတယ်...
09/06/2020

မင်္ဂလာပါ။
တစ်ခုလုပ်ရအောင်။ ဒီပို့စ်အောက်မှာ ကျောင်းနဲ့ပတ်သက်တဲ့အမှတ်တရပစ္စည်းတစ်ခုကိုမန့်ရမယ်။ ဘာပစ္စည်းဖြစ်ဖြစ်ရတယ်နော်။ အားလုံး Challenge ကိုလက်ခံကြပါ။

ကိုယ်ကတော့ ကျောင်းတုန်းက ဓမ္မစကြာ ဝတ်ရွတ်အဖွဲ့ ဖွဲ့ပြီး ဝင်ပြိုင်တုန်းကရထားတဲ့ ပဝါလေးပါ။


22/05/2020

ကျေးဇူးကြီးမားလှသောဆရာသမားတို့အား ရှိခိုးကန်တော့ပါ၏။

လွမ်း.....
17/05/2020

လွမ်း.....

15/05/2020

#ဝမ်းနည်းကြောင်းကြေငြာခြင်း #
ကျောင်းသားကျောင်းသူဟောင်းများရှင် ကျွန်မတို့ရဲ့ အ လ က (၁) နေပြည်တော်တွင် အလယ်တန်းပြဆရာမတာဝန်ထမ်းဆာင်ခဲ့သော အငြိမ်းစားဆရာမကြီး ဒေါ်စန်းရီ သည် (၂၉.၂.၂၀၂၀)ရက်နေ့တွင် ဘဝတစ်ပါးသို့ကူးပြောင်း သွား‌ပါသဖြင့် ချစ်ရသော မိသားစုနှင့်တကွ ထပ်တူထပ်မျှဝမ်းနည်းရပါကြောင်း ကြေညာအပ် ပါသည်။
ကောင်းရာသုဂတိလားပါစေ ဆရာမကြီးရှင့်...

ပညာအလင်းရောင်ဆောင်ကာလောကကိုအလှဆင်ပေးသူ နတ်သမီးများ (4)😁😁တခြားတီချယ်accများသိရင်မန့်ပေးကြပါအုံး account ရှာမရလို့ပါ
15/05/2020

ပညာအလင်းရောင်ဆောင်ကာ
လောကကိုအလှဆင်ပေးသူ
နတ်သမီးများ (4)😁😁တခြားတီချယ်accများသိရင်မန့်ပေးကြပါအုံး account ရှာမရလို့ပါ

ပညာအလင်းရောင်ဆောင်ကာလောကကိုအလှဆင်ပေးသူ နတ်သမီးများ (3)😁😁တခြားတီချယ်accများသိရင်မန့်ပေးကြပါအုံး account ရှာမရလို့ပါ
14/05/2020

ပညာအလင်းရောင်ဆောင်ကာ
လောကကိုအလှဆင်ပေးသူ
နတ်သမီးများ (3)😁😁တခြားတီချယ်accများသိရင်မန့်ပေးကြပါအုံး account ရှာမရလို့ပါ

သင်္ချာဆရာမ ဒေါ်စန်းစန်းထွေး အကြောင်း သိချင်ပါတယ်ဆိုတဲ့ ကျောင်းသူလေး ဆရာမ account ကိုရှာပေးထားတယ်နော်ဆရာမဒေါ်စန်းစန်းထွေ...
14/05/2020

သင်္ချာဆရာမ ဒေါ်စန်းစန်းထွေး အကြောင်း သိချင်ပါတယ်ဆိုတဲ့ ကျောင်းသူလေး ဆရာမ account ကိုရှာပေးထားတယ်နော်
ဆရာမဒေါ်စန်းစန်းထွေးကို သတိရတဲ့ ကျောင်းသားတိုင်း သွား add ပြီး စကားပြော‌လို့ရနေပါပြီ။
ဆရာမက ယူနီဖောင်းဝတ်ထားလဲ လှနေတုန်းပါနော်။

Address

Yezin

Opening Hours

Monday 18:00 - 22:00
Tuesday 18:00 - 22:00
Wednesday 18:00 - 22:00
Thursday 18:00 - 22:00
Friday 18:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959693584095

Alerts

Be the first to know and let us send you an email when အလက ၁ နေပြည်တော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your school to be the top-listed School/college?

Share