Essential Topics

Essential Topics

Share

It' me.

07/16/2022

စာဖတ်ချင်စိတ်ပျောက်နေရင် ပြန်စိတ်ပါလာအောင် ဘယ်လိုလုပ်မလဲ?

The more that you read, the more things you will know. The more that you learn, the more places you’ ll go” – Dr. Seuss “စာတွေများများဖတ်လေ သင်သိတဲ့အရာတွေပိုများလာလေပဲ၊ သင် ပိုပြီးသင်ယူလာနိုင်သလို၊ နေရာစုံကိုလည်း သင် ရောက်ဖူးသွားတာပါပဲ။” လို့ စာရေးဆရာDr. Seuss က ပြောထားပါတယ်။ ထိုစကားလေးက မှန်ပါတယ်၊ စာအုပ်တွေများများဖတ်ခြင်းက သင့်ကို သင်ယူစရာတွေအများကြီးကို သင်ပေးနိုင်သလို၊ နေရာစုံကိုလည်း သင်ရောက်ဖူးသွားမယ်၊ သင်မသိသေးတာတွေလည်း စာအုပ်တွေထဲက ပိုသိသွားမယ်။ စာအုပ်တစ်အုပ်ဖတ်ခြင်းရဲ့ အကျိုးက ပြောမပြနိုင်အောင် များပြားလှပါတယ်။

အဲလိုစာဖတ်ရမှာသိနေပေမယ့် တစ်ခါတစ်လေ စာဖတ်ချင်စိတ်ပျောက်သွားတာမျိုး၊ စာဖတ်နေရင်းနဲ့ ပျင်းသွားတာမျိုး၊ စာထဲကအကြောင်းအရာကို အာရုံထပ်စိုက်လို့မရတော့အောင်ဖြစ်သွားတာမျိုး ဖြစ်ဖူးကြမယ်ထင်ပါတယ်။ အဲလိုမျိုးဖြစ်လာခဲ့ရင် လုပ်သင့်တဲ့နည်းလမ်းလေးတွေ ဖော်ပြပေးထားပါတယ်နော်။

၁) ရိုးရှင်းတဲ့စာမျိုးကို ရွေးဖတ်ပါ။
ရိုးရှင်းတဲ့စာမျိုး၊ ပျော်စရာကောင်းတဲ့စာမျိုး၊ လွယ်လွယ်နဲ့မှတ်မိလွယ်တဲ့ကောက်နုတ်ချက်လိုမျိုး စာလေးတွေကို ရွေးဖတ်ပါ။ ရိုးရှင်းပြီး မှတ်မိလွယ်တဲ့စာမျိုးက သင်စာဖတ်ပျင်းနေတဲ့အချိန်မှာ သင့်ဦးနှောက်ထဲကို ရှောရှောရှုရှုဝင်သွားမှာပါ။ စာလေးတစ်ကြောင်းထဲပေမယ့် သင့်ဦးနှောက်ကို လန်းဆန်းသွားစေမယ့်စာမျိုးပေါ့။ အဲဒါက သင့်ဦးနှောက်ကို မထုံထိုင်းစေတော့ဘဲ ပြန်လည်ပေါ့ပါးစေနိုင်ပါတယ်။

၂) သက်တောင့်သက်သာဖြစ်ပါစေ။
တစ်ခါတစ်လေကျတော့ သင့်စာဖတ်တဲ့နေရာတစ်ဝိုက်မှာ သက်တောင့်သက်သာမဖြစ်နိုင်တာမျိုး သင်ကြုံဖူးမှာပါ။ သင့်စိတ်သက်တောင့်သက်သာဖြစ်နိုင်မယ့်နေရာမျိုး၊ ပတ်ဝန်းကျင်မျိုးကို ရွေးချယ်ပြီးမှ စာပြန်ဖတ်တာက သင့်ရဲ့စာဖတ်ချင်စိတ်ကိုပြန်လည်ဖြစ်ပေါ်လာစေမှာပါ။ အဲလိုမှမဟုတ်ဘဲ စာဖတ်ဖြစ်ရင်ပြီးတော့ တာဝန်ကြီးတစ်ခုအနေနဲ့ ဖတ်ဖြစ်အောင်ဖတ်မယ်ဆိုပြီး ဇွတ်မှိတ်စာဖတ်တာမျိုးကတော့ သင့်ရဲ့ဦးနှောက်ကို ဖိအားတစ်ခုဖြစ်စေသလို ဦးနှောက်ကလဲ စာထဲကို လုံးဝစိတ်မပါ၊ ဖတ်သမျှစာတွေလဲ နားမလည်ဘဲ ပိုပြီး စာဖတ်ခြင်းကို ပိုပြီး စိတ်ပျက်သွားနိုင်ပါတယ်။

၃) စိတ်ရှုပ်ထွေးမှုကို ဖယ်ရှားပါ။
သင့်ရဲ့စိတ်ခံစားမှုက မကောင်းဘူးဖြစ်နေတဲ့အချိနန်မှာ သင်ကလည်း အရမ်းခက်တဲ့ဂန္တဝင်ဝတ္ထုတစ်ပုဒ်ကို ဖတ်မယ်ဆိုပါတော့ အဲဒါက ဘယ်လိုမှ ကောင်းတဲ့ခံစားမှုကိုဖြစ်ပေါ်လာစေမှာမဟုတ်ပါဘူး။ ပိုပြီးတော့တောင် စိတ်ရှုပ်ထွေးသွားနိုင်ပါတယ်။ စာထဲကဖတ်ရခက်တဲ့အကြောင်းအရာကိုတောင် သင်ကြောက်လန့်သွားပြီး ထိုစာအုပ်ကို နောက်တစ်ခေါက်ကိုင်ဖတ်ဖို့တောင် သင်စိတ်ကူးတော့မှာမဟုတ်ပါဘူး။ စိတ်ရှုပ်ထွေးနေတဲ့အချိန်ခဏလေးပြေပျောက်သွားအောင် တစ်ခုခုလုပ်လိုက်ပြီးမှ ( ဥပမာ။ တရားထိုင်တာ၊ သီချင်းနားထောင်တာ ) စာပြန်ဖတ်သင့်ပါတယ်။

၄) တစ်နေ့အချိန်နည်းချင်းစီ စာဖတ်ပါ။
စာဖတ်ချင်စိတ်တွေ လုံးဝကိုကုန်ခမ်းနေပြီဆိုရင် စာကို တစ်ထိုင်တည်းမရရအောင်ဖတ်ဖို့မကြိုးစာပါနဲ့။ အဲဒါက သင့်ကို ပိုပြီး စာဖတ်ဖို့ ကြောက်လန့်သွားစေနိုင်ပါတယ်။ ကိုယ်အရမ်းဖတ်ချင်နေပြီး ဖတ်မဖြစ်နေတဲ့စာကို တစ်နေ့နည်းနည်းချင်းစီ ဖတ်ပါ။ ဥပမာ။ စစ်နဲ့ငြိမ်းချမ်းရေးစာအုပ်ဖတ်မယ်ဆိုပါတော့ တစ်နေ့တစ်မျက်နှာ၊ နှစ်မျက်နှာလောက်ဖြစ်ဖြစ် ဖတ်သွားရင်း ဖတ်မိသလောက်ကို ပြန်စဉ်းစားပါ။

၅) စာဖတ်သူတွေနဲ့ မိတ်ဆွေဖွဲ့ပါ။ စကားပြောပါ။
စာဖတ်တဲံ ဂရုတွေမှာ အဖွဲ့ဝင်ထားပါ။ စာဖတ်ပျင်းလာတဲ့အခါ သူတို့တွေနဲ့စကားပြောခြင်းက စာဖတ်ချင်စိတ်ကိုပြန်ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က “ဘယ်စာအုပ်ကတော့ဘာအကြောင်းအရာတွေပါတယ်။ ဖတ်သင့်တယ်၊ ဘယ်စာအုပ်ကတော့ဘယ်လို…..” စသည်ဖြင့် ဖလှယ်တတ်ကြတာမို့ စာဖတ်မယ်ဆိုတဲ့စိတ်လေးပြန်လည်ဖြစ်ပေါ်လာနိုင်တာမို့ပါ။

၆) စာအုပ်တစ်အုပ်လောက်တော့ ယူသွားပါ။
ဘယ်နေရာသွားသွားစာအုပ်တစ်အုပ်လောက်တော့ ယူသွားသင့်ပါတယ်။ သင့်အတွက်စာဖတ်အဆင်ပြေတဲ့နေရာမျိုး၊ အချိန်မျိုးဆို သင်စာဖတ်ဖြစ်သွားတာပေါ့။ ဒါမှမဟုတ် ဖုန်းထဲမှာ e-book နဲ့စာဖတ်တာမျိုးလည်း လုပ်လို့ရပါသေးတယ်။

အထက်ကဖော်ပြထားတဲ့အချက်လေးတွေ လုပ်ကြည့်ပြီးတော့ စာဖတ်ချင်စိတ်ဖြစ်လာအောင် ပြန်လည်ကြိုးစားကြည့်နိုင်ပါစေနော်။

crd

07/09/2022

မှတ်ဥာဏ်အားတိုးတက်စေဖို့ ဘာတွေလုပ်မလဲ??

၁. ရှစ်စက္ကန့်အကြာ အာရုံစိုက်ပါ

သင်မှတ်မိချင်တဲ့ အရာတစ်ခုကို စွဲစွဲမြဲမြဲ မှတ်ထားချင်ရင် အနည်းဆုံးရှစ်စက္ကန့် အချိန်ပေးပြီး အာရုံစူးစိုက်လိုက်ခြင်းဟာ အရာဝတ္ထုတစ်ခုကို မှတ်မိနေဖို့ လုံလောက်တဲ့အချိန်ပဲ ဖြစ်ပါတယ်။

၂. တေးဂီတကို ဘယ်အချိန်နားထောင်သင့်သလဲ သိပါစေ

အလုပ်လုပ်နေတဲ့အချိန်တွေ၊ စာလေ့လာနေတဲ့အချိန်၊ စာအုပ်ဖတ်နေတဲ့အချိန်တွေမှာ သီချင်းကို Sound Box သို့မဟုတ် Earphones နဲ့ နားထောင်တယ်ဆိုရင်တော့ ခဏ ပိတ်ထားဖို့တော့ လိုအပ်နေပါတယ်။

စာလေ့လာနေတဲ့အချိန်မှာ သီချင်း သို့မဟုတ် တေးဂီတသံစဉ် တွေကို နားထောင်တာဟာ မှတ်ဉာဏ်ကို ထိခိုက်စေနိုင်ပါတယ်။

မိမိစာဖတ်နေတဲ့အချိန်မှာ တစ်ယောက်ယောက်ကနေ အဆက်မပြတ်အော်နေတဲ့ အသံကလည်း မိမိဦးနှောက်ရဲ့ မှတ်မိနိုင်တဲ့ စွမ်းရည်ကို အတားအဆီးဖြစ်စေတတ်ပါတယ်။

ထို့ကြောင့် တစ်ယောက်တည်း တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ စာဖတ်တာဟာ မှတ်ဉာဏ်ကို အားပေးပြီး အာရုံစိုက်မှု ပိုရရှိစေပါတယ်။

၃. ပီကေဝါးပါ

ပီကေဝါးတဲ့သူတွေဟာ အကြားအမြင်ဆိုင်ရာ မှတ်ဉာဏ် အလွန် ကောင်းပြီး အာရုံစူးစိုက်တာ ပိုအားကောင်းလာစေပါတယ်။

ပီကေဝါးရတာ မနှစ်သက်တော့ဘူးဆိုရင်တော့ သစ်သီးစားတာ၊ အပျော်တမ်းဉာဏ်စမ်းဂိမ်းတွေ ကစားတာကလည်း မှတ်ဉာဏ်ကောင်းမွန်စေပါတယ်။

၄. လက်သီးဆုပ်ပါ

အလုပ်လုပ်နေတဲ့အခါ မှတ်ထားတဲ့ အကြောင်းအရာတွေကို ပြန်စဉ်းစားလို့မရနိုင်တဲ့ အခြေအနေမျိုး ကြုံလာပါက Stress Ball လို ဖိညှစ်လို့ရတဲ့အရာကို လက်သီးဆုပ်သလို ညှစ်ပေးပါ။

လက်သီးဆုပ်ကို တင်းတင်းကျပ်ကျပ် ပြုလုပ်လိုက်တာဟာ မှတ်ဉာဏ်ကို ပြန်လည်အစပျိုးပေးနိုင်ပြီး မေ့နေတာတွေ မှတ်မိလာစေပါတယ်။

သင်ဟာ ညာဘက် သန်တဲ့သူဖြစ်ပြီး အရာဝတ္ထုတစ်ခုကို ပြန်မှတ်မိအောင် အစပျိုးစဉ်းစားနေတယ်ဆိုရင် အဲဒီအချိန်မှာ ညာဘက်လက်သီးကို ဆုပ်ထားပြီး စဉ်းစားပေးပါ။

လက်သီးဆုပ်တဲ့အခါ ခဏလေးဆုပ်ထားတာမျိုးမဟုတ်ပဲ အနည်းဆုံး ၄၅ စက္ကန့်အကြာလောက်ထိ ဆုပ်ထားပေးသင့်ပါတယ်။ ဒီလိုလုပ်တာဟာ မှတ်ဉာဏ်ကို တိတိကျကျ အကောင်အထည်ဖော် ပေးနိုင်ပြီး အလွယ်တကူ ပြန်မှတ်မိစေနိုင်ပါတယ်။

၅. စိတ်ကူးပုံဖော်ကြည့်ပါ

ကိုယ်ကြုံဆုံဖူးတဲ့သူတွေကို စိတ်ကူးထဲမှာ ပြန်လည်ပုံဖော်စဉ်းစားတာဟာလည်း မှတ်ဉာဏ်ကောင်း စေဖို့ နည်းလမ်းပဲဖြစ်ပါတယ်။

အကယ်၍ ကိုယ်ဟာ နံပါတ်ရှည်ရှည်တစ်ခုကို ပြန်မှတ်မိအောင် ကြိုးစားနေတဲ့အခါ နံပါတ်အငယ်လေးတွေကို စစဉ်းစားပါ။ နောက်မှ တဖြည်းဖြည်းကိုယ်စဉ်းစားနေတဲ့ နံပါတ်ဆီကို ရောက်အောင် စဉ်းစားကြည့်ပါ။

၆. သူငယ်ချင်းများနှင့်အချိန်ကုန်ဆုံးပါ

လူတွေဟာ တစ်ယောက်တည်းနေရတာများတဲ့အခါ အထီးကျန်မှုတွေ၊ စိတ်ဓာတ်ကျတာတွေ အလိုလိုနေရင်း ခံစားရလေ့ရှိပြီး ဦးနှောက်ကို ထိခိုက်စေတာကြောင့် မှတ်ဉာဏ်နဲ့ ချို့ယွင်းချက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။

ထို့ကြောင့် တစ်ယောက်တည်း အချိန်ကုန်ဆုံးစေမယ့် အစား သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာဟာ စိတ်ကြည်နူးစေပြီး အတွေးသစ်အမြင်သစ် တွေလည်း ရစေပါတယ်။

၇. ပုံဆွဲပါ၊ ခြစ်ရေးပါ

ပျင်းရိ ငြီးငွေ့စရာကောင်းတဲ့ ရုံးခန်း သို့မဟုတ် စာသင်ခန်းမှာ ထိုင်နေရတဲ့အခါ ပန်းပွင့်ပုံလေးတွေ၊ အသည်းပုံတွေ ဆွဲချင်တယ်လို့ စိတ်ကူးနေရင်တော့ စာရွက်ပေါ်မှာ လွတ်လွတ်လပ်လပ်သာ ချဆွဲလိုက်ပါ။

ပျင်းရိနေတဲ့ အချိန်တွေမှာ ပုံကြမ်းလေးတွေဆွဲတာ၊ ရေးခြစ်တာတွေက ဒီအတိုင်း ထိုင်နေတာထက်စာရင် ဦးနှောက်မှတ်ဉာဏ်ကို ထက်မြက်စေပါတယ်။

Crd

The Social Dilemma | Full Feature | Netflix 10/24/2021

The Social Dilemma

The Social Dilemma | Full Feature | Netflix We tweet, we like, and we share— but what are the consequences of our growing dependence on social media? As digital platforms increasingly become a lifeline...

Photos from Essential Topics's post 10/24/2021
10/22/2021
How I Improved My Reading Speed 10/09/2021

How to read faster ? So click the link to watch this .

How I Improved My Reading Speed How do you improve your reading speed? It's not as complicated as you may think. Watch this video to discover Dan's 3 tips to improve your reading speed. The...

10/01/2021

Money is a terrible master, but an excellent servant. MONEY by LISA

Easy SMALL TALK tips in English: English Speaking Practice 09/30/2021

hi guys! Don't you want to speak English well? You can learn English on Facebook or on Youtube and other apps and courses.I want you guys to learn English speaking.Vanesa is my English teacher who is good at teaching in English.You can't go wrong with Vanesa lessons.

Easy SMALL TALK tips in English: English Speaking Practice Learn how to have easy small talk in English with anyone!Download my free e-book: "5 Steps To Becoming A Confident English Speaker" http://www.speakenglishwi...

Photos from Essential Topics's post 09/30/2021

If you wanna improve your life,invest it wisely.

Want your school to be the top-listed School/college in Miami?

Click here to claim your Sponsored Listing.

Location

Telephone

Address

Miami, FL