Pinnacle Dreams Academy

Pinnacle Dreams Academy Turning global education and career dreams into clear, practical pathways.

ဘာကြောင့် CompTIA Certification တွေက IT နယ်ပယ်မှာ အရေးပါနေတာလဲ? IT နယ်ပယ်ထဲကို ဝင်ရောက်ဖို့ ကြိုးစားနေသူတွေအတွက် CompTIA...
05/27/2026

ဘာကြောင့် CompTIA Certification တွေက IT နယ်ပယ်မှာ အရေးပါနေတာလဲ?

IT နယ်ပယ်ထဲကို ဝင်ရောက်ဖို့ ကြိုးစားနေသူတွေအတွက် CompTIA Certification ဆိုတာ အမြဲတမ်းကြားနေရတဲ့ နာမည်တစ်ခုပါ။ ဘာကြောင့် ဒီလက်မှတ်တွေကို လုပ်ငန်းခွင်မှာ အဓိကတောင်းဆိုနေကြတာလဲဆိုရင်၊ အဓိကအချက်က CompTIA ဟာ Vendor-neutral ဖြစ်တာကြောင့်ပါ။ ဆိုလိုတာက Microsoft ဒါမှမဟုတ် Cisco လို ကုမ္ပဏီတစ်ခုရဲ့ နည်းပညာကိုပဲ သင်တာမဟုတ်ဘဲ၊ IT နယ်ပယ်တစ်ခုလုံးမှာ အခြေခံကျတဲ့ အသိပညာတွေကို စနစ်တကျ သင်ကြားပေးတာဖြစ်လို့ ဘယ်လိုလုပ်ငန်းခွင်မှာမဆို အသုံးဝင်ပါတယ်။

ယနေ့ခေတ်မှာ Employer တွေက ဘွဲ့တစ်ခုတည်းကိုပဲ မကြည့်တော့ဘဲ လက်တွေ့ကျွမ်းကျင်မှု ရှိ/မရှိကို ပိုပြီးအလေးထားလာကြပါတယ်။ CompTIA Certification ရထားတယ်ဆိုကတည်းက သင်ဟာ Networking၊ Security နဲ့ Hardware ပိုင်းမှာ အခြေခံအုတ်မြစ် ခိုင်မာတယ်ဆိုတာကို သက်သေပြနေတာပါ။ အလုပ်ခန့်မယ့်သူတွေအတွက်လည်း သင်တန်းကာလ အချိန်တိုအတွင်းမှာ အခြေခံကို ခိုင်မာအောင် တည်ဆောက်ထားနိုင်သူဖြစ်လို့ အလုပ်ခန့်ရတာ ပိုပြီးစိတ်ချရပါတယ်။

ဒါ့အပြင် CompTIA ဟာ ကမ္ဘာတစ်ဝှမ်းလုံးက နည်းပညာကုမ္ပဏီကြီးတွေ အားလုံးက အသိအမှတ်ပြုထားတဲ့ စံနှုန်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ် အလုပ်လျှောက်တဲ့အခါ တခြားသူတွေထက် အသာစီးရစေမှာပါ။ သင်က IT နယ်ပယ်ကို စတင်ဖို့ ပြင်ဆင်နေသူဆိုရင် CompTIA A+ ဟာ သင့်ရဲ့ ပထမဆုံးနဲ့ အကောင်းဆုံးခြေလှမ်းဖြစ်လာမှာပါ။

PDA မှာတော့ IT industry ထဲကိုစတင်ဝင်ရောက်မဲ့သူတွေအတွက် CompTIA A+ သင်တန်းတွေကို စနစ်တကျ သင်ကြားပေးနေပါတယ်။ သင်တန်းအကြောင်း အသေးစိတ်သိလိုရင် Page Message ကနေတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်။

ဖုန်းထဲကို Message အတုတွေ ခဏခဏ ရောက်လာလို့ စိတ်ညစ်နေရပြီလား။"သင့်ပါဆယ်ထုပ် လိပ်စာမှားနေလို့ ဒီ Link မှာ ပြင်ပေးပါ" ဆိုတဲ...
05/21/2026

ဖုန်းထဲကို Message အတုတွေ ခဏခဏ ရောက်လာလို့ စိတ်ညစ်နေရပြီလား။

"သင့်ပါဆယ်ထုပ် လိပ်စာမှားနေလို့ ဒီ Link မှာ ပြင်ပေးပါ" ဆိုတဲ့ SMS မျိုး ဒါမှမဟုတ် "ဘဏ်ကနေ အကောင့်ပိတ်ထားလို့ Link ကိုနှိပ်ပြီး အတည်ပြုပါ" ဆိုတဲ့ စာတိုမျိုး ဖုန်းထဲ ရောက်ဖူးကြမှာပါ။
ဒါကို နည်းပညာလောကမှာ "Smishing" (SMS Phishing) လို့ ခေါ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ပြောခဲ့တဲ့ MFA (လုံခြုံရေးအလွှာ) တွေ ဘယ်လောက်ခံထားပါစေ... ဒီလို Link အတုတွေကို သတိမထားမိဘဲ နှိပ်မိရင် မိမိရဲ့ Password နဲ့ ငွေကြေးတွေ ခိုးယူခံရနိုင်ပါတယ်။

ဒါဆို လိမ်လည်တဲ့ Message မှန်း သိနိုင်မယ့် အရိုးရှင်းဆုံး (၃) ချက် ကို မှတ်ထားရအောင်။

၁။ အလောတကြီး လုပ်ခိုင်းခြင်း (Urgency): "အခုချက်ချင်းမလုပ်ရင် အကောင့်ပိတ်မယ်" ဆိုပြီး လူကို ထိတ်လန့်အောင် ခြောက်လန့်တတ်ပါတယ်။

၂။ Link အဆန်းများ (Suspicious URLs): တရားဝင် ဝက်ဘ်ဆိုက်နာမည် မဟုတ်ဘဲ bit.ly/... တို့၊ စာလုံးပေါင်းမမှန်တဲ့ Link အဆန်းတွေ ပါနေတတ်ပါတယ်။

၃။ ဖုန်းနံပါတ် အရှည်ကြီးများ (Unknown Numbers): ကုမ္ပဏီနာမည်နဲ့ မဟုတ်ဘဲ သာမန် ဖုန်းနံပါတ် အရှည်ကြီးတွေ၊ နိုင်ငံခြား Area Code တွေနဲ့ ပို့လေ့ရှိပါတယ်။

အခုခေတ်မှာ Smishing အန္တာရယ်အပြင်ကို ကျားဖြန့်ပါဖြစ်နေနိုင်တာမလို့ ဖုန်းထဲ စာရောက်လာရင် အထဲက Link ကို ချက်ချင်းမနှိပ်ပါနဲ့။ အရင်ဆုံးစစ်ဆေးကြည့်ပါ။ တကယ်ပဲ မိမိရဲ့ ဘဏ်အကောင့် သို့မဟုတ် ပါဆယ်ထုပ်အတွက် စိတ်ပူတယ်ဆိုရင် သက်ဆိုင်ရာ website အစစ်ကို ကိုယ်တိုင်ရှာပြီး ဝင်စစ်ဆေးတာ (သို့မဟုတ်) Customer Service ကို တိုက်ရိုက် ဖုန်းဆက်မေးမြန်းတာကသာ အန္တရာယ်အကင်းဆုံး ဖြစ်ပါတယ်။

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လိမ်လည်လှည့်စားသူတွေရဲ့ နည်းလမ်းတွေကလည်း ပိုမို ပါးနပ်လာတဲ့အတွက် "မနှိပ်ခင် ခဏစဥ်းစားပါ (Think before you click)" ဆိုတဲ့ ဆောင်ပုဒ်လေးကို နှလုံးသွင်းပြီး မိမိတို့ရဲ့ Digital ဘဝကို လုံခြုံစွာ ဖြတ်သန်းနိုင်ကြပါစေ။

CompTIA A+ အတန်းသစ် (New Batch) ပြန်လာပါပြီ!ပြီးခဲ့တဲ့ April တုန်းက ဖွင့်လှစ်ခဲ့တဲ့ PDA ရဲ့ "IT Foundation" အတန်းကို အကြ...
05/18/2026

CompTIA A+ အတန်းသစ် (New Batch) ပြန်လာပါပြီ!

ပြီးခဲ့တဲ့ April တုန်းက ဖွင့်လှစ်ခဲ့တဲ့ PDA ရဲ့ "IT Foundation" အတန်းကို အကြောင်းအမျိုးမျိုးကြောင့် မတက်လိုက်ရတဲ့သူတွေအတွက် အတန်းသစ် ကို ထပ်မံဖွင့်လှစ်ပေးလိုက်ပါပြီ။

US ကို ရောက်ခါစမှာ လူပင်ပန်းတဲ့အလုပ်တွေထဲမှာတင် ပိတ်မိပြီး လမ်းပျောက်နေသလို ခံစားနေရတယ်၊ ဒါပေမဲ့ ရေရှည်အတွက် တကယ်ခိုင်မာပြီး ကိုယ်ပိုင်အချိန် ပိုထွက်မယ့် IT Career လမ်းကြောင်းပေါ်ကို တက်ချင်တယ်ဆိုရင် ဒါဟာ သင့်အတွက် အခွင့်အရေးပါပဲ။

🎓 ဒီအတန်းသစ်မှာ ဘာတွေ ကွာခြားသွားမလဲ?

ပထမတစ်ခါတုန်းက လူဦးရေ ပြည့်သွားလို့ စာရင်းပေးရက်နဲ့ မတက်လိုက်ရတဲ့သူတွေ အများကြီးရှိခဲ့တာကြောင့် ဒီတစ်ခေါက်မှာတော့ အခွင့်အရေး ပိုရစေဖို့အတွက် Seat အရေအတွက်ကို (၁၅) ယောက်အထိ တိုးမြှင့်လက်ခံပေးသွားမှာ ဖြစ်ပါတယ်။

▪️Zero to Hero: IT Background (လုံးဝ) မရှိရင်တောင် အခြေခံကစပြီး (၃) လအတွင်း စာမေးပွဲအောင်မြင်သည်အထိ စနစ်တကျ သင်ကြားပေးမှာပါ။
▪️100% Practical: US IT Market ထဲက အမှန်တကယ် အလုပ်ခွင်သုံး Skillsets တွေအပြင် Exam Preparation အတွက်ပါ သေချာ Focus လုပ်ပေးသွားမှာဖြစ်ပါတယ်။
▪️No Language Barrier: မြန်မာစကားနဲ့ နားလည်လွယ်အောင် သေသေချာချာ ရှင်းပြပေးမှာမို့ Beginner တွေအတွက်ပါ လေ့လာရလွယ်ကူစေမှာပါ။

✅ ဒီအတန်းက ဘယ်သူတွေအတွက်လဲ?

▪️လက်ရှိ တခြားအလုပ်လုပ်နေရင်း Career Change ဖို့ဆုံးဖြတ်ချက်ချထားသူများ
▪️အမေရိကမှာ အခြေချဖို့ CompTIA A+ Certificate ကို စနစ်တကျ စာမေးပွဲအောင်ချင်သူများ

📅 Class Details & Registration

ပုံမှန်အလုပ်လုပ်နေသူတွေ အလုပ်မပျက်ဘဲ တက်ရောက်နိုင်အောင် Weekend (စနေ၊ တနင်္ဂနွေ) ညပိုင်းအချိန် အဖြစ် သေချာစီစဉ် ပေးထားပါတယ်။

▪️Class Start: June 13, 2026
▪️Class Time: Every Saturday & Sunday | 9:00 PM - 11:00 PM (EST)
▪️Platform: Zoom Live
▪️Seats: အနီးကပ် သေချာဂရုစိုက်သင်ကြားပေးချင်တာကြောင့် လူဦးရေ (၁၅) ယောက်သာ ကန့်သတ်လက်ခံပါမယ်။

⚠️ ပထမ Batch တုန်းကလိုပဲ လူပြည့်မြန်တတ်တာမို့ ကိုယ့်ရဲ့ Career ကို အပြောင်းအလဲလုပ်ဖို့ အခွင့်အလမ်းကို ထပ်ပြီး လက်လွတ်မခံပါနဲ့တော့။

သင်တန်းတက်ရောက်ရမယ့် အသေးစိတ် အချက်အလက်တွေကို သိရှိလိုပါက Page Messenger ကနေ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

MFA ဆိုတာ ဘာလဲ? Password တစ်ခုတည်းနဲ့ မလုံလောက်တော့တဲ့အခါ ဘယ်လိုဆက်လုပ်သင့်လဲ။ ယနေ့ခေတ် Digital လောကမှာ မိမိရဲ့ Personal...
05/15/2026

MFA ဆိုတာ ဘာလဲ? Password တစ်ခုတည်းနဲ့ မလုံလောက်တော့တဲ့အခါ ဘယ်လိုဆက်လုပ်သင့်လဲ။

ယနေ့ခေတ် Digital လောကမှာ မိမိရဲ့ Personal အချက်အလက်တွေနဲ့ အကောင့်တွေကို ကာကွယ်ဖို့အတွက် Password တစ်ခုတည်းကိုပဲ အားကိုးနေလို့ မရတော့ပါဘူး။ ဒါကြောင့် Multi-Factor Authentication (MFA) ဆိုတဲ့ လုံခြုံရေးအလွှာတွေကို အသုံးပြုလာကြတာ ဖြစ်ပါတယ်။ MFA ရဲ့ သဘောတရားဟာ ရိုးရှင်းပါတယ်၊ အကောင့်တစ်ခုကို ဝင်ရောက်ဖို့အတွက် မတူညီတဲ့ သက်သေခံချက် (Factors) အနည်းဆုံး နှစ်ခု ဒါမှမဟုတ် နှစ်ခုထက်ပိုပြီး အသုံးပြုတာ ဖြစ်ပါတယ်။ ဒီသက်သေခံချက်တွေကို နားလည်လွယ်အောင် အဓိက အုပ်စု (၄) စုနဲ့ ခွဲခြားကြည့်နိုင်ပါတယ်။

ပထမဆုံးအဆင့်ကတော့ "Something You Know" လို့ခေါ်တဲ့ မိမိကိုယ်တိုင် သိရှိထားတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ အသုံးအများဆုံးဖြစ်တဲ့ Password တွေ၊ PIN နံပါတ်တွေ ဒါမှမဟုတ် လုံခြုံရေးမေးခွန်းတွေ (Security Questions) ကို ဆိုလိုတာပါ။

ဒါပေမဲ့ Password တွေဟာ ခန့်မှန်းရလွယ်ကူတာ ဒါမှမဟုတ် ပေါက်ကြားသွားနိုင်ခြေ ရှိတာကြောင့် ဒုတိယအလွှာအနေနဲ့ "Something You Have" ဆိုတဲ့ မိမိလက်ဝယ်မှာ ပိုင်ဆိုင်ထားတဲ့အရာနဲ့ အတည်ပြုရပါတယ်။ ဥပမာအားဖြင့် သင့်ဖုန်းထဲကို ရောက်လာတဲ့ SMS Code တွေ၊ Microsoft Authenticator လိုမျိုး App က ထုတ်ပေးတဲ့ တစ်ခါသုံး Code တွေ ဒါမှမဟုတ် Security Key လို့ခေါ်တဲ့ USB ချောင်းလေးတွေပဲ ဖြစ်ပါတယ်။

ပိုမိုမြင့်မားတဲ့ လုံခြုံရေးအတွက် "Something You Are" ဆိုတဲ့ မိမိရဲ့ ကိုယ်ပိုင် ဇီဝဗေဒဆိုင်ရာ လက္ခဏာရပ်တွေကိုလည်း အသုံးပြုလာကြပါတယ်။ ဒါဟာ အတုလုပ်ဖို့ အခက်ခဲဆုံး အဆင့်ဖြစ်ပြီး သင့်ရဲ့ လက်ဗွေ (Fingerprint)၊ မျက်နှာပြင်စနစ် (Face ID) နဲ့ မျက်လုံးသူငယ်အိမ် (Iris Scan) စတာတွေ ပါဝင်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ "Somewhere You Are" လို့ခေါ်တဲ့ သင်ရောက်ရှိနေတဲ့ တည်နေရာ (Location) ပေါ် မူတည်ပြီး စစ်ဆေးတာပါ။ ဥပမာအားဖြင့် သင်ဟာ ပုံမှန်အိမ်ကနေပဲ Login ဝင်နေကျ ဖြစ်ပေမဲ့ တခြားမြို့ ဒါမှမဟုတ် တခြားနိုင်ငံတစ်ခုကနေ ဝင်ဖို့ကြိုးစားတဲ့အခါ စနစ်က ပုံမှန်မဟုတ်ဘူးလို့ သတ်မှတ်ပြီး ထပ်မံအတည်ပြုခိုင်းတာမျိုး ဖြစ်ပါတယ်။

ဒီ Factor တွေကို ပေါင်းစပ်အသုံးပြုခြင်းအားဖြင့် Hacker တစ်ယောက်ဟာ သင့်ရဲ့ Password ကို သိသွားခဲ့ရင်တောင် သင့်ရဲ့ဖုန်း ဒါမှမဟုတ် သင့်ရဲ့ လက်ဗွေ မရှိဘဲနဲ့ အကောင့်ထဲကို ဝင်ရောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အရေးကြီးတဲ့ အကောင့်တိုင်းမှာ MFA ကို ဖွင့်ထားခြင်းက သင့်ရဲ့ Digital ဘဝကို စိတ်ချလက်ချ ဖြတ်သန်းနိုင်ဖို့ အကောင်းဆုံးသော နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

05/14/2026

IT နယ်ပယ်ထဲကို ခြေလှမ်းသစ်စတင်ဖို့ ကြိုးစားနေတဲ့ ကျွန်တော့်ကျောင်းသားတွေရဲ့ CompTIA A+ Core 1 အတန်းဟာ အခုဆိုရင် (၉) ရက်ကုန်ဆုံးခဲ့ပြီးဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ ကျောင်းသားတွေအနေနဲ့ Hardware အစိတ်အပိုင်းတွေအကြောင်းကနေ Networking စနစ်တွေအထိ အခြေခံကစပြီး အသေးစိတ် လေ့လာဖြစ်ခဲ့ပါတယ်။

အခုဆိုရင် စက်ပစ္စည်းတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုအလုပ်လုပ်လဲဆိုတာကို ပိုပြီး နားလည်လာကြပြီ ဖြစ်ပါတယ်။ လက်တွေ့နယ်ပယ်မှာ တကယ်အသုံးဝင်မယ့် နည်းပညာတွေကို တစ်ဆင့်ချင်း သင်ယူရတာ challenging ဖြစ်ပေမယ့် rewarding လည်းဖြစ်စေမှာပါ။

ကျွန်တော့်တို့လိုပဲ IT ဘက်ကို ကူးပြောင်းဖို့ စိတ်ကူးရှိနေတဲ့ မြန်မာကျောင်းသား၊ လူငယ်တွေရှိရင်လည်း အတူတူ ကြိုးစားကြဖို့ အားပေးချင်ပါတယ်။ နည်းပညာလောက အမြဲ evolve ဖြစ်နေတာမို့ စတင်ဖို့နောက်ကျတယ်ဆိုတာမျိုး ဘယ်တော့မှမရှိပါဘူး။

CompTIA A+, Network+, Security+ နဲ့ပတ်သက်ပြီး သင်တန်း စုံစမ်းချင်တာဘဲဖြစ်ဖြစ်၊ Western Governors University (WGU) နဲ့ပတ်သက်ပြီး သိချင်တာရှိရင်ဖြစ်ဖြစ် page chat box မှာလာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်။

ဧပြီလ (၂၄) ရက်နေ့မှာ စတင်မယ့် "IT Foundation (CompTIA A+)" အတန်းအတွက် အခုဆိုရင် နောက်ဆုံး ၃ နေရာ သာ ကျန်ပါတော့တယ်။ Enrol...
04/04/2026

ဧပြီလ (၂၄) ရက်နေ့မှာ စတင်မယ့် "IT Foundation (CompTIA A+)" အတန်းအတွက် အခုဆိုရင် နောက်ဆုံး ၃ နေရာ သာ ကျန်ပါတော့တယ်။ Enrollment နှုန်းက အရမ်းမြန်နေတာကြောင့် Career ပြောင်းလဲဖို့ စဉ်းစားနေတဲ့သူတွေ အမြန်ဆုံး ဆုံးဖြတ်ဖို့ encourage လုပ်ပါတယ်။

အခုသင်တန်းက စာသင်ရုံတင် မဟုတ်ဘဲ "Exam Ready" ဖြစ်ပြီး CompTIA A+ Certificate တကယ်ရရှိဖို့အထိ ကျွန်တော်တို့ဘက်က အပြည့်အဝ Support ပေးသွားမှာပါ။

💡 ဒီအတန်းမှာ ဘာတွေ ထူးခြားမလဲ?
▪️A+ Exam အတွက် လေ့လာရမယ့် Domain တွေ၊ Course Materials တွေကို အခြေခံကစပြီး သေချာနားလည်အောင် တစ်ဆင့်ချင်း ရှင်းပြပေးသွားမှာပါ။
▪️စာသင်တဲ့တစ်လျှောက်မှာ စာမေးပွဲမှာ တကယ်မေးတတ်တဲ့ ပုံစံတွေ၊ Tricks & Tips တွေကို တစ်ခါတည်း ထည့်သွင်းပြောပြသွားမှာ ဖြစ်ပါတယ်။
▪️နာမည်ကြီး A+ Instructors နှစ်ယောက်ရဲ့ Practice Exams တွေ၊ Practice Performance based questions ကိုလည်း PDA ကနေ provide လုပ်ပေးမှာဖြစ်လို့ exam မှာ overly nervous မဖြစ်အောင် ကူညီပြင်ဆင်ပေးမှာဖြစ်ပါတယ်။
▪️Exam အတွက် အသင့်ဖြစ်မဖြစ် စစ်ဆေးဖို့ Mock Test တွေ ဘယ်မှာဖြေရမလဲ၊ Premium Subscription Resources တွေကို ဘယ်လိုထိရောက်အောင် သုံးရမလဲဆိုတာကိုပါ စနစ်တကျ လမ်းညွှန်ပေးသွားမှာပါ။

အမေရိကမှာ အလုပ်အကိုင် အခွင့်အလမ်း ပေါများတဲ့ IT နယ်ပယ်ထဲကို ခြေစုံပစ် ဝင်ရောက်ဖို့ CompTIA A+ ဆိုတဲ့ တံခါးပေါက်ကို အတူတူ ဖွင့်လှစ်ကြရအောင်။
ကျန်ရှိနေတဲ့ နောက်ဆုံး ၃ နေရာ ထဲမှာ ပါဝင်ဖို့ အခုပဲ Page Messenger ကနေ အမြန်ဆုံး ဆက်သွယ်လိုက်ပါခင်ဗျာ။

📍 Quick Class Details:
▪️Start Date: April 24, 2026 (Friday)
▪️Schedule: Friday, Saturday & Sunday (9:00 PM to 10:30PM EST)
▪️Platform: Zoom Live

US ကိုရောက်ခါစမှာ ကျွန်တော်တို့အားလုံး ရုန်းကန်ကြရပါတယ်။ Warehouse အလုပ်၊ Delivery အလုပ်၊ ဒါမှမဟုတ် စားသောက်ကုန် လုပ်ငန်...
03/29/2026

US ကိုရောက်ခါစမှာ ကျွန်တော်တို့အားလုံး ရုန်းကန်ကြရပါတယ်။ Warehouse အလုပ်၊ Delivery အလုပ်၊ ဒါမှမဟုတ် စားသောက်ကုန် လုပ်ငန်းတွေမှာ အချိန်ကုန်ခံ၊ လူပင်ပန်းခံပြီး လုပ်နေကြရတာ များပါတယ်။ ဒါပေမဲ့... ရေရှည်အတွက် Career တစ်ခုကို အမေရိကမှာ စနစ်တကျ တည်ဆောက်ချင်တယ်ဆိုရင်တော့ "IT Career" က အကောင်းဆုံး အခွင့်အလမ်းတစ်ခုပါ။

💡 ဘာကြောင့် IT လဲ?
▪️Starting Salary: Entry-level (Help Desk/IT Support) တစ်ယောက်ရဲ့ လစာဟာ တစ်နှစ်ကို $45,000 ကနေ $60,000 ဝန်းကျင် (တစ်နာရီ $25 - $30+) ကနေ စတင်နိုင်ပါတယ်။
▪️Stability: ကုမ္ပဏီတိုင်းမှာ IT Support လိုအပ်တဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်း အမြဲပေါပါတယ်။
▪️Benefits: ရုံးထိုင်အလုပ်ဖြစ်တဲ့အပြင် Health Insurance, PTO, 401k နဲ့ တခြား ခံစားခွင့်တွေပါ ရရှိနိုင်ပါတယ်။

📈 IT Support ကနေတစ်ဆင့် ဘယ်လို Career တွေအထိ တက်လှမ်းနိုင်မလဲ?
IT Support ဟာ IT လောကရဲ့ "တံခါးပေါက်" ပါပဲ။ ဒီကနေ အတွေ့အကြုံရလာရင် နောက်ထပ် လစာပိုများပြီး ရာထူးပိုကြီးတဲ့ Cybersecurity Analyst, Cloud Engineer, Network Administrator, Systems Manager ဒီလို Career တွေဆီ ဆက်သွားနိုင်ပါတယ်။

🚀 Pinnacle Dreams Academy (PDA) ရဲ့ "IT Foundation" အတန်း
ကျွန်တော်တို့ဆီမှာ CompTIA A+ ကို အခြေခံကစပြီး (၃) လအတွင်း စာမေးပွဲအောင်မြင်သည်အထိ စနစ်တကျ သင်ကြားပေးသွားမှာပါ။

✅ ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ?
▪️အမေရိကားမှာ လက်ရှိ အလုပ်တစ်ခုခုလုပ်နေပြီး IT ဘက်ကို ကူးပြောင်းချင်သူများ။
▪️IT ပညာရပ်ကို စိတ်ဝင်စားပေမဲ့ ဘယ်ကစရမှန်းမသိ ဖြစ်နေသူများ။
▪️မြန်မာစကားနဲ့ သေချာနားလည်အောင် သင်ယူပြီး US Market ထဲ ဝင်ချင်သူများ။

📅 Class Start: April 24, 2026
💻 Platform: Zoom Live
👥 Seats: လူဦးရေ (၁၀) ယောက်သာ ကန့်သတ်လက်ခံပါမယ်။

အလုပ်ချိန်တွေကြားထဲကနေ ကိုယ့်ရဲ့ Career ကို မြှင့်တင်ဖို့ အခုပဲ ပြင်ဆင်လိုက်ပါ။ အသေးစိတ်ကို Page Messenger ကနေ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။


🚀 US မှာ IT Career စတင်ချင်သူများအတွက် "IT Foundation" အတန်းသစ်Pinnacle Dreams Academy (PDA) ကနေအခြေခံကစတင်ကာ IT ပညာရပ်တ...
03/24/2026

🚀 US မှာ IT Career စတင်ချင်သူများအတွက် "IT Foundation" အတန်းသစ်

Pinnacle Dreams Academy (PDA) ကနေအခြေခံကစတင်ကာ IT ပညာရပ်တွေကို စနစ်တကျ လေ့လာချင်သူများအတွက် လာမယ့် ဧပြီလထဲမှာ "IT Foundation" အတန်းသစ်တစ်ခုကို ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ဒီအတန်းကဆိုရင် CompTIA A+ ကိုအခြေခံ သင်ကြားပေးမှာမလို့ အတန်းပြီးတာနဲ့ A+ Exam အတွက် ready ဖြစ်နေမှာဖြစ်ပါတယ်။

💡ဘာကြောင့် CompTIA A+ က အရေးပါတာလဲ?
CompTIA A+ ဟာ IT နယ်ပယ်ထဲ စတင်ဝင်ရောက်မယ့်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ tool တစ်ခုလိုပါဘဲ။ အမေရိကားက Company အများစုဟာ IT Entry-level (Help Desk, IT Support) အလုပ်ခေါ်စာတွေမှာ ဒီ Certificate ကို Requirement အဖြစ် ထည့်သွင်းတောင်းဆိုလေ့ ရှိပါတယ်။

📚 သင်တန်းမှာ ဘာတွေသင်ယူရမလဲ?
CompTIA A+ မှာအဓိက Core 1 နဲ့ Core 2 ဆိုပြီးနှစ်ပိုင်းရှိပါတယ်။ စာမေးပွဲဖြေတဲ့အခါလည်း နှစ်ခါခွဲဖြေရပါတယ်။ နှစ်ခုလုံးအောင်မှ A+ Certificate ကိုရရှိမှာဖြစ်ပါတယ်။ Exam တစ်ခုစီကို မိနစ် 90 ကြာပြီးတော့ Multiple choice questions တွေများပါတယ်။ Drag & drop နဲ့ performance-based questions အနည်းငယ် (4-5 ခုလောက်) လည်းပါတတ်ပါတယ်။ ဒီသင်တန်းမှာတော့ Core 1 နဲ့ 2 ဆိုပြီး (၂) ပိုင်းပိုင်းပြီး သင်ကြားပေးသွားမှာဖြစ်ပါတယ်။

📌 Core 1 မှာ ပါတဲ့အကြောင်းအရာတွေက အဓိကအားဖြင့် Hardware, Networking နဲ့ Troubleshooting အပိုင်းတွေဖြစ်ပါတယ်။
- Mobile devices တွေနဲ့ပတ်သက်ပြီး ဘယ်လို တပ်ဆင်မွမ်းမံရမလဲ။
- Networking အတွက်အခြေခံ သဘောတရားတွေဖြစ်တဲ့ IP address, Port & Protocols, Wifi, Ethernet စသည်တို့အပြင်
- Computer တစ်ခုရဲ့ Hardware တွေဘယ်လိုအလုပ်လုပ်လဲ။
- သူတို့တွေမှာ ပြသာနာဖြစ်လာရင် ဘယ်လို Troubleshoot လုပ်မလဲ ဒါတွေကိုပါ စုံစုံလင်လင်သင်ယူရမှာပါ။

📌 Core2 မှာတော့ Software, Operating System (OS), Security ပိုင်းဆိုင်ရာတွေဆက်လက်သင်ယူရမှာပါ။
- Windows, MacOS, Linux, Android, iOS စတဲ့ OS တွေအပြင်ကို
- Security ပိုင်ဆိုင်ရာအခြေခံတွေ၊
- Operational Procedures တွေကိုပိုပြီးအသေးစိတ်ကျကျသင်ယူရမှာပါ။

Core 1 နဲ့ Core 2 နှစ်ခုလုံးဖြေဆိုအောင်မြင်ပြီဆိုရင်တော့ သင်က CompTIA ကချီးမြင့်တဲ့ A + Certificate ကိုရရှိမှာဖြစ်ပါတယ်။ Certificate က 3 နှစ်သက်တမ်းရှိပြီးတော့ 3နှစ်ကျော်သွားရင်တော့ ပြန်ပြီး Renew လုပ်ရမှာဘဲဖြစ်ပါတယ်။

🗓️ Class Details
▪️Duration: 3 Months (Core 1+2)
▪️Start Date: April 24, 2026
▪️Platform: Zoom Live
▪️Schedule (EST Time):
* Friday, Sat & Sun - 9:00 PM to 10:30 PM
▪️Seats Available: (၁၀) ဦးသာ
(US Timezone ကို အဓိကထား ဖွင့်လှစ်ထားတာဖြစ်လို့ US မှာရှိတဲ့ သူတွေအတွက် အထူးသင့်တော်ပါတယ်။ လူနည်းနည်းနဲ့ သေချာဂရုစိုက် သင်ကြားပေးချင်တာကြောင့် ကျောင်းသား (၁၀) ယောက်သာ ကန့်သတ်လက်ခံသွားမှာ ဖြစ်ပါတယ်။)

💡သင်တန်းနဲ့ ပတ်သက်ပြီး အသေးစိတ်စုံစမ်းချင်တာပဲဖြစ်ဖြစ်၊ ကိုယ်နဲ့ ကိုက်ညီမှု ရှိ/မရှိ ဆွေးနွေးချင်တာပဲဖြစ်ဖြစ် Page Messenger ကနေတစ်ဆင့် နွေးထွေးစွာ လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Pinnacle Dreams Academy (PDA) Dreams with direction. 🦁✨

Address

60-34 Booth Street, Elmhurst
New York, NY
11373

Alerts

Be the first to know and let us send you an email when Pinnacle Dreams Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Pinnacle Dreams Academy:

Shortcuts

Share