Language Nest

Language Nest

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Language Nest, Education Website, .

09/02/2023

Say vs tell

Say နဲ့ tell လို့​ပြောတာနဲ့ သူတို့ဟာ irregular verbs ​တွေဖြစ်တယ်ဆိုတာရယ် သူတို့ရဲ့ past tense "said နဲ့ told" ကိုပါသိထားသင့်ပါတယ်!
Both are irregular verbs.Their past tense are said and told.

🖇Say: to express something using words.
say /said ကိုသုံးရင် ဘယ်သူ့ကို​ပြောတယ်ဆိုတာမလိုပါဘူး။
🖇Tell: to give information to a person.
tell/told ကိုသုံးရင်​တော့ ဘယ်သူ့ကို​ပြောတယ်ဆိုတာလိုပါတယ်။

For example 📝

▪️I said that their new house is beautiful.
▪️I told them that their new house is beautiful.

▪️Did he say how it happened?
▪️Did he tell you how it happened?

▪️I said that I would meet him onSunday.
▪️I told him that I would meet him on Sunday.

ဒီ​လောက်ဆိုရင်​တော့ say နဲ့ tell ရဲ့ ကွဲပြားမှု့ကိုနားလည်မယ်လို့ထင်ပါတယ်။

Thank you and happy learning !!!

09/02/2023
06/02/2023

What is formal and informal language ?

ဒီတစ်ခါမှာ​​တော့ formal and informal language ဆိုတာ​လေးကိုအကျဉ်းချုပ်ပြောပြသွားမှာပါ။

📌 Formal language
▪️Use when writing for professional or academic purposes like university assignments or job application.
▪️Use when talking to elderly or person who are higher than you in ranking such as your teacher, professor or your boss.
▪️Formal languageကို​တော့ ကိုယ့်ထက်အသက်ကြီးတဲ့သူ​တွေ ၊ ဆရာဆရာမ​တွေ ၊​ပါ​​မောက္ခ ဒါ​မှမဟုတ် ကိုယ့်အထက်အရာရှိ​တွေနဲ့​ပြောဆိုတဲ့​နေရာ တွေမှာသုံးကြပါတယ်။
🔹️အလုပ်နဲ့ပတ်သတ်တဲ့​နေရာ​တွေ
ဥပမာ-အလုပ်​လျှောက်လွှာ၊
-လုပ်ငန်းတွင်းပို့တဲ့စာ​တွေ
-အလုပ်နဲ့သက်ဆိုင်တဲ့email​တွေ
🔹️ပညာ​ရေးနဲ့သက်ဆိုင်တဲ့​နေရာ​တွေ
ဥပမာ -တက္ကသိုလ်စာစဉ်(university assigment)
- တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ
- eassay
စတာ​တွေရေးတဲ့အခါ​တွေမှာအသုံးပြုပါတယ်။
Formal language မှာ contraction ​တွေမသုံးပါဘူး - l'll လို့မသုံးဘဲ I will လို့သုံးပါတယ် ။

📌 Informal language
▪️Casual and spontaneous ရင်းရင်းနှီးနှီး၊ ​ပေါ့​ပေါ့ပါးပါး ချက်ချင်းတုန့်ပြန် ပြောဆိုခြင်းကိုဆိုလိုပါတယ်။
▪️Use with friends or family both in writing and in conversation.ကိုယ့်မိသားစုဝင်၊သူငယ်ချင်း၊လုပ်​ဖော်ကိုင်ဘက်၊ အသိမိတ်​ဆွေတွေ့နဲ့​ စကား​ပြောတာ​ရော၊စာ​ရေးတာနှစ်ခုစလုံးမှာအသုံးပြုပါတယ်။


Thank you and happy learning !!!

05/02/2023

Do you know the meaning of these three adverbs frequently used with PRESENT PERFECT in English?

20/01/2023
11/01/2023

🍀Yes, it does !

ဘာသာစကားတစ်ခုကို​လေ့လာတဲ့​နေရာမှာ ကိုယ်​လေ့လာ​နေတဲ့ဘာသာစကား​ပြောတဲ့ရုပ်ရှင်​တွေကြည့်ခြင်းဟာလဲ စကား​ပြော​လေ့လာသူ​တွေအတွက် အရမ်းအကျိုးရှိတဲ့နည်းလမ်းတစ်ခုပါဘဲ။ ရုပ်ရှင်ကြည့်ခြင်းအားဖြင့် language နဲ့ ရင်းနှီးကျွမ်းဝင်​စေသလို ကိုယ်​လေ့လာတဲ့ဘာသာစကားရဲ့culture ၊ အဲ့ဘာသာစကားအသုံးပြုတဲ့နိုင်ငံရဲ့ culture ​တွေကိုလည်းနားလည်သိ​ရှိလာစေပါတယ်။
🇺🇲ပုံထဲက ရုပ်ရှင်ငါးကားက​တော့အ​မေရိကန် ကား​တွေပါ။ နာမည်ကြီးတဲ့ကား​တွေမို့ ​တော်​တော်များများကြည့်ဖူးကြမှာပါ။ မကြည့်ရ​သေးရင်လဲကြည့်ကြည့်ဖိုတိုက်တွန်းပါတယ် ချစ်စရာ​လေး​တွေပါ။

🐞Theye are according to my preference.
My favourite is the 4th, can't help, I'm a fan of Noah😁.

07/01/2023

Borrow vs Lend

📎Borrow - ငှားယူသည်
to take something from someone and give it back later.
တစ်စုံတစ်ခုကို​ ငှားယူပြီး ​နောက်ပြန်​ပေးမည် ဆိုတဲ့သ​ဘောပါ။
📌 I need to return the books I borrowed from the library.

📎Lend - ငှားရမ်းသည်
give something to someone for a short time, expecting that you will get it back later.
တစ်ခုခုကို ပြန်ရမယ့်​မျော်လင့်ချက်နဲ့အချိန်တိုတစ်ခုထိ ငှား​ပေးမယ်ဆိုတဲ့သ​ဘောပါ။
📌The library will lend you five books for two weeks.

ဒီစကားလုံး၂ခုက မြန်မာလိုရှင်းရင်​ နဲနဲရှုပ်သွားတတ်ပါတယ်။ သူတို့ရဲ့ အင်္ဂလိပ်လိုရှင်းထားတာဖတ်ရင်း နားလည်မယ်လို့ယူစပါတယ်။

Thank you !
Happy learning 🥰

07/01/2023

🌏 How to call the continents and it's regions !

အခုတစ်ခါမှာ​တော့ learners ​တော်​တော်များများအားနည်းတဲ့ ကမ္ဘာ့တိုက်ကြီး​တွေနဲ့ ​ သူတို့ရဲ့ ​နေရာ​တွေကိုဘယ်လို​ခေါ်သလဲ ဆိုတာ​ကို infographic ​လေးကြည့်ပြီး​လေ့လာလိုက်ကြ​နော်!
📢 အချက်အလတ်​တွေကအတိအကျ​တွေ​တော့မဟုတ်ပါဘူး အသုံးများတဲ့ အ​ခေါ်အ​ဝေါ်​တွေကိုပါ​အောင်ထည့်ထား​ပေးရုံပါ။ ဖော်ပြထားတဲ့အ​ခေါ်အ​ဝေါ်​တွေကခရီးသွားခြင်းအ​ကြောင်းအ​ရာတွေ​ပြောတဲ့​နေရာ​တွေမှာအသုံးဝင်ပါတယ်။

🚄 I'm travelling through Central Europe now. ငါအခု ဥ​ရောပအလယ်ပိုင်းကိုခရီးသွား​နေတယ်။

✈️ I've been meaning to travel to Middle East and Africa. ငါအ​ရှေ့အလယ်ပိုင်းနဲ့အာဖရိက ကို ခရီးသွားဖို့ရည်ရွယ်​နေခဲ့တာ။

🌏 Me and my best friend backpacked South East Asia for two months after we finished College. ငါနဲ့ငါ့အချစ်ဆုံးသူငယ်ချင်းနဲ့​ကောလိပ်ပြီးပြီးချင်း အ​ရှေ့​တောင်အာရှကို နှစ်လကြာ ခရီးထွတ်ခဲ့တယ်။

အားလုံးလဲအခုရှင်းပြထားတာ​လေး​တွေနဲ့ infographic က အ​ခေါ်အ​ဝေါ်​လေး​တွေကိုတွဲပြီး​လေ့လာသုံးနှုန်းနိုင်မယ်လို့ထင်ပါတယ် 😊
thank you and happy learning !

06/01/2023

MAKE or DO !

Make ​ရော Do ​ရော က မြန်မာလိုဆို ပြုသည်၊လုပ်သည် ဆိုတဲ့အဓိပ္ပါယ်ရှိပါတယ်။

🐞ဒါ​ပေမယ့် အသုံးပြုတဲ့​နေရာနဲ့အ​ခြေအ​နေ​တွေ​တော့ မတူပါဘူး❗️

✔️Make is typically used when we talk about creating something.
တစ်ခုခုဖန်တီးပြုလုပ်တဲ့​​နေရာမျိုးမှာသုံးပါတယ်
📌 For example, I will make dinner for you tonight.
-------------------------------‐--------------------------------
✔️Do is generally used for activities.
Do ကို​ယေဘူယျအားဖြင့် လူ​တွေရဲ့ လှုပ်ရှားမှု့များအတွက် အသုံးပြုပါတယ်။
📌 For example, I do my homework after dinner.

MAKE Do
• Make dinner/ lunch • Do the dishes
• Make friends • Do housework
• Make an appointment • Do the laundry
• Make a plan • Do business
• Make a noise • Do your homework

💥နောက်ထပ်အသုံး​တွေကို​တော့ မိမိဘာသာထပ်မံ​လေ့လာဖို့တိုက်တွန်းပါတယ်​နော်။

Happy learning 😊

Want your school to be the top-listed School/college?

Website