Ak Channel New

Ak Channel New

Share

Decoding the invisible forces shaping our world. AK CHANNEL delivers high-end analysis on modern warfare, geopolitical strategy, and the economics of conflict.

05/31/2026

မြန်မာ့တပ်မတော်အနေနဲ့ ရခိုင် ဒေသကို ကြည်းတပ်၊ ရေတပ် အင်အား ၂၀၀၀ ကနေ ၃၀၀၀ ခန့်အထိ အဆက်မပြတ် ဖြည့်တင်းနေခဲ့ပေမယ့်လည်း အောင်မြင်မှု မရနိုင်တော့ဘူးလို့ မြန့်အရေးစောင့်ကြည့်နေတဲ့ ပညာရှင်အချို့ သုံးသပ်ထောက်ပြထားပါတယ်
(Video အပြည့်အစုံ Comment မှာတင်ပေးထားပါတယ်)


Disclaimer: This video is produced solely for educational and analytical purposes. The content provides a summary and analysis of information reported by regional military observers, independent analysts, and media outlets regarding ongoing developments. This content does not promote violence, hatred, or illegal acts, and we strictly adhere to Community Standards. All views presented are for informational purposes only and do not represent a call to action.

05/31/2026

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က တရုတ်စီမံကိန်းကြီးရှိတဲ့ သံဇိုက်မြစ်ကြောင်းတလျှောက်မှာ အင်မတန် အရေးပါတဲ့ စစ်ရေး အရွေ့ကြီးတစ်ခုကို မြင်တွေ့လာရပါတယ်။ ဒီမြစ်ကြောင်းပေါ်မှာ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေ၊ တရုတ်နိုင်ငံကို ရေနံစတင်ပို့လွှတ်တဲ့ မဒေးကျွန်း၊ ဒေါ်လာဘီလီယံချီတန်တဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေနဲ့ အနီးကပ်ဆုံး တည်ရှိနေတဲ့ နေရာဖြစ်ပါတယ်၊ ဒီနေရာမှာ မြန်မာ့တပ်မတော်ရဲ့ အကြီးဆုံးနဲ့ အရေးအပါဆုံး ရေတပ်ဌာနချုပ်ဖြစ်တဲ့ ဓညဝတီ ရေတပ်စခန်းဌာနချုပ် (ဓရခ) အခိုင်အမာ အခြေစိုက်ထားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်

ဒီဌာနချုပ်ကြီးရဲ့ အောက်မှာ တောင်မော်ဦး ရေတပ်စခန်းနဲ့ အုန်းကျိန် ရေတပ်စခန်းဆိုပြီး ဗျူဟာမြောက် စခန်းတွေ ထပ်မံ ဖြန့်ကြက်ထားတာကို တွေ့ရပါတယ်။ တောင်မော်ဦး ရေတပ်စခန်းဟာ မဒေးကျွန်းနဲ့ စနဲမြို့ကြားမှာ တည်ရှိပြီး ကုလားပုန်းတောင်တန်းကို အကာအကွယ်ယူကာ ကျောက်ဖြူ-ရမ်းဗြဲ ကားလမ်းမကြီးနဲ့ သံဇိုက်မြစ်ကြောင်းကို စိုးမိုးထားနိုင်တဲ့ ဗျူဟာမြောက် စခန်းတစ်ခု ဖြစ်ပါတယ်။ အုန်းကျိန်ကျွန်းမှာဆိုရင် ရေငုပ်သင်္ဘောတွေ လျှို့ဝှက်ဝင်ထွက်နိုင်တဲ့ အမှတ် (၇၁) ရေငုပ်သင်္ဘောစခန်းကို ၂၀၀၇ ခုနှစ်ခန့်ကတည်းက တည်ဆောက်ထားတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ဒါပေမဲ့ ဒီလို အခိုင်အမာ တည်ဆောက်ထားတဲ့ စစ်ရေးအဆောက်အအုံကြီးတွေဟာ အခုအခါမှာ ရခိုင်မြောက်ပိုင်းက တိုက်ရိုက်ဝင်ရောက်လာတဲ့စစ်ရေးမုန်တိုင်းကြီးတစ်ခုရဲ့ ဗဟိုချက်ထဲကို တိုက်ရိုက် ကျရောက်သွားခဲ့ပါပြီ။ ဘာကြောင့်လဲ?

၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှာ ရမ်းဗြဲမြို့ကို @@ က သိမ်းပိုက်ခဲ့ပြီး၊ မေလ ၉ ရက်နေ့မှာ စနဲမြို့ကိုပါ ထပ်မံ ထိန်းချုပ်လိုက်နိုင်ပါတယ်။ ဒီအောင်ပွဲတွေရဲ့ နောက်ဆက်တွဲအဖြစ် ကျောက်ဖြူမြို့နယ်ဘက်မှာ ကျန်ရှိနေတဲ့ မြန်မာ့တပ်မတော်ရဲ့ တပ်ရင်းဌာနချုပ်တွေ၊ ရဲတပ်ရင်းတွေနဲ့ ရေတပ်ဌာနချုပ်တွေကို @@ ဘက်က ဝိုင်းဝန်း ပိတ်ဆို့ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လနဲ့ ဧပြီလတွေကစပြီး ကျောက်ဖြူကို ဦးတည်တဲ့ @@ ရဲ့ ထိုးစစ်တွေဟာ ပိုမို ပြင်းထန်လာခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်

ဒီအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာ့တပ်မတော်ဘက်ကလည်း တပ်မ ၁၁ နဲ့ တပ်သားသစ်တွေကို အင်အားဖြည့်တင်းပြီး ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ ပြန်လည် ထိုးစစ်ဆင်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ မူလက တိုက်ပွဲတွေဟာ ရမ်းဗြဲ-ကျောက်ဖြူ ကားလမ်းအတိုင်း မင်းပြင်၊ သိုင်းချောင်း စတဲ့ နေရာတွေမှာ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော်ဘက်က ရှေ့ကို အတန်ငယ် တိုးလာနိုင်ခဲ့တာကို တွေ့ရပါတယ်။

ဒီလို ရှေ့တိုးနောက်ဆုတ် အခြေအနေတွေကြားထဲကနေ ၂၀၂၆ ခုနှစ်၊ မေလဆန်းပိုင်းမှာ စစ်ရေးကစားကွက် အသစ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ မေလ ၄ ရက်နေ့ ညပိုင်းမှာ ဓညဝတီနဲ့ တောင်မော်ဦး ရေတပ်စခန်းတွေဆီကို စစ်သားအင်အား ၂၀၀ ကျော်၊ အုန်းကျိန်ရေတပ်စခန်းဆီကို အင်အား ၁၀၀ ဝန်းကျင် စစ်သင်္ဘော ၃ စီးနဲ့ ထပ်မံ ဖြည့်တင်းခဲ့ပါတယ်။

အဲဒီနောက် မေလ ၁၀ ရက်နေ့မှာတော့ တောင်မော်ဦး ရေတပ်စခန်းကို အခြေပြုပြီး @@ ရှိရာ စနဲမြို့ဘက်ကို မြန်မာ့တပ်မတော်က လမ်းကြောင်းသစ်ဖွင့်ကာ တိုက်ရိုက် ဦးတည် ထိုးစစ်ဆင်လာခဲ့ပါတယ်။ ဒီထိုးစစ်ဟာ မင်းပြင်နဲ့ သိုင်းချောင်းဘက်ကနေ ထိုးဖောက်ဖို့ ခက်ခဲနေတဲ့အတွက် တောင်မော်ဦးဘက်ကနေ လျှို့ဝှက်ထိုးစစ်ဆင်ပြီး အလစ်အငိုက် ဝင်ရောက်ဖို့ ကြိုးစားတဲ့ မဟာဗျူဟာမြောက် ခြေလှမ်းတစ်ခု ဖြစ်ပုံရပါတယ်။ ၂၀၂၄ ခုနှစ် ရမ်းဗြဲတိုက်ပွဲနောက်ပိုင်း တောင်မော်ဦးရေတပ်ကနေ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ ထိုးစစ်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ မြေပြင်အမှန်တရားက စာရွက်ပေါ်က အစီအစဉ်တွေနဲ့ တခြားစီ ဖြစ်နေခဲ့တယ်။ @@ ဘက်က ကြိုတင် တွက်ချက် ပြင်ဆင်ထားတဲ့အတွက် တောင်မော်ဦးအထွက် အဝတောင်အနီးမှာတင် အနီးကပ် ကြားဖြတ် တိုက်ခိုက်ခံခဲ့ရပါတယ်။ မေလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ မိုးရွာသွန်းနေတဲ့အတွက် ဒရုန်းနဲ့ လေယာဉ်ပစ်ကူတွေ အသုံးပြုလို့ မရဘဲ၊ တောင်မော်ဦး ရေတပ်ကသာ ပစ်ကူပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ နယ်မြေ ကျွမ်းကျင်မှု အားနည်းတဲ့အတွက် မြန်မာ့တပ်မတော် စစ်ကြောင်းတွေဟာ တောတောင်ထူထပ်တဲ့ ဒီလမ်းကြောင်းမှာ အထိနာခဲ့ရတယ်လို့ ဒေသခံတွေရဲ့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။

မေလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ အဝတောင်၊ မျှောချောင်းနဲ့ စံပယ်ချောင်း ပတ်ဝန်းကျင်တွေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်ဘက်က ရေတပ်စခန်းမှာ နောက်ချန်ထားခဲ့တဲ့ အင်အား ၁၅၀ ကိုပါ တိုက်ပွဲထဲ ထည့်သွင်း အသုံးပြုလာရတဲ့အထိ စစ်ရေးအခြေအနေ တင်းမာခဲ့ပါတယ်။

မေလ ၁၇ ရက်နေ့ကို ရောက်တဲ့အခါမှာတော့ မြန်မာ့တပ်မတော်ဟာ ထိုးစစ်ကနေ ခံစစ် အနေအထားကို ပြောင်းလဲသွားခဲ့ရပါတယ်။ တောင်မော်ဦး ရေတပ်စခန်း မကျဆုံးစေရေးအတွက် မေလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ Y-12 လေယာဉ်တွေ၊ တိုက်လေယာဉ်တွေ အပါအဝင် လေယာဉ် ၃ စီးကနေ ၅ စီးအထိ အသုံးပြုပြီး အကြိမ်ကြိမ် လေကြောင်းပစ်ကူတွေနဲ့ အသည်းအသန် ခုခံကာကွယ်ခဲ့ရပါတယ်။

ဒီစစ်ဆင်ရေးရဲ့ နောက်ဆက်တွဲ ရလဒ်အနေနဲ့ မြေပြင်က သာမန် ပြည်သူလူထုတွေဟာ ကြီးမားတဲ့ ပေးဆပ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ တောင်မော်ဦး၊ စနဲမြို့နဲ့ ရမ်းဗြဲဒေသ ပတ်ဝန်းကျင်က ကျေးရွာပေါင်း နှစ်ဆယ်ကျော်ခန့်ဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး၊ အိမ်ခြေ ရာနဲ့ချီ မီးလောင်ပျက်စီးခဲ့ကာ ဒေသခံ ပြည်သူ ငါးသောင်းကျော်ခန့်ဟာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရပါတယ်။

မေလ ၁၀ ရက်နေ့ကနေ စတင်ခဲ့တဲ့ အင်အား ၃၀၀ ကနေ ၅၀၀ ခန့် အသုံးပြုခဲ့တဲ့ ဒီထိုးစစ်ဟာ ရေတပ်၊ လေတပ်နဲ့ ဒရုန်းတပ်ဖွဲ့တွေရဲ့ ပစ်ကူကို အင်ပြည့်အားပြည့် သုံးခဲ့ပေမယ့်လည်း ရှေ့ကို ဆက်မတိုးနိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ မေလ ၂၀ ရက်နေ့မှာ တောင်မော်ဦး ရေတပ်တွင်းနဲ့ ဝန်းကျင်က ခံစစ်စခန်းတွေဆီကို မြန်မာ့တပ်မတော် စစ်ကြောင်းတွေ ပြန်လည် ဆုတ်ခွာသွားခဲ့ရပါတယ်။ ထိုးစစ်ဆင်မှုတွေဟာလည်း မေလ ၂၁ ရက်နေ့ မနက်ပိုင်းကစပြီး ရပ်တန့်သွားခဲ့ပါတယ်။ မေလ ၂၀ ရက်ကနေ ၂၃ ရက်နေ့အတွင်းမှာ အလံဖြူထောင်ပြီး လက်နက်ချသူ ဆယ်ဂဏန်းခန့် အထိ ရှိခဲ့တယ်လို့ နိရိဉ္စရာသတင်းဌာနက ဖော်ပြထားပါတယ်။

စနဲမြို့နဲ့ ကျောက်ဖြူကားလမ်းကို ထိန်းချုပ်ဖို့ ရည်ရွယ်ခဲ့တဲ့ ဒီတောင်မော်ဦး စစ်ဆင်ရေးဟာ မျှော်မှန်းထားသလို ဖြစ်မလာခဲ့ဘဲ ကိုယ့်ရဲ့ ဗျူဟာမြောက် ရေတပ်စခန်းကို ပြန်လည် ကာကွယ်ရတဲ့ အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။

အချုပ်အားဖြင့် ပြောရရင်... ကျောက်ဖြူ စစ်မျက်နှာဟာ အင်မတန် ထူးခြားတဲ့ စစ်ရေးလက္ခဏာ တစ်ခုကို ပြသနေပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ ဒီဒေသကို ကြည်းတပ်၊ ရေတပ် အင်အား ၂၀၀၀ ကနေ ၃၀၀၀ ခန့်အထိ အဆက်မပြတ် ဖြည့်တင်းနေခဲ့ပေမယ့်လည်း အောင်မြင်မှု မရရှိသေးပါဘူး။ စေလွှတ်လိုက်သမျှ အင်အားတွေဟာ မြေပြင်မှာ အရည်ပျော် ပျောက်ကွယ်သွားတဲ့အတွက် ဒီစစ်မျက်နှာကြီးကို "ပို့မလောက် ကျောက်ဖြူ" လို့ နာမည်ပေးထားကြပါတယ်။

ဒီစစ်ရေး အပြောင်းအလဲတွေ၊ အားပြိုင်မှုတွေဟာ ရခိုင်ပြည်နယ်ရဲ့ ကံကြမ္မာကိုသာမကဘဲ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ မြန်မာ့ပထဝီနိုင်ငံရေး အခင်းအကျင်း တစ်ခုလုံးကိုပါ အကြီးအကျယ် ရိုက်ခတ်နေပါတယ်။ "ပို့မလောက် ကျောက်ဖြူ" ဆိုတဲ့ နာမည်နဲ့အညီ ဒီဒေသရဲ့ စစ်ရေး တင်းမာမှုတွေဟာ ဘယ်အချိန်မှာ အဆုံးသတ်သွားမလဲ၊ ဒါမှမဟုတ် ပိုမို ကြီးမားတဲ့ မုန်တိုင်းကြီး တစ်ခုရဲ့ အစပျိုးမှုပဲလား ဆိုတာကတော့... ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ရမယ့် သမိုင်းဝင် ပဟေဠိတစ်ခုပဲ ဖြစ်ပါတော့တယ်။

[Editorial & Policy Disclaimer]
This content is published strictly for educational, historical, and geopolitical analysis purposes. All strategic assessments, military movements, and conflict reports mentioned in this video/article are derived from independent political analysts, local news reports, and open-source intelligence. AK Channel maintains strict political neutrality and does not endorse, praise, incite, or promote any armed organizations, acts of violence, or conflicts. Our sole objective is to provide objective, analytical insights into regional power dynamics and strategic developments.

05/30/2026

ရခိုင်မြပြင်အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ @@ ရဲ့တရားဝင် အသိပေးကြေညာဟာ နိုင်ငံတော်တည်ဆောက်ရေး အရွေ့သစ်တစ်ခုကို ရည်ညွှန်းတာလား?

ရခိုင်ပြည်နယ် မြောက်ပိုင်းက ရှေးဟောင်းယဉ်ကျေးမှု မြို့တော် မြောက်ဦးရဲ့ လမ်းဘေးတစ်နေရာမှာ ပေကြိုးကိုင်ထားတဲ့ လူငယ်တချို့က လမ်းနယ်နိမိတ်ကို တိုင်းတာနေကြတယ်။ သာမန်အားဖြင့် ကြည့်ရင်တော့ စည်ပင်သာယာရေး အဖွဲ့တစ်ခုရဲ့ ရိုးရှင်းတဲ့ လမ်းချဲ့နေတဲ့ မြင်ကွင်း၊ ဒါမှမဟုတ် မြို့ပြသန့်ရှင်းရေး လုပ်နေတဲ့ မြင်ကွင်းလေး တစ်ခုလို့ပြောနိုင်ပါတယ်

ဒီမြို့ပြစနစ်တကျဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်ရဲ့နောက်ကွယ်မှာ... မြန်မာ့အာဏာမြေပုံကို အပြီးတိုင်ပြောင်းလဲပစ်နိုင်တဲ့ ဧရာမ အုပ်ချုပ်ရေး အရွေ့ကြီးတစ်ခု ကိုကျနော်တို့မျက်မြင်ကိုယ်တွေ့ မြင်နေရပါတယ်

၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်နေ့က ထွက်ပေါ်လာတဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ရဲ့ ကြေညာချက်ကို ဖတ်ကြည့်တဲ့အခါ အဲဒီ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ တကယ့် အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရတယ်။ သူတို့က ရခိုင်တစ်ပြည်နယ်လုံးကို ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေကို ရောက်ရှိနေပြီလို့ တရားဝင် အသိပေးလိုက်တာကို မျက်ဝါးထင်ထင်ဖတ်လိုက်ရပါတယ်

ကျွန်တော်တို့ အမြင်အရတော့ ဒီကြေညာချက်ဟာ ရိုးရိုးတန်းတန်း အောင်ပွဲ အထိမ်းအမှတ် ထုပ်ပြန်ချက်တစ်ခု လုံးဝ မဟုတ်ပါဘူး ဆိုတာပါဘဲ။ "ပြောင်းဝကနေ ဥပဒေ စည်းမျဉ်းတွေဆီကို" ကူးပြောင်းသွားတဲ့ နိုင်ငံတော် တည်ဆောက်ရေး (State Formation) ခြေလှမ်း အစစ်အမှန် ဖြစ်တယ်လို့ ပညာရှင်အချို့က ထောက်ပြသုံးသပ်ထားတာကိုလည်းတွေ့ရပါတယ်

ဒီထုပ်ပြန်ချက်မှာအဓိကကြည့်ရမှာက သူတို့ သုံးစွဲသွားတဲ့ အုပ်ချုပ်ရေး ယန္တရား (Administrative Power) တွေပါ။ ကြေညာချက်ထဲမှာ "မြို့ပြစီမံကိန်း လုပ်ငန်းကော်မတီများ" ကို ဖွဲ့စည်းပြီး၊ လမ်းနယ်နိမိတ်နဲ့ ကားလမ်းဘေးက ဥပဒေမဲ့ ကျူးကျော်မှုတွေကို ထိန်းသိမ်းမယ်လို့ အတိအလင်း ထည့်သွင်းထားတယ်။ တောတွင်း အခြေစိုက်တဲ့ အဖွဲ့အစည်းတစ်ခုဟာ မြို့ပြစီမံကိန်းတွေ၊ ကျူးကျော်ရှင်းလင်းရေးတွေ လုပ်လေ့မရှိဘူးဆိုတာ လူတိုင်းနားလည်တဲ့ အမှန်တရားပါ

အခုလိုမျိုး ဥပဒေပြုတာ၊ စည်းကမ်းသတ်မှတ်တာ၊ ကျန်းမာရေးနဲ့ ပညာရေးကို တာဝန်ယူတာတွေဟာ တကယ့် အစိုးရတစ်ရပ် (De facto Government) ကသာ လုပ်ဆောင်လေ့ရှိတဲ့ အင်စတီကျူးရှင်း (Institution) လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။

အထူးသဖြင့် အာရက္ခရဲ့ အသည်းနှလုံးလို့ တင်စားကြတဲ့ မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှုဇုန်ကို ကမ္ဘာ့အဆင့်မီ အမွေအနှစ်အဖြစ် ရေရှည် တည်တံ့အောင် ထိန်းသိမ်းမယ့် "မြောက်ဦးမြို့ မြို့တည်ဆောက်ရေး စီမံကိန်း" ကို အကောင်အထည် ဖော်နေတာဟာ အင်မတန် ပါးနပ်တဲ့ သံတမန်ရေး သတင်းစကား (Geopolitical Signal) တစ်ခုပါ၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းတွေ (ဥပမာ- UNESCO) နဲ့ ဆက်ဆံဖို့ဆိုတာ တည်ငြိမ်တဲ့ အုပ်ချုပ်ရေး ယန္တရားတစ်ခု ရှိမှသာ ဖြစ်နိုင်တာပါ။ ဒါကြောင့် သူတို့ဟာ တောတွင်းအဖွဲ့အစည်း အဆင့်ကနေ အုပ်ချုပ်သူ အစိုးရအဆင့်ကို အပြည့်အဝ ကူးပြောင်းသွားပြီ ဆိုတာကို နိုင်ငံတကာကို လက်တွေ့ သက်သေပြလိုက် ပြီလားဆိုတာ စောင့်ကြည့်ရပါမယ်...။

ဒီလို ဗျူဟာမြောက် ကစားကွက်ဟာ အိမ်နီးချင်း အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့အတွက်လည်း ကြီးမားတဲ့ သတင်းစကားပါပဲ။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ကုလားတန် မြစ်ကြောင်း စီမံကိန်းစတဲ့ ဘီလီယံချီတဲ့ ရင်းနှီးမြှုပ်နှံမှုကြီးတွေရဲ့ လုံခြုံရေးအတွက်... နေပြည်တော်ကို ကျော်လွန်ပြီး မြေပြင်မှာ တကယ် စိုးမိုးထားတဲ့ အာရက္ခ အစိုးရနဲ့သာ တိုက်ရိုက် စားပွဲဝိုင်းထိုင် ဆွေးနွေးရတော့မယ် ဆိုတာကို အတိအကျ မျဉ်းတားပြလိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလို အထက်ပိုင်းက မဟာဗျူဟာ အောင်ပွဲတွေ ရနေချိန်မှာ၊ မြေပြင်က သာမန် ပြည်သူလူထုရဲ့ အခြေအနေကရော ဘယ်လို ရှိနေသလဲ။

ဆယ်စုနှစ်ပေါင်းများစွာ မတည်ငြိမ်မှုတွေ စီမံခန့်ခွဲမှု အမှားတွေ (Mismanagement) ကြောင့် ရခိုင်ပြည်နယ်ရဲ့ လူမှုစီးပွားဘဝဟာ အဘက်ဘက်က နိမ့်ကျနေခဲ့တာ အားလုံးအသိပါ။ အခုလို အောင်ပွဲတွေ ရလာတာဟာ ရှေ့တန်းက အာရက္ခ တပ်ဖွဲ့ဝင်တွေရဲ့ အသက်၊ သွေး၊ ချွေး ပေးဆပ်မှုတွေအပြင်၊ နောက်တန်းက ပြည်သူလူထုရဲ့ အကြွင်းမဲ့ ထောက်ခံမှုတွေကြောင့် ဆိုတာကို အဖွဲ့အချုပ်က အသိအမှတ် ပြုထားပါတယ်။

သို့သော်လည်း ဥပဒေစိုးမိုးတဲ့ အုပ်ချုပ်ရေး ယန္တရားတစ်ခု အသက်ဝင်လာပြီ ဆိုရင်၊ ပြည်သူလူထုဘက်ကလည်း တော်လှန်ရေးကာလက အလေ့အထတွေကို ပြောင်းလဲပြီး စည်းမျဉ်းတွေကို လိုက်နာဖို့ လိုအပ်လာပါတယ်။ ကျူးကျော် ရှင်းလင်းရေးတွေ လုပ်တဲ့အခါ၊ ယဉ်ကျေးမှုဇုန်တွေကို သန့်ရှင်းရေး လုပ်တဲ့အခါ ပြည်သူတွေဘက်က အမျိုးသားရေး အသိစိတ်၊ တိုင်းပြည် ချစ်စိတ်နဲ့ ပူးပေါင်းပါဝင်ဖို့ မေတ္တာရပ်ခံထားတာဟာ... အုပ်ချုပ်ရေးယန္တရားနဲ့ လူထုကြား ပွတ်တိုက်မှု (Friction) မဖြစ်ပေါ်စေဖို့ ကြိုတင် ပြင်ဆင်တဲ့ လူထုဆက်ဆံရေး (Public Relations) ဗျူဟာတစ်ခု ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မြေပြင်အခြေအနေအရ နေရာအများအပြားကို အလူးအလဲ လက်လွှတ်လိုက်ရတဲ့ နေပြည်တော်ဘက်က၊ မြို့ရွာတွေကို လက်နက်ကြီးတွေ၊ လေကြောင်း အင်အားသာလွန်သုံးစွဲမှုတွေနဲ့ ယခင်ကထက် ပိုမို ပြင်းထန်စွာ တုံ့ပြန်လာနေတာကို တွေ့ရတယ်။

ဒါဟာ နယ်မြေ ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားတဲ့အခါ၊ တစ်ဖက် အဖွဲ့ရဲ့ အုပ်ချုပ်ရေး ယန္တရား အသက်မဝင်နိုင်စေဖို့နဲ့ ပြည်သူလူထုကို အကြောက်တရား သွင်းဖို့ အခြေခံ အဆောက်အအုံတွေကို အစွမ်း နှိပ်ကွက်တဲ့ (Denial Strategy) ကို အသုံးပြုလာတာ ဖြစ်တယ်လို့ စစ်ရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။

အချုပ်အားဖြင့် ဆိုရရင်... သစ်သားတိုင်နီလေး တစ်တိုင် စိုက်ထူပြီး လမ်းနယ်နိမိတ် တိုင်းတာတာဟာ ရိုးရှင်းတဲ့ လုပ်ရပ်လေး ဖြစ်ပေမယ့်၊ အဲဒီလုပ်ရပ် နောက်ကွယ်မှာ "တရားဥပဒေ စိုးမိုးရေးနဲ့ အင်စတီကျူးရှင်း" ဆိုတဲ့ ကြီးမားတဲ့ နိုင်ငံတော် တည်ဆောက်ရေး ယန္တရားကြီး လည်ပတ်နေပြီလားလို့ ပညာရှင်အချို့ မေးခွန်းထုပ်လာကြပါတယ်...။

လက်နက်ကိုင် ပြသနာတစ်ခုကို ဆင်နွှဲပြီး နယ်မြေတွေကို သိမ်းပိုက်ရတာဟာ အင်မတန် ခက်ခဲပါတယ်။ ဒါပေမဲ့ နယ်မြေထိမ်းချုပ်ခွင့် ရရှိထားတဲ့ အပေါ်မှာ ယိုယွင်းနေတဲ့ စီးပွားရေးနဲ့ လူမှုရေး အဆောက်အအုံတွေကို နိုင်ငံတကာ အဆင့်မီ ပြန်လည် တည်ဆောက်ရေး (Nation Building) ဆိုတာကတော့ မြေပြင်မှာတိုက်ပွဲဆင်နွဲရတာထက် အဆပေါင်းများစွာ ပိုမို ခက်ခဲ နက်နဲတဲ့ စိန်ခေါ်မှုကြီး တစ်ရပ် ဖြစ်ပါတယ်။

အချိန်တန်လို့ ယမ်းငွေ့တွေ ကင်းစင်သွားပြီး၊ ပထဝီနိုင်ငံရေးအားပြိုင်မှုတွေ ငြိမ်သက်သွားတဲ့အခါ... တိုက်ပွဲဝင်တပ်ဖွဲ့ဝင်တွေရဲ့ ကျောပိုးအိတ်ထဲကနေ ထွက်ပေါ်လာတဲ့ အုပ်ချုပ်ရေး ယန္တရားသစ်ဟာ၊ ရခိုင်ပြည်သူတွေ ရာစုနှစ်ပေါင်းများစွာ မျှော်လင့်ခဲ့တဲ့ "အဆင့်အတန်း မြင့်မားပြီး လှပခေတ်မီတဲ့ အာရက္ခ လူ့ဘောင်သစ်" ကြီးကို တကယ်ပဲ အောင်မြင်စွာ ပုံဖော် တည်ဆောက်သွားနိုင်မလား။

ဒါမှမဟုတ် ပြည်သူလူထုရဲ့ ကြီးမားလှတဲ့ မျှော်လင့်ချက်တွေနဲ့ အုပ်ချုပ်ရေး ယန္တရားရဲ့ တင်းကျပ်တဲ့ ဥပဒေ စည်းမျဉ်းတွေကြားက ရှောင်လွှဲလို့မရတဲ့ မြေပြင် ပွတ်တိုက်မှုတွေကပဲ အာရက္ခမြေရဲ့ အနာဂတ် နိုင်ငံရေး ရာသီဥတုကို အသစ်တဖန် ပုံဖော်သွားဦးမလား ဆိုတာကတော့... ဆက်လက် စောင့်ကြည့်ရမယ့် သမိုင်းဝင် ပဟေဠိတစ်ခုပဲ ဖြစ်ပါတော့တယ်။

[Editorial & Policy Disclaimer]
This article is published strictly for educational and geopolitical analysis purposes. All strategic assessments, administrative shifts, and observations regarding regional policies and armed conflicts are derived entirely from independent political analysis, public statements, and open-source reporting. AK Channel maintains strict political neutrality and does not endorse, praise, or promote any armed organizations, violence, or conflicts. Our sole objective is to provide objective, analytical insights into regional power dynamics.

05/30/2026

"ဒီမြစ်ကြီးသာ တမံပိတ်ခံလိုက်ရရင် ကျွန်မတို့ ဘာလုပ်စားရမလဲ မသိဘူး"

မလိခနဲ့ မေခ ပေါင်းဆုံရာ မြစ်ဆုံဒေသကိုလေ့လာရေးခရီးသွားဖြစ်ခဲ့တယ် မြစ်ဆုံလို့ပြောလိုက်ရင် ရေကာတာစီမံကိန်းကြီး တည်ဆောက်သင့်တယ် ဆိုတဲ့စကားနဲ့ မြစ်ဆုံစီမံကိန်းလုံးဝမလုပ်သင့်ဘူးဆိုတဲ့စကား ဘယ်ဟာပိုမန်လည်းလို့မေးကြတယ်...။

မြစ်ဆုံဆိုတာ ရေခဲတောင်က ဆင်းလာတဲ့ ရေစီးသံတွေ၊ လုံးချောနေတဲ့ ကျောက်စရစ်ခဲဖြူဖြူလေးတွေနဲ့ အဲဒီနေရာလေးဟာ မြန်မာပြည်သူတွေရဲ့ နှလုံးသားထဲမှာတော့ အမြဲတမ်း အေးချမ်းတဲ့ အမှတ်သင်္ကေတ တစ်ခုပေါ့။

အဲဒီတုန်းက ကမ်းစပ်နားက တဲလေးမှာ ငါးကင်ရောင်းတဲ့ ဒေသခံ အစ်မကြီးတစ်ယောက်က "ဒီမြစ်ကြီးသာ တမံပိတ်ခံလိုက်ရရင် ကျွန်မတို့ ဘာလုပ်စားရမလဲ မသိဘူး" လို့ သက်ပြင်းချရင်း ပြောဖူးတာကို သွားသတိရမိတယ်။

အဲဒီ အစ်မကြီးရဲ့ သက်ပြင်းချသံဟာ လွန်ခဲ့တဲ့ ၁၂ နှစ်ကျော် ၂၀၁၁ ခုနှစ်ကတည်းက သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တရားဝင် ရပ်ဆိုင်းသွားခဲ့ပြီလို့ အားလုံးက ထင်မှတ်ခဲ့ကြတာပါ။

ဒါပေမဲ့ အခုမြင်တွေ့နေရတဲ့ မြေပြင်အခြေအနေတွေအရ ဒီတိတ်ဆိတ်မှုဟာ အပြီးတိုင် ပြီးဆုံးသွားတာ လုံးဝ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က နေပြည်တော်ကနေ ထွက်ပေါ်လာတဲ့ "ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့" ဆိုတဲ့ ကြေညာစာတစ်စောင်က အဲဒီ တမံကြီးရဲ့ အရိပ်ဆိုးကို မြန်မာ့ပထဝီနိုင်ငံရေး စားပွဲဝိုင်းပေါ် အသက်သွင်းပြီး ပြန်ဆွဲတင်လာခဲ့ပြီ ဖြစ်ပါတယ်။

ကျွန်တော့် ကိုယ်ပိုင်အယူအဆကတော့ အခုလို အချိန်မှာ ဒီ ဒေါ်လာ ၂၀ ဘီလီယံတန် စီမံကိန်းကြီးကို ပြန်လည် အသက်သွင်းဖို့ ကြိုးစားလာတာဟာ ရိုးရှင်းတဲ့ "ပြည်တွင်း လျှပ်စစ်မီး လိုအပ်ချက်" ဆိုတဲ့ ခေါင်းစဉ်တစ်ခုတည်းနဲ့ ရှုထောင့်ကျဉ်းကျဉ်းလေးကနေ ကြည့်လို့ မရတော့ပါဘူး။

ဒီနေရာမှာ ကျွန်တော်တို့ အဓိက ကြည့်ရမှာက ကိန်းဂဏန်းတွေရဲ့ နောက်ကွယ်က "မဟာဗျူဟာမြောက် အပေးအယူ (Strategic Trade-off)" ပါပဲ။ တကယ့် စာချုပ် အချက်အလက်တွေအရ ဒီစီမံကိန်းကြီးမှာ တရုတ်နိုင်ငံပိုင် S**C (ယခင် CPI) ကုမ္ပဏီက ရှယ်ယာ ၈၀ ရာခိုင်နှုန်း၊ နိုင်ငံတော်အစိုးရက ၁၅ ရာခိုင်နှုန်းနဲ့ အေးရှားဝေါလ်က ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ကြမှာပါ။

ပိုပြီး စဉ်းစားစရာ ကောင်းတာက ထွက်လာမယ့် လျှပ်စစ်ဓာတ်အားရဲ့ ၉၀ ရာခိုင်နှုန်းကို တရုတ်ဘက်က ယူပြီး၊ မြန်မာနိုင်ငံအတွက် ၁၀ ရာခိုင်နှုန်းပဲ ရမယ့် သဘောတူညီချက် ဖြစ်နေတာပါပဲ။ ရင်းနှီးမြှုပ်နှံမှု အားလုံးကို တရုတ်ဘက်က စိုက်ထုတ်မယ် ဆိုပေမယ့်၊ ကိုယ့်နိုင်ငံရဲ့ အသက်သွေးကြောကို ပိတ်ဆို့ပြီး ရလာမယ့် အကျိုးအမြတ် ခွဲဝေမှုဟာ နိုင်ငံတကာ စံနှုန်းတွေနဲ့ ချိန်ထိုးကြည့်ရင် အများကြီး မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဒါဆိုရင် ဘာကြောင့် အခုလို ပြည်တွင်း ပဋိပက္ခတွေ ကြီးထွားနေချိန်မှာမှ ဒီစီမံကိန်းကို ဖုန်ပြန်ခါလာတာလဲ။

အဖြေက ရှင်းပါတယ်။ အုပ်ချုပ်ရေးယန္တရားကို ကိုင်တွယ်ထားသူတွေ အနေနဲ့ နိုင်ငံတကာ သံတမန်ရေး ဖိအားတွေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို အပြင်းအထန် ရင်ဆိုင်နေရချိန်မှာ၊ အိမ်နီးချင်း အင်အားကြီးနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ထောက်ခံမှုကို အခိုင်အမာ ရရှိဖို့အတွက် အကြီးမားဆုံးသော ပထဝီနိုင်ငံရေး စစ်တုရင်ရုပ် (Geopolitical Chess Piece) အဖြစ် မြစ်ဆုံကို ထုတ်သုံးလိုက်တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လထဲမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ်က "မူလရေးဆွဲထားတဲ့ ဆည်အမြင့်ပေ ၅၀၀ ထက် နိမ့်ပြီး ဆောက်မယ်" လို့ သတင်းမီဒီယာတွေကို ဖြေကြားလာတာဟာ ရိုးရိုး ပြုပြင်ပြောင်းလဲမှု မဟုတ်ပါဘူး။ ဒါဟာ ပြည်သူလူထုရဲ့ အုံကြွမှုကို လျှော့ချဖို့နဲ့ သတင်းအချက်အလက် စစ်ပွဲ (Information Warfare) မှာ အသာစီးရဖို့ (Damage Control) စမ်းသပ်ကြည့်တဲ့ နိုင်ငံရေး သွေးတိုးစမ်းမှု တစ်ခုသာ ဖြစ်ပါတယ်။ ပြည်သူ့ဆက်ဆံရေး (PR) အဖွဲ့ကို သီးသန့် အသစ်ဖွဲ့စည်းလိုက်တာကလည်း ဒီသဘောတရားကို ပိုပြီး ထင်ရှားစေပါတယ်။

ဒီလို အထက်ပိုင်းက မဟာဗျူဟာ ကစားကွက်တွေ ရွေ့နေချိန်မှာ တကယ့် မြေပြင်က သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေအတွက် ဘာတွေ ဖြစ်လာမလဲ။ စင်ကာပူနိုင်ငံ အရွယ်အစားလောက်ရှိတဲ့ ဧရိယာကြီး ရေအောက်ရောက်သွားနိုင်တဲ့ အန္တရာယ်၊ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အကြီးဆုံးဖြစ်တဲ့ စစ်ကိုင်း ပြတ်ရွေ့ကြောကြီးနားမှာ တည်ရှိနေတဲ့ အနေအထားတွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာဟာ ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ရမယ့် အရေးအကြီးဆုံး အချက်တွေ ဖြစ်လာပါပြီ။

ဧရာဝတီမြစ်ကမ်းဘေးက ရေလုပ်ငန်းနဲ့ သောင်ခုံတွေပေါ်မှာ စိုက်ပျိုးရေးလုပ်နေတဲ့ တောင်သူတွေရဲ့ မျက်နှာတွေကို တစ်ချက်လောက် ပြန်ကြည့်လိုက်ပါ။ သူတို့အတွက်တော့ မြစ်ဆုံဆိုတာ ဝေးကွာတဲ့ နိုင်ငံရေး သဘောတရား မဟုတ်ဘဲ နေ့စဉ် ထမင်းအိုးတည်ရတဲ့ ဘဝရှင်သန်ရေး သက်သက်ပါပဲ။

ဒီနေရာမှာ ကျွန်တော်တို့ အဓိက ကြည့်ရမှာက စီမံကိန်းရဲ့ နောက်ကွယ်က သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်မှု (EIA) အစီရင်ခံစာတွေရဲ့ ကြီးမားတဲ့ အားနည်းချက်တွေပါပဲ။ မူလက တရုတ်ကုမ္ပဏီ CPI ရဲ့ တောင်းဆိုချက်အရ ပြည်တွင်းအဖွဲ့အစည်းတစ်ခုက ဒီ EIA ကို ငါးလလောက်နဲ့ ဖုတ်ပူမီးတိုက် ရေးဆွဲခဲ့တာကို နိုင်ငံတကာ ပညာရှင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတယ်။ နိုင်ငံတကာ စံနှုန်းတွေအရ ဧရာဝတီလို ဧရာမ မြစ်ကြီးမျိုးကို လေ့လာဖို့ ၄ နှစ်ကနေ ၆ နှစ်အထိ အချိန်ယူရမှာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ ထွက်ပေါ်လာတဲ့ လွတ်လပ်တဲ့ နိုင်ငံတကာ ပညာရှင်တွေရဲ့ အစီရင်ခံစာကတော့ မြေပြင်အမှန်တရားကို အတိအကျ ခွဲခြမ်းပြလိုက်ပါတယ်။ ရေကာတာ တည်ဆောက်လိုက်ရင် အောက်ပိုင်းကို စီးဝင်မယ့် အနည်ပို့ချမှုတွေ ရပ်တန့်သွားပြီး မြေနုကျွန်း စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းတွေ အကုန် ပျက်စီးသွားပါလိမ့်မယ်။ ပိုပြီး အရေးကြီးတာက မြန်မာနိုင်ငံရဲ့ အကြီးဆုံး စစ်ကိုင်း ငလျင်ပြတ်ရွေ့ကြောနဲ့ ၆၀ မိုင်လောက်ပဲ ကွာဝေးတဲ့ နေရာမှာ ဆောက်လုပ်မယ့် ဒီရေကာတာကြီး ပြိုကျခဲ့ရင် မြစ်ကြီးနား တစ်မြို့လုံး ရေလွှမ်းမိုးသွားမယ့် အန္တရာယ် (Vulnerability) ပဲ ဖြစ်ပါတယ်။

နိုင်ငံရေးနဲ့ သံတမန်ရေး ကစားကွက်တွေကို ပြန်ကြည့်ရင်လည်း အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ၂၀၁၆ ခုနှစ် အစိုးရ အပြောင်းအလဲမှာ ဖွဲ့စည်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာကို အများပြည်သူသိအောင် မထုတ်ပြန်ခဲ့ပေမယ့်၊ ကော်မရှင်အဖွဲ့ဝင် အများစုကတော့ ဒီစီမံကိန်းကို ဆက်မလုပ်သင့်ဘူးလို့ သီးခြား အကြံပြုခဲ့ကြတယ်။ ၂၀၁၈ ခုနှစ်က မြစ်ကြီးနား ခရီးစဉ်မှာ တပ်မတော် ခေါင်းဆောင်ပိုင်းက ပြည်သူလူထု သဘောထားအတိုင်း ရပ်တည်မယ်လို့ ပြောခဲ့ဖူးပေမယ့်၊ အခုအချိန်မှာတော့ အုပ်ချုပ်ရေး ယန္တရား အကျပ်အတည်းနဲ့ နိုင်ငံတကာ ဖိအားတွေကြောင့် တရုတ်နိုင်ငံပိုင် S**C ကုမ္ပဏီရဲ့ တွန်းအားပေးမှုကို မလွန်ဆန်နိုင်ဘဲ မဟာဗျူဟာမြောက် အလျော့ပေးမှုတွေ (Strategic Concessions) လုပ်လာရတဲ့ သဘောမှာ ရှိနေပါတယ်။

တရုတ်နိုင်ငံ အနေနဲ့ကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အားနည်းချက်ကို အခွင့်ကောင်းယူပြီး၊ သူတို့ရဲ့ စွမ်းအင် လိုအပ်ချက်အတွက် ရပ်ဆိုင်းနေတဲ့ စီမံကိန်းကြီးတွေကို အတင်းအကျပ် ပြန်လည် အသက်သွင်းဖို့ အကောင်းဆုံး အချိန် (Perfect Timing) အဖြစ် တွက်ဆထားပုံ ရပါတယ်။ မြန်မာကက်သလစ် ရဟန်းအမတ် ကာဒီနယ် ချားလ်စ်မောင်ဘို ကိုယ်တိုင်က ၂၀၁၉ ခုနှစ်မှာ ဒီစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ တရုတ်သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ရတဲ့အထိ ဒီကိစ္စဟာ ကြီးမားတဲ့ နိုင်ငံရေး ဂယက်ရိုက်ခတ်မှု ရှိခဲ့ပါတယ်။

မြေပြင်က လူထုရဲ့ တုံ့ပြန်မှုကတော့ အရင်ကရော အခုပါ ပြတ်သားနေဆဲပါ။ နိုင်ငံတစ်ဝန်းက အရပ်ဘက် အဖွဲ့အစည်း ရာနဲ့ချီ စုပေါင်းပြီး ကွန်ရက်တွေ ဖွဲ့စည်းထားသလို၊ ကနဦး ကုန်ကျစရိတ်တွေကို ပြည်သူတွေ စုပေါင်း လျော်ကြေးပေးပြီး အပြီးတိုင် ဖျက်သိမ်းဖို့အထိ လှုပ်ရှားနေကြတာပါ။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဘက်ကလည်း ဒီစီမံကိန်း အကောင်အထည်ဖော်မှုကို ပြည်သူလူထုက လက်ခံမှာ မဟုတ်ဘူးလို့ တိတိကျကျ သတိပေးထားပြီး ဖြစ်ပါတယ်။ သို့သော်လည်း လျှပ်စစ်မီး လိုအပ်ချက်ကို အကြောင်းပြပြီး ဒီစီမံကိန်းကို ထောက်ခံနေတဲ့ နိုင်ငံရေးပါတီ အချို့လည်း ရှိနေဆဲ ဖြစ်တာကြောင့် ပွတ်တိုက်မှုတွေက ပိုမို ကြီးထွားလာနိုင်ပါတယ်။

ကျွန်တော့် ကိုယ်ပိုင်အယူအဆကတော့ အခုအချိန်မှာ နိုင်ငံတော်ရဲ့ အသက်သွေးကြောကို ပထဝီနိုင်ငံရေး စားပွဲဝိုင်းပေါ် တင်ပြီး လောင်းကြေးထပ်နေတာဟာ အင်မတန် အန္တရာယ်များတဲ့ မဟာဗျူဟာမြောက် စွန့်စားမှုတစ်ခုလို့ မြင်ပါတယ်။ အချုပ်အခြာအာဏာနဲ့ သဘာဝ သယံဇာတတွေကို အင်အားကြီးနိုင်ငံတွေရဲ့ စီးပွားရေး ကွန်ရက်ထဲမှာ ပေါင်နှံလိုက်တာဟာ ရေရှည်မှာ နိုင်ငံရဲ့ လွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်ကို အကြီးအကျယ် ထိခိုက်စေပါလိမ့်မယ်။

အချိန်တန်လို့ ဒေသတွင်း အင်အားကြီး နိုင်ငံတွေရဲ့ အကျိုးစီးပွား ညှိနှိုင်းမှုတွေ အပြီးသတ်သွားတဲ့အခါ... ကျွန်တော်တို့ရဲ့ မိခင် ဧရာဝတီမြစ်ကြီးဟာ အရင်လို လွတ်လွတ်လပ်လပ် စီးဆင်းခွင့် ရပါဦးမလား။ ဒါမှမဟုတ် နိုင်ငံခြားဝင်ငွေနဲ့ လျှပ်စစ်မီး အနည်းငယ်အတွက် နိုင်ငံရဲ့ အဖိုးတန်ဆုံး သမိုင်းဝင် အမွေအနှစ်ကြီးကို ရေအောက်မှာ ထာဝရ မြေမြှုပ် လိုက်ရတော့မှာလား ဆိုတာကတော့ ပြည်သူလူထု တစ်ရပ်လုံးက အဆုံးအဖြတ် ပေးရမယ့် အချိန်ကို ရောက်လာပါပြီ။

[Editorial & Policy Disclaimer] This article is published strictly for educational and geopolitical analysis purposes. All strategic assessments, administrative shifts, and observations regarding regional policies and armed conflicts are derived entirely from independent international analysts and local experts. AK Channel maintains strict political neutrality and does not endorse, praise, or promote any armed organizations, violence, or conflicts. Our sole objective is to provide objective, analytical insights into regional power dynamics.

05/30/2026

နေပြည်တော်ရဲ့ အဆုံးသပ် ဘယ်လိုဖြစ်သွားမလည်း ?
တရုတ်နိုင်ငံရဲ့ အင်ဂျင်နီယာတွေ စေလွှတ်ကာ @@ နဲ့ သီးသန့် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်လာတာဟာ သာမန် သံတမန်ရေး ခြေလှမ်းတစ်ခုမဟုတ်ဘူးလို့ မြန်မ့အရေးစောင့်ကြည့်နေတဲ့ ပညာရှင်တွေသုံးသပ်ထားပါတယ်

Video အပြည့်အစုံကို Comment မှာကြည့်ပါ 👇

[Editorial & Policy Disclaimer]
This article is published strictly for educational and geopolitical analysis purposes. All strategic assessments, administrative shifts, and observations regarding regional policies and armed conflicts are derived entirely from independent international analysts and local military experts. AK Channel maintains strict political neutrality and does not endorse, praise, or promote any armed organizations, violence, or conflicts. Our sole objective is to provide objective, analytical insights into regional power dynamics.

05/29/2026

တစ်နေ့က အိမ်ရှင်မ ဖျော်ပေးတဲ့ Black Coffee ခပ်ပြင်းပြင်းတစ်ခွက်ကိုသောက်ရင်း @@ ခေါင်းဆောင်ရဲ့ မိန့်ခွန်း အမှာစကားတွေ အင်တာဗျူးဟောင်းတွေကို ပြန်လေ့လာကြည့်မိတယ် …

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ ထွက်ပေါ်ခဲ့တဲ့ စကားတစ်ခွန်းကို ကောက်နှုတ်ဖော်ပြထားပါတယ်၊

"အရင်က ဒေါ်အောင်ဆန်းစုကြည်ကို ပြဿနာတွေရဲ့ အဖြေ (Part of the Solution) လို့ မြင်ခဲ့ပေမယ့်၊ မြန်မာ့တပ်မတော်ရဲ့ ရထားပေါ် တက်စီးမိသွားချိန်မှာတော့ သူကိုယ်တိုင်က ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်း (Part of the Problem) ဖြစ်သွားပြီ" ဆိုတဲ့ @@ ခေါင်းဆောင်ရဲ့ သုံးသပ်အင်တာဗျူး Video Clip ဟောင်းထဲက မူရင်းပြောစကားပါ။

ဒီစကားစုတွေဟာ ခေတ်သစ် အာရက္ခ ခေါင်းဆောင်ပိုင်းရဲ့ စိတ်ကူးယဉ်မဆန်တဲ့ လက်တွေ့ကျကျ နိုင်ငံရေး (Practical Politics) ကို အထင်ရှားဆုံး ပြသလိုက်တဲ့ ဒိုင်ယာလော့ခ် တစ်ခုပါပဲ။

ခံစားချက်ကို ရှေ့တန်းမတင်ဘဲ၊ မြေပြင်အမှန်တရားကို အရှိကိုအရှိအတိုင်း ရဲရဲဝံ့ဝံ့ ထောက်ပြနိုင်စွမ်း ရှိတယ်ဆိုတာကို သက်သေပြခဲ့တယ်လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။

ဒီရက်ပိုင်းလေ့လာဖတ်ရှုဖြစ်တဲ့ စာအုပ်ဟောင်းတွေထဲမှာ မှတ်မှတ်ရရစာအုပ်လေးတစ်အုပ်ရှိနေပါတယ် ဒီစာအုပ်ဟောင်းလေးရဲ့အကြောင်းအရာတွေကတော့ ရခိုင်သမိုင်းကို လေ့လာတဲ့ စာအုပ်ဟောင်းလေး တစ်အုပ်ထဲက ၁၇၈၄ ခုနှစ် မြောက်ဦး မင်းနေပြည်တော် ကျဆုံးခန်း အကြောင်းပါ။

သမိုင်းစာမျက်နှာတွေအရ အဲဒီအချိန်ကစပြီး အချုပ်အခြာအာဏာ လက်လွှတ်ခဲ့ရတဲ့ ရခိုင်လူမျိုးတွေဟာ လွတ်လပ်ရေးဆိုတဲ့ ရည်မှန်းချက် တစ်ခုတည်းအောက်မှာ မျိုးဆက်တစ်ခုပြီးတစ်ခု အသက်သွေးချွေးတွေ ပေးဆပ်ခဲ့ကြတယ်။

ဗိုလ်ချင်းပျံ၊ ဒေးဝန်းအောင်ကျော်ရွှီကနေစလို့ ခိုင်မိုးလင်း၊ ခိုင်ရာဇာတို့အထိ မျိုးဆက်အလိုက် ပေါ်ထွန်းခဲ့တဲ့ တော်လှန်ရေး ခေါင်းဆောင်တွေဟာ အမိမြေကို ပြန်လည် ထိန်းချုပ်ခွင့် မရလိုက်ဘဲ သမိုင်းရဲ့ စာမျက်နှာတွေကြားမှာ ရင်နာစရာ ကောင်းလောက်အောင် ကျရှုံးခဲ့ရပါတယ်။

သူတို့ရဲ့ ရည်ရွယ်ချက်တွေက ကြီးမားပေမယ့်၊ အဲဒီခေတ်က ပထဝီနိုင်ငံရေး အခင်းအကျင်းနဲ့ မဟာဗျူဟာမြောက် စီမံခန့်ခွဲမှု (Strategic Management) အားနည်းချက်တွေကြောင့် ပန်းတိုင်ကို မရောက်ခဲ့ကြတာပါ။

ဒါပေမဲ့ အခု မျက်မှောက်ခေတ်မှာတော့ အဲဒီ သမိုင်းကြေးမုံရဲ့ အရိပ်တွေဟာ လုံးဝ ပြောင်းလဲသွားခဲ့ပါပြီ။

ကျွန်တော် စဉ်းစားမိတာကတော့ လက်ရှိ အာရက္ခဒေသမှာ တွေ့မြင်နေရတဲ့ စစ်ရေး၊ နိုင်ငံရေး အောင်ပွဲတွေဟာ ရိုးရှင်းတဲ့ လက်နက်ကိုင် ပုန်ကန်မှုတစ်ခုလို့ ရှုထောင့်ကျဉ်းကျဉ်းလေးကနေ ကြည့်လို့ မရတော့ပါဘူး။

အတိတ်က တော်လှန်ရေး ခေါင်းဆောင်တွေ ကျရှုံးခဲ့ရတဲ့ အမှားတွေ (Historical Mistakes) ထဲကနေ တိကျတဲ့ သင်ခန်းစာ (Monitoring Analysis) ကို ယူပြီး၊ ခေတ်သစ် အာရက္ခ နိုင်ငံရေး ဦးဆောင်သူတွေက အဆင့်မြင့်ဆုံး မဟာဗျူဟာတွေနဲ့ အသက်သွင်းနေတာ ဖြစ်ပါတယ်။

ဒီနေရာမှာအရေးကြီးတာက သူတို့ရဲ့ (Strategic Patience - မဟာဗျူဟာမြောက် စိတ်ရှည်သည်းခံမှု) နဲ့ တိတ်ဆိတ်တဲ့ ကစားကွက်တွေပါပဲ။ ကချင်ပြည်နယ် လိုင်ဇာကနေ အင်မတန် ဝေးကွာလှတဲ့ ရခိုင်ကမ်းရိုးတန်းအထိ သောင်းနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ၊ ခဲယမ်းမီးကျောက်တွေကို နှစ်နဲ့ချီပြီး တိတ်တဆိတ် သယ်ယူ စိမ့်ဝင်နိုင်ခဲ့တာဟာ သာမန် လှုပ်ရှားမှု မဟုတ်ပါဘူး။

ခေတ်သစ် စစ်ပညာနဲ့ ပထဝီနိုင်ငံရေးကို အပြည့်အဝ နားလည်တဲ့ ခေါင်းဆောင်ပိုင်းရဲ့ စနစ်ကျတဲ့ နိုင်ငံတော် တည်ဆောက်ရေး (State Formation) ခြေလှမ်းတွေပဲ ဖြစ်ပါတယ်။

ဒီနိုင်ငံရေး ရည်မှန်းချက်ရဲ့ ဗဟိုချက်မှာ လူတိုင်း ကြားဖူးနေတဲ့ "ကွန်ဖက်ဒရိတ် (Confederate)" ဆိုတဲ့ စကားလုံး ရှိပါတယ်။

၂၀၁၉ ခုနှစ်လောက်ကတည်းက မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှာ ဒီစကားလုံး ထွက်ပေါ်လာချိန်က လူတော်တော်များများက နားလည်မှု လွဲမှားခဲ့ကြတယ်။ တချို့က ဒါကို "ခွဲထွက်ခြင်း" လို့ ထင်မှတ်ခဲ့ကြတယ်။

ဒါပေမဲ့ တကယ့် နိုင်ငံရေးသိပ္ပံ သဘောတရားအရ ကွန်ဖက်ဒရိတ်ဆိုတာ တစ်စုတစ်ဖွဲ့က အားလုံးကို လက်ဝါးကြီးအုပ် ချုပ်ကိုင်တဲ့ (Coming Together Union) ပုံစံမျိုး မဟုတ်ဘဲ၊ မိမိကံကြမ္မာ မိမိ ဖန်တီးခွင့် အာဏာ အပြည့်အဝရှိတဲ့ ပြည်နယ်တွေက ဂုဏ်သိက္ခာရှိရှိ အတူတကွ ပူးပေါင်း နေထိုင်ကြတဲ့ (Holding Together Union) စနစ်ကို ဆိုလိုခြင်း ဖြစ်ပါတယ်။

လက်ရှိ အာရက္ခ ခေါင်းဆောင်ပိုင်းဟာ ဒီနိုင်ငံရေး အဆင့်အတန်းကို စာရွက်ပေါ်မှာ တောင်းဆိုနေတာ မဟုတ်ဘဲ၊ မြေပြင်မှာ ကိုယ်ပိုင် အုပ်ချုပ်ရေး ယန္တရားတွေ၊ တရားစီရင်ရေးတွေနဲ့ အခိုင်အမာ သက်သေပြနေတာဟာ အင်မတန် လက်တွေ့ကျတဲ့ (De facto State) တည်ဆောက်မှု တစ်ခုလို့ပြောရင် လူတိုင်းက “ဟုတ်တယ်” လို့ထောက်ခံကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ထို့အတူပဲ၊ "ရက္ခိတလမ်းစဉ် (The Way of Rakhita)" နဲ့ "Arakan Dream 2020" ဆိုတဲ့ အသံတွေဟာလည်း သာမန် အဖွဲ့အစည်းတွေရဲ့ လှုံ့ဆော်မှု စာသားသက်သက် မဟုတ်ပါဘူး။

အာရက္ခပြည်တွင်းမှာ နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ အတူတကွ ပူးပေါင်းပါဝင်နိုင်မယ့် အင်စတီကျူးရှင်း (Institution) အသစ်တစ်ခု တည်ဆောက်ဖို့ တွန်းအားပေးတဲ့ လူထုစိတ်ပညာ (Mass Psychology) ကိရိယာတွေလို့ပြောရင် ပိုမှန်မယ်ထင်ပါတယ်။

အတိတ်က သမိုင်းဝင် အမှားတွေကို သင်ခန်းစာယူပြီး၊ မျက်မှောက်ခေတ်မှာ နိုင်ငံရေး၊ စစ်ရေး အင်အားကို တိတ်တဆိတ် တည်ဆောက်နိုင်ခဲ့တဲ့ အာရက္ခခေါင်းဆောင်တွေဟာ အခုအခါမှာတော့ တိုင်းပြည် တည်ဆောက်ရေး (Nation Building) ဆိုတဲ့ ပိုမို ကြီးမားတဲ့ ပထဝီနိုင်ငံရေး ကစားပွဲကြီးပေါ်ကို တက်လှမ်းလာခဲ့ပါပြီ။

နောက်ထပ် အရေးကြီးတဲ့အချက်တစ်ခုကတော့ အဝေးရောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အဓိက ဇာတ်ကောင် (Main Actor) အဖြစ် အသိအမှတ်ပြုပေမယ့်၊ ယုံကြည်မှု တည်ဆောက်ရေးမှာ အလုပ်နဲ့ သက်သေပြဖို့ လိုအပ်သေးကြောင်း ပွင့်ပွင့်လင်းလင်း ထောက်ပြခဲ့တယ်။

ဒါဟာ မဟာမိတ်ကို မျက်စိမှိတ် ထောက်ခံတာမျိုး မဟုတ်ဘဲ၊ သမိုင်းသင်ခန်းစာတွေအရ အကျိုးစီးပွားနဲ့ လုပ်ရပ်ကိုသာ အခြေခံတဲ့ (Interest-based Alliance) တည်ဆောက်မှုမျိုး ဖြစ်ပါတယ်။

ချင်းပြည်နယ်က ဝိတိုရိယတောင်ထိပ်မှာ ချင်းအလံ လွှင့်ထူနိုင်အောင် ကူညီမယ်ဆိုတဲ့ ကတိစကားကို ၄ နှစ်အကြာမှာ လက်တွေ့ အကောင်အထည်ဖော် ပေးခဲ့တာကလည်း သူတို့ရဲ့ နိုင်ငံရေး ဩဇာကို ပြည်မနဲ့ တောင်တန်းဒေသတွေအထိ မသိမသာ ဖြန့်ကျက်လိုက်တဲ့ မဟာဗျူဟာမြောက် ခြေလှမ်း (Strategic Expansion) အဖြစ်မြင်ပါတယ်။

ဒါပေမဲ့ အာရက္ခ အင်အားစုသစ်အတွက် အကြီးမားဆုံး သံတမန်ရေးရာ စမ်းသပ်မှုကတော့ နိုင်ငံတကာက စောင့်ကြည့်နေတဲ့ အကဲဆတ်လှတဲ့ "မူ ~ အရေး" ပါပဲ။ ဘူးသီးတောင်၊ မောင်တော ဒေသတွေမှာ အုပ်ချုပ်ရေး ယန္တရား ပြောင်းလဲချိန် နိုင်ငံတကာရောက် အသိုင်းအဝိုင်း (Diaspora Community) တွေရဲ့ ပြင်းထန်တဲ့ စွပ်စွဲချက်တွေ၊ ဖိအားတွေ အကြီးအကျယ် ထွက်ပေါ်လာခဲ့တယ်။

ဒီလိုနိုင်ငံတကာ ဖိအားတွေကို ရင်ဆိုင်ရာမှာ အာရက္ခ ခေါင်းဆောင်ပိုင်းဟာ အင်မတန် ပါးနပ်တဲ့ "အုပ်ချုပ်ရေးဆိုင်ရာ တန်ပြန်ခုခံမှု (Administrative Counter-Strategy)" ကို သုံးသွားတယ်လို့ မြင်ပါတယ်။

စွပ်စွဲချက်တွေကို စကားနဲ့ချည်း ငြင်းဆိုနေတာထက်၊ သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တရားစီရင်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ လုံခြုံရေး ယန္တရားတွေထဲအထိ ဒေသခံ လူနည်းစုတွေကိုပါ တိုက်ရိုက် ထည့်သွင်း ခန့်အပ်ပြီး လက်တွေ့ သက်သေပြတဲ့ နည်းလမ်းကို ရွေးချယ်ခဲ့တယ်။

လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေနဲ့ လောင်ကျွမ်းခဲ့ဖူးတဲ့ မြေပေါ်မှာ၊ လူ့အခွင့်အရေးနဲ့ နိုင်ငံသား အခွင့်အရေးကို အခြေခံတဲ့ (Institution) အသစ်တစ်ခု တည်ဆောက်နေကြောင်း နိုင်ငံတကာ (အထူးသဖြင့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အနောက်အုပ်စု) ကို တိတ်တဆိတ် သတင်းစကားပါးလိုက်တာပဲ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေးကို မူအားဖြင့် ထောက်ခံကြောင်း သံတမန်ဆန်ဆန် ဖြေဆိုမှုတွေကလည်း ဒီပထဝီနိုင်ငံရေး ကစားကွက်ရဲ့ အစိတ်အပိုင်းတွေပါပဲ။

အချုပ်အားဖြင့် ကြည့်ရင် အခုမျက်မှောက်ခေတ် အာရက္ခရဲ့ အရွေ့ဟာ သာမန် နယ်မြေသိမ်းပိုက်မှု အဆင့်ကို ကျော်လွန်သွားပါပြီ။ နိုင်ငံရေး တန်းတူညီမျှမှု (Political Equality) နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self Determination) ကို အခြေခံတဲ့ နိုင်ငံတော် တည်ဆောက်မှု (State Formation) အစီအမံသစ်တွေကို မြေပြင်မှာ အသက်သွင်းနေတာ ဖြစ်ပါတယ်။

အချိန်တန်လို့ ဒီပထဝီနိုင်ငံရေး မုန်တိုင်းကြီး ငြိမ်သက်သွားပြီး စစ်ရေးနဲ့ နိုင်ငံရေး အာဏာမြေပုံအသစ်ကြီး အပြီးသတ် ရေးဆွဲပြီးသွားတဲ့အခါ... "အပြောထက် လက်တွေ့လုပ်ရအောင်" ဆိုတဲ့ ဒီခေတ်သစ် အင်အားစုတွေရဲ့ လက်တွေ့ကျကျ ခြေလှမ်းတွေဟာ... မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးလှတဲ့ ပဋိပက္ခ သမိုင်းကို အဆုံးသတ်ပေးမယ့် သော့ချက်တစ်ခု ဖြစ်လာမလား။

“ မိတ်ဆွေတို့ရဲ့ သုံးသပ်ချက် အမြင်တွေကို Comment မှာဆွေးနွေးပေးခဲ့နိုင်ပါတယ် ”

[Editorial & Policy Disclaimer] This article is published strictly for educational and geopolitical analysis purposes. All strategic assessments, historical comparisons, and observations regarding regional policies and armed conflicts are derived entirely from independent political analysis and public records. AK Channel maintains strict political neutrality and does not endorse, praise, or promote any armed organizations, violence, or conflicts. Our sole objective is to provide objective, analytical insights into regional power dynamics.

Want your school to be the top-listed School/college in Manhattan?

Click here to claim your Sponsored Listing.

Location

Website

Address

New York
Manhattan, NY