Hsu May Maung - The Loan Officer & Realtor

Hsu May Maung - The Loan Officer & Realtor Your All-in-one Real Estate Resource!

🇲🇲🇺🇸
(1)

08/21/2026

US မှာ ချေးငွေနဲ့ အိမ်ဝယ်တဲ့အခါ တွေ့ရများတဲ့ Down Payment Assistance Program ( 3 ) မျိုးအကြောင်း🏘❔

ဆုမေမောင်
Loan Officer & Realtor
📞 682-492-8600
[email protected]

08/20/2026

Texas ပြည်နယ်မှာ $300,000 အောက် New Construction မေးထားလို့ ပြပေးတာပါရှင်။

လက်ရှိ ဒီ Community မှာ No Down Payment Program ရှိပါတယ်။
FHA - 3.5% Down Payment ပေးပါတယ်။
3 years forgivable - အိမ်မှာ ၃ နှစ်နေပြီးရင် ပြန်ဆပ်စရာမလိုတဲ့ Down Payment Program ပါ။
Closing costs အတွက် $12,500 ပေးပါမယ်။ Builder ရဲ့ Lender DHI Mortgage ကို အသုံးပြုရပါမယ်။
အတိုးနှုန်းက 5.75% နှစ် ၃၀ Fixed rate ဖြစ်ပါတယ်။ ( 9 လပိုင်း ကုန် မတိုင်ခင် Closeရပါမယ် ။)

အကယ်၍ Down Payment Assistance မလိုရင်တော့
FHA / VA - 4.99%
Conventional - 5.5% ပါ။
Closing costs အတွက် $12,500 ပေးပါမယ်။ Builder ရဲ့ Lender DHI Mortgage ကို အသုံးပြုရပါမယ်။

အသေးစိတ်သိချင်ရင် ကျွန်မရဲ့ ဖုန်း📞 682-492-8600 ကို ဆက်သွယ်ပေးပါရှင်။

ဆုမေမောင်
Loan Officer & Realtor
📞 682-492-8600
[email protected]

Meeting this pretty one in person for the first time was such a joy! Thank you for the yummy lunch, Van. Looking forward...
08/19/2026

Meeting this pretty one in person for the first time was such a joy! Thank you for the yummy lunch, Van. Looking forward to working together! 💕🏠

Biaku Par - Realtor & Mortgage Loan Officer

08/19/2026

US မှာ Real Estate Agent လုပ်ဖို့ စဉ်းစားထားသူတွေအတွက်
License ရတဲ့ အထိ ကုန်ကျစရိတ်ဘယ်လောက်ရှိလဲ❔🏘

ပြီးတော့ Loan Officer နဲ့ Real Estate Agent ဘယ်သူတွေက ဘာတာဝန်ယူထားလဲ။


ဆုမေမောင်
Loan Officer & Realtor
📞 682-492-8600
[email protected]

08/18/2026

US မှာ First-time homebuyer ( ပထမဆုံးအိမ်ဝယ်ယူသူ) တွေရဲ့ Median Age 🏘❔

2025 ခုနှစ် မှာ Median Age က 40 နှစ်အထိ စံချိန်တင်မြင့်တက်လာခဲ့ပါတယ်။

🏘အိမ်ဝယ်ယူသူတွေရဲ့ 88% က Agent သို့ အိမ်အကျိုးဆောင် နဲ့ အိမ်ရှာကြတယ်။

🏘အိမ်ဝယ်ယူသူတွေရဲ့ 91% က သူတို့ရဲ့ အရင်က လက်တွဲအလုပ်လုပ်ခဲ့တဲ့ Agent ကိုပဲ သုံးပြီး နောက်ထပ်အိမ်တွေရှာကြတယ်။ တခြားသူတွေကို Recommend လုပ်ကြတယ်။

🏘အိမ်ရောင်းသူတွေရဲ့ 91% က Agent သို့ အိမ်အကျိုးဆောင် နဲ့ အိမ်ရောင်းကြတယ်။

Source : National Association of Realtors

ဆုမေမောင်
Loan Officer
NMLS - 2756908
📞 682-492-8600
[email protected]

08/17/2026

US မှာ $450,000 တန်ဖိုးရှိ အိမ်လေးကို ချေးငွေနဲ့ ဝယ်ဖို့ တစ်လဝင်ငွေ ဘယ်လောက်ရှိဖို့ လိုလဲ။🏘❔
လစဉ် အိမ် Payment ဘယ်လောက်ပေးရမလဲ။ ❔

(Disclaimer - မိမိဝယ်မယ့် ပြည်နယ်၊ အိမ်အနေအထား၊ Credit score၊ Down Payment ၊ Loan Program ပေါ်မူတည်ပြီး အတိုးနှုန်း, Property taxes, HOA , HOI နဲ့ PMI တွေ ပြောင်းလဲနိုင်ပါတယ်ရှင်)

ဆုမေမောင်
Loan Officer
NMLS - 2756908
📞 682-492-8600
[email protected]

US မှာ Credit Score တည်ဆောက်ဖို့ Annual Fee ပေးစရာမလို Approve ဖြစ်လွယ်တဲ့ Credit card (၃) မျိုး 💳1. Discover Credit Car...
08/16/2026

US မှာ Credit Score တည်ဆောက်ဖို့
Annual Fee ပေးစရာမလို Approve ဖြစ်လွယ်တဲ့ Credit card (၃) မျိုး 💳

1. Discover Credit Card
2. Capital One Credit Card
3. Citi Credit Card

ဒီ ( ၃ ) ကတ်ကတော့ ကျွန်မကိုယ်တိုင်သုံးနေပြီး အဆင်ပြေတဲ့ Card တွေပါ။

✅မိမိနာမည်
✅Social Security card number
✅မွေးနေ့
✅နေရပ်လိပ်စာ
✅အလုပ်အကိုင်နဲ့
✅ဝင်ငွေနဲ့ ပတ်သတ်တဲ့ Info တွေဖြည့်ပြီး ဒီ Link ကနေ တဆင့် လျှောက်လို့ရပါတယ်။

Discover Credit card လျှောက်ရန် -
https://refer.discover.com/s/myomyintngytuep?advocate.partner_share_id=5148363953

Capital One Credit Card လျှောက်ရန် -
https://i.capitalone.com/GCcq8Svui

Citi Credit Card လျှောက်ရန် -
https://www.citi.com/credit-cards/citi-diamond-preferred-credit-card?

အဓိက , ကတော့
🔹အမြဲတမ်း Credit Card payment မှန်မှန်ပေးဖို့
🔹Credit Limit ရတိုင်း မသုံးပဲ 30% အောက်ပဲ ထားသုံးဖို့
🔹ကိုယ့် Budget နဲ့ကိုယ် သုံးဖို့
🔹Credit Statement တွေ ပုံမှန်ဝင်စစ်ဖို့

ဒါတွေသေချာ လုပ်ဖြစ်မယ်ဆိုရင်တော့ Credit Card သုံးတာ Credit score တက်စေပြီး reward တွေလည်း ရတာမို့ သုံးပျော်တယ်ရှင်
ပြီးတော့ Credit card တွေမှာ 0% Intro APR ရှိတယ်။
Discover & Capital One ကတ်ဆို ၁၅ လ အတိုးပေးစရာ မလို။
Citi ကတ်ဆို ၁၂ လ အတိုးပေးစရာ မလိုဘဲ သုံးလို့ရတယ်ရှင်။

US မှာ အိမ်ချေးငွေနဲ့ ပတ်သက်လို့ တိုင်ပင်ချင်ရင် ဖုန်း📞 682-492-8600 ကို ဆက်သွယ်လို့ရတယ်ရှင်။ ဖုန်းမကိုင်ဖြစ်ရင် Message ပို့ထားလို့ ရပါတယ်။အားလုံးကို ပြန်ဆက်သွယ်ပါမယ်ရှင်။
🏠

ဆုမေမောင်
Loan Officer
NMLS - 2756908
📞 682-492-8600
[email protected]

March 2026 Redfin Analysis အရ US မှာအိမ်ဝယ်သူတွေရဲ့ 28.8% ကသာ ချေးငွေမပါဘဲ အိမ်ဝယ်ကြတယ်။US ရောက်ပြီး ၂ နှစ် ၃ နှစ်ဝန်းကျ...
08/15/2026

March 2026 Redfin Analysis အရ
US မှာအိမ်ဝယ်သူတွေရဲ့ 28.8% ကသာ ချေးငွေမပါဘဲ အိမ်ဝယ်ကြတယ်။

US ရောက်ပြီး ၂ နှစ် ၃ နှစ်ဝန်းကျင်ဆို
အများစုက အိမ်တွေ / ကားတွေ ဝယ်နိုင်ကြတဲ့အခါ
အပေါ်ယံကိုပဲ တွေ့တဲ့အများစုက
US ရောက်ရင် အရမ်းအဆင်ပြေသွားကြပြီလို့ ထင်ကြတယ်။

ဒီလို အိမ်တွေကားတွေဝယ်နိုင်တာက
US ရဲ့ Credit system ကြောင့်ရော
ကာကွယ်ပေးထားတဲ့ Federal Law တွေကြောင့် မို့ပါ။

US မှာ Credit system ခိုင်မာတော့
ဒေါ်လာ ၄ သိန်းခွဲ အိမ်ဝယ်ဖို့ ဘဏ်မှာ ၄ သိန်းခွဲ ဖြစ်တဲ့ထိ
စောင့်စရာ မလိုဘူး။

ဒေါ်လာ ၃ သောင်းတန် ကားဝယ်ဖို့ ဘဏ်မှာ ၃ သောင်း ဖြစ်တဲ့ထိ
စောင့်စရာ မလိုဘူး။

Proof of income (ဝင်ငွေ)
Credit score
Asset (လက်ရှိစုဆောင်းငွေ)
ဒါတွေကို ကြည့်ပြီး Down Payment 3% ကစလို့ အိမ်ချေးငွေယူလို့ရတဲ့ Program တွေ

US မှာ အလုပ်အကိုင်မရှိရင်တောင်
Down Payment 20% ရှိ
Credit score ကောင်းရင်
ယူလို့ ရတဲ့ Loan Program တွေရှိပါတယ်။

နောက်တစ်ခုက အိမ်ဝယ်တဲ့အခါ လူမျိုး၊ ဘာသာရေး စတာတွေနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံတာမျိုး လုံးဝလုပ်လို့မရအောင်

ECOA ( Equal Credit Opportunity Act - တန်းတူညီမျှချေးငွေရယူခွင့် ဥပဒေ) နဲ့
Fair Housing Act ( တရားမျှတသော အိမ်ရာဥပဒေ)
ဒီ ဥပဒေ (၂) ခုနဲ့ တင်းတင်းကျပ်ကျပ် ကာကွယ်ပေးထားပါတယ်။

Equal Credit Opportunity Act
S*x လိင်
Race လူမျိုး
Religion ဘာသာ
Color အသားအရောင်
National Origin နိုင်ငံ
Age အသက်
Marital Status အိမ်ထောင်ရေးအခြေအနေ
Public Assistance အစိုးရထောက်ပံ့မှုရယူနေခြင်း

Fair Housing Act
S*x လိင်
Race လူမျိုး
Religion ဘာသာ
Color အသားအရောင်
National Origin နိုင်ငံ
Disability/ Handicap မသန်စွမ်းသူ
Familial Status မိသားစုအခြေအနေ

ဒီလိုအရာတွေနဲ့ ပတ်သက်ပြီး အိမ်ဝယ် အိမ်ငှားပဲဖြစ်ဖြစ် ချေးငွေ ယူတဲ့အခါမှာပဲဖြစ်ဖြစ် ခွဲခြားဆက်ဆံလို့ မရပါဘူး။

ဒါပေမယ့်လည်း US မှာ အိမ်ပိုင်ရှင်တစ်ယောက်ဖြစ်လာတဲ့အခါ
ငွေရေးကြေးရေးဆိုင်ရာ တာဝန်ယူမှုတွေ Commitment ပါ လိုက်လာပါတယ်။

အများစုက နှစ် ၃၀ အိမ်ချေးငွေနဲ့ ဝယ်ထားတဲ့အတွက်
လစဉ် အိမ်အရင်း၊ အတိုး၊ အိမ်ခြံမြေခွန်၊ အိမ်အာမခံ၊ HOA၊ Down Payment ပေါ်မူတည်ပြီး Mortgage Insurance
လစဉ် Utilities ( ရေ ၊ Gas ၊ လျှပ်စစ်၊ အင်တာနက်၊ အမှိုက် စသဖြင့်)
ဒါ့အပြင် အခြားပြုပြင်ထိန်းသိမ်းရမယ့် အရာတွေ ( Emergency Repairs )တွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။

ဆုမေမောင်
Loan Officer
NMLS - 2756908
📞 682-492-8600
[email protected]

US မှာ ချေးငွေနဲ့ အိမ်ဝယ်ဖို့ စဉ်းစားထားသူများအတွက် သိထားသင့်သော Mortgage Term အတိုကောက် များ🏘📚ဆုမေမောင်Loan OfficerNMLS...
08/13/2026

US မှာ ချေးငွေနဲ့ အိမ်ဝယ်ဖို့ စဉ်းစားထားသူများအတွက်
သိထားသင့်သော Mortgage Term အတိုကောက် များ🏘📚

ဆုမေမောင်
Loan Officer
NMLS - 2756908
📞 682-492-8600
[email protected]

Address

Denver, CO

Alerts

Be the first to know and let us send you an email when Hsu May Maung - The Loan Officer & Realtor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Featured

Share