Brighter Bee U.S Educational Consultancy

Brighter Bee U.S Educational Consultancy

Share

Educational Consultancy which can guide parents and students with educational planning, and provide

05/15/2026

📚 Accounting ဆိုတာ သချာ်အရမ်းတော်မှ လုပ်လို့ရတဲ့ field မဟုတ်ပါဘူး ✨
တကယ်အရေးကြီးတာက concept ကို ပိုင်ပိုင်နိုင်နိုင်နားလည်ဖို့ပါ 💡

နေ့စဉ် accounting အလုပ်တွေမှာတော့ အများစုက ➕ အပေါင်း၊ ➖ အနှုတ်၊ ✖️ အမြှောက်၊ ➗ အစား လောက်ပဲ အသုံးများပါတယ် 😊
Memorization skills 🧠 ကောင်းပြီး logic ကိုနားလည်လာရင် accounting ကို ကောင်းကောင်းလုပ်နိုင်ပါတယ် 📈

အထူးသဖြင့် အခုခေတ် Excel 💻 နဲ့ accounting software တွေသုံးလာတဲ့အတွက် complicated math တွေကို ဦးနှောက်နဲ့တွက်ရတာ နည်းသွားပါပြီ 🙌

ဒါကြောင့် “သချာ်မတော်လို့ accounting မလုပ်နိုင်ဘူး” လို့ မစိုးရိမ်ပါနဲ့ 💛

05/10/2026

ပျော်ရွှင်ဖွယ် Mother’s Day ပါ 💐
မိခင်များရဲ့ မေတ္တာ၊ အနစ်နာခံမှုနဲ့ အားပေးမှုတွေက မိသားစုတိုင်းရဲ့ အကြီးမားဆုံး ခွန်အားပါ။

BrighterBee မှ မိခင်တိုင်းကို လေးစားဂုဏ်ပြုအပ်ပါတယ် 💛

05/06/2026

💼 Business English 💼

🤝Workplace မှာ ပိုပြီး professional & confident ဖြစ်ချင်သူတွေအတွက် ဒီ video မှာ Business English phrases တွေကို တိတိကျကျနဲ့ အသုံးဝင်အောင် မျှဝေထားပါတယ်။

#အင်္ဂလိပ်စာသင်တန်း

05/01/2026

မြန်မာပြည်ကနေ ဘွဲ့ရပြီး အလုပ်အတွေ့အကြုံရှိတဲ့ client တစ်ယောက်—U.S. မှာ ကျောင်းပြန်မတက်ဘဲ full-time corporate job ကို တိုက်ရိုက်လျှောက်ခဲ့တဲ့ သူပါ။

မနက်ဖြန်လို interview ဆိုဒီနေ့မှာ Olivia တို့ team နဲ့ interview practice လုပ်ခဲ့ပြီး…
ဒီနေ့တော့ message တစ်ခု သူ့ဆီက၀င်လာတယ် - “Offer ရပြီ” 🎉

Olivia ပြောချင်တာတစ်ခုသည် -
U.S. interview တွေမှာ technical skills တင်မဟုတ်ပါဘူး။
👉 ကိုယ်အလုပ်လုပ်ခဲ့တဲ့အတွေ့အကြုံတွေကို “scenario + impact” နဲ့ ပြောနိုင်ဖို့ အရေးကြီးပါတယ်။

✔️ Leadership
✔️ Teamwork
✔️ Problem-solving
✔️ Stress management

ဒီ skills တွေကို real examples နဲ့ confident ဖြစ်ပြီး ပြောနိုင်ရင်—
ဘယ် interview မဆို chance တိုးလာပါတယ်။

📌 GPA ကတစ်ခါတလေ secondary ဖြစ်နိုင်ပါတယ်
📌 Communication + storytelling က main key ပါ

Interview သွားရင် အလွတ်ကျက်ပြီး ဖြေမယ့်အစား
👉 “ဘယ်လိုဖြေမလဲ” ဆိုတဲ့ technique ကို သိထားဖို့ အရေးကြီးပါတယ်။

U.S. corporate interview အတွက် one-on-one practice လိုချင်ရင်
📩 Chatbox မှာလာပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။

04/30/2026

မနေ့က အဆိုတော် ထွန်းထွန်း သူ့ကောင်မလေးကို propose လုပ်တာကို မြင်ပြီး အရင်ဆုံး အတွေးထဲဝင်လာတာက —“အော်… ယောကျာ်းလေးတွေက နောက်ဆုံးတော့ သူတို့အတွက် အကောင်းဆုံး၊ ပညာရှိတဲ့ ကောင်မလေးကို ရွေးချယ်သွားကြတာပဲ” ဆိုတာပါ။

ဒါကြောင့် မမတွေ၊ ညီမလေးတွေ 💕ကိုယ့်ကိုယ်ကို အမြဲတမ်း polish လုပ်နေကြပါနော် ✨

📚 English မရသေးရင် သင်လိုက်ပါ🎓 ကျောင်းတက်ဖို့လိုရင် ကြိုးစားတက်ပါ🚗 ကားမမောင်းတတ်ရင် သင်ယူလိုက်ပါ

ယောကျားတွေနဲ့ တန်းတူ အရည်အချင်းရှိလာအောင် ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ကြပါ 💪

ဒီနေ့ခေတ်က ယောကျားတွေတစ်ယောက်တည်း lead လုပ်တဲ့ society မဟုတ်တော့ပါဘူး။သူတို့လည်း နောက်ဆုံး အတည်ပြုတဲ့အချိန်မှာ ဦးနှောက်နဲ့ စဉ်းစားပြီး ရွေးချယ်ကြတာများပါတယ် 🧠

ဒါကြောင့် ညီမလေးတို့ရေ 💖
အချစ်ရေးကို ၁၀၀% ကြီး “ကိုကို၊ မောင်မောင်” ဆိုပြီး အာရုံမစိုက်နေပဲ…

🌸 ကိုယ့်ကိုယ်ကို အလှဆုံးဖြစ်အောင်နေ
🌸 ကိုယ့်ဘဝအတွက် ပညာရေး၊ အရည်အချင်းတွေ ပြည့်စုံအောင်လုပ်

ကိုယ့်ကိုယ်ကို value မြင့်လာတဲ့အချိန်မှာ ကိုယ်နဲ့တန်တဲ့သူက ကိုယ့်ဘဝထဲကိုလာမှာပါ 💫

04/29/2026

High school (junior year/senior year) မှာ ဘာ major ရွေးရမလဲ မသိသေးတာက သာမန်ပါပဲ 🤍

မသိသေးလို့ စိတ်ပူစရာ မလိုပါဘူးနော်။

College တွေမှာ Undecided/Undeclared major အဖြစ် ဝင်လို့ရပါတယ်။ အဲ့ဒီအချိန်အတွင်းမှာ ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်တွေကို လေ့လာပြီး နောက်မှ ကိုယ့် major ကို ရွေးချယ်လို့ရပါတယ်။

ဒါ့အပြင် ကိုယ်စိတ်ဝင်စားတဲ့ career တွေအတွက် **job growth (လာမယ့် 10 နှစ် တွင်း အလုပ်အကိုင်တိုးတက်မှု)** ကိုလည်း online မှာ research လုပ်ကြည့်ဖို့ အရေးကြီးပါတယ်။

ကိုယ့်အတွက် သင့်တော်တဲ့ လမ်းကို တဖြည်းဖြည်းရှာတွေ့နိုင်ပါတယ် 🌱

#အင်္ဂလိပ်စာသင်တန်း #

04/28/2026

Olivia ကို ပြောချင်တာတွေ၊ မေးချင်တာတွေရှိရင် ဒီ post အောက်က comment မှာရေးခဲ့ပေးနော် 💬✨

အားလုံးကို ဖတ်ပြီး တတ်နိုင်သမျှ ပြန်ဖြေသွားပါမယ် 🤍

04/26/2026

U.S. ရောက် နွေရာသီရောက်လာပြီဆိုတော့ ကလေးများအတွက် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်မယ့် အချက်အလက်တွေကို ပြောပြပေးထားပါတယ်။ ☀️

ဒီဗီဒီယိုထဲမှာ မိဘများအတွက် အကြံပြုထားတဲ့ အချက်လေးတွေကတော့—

1️⃣ Summer Camp တွေတက်စေခြင်းကလေးတွေဟာ သူငယ်ချင်းအသစ်တွေတွေ့နိုင်ပြီး teamwork၊ confidence တိုးတက်လာနိုင်ပါတယ်။

2️⃣ Family Trips သွားခြင်းမိသားစုအတူတူ အချိန်ဖြုန်းခြင်းက ကလေးတွေအတွက် မှတ်မိနေမယ့် အမှတ်တရတွေ ဖန်တီးပေးနိုင်ပါတယ်။

3️⃣ မိဘများကိုယ်တိုင် သင်ကြားပေးခြင်း၊ basic skills တွေကို နွေရာသီအတွင်း ပေါ့ပေါ့ပါးပါး သင်ကြားပေးနိုင်ပါတယ်။

#အင်္ဂလိပ်စာသင်တန်း

04/25/2026

နောက်တပတ် ဘယ်လိုမျိုး content တွေ သိချင်ကြလဲ comment မှာရေးခဲ့ပေးကြနော်

04/23/2026

“Doing what I have to do… and what I love”

#အင်္ဂလိပ်စာသင်တန်း

04/23/2026

အရင် ၁၀ နှစ်တုန်းကတော့ corporate life နဲ့ company ကြီးတွေမှာ အလုပ်လုပ်တဲ့သူတွေကို အရမ်းအားကျခဲ့တယ်… ✨
အောင်မြင်မှု၊ status၊ lifestyle—all looked so perfect.

ဒါပေမယ့် အခု ၁၀ နှစ်ကြာပြီးနောက်… တကယ်ပဲ corporate life က ပျော်ဖို့ကောင်းလား? 🤔
အပြင်ကနေ မြင်တဲ့ပုံနဲ့ တကယ်တွေ့ကြုံရတဲ့အရာတွေက တူလား မတူလား?

U.S. corporate life အကြောင်းကို သေချာသိချင်ရင် comment မှာ “corporate life” လို့ ရေးခဲ့ပေးနော် ⬇️

#အင်္ဂလိပ်စာသင်တန်း

Want your school to be the top-listed School/college in New York?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

New York, NY

Opening Hours

Monday 12am - 11:59pm
Tuesday 12am - 11:59pm
Wednesday 12am - 11:59pm
Thursday 12am - 11:59pm
Friday 12am - 11:59pm
Saturday 12am - 11:59pm
Sunday 12am - 11:59pm