05/21/2026
US မှာ ချေးငွေနဲ့ အိမ်ဝယ်ချင်ပေမယ့်
❎အလုပ်မရှိဘူး/ အလုပ်ရှိပေမယ့် အလုပ်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းမပြနိုင်ဘူး
❎အလုပ်နယ်ပယ် (Line of work) မတူတဲ့ အလုပ်ကို ပြောင်းထားတာ မကြာသေးဘူး
(ဥပမာ - အရင်က Nurse လုပ်ခဲ့ပြီး အခု Real Estate Agent လုပ်နေတာမျိုး)
ဒီလို အခြေအနေတွေအတွက် Tax Return/ Paystubs/ W2 လုံးဝပြစရာမလိုတဲ့ No Ratio Loan Program ရှိပါတယ်။
✅Primary home အဓိက နေတဲ့ အိမ်ဖြစ်ရမယ်။
✅30 years fixed interest rate
✅Prepayment Penalty မရှိဘူး ။ ( Mortgage ကို စောစောအကြေဆပ်လိုက်လို့ ဒဏ်ကြေးမပေးရဘူး။)
✅Credit card Account ဖွင့်ထားတာ ၂၄ လ ကျော် ရင် Credit account 1 ခုနဲ့ ရ
✅Credit card Account ဖွင့်ထားတာ ၁၂ လ ကျော်ပဲ ရှိသေးရင် Credit account 2 ခု ရှိရပါမယ်။
Down Payment အတွက် ကြိုပြင်ဆင်ထားဖို့ လိုပါတယ်။
ဥပမာ -
$500,000 တန်ဖိုးရှိအိမ်ဝယ်ဖို့ ဆို
Credit score - 720+ဆိုရင် - 20% Down Payment - $100,000
Credit score -680+ဆိုရင် - 25% Down Payment - $125,000
Credit score -660+ဆိုရင် - 30% Down Payment - $150,000
Credit score -640+ဆိုရင် - 35% Down Payment - $175,000
အတိုးနှုန်းမြင့်ပါတယ်။ 8%-9% ဝန်းကျင်ရှိပါတယ်ရှင်။
Reserve ( အရန်ငွေ) အတွက်လည်း Bank Account မှာ အဆင်သင့်ရှိနေဖို့ လိုပါတယ်။
ဥပမာ -
အိမ်လစဉ် Payment က - $4,000 ဆိုရင်
20% Down Payment ဆို - ၉ လစာ ($36,000)
25% Down Payment ဆို - ၆ လစာ ($24,000)
30% Down Payment ဆို - ၆ လစာ ($24,000)
35% Down Payment ဆို - ၆ လစာ ($24,000)
ဆုမေမောင်
Loan Officer
NMLS - 2756908
📞 9189555523
[email protected]
05/19/2026
H Mart Haltom City ဘယ်လောက်တောင် ဖွင့်စေချင်ကြလဲဆို
ဆိုင်တောင်မဖွင့် ရသေးဘူး Review တွေက တက်နေပြီ😬
ဒီဆိုင်မဖွင့်သေးတော့ အမြဲ Carrollton က H mart မှာ သွားဝယ်ရတာ
ဒီဆိုင်ဖွင့်ရင် 13 miles လောက်ပဲ ဝေးတော့တယ်။
2026 September လကုန် Construction ပြီးမယ်လို့ တော့ သတင်းတွေမှာ တွေ့တယ်ရှင်။
05/16/2026
Newsfeed မှာ Walmart က
နန်းစိန် Cake ဆိုပြီး တွေ့နေတာ ကြာပြီ
ဒီနေ့မှ စမ်းဖြစ်တယ်
အချိုမကဲဘူး စားကောင်းတယ်ရှင်
Coffee , လက်ဖက်ရည်နဲ့ တော်တော်လိုက်တယ်။
$5.17 မို့စျေးလည်းမဆိုးဘူးရှင်
05/15/2026
Texas ပြည်နယ်ကို ပြောင်းလာဖို့ စိတ်ဝင်စားတယ်။ Texas မှာ နေရတာ ဘယ်လိုလဲ လို့ ခဏခဏ မေးကြတယ်။
၁။ ရာသီဥတု
ပူတယ်။ ရာသီဥတု အပြောင်းအလဲ မြန်တယ်။ နှင်းကျတာ မကြိုက်ဘူး။ ရာသီဥတုအေးတာ မခံနိုင်ဘူး။ ပူတာ ခံနိုင်တယ်ဆိုရင်တော့ အဆင်ပြေတယ်။ ရာသီဥတုကတော့ ဒီနေ့ နေပူကျစ်တောက် နောက်နေ့ကျ သူမဟုတ်သလို အေးနေပြန်ရော။ တချို့နေ့တွေဆို မနက်ခင်းကျ Heater ဖွင့်ရပြီး နေ့လယ်ကျတော့ Aircon ပြန်ဖွင့်ရပြန်ရော ။ ရာသီဥတုက အဲ့လိုကို အပြောင်းအလဲမြန်တယ်။
၂။ အိမ်ဈေး
အိမ်ဝယ်မယ်ဆို အိမ်စျေးက Affordable ဖြစ်ပေမယ့် Property Tax များတယ် ။ဒါပေမယ့် အခွန်လျော့အောင် Primary home အတွက်ဆို Homestead exemption လျှောက်လို့ရတယ်။ State Income Tax မရှိဘူး။
၃။ Texan Pride
Texas က လူတွေက သူတို့ပြည်နယ်ကို တော်တော်ချစ်ပြီး Texan ဖြစ်ရတာ ဂုဏ်ယူကြတယ်။ Walmart ချင်းတူရင်တောင် Texas က Walmart က Texas အလံတွေ နဲ့ ပြည့်နေတာ Texas ပြည်နယ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ဂုဏ်ယူစွာ ရောင်းတာတွေ့ရတယ်။
၄။ Transportation
ကားမရှိရင် အဆင်မပြေဘူး။ ကားမောင်းကြမ်းတယ်။ တနေရာနဲ့ တနေရာ သွားရတာ ဝေးတယ်။ Texas ပြည်နယ်က US မှာ ဒုတိယအကြီးဆုံးပြည်နယ်ဖြစ်တယ်။ ဒီမှာ သူတို့ပြောကြတဲ့စကားရှိတယ်။ “You can drive all day and still be in Texas”. Texas မှာနေတာကြာရင် 30 mins drive ဆို နီးတယ်လို့ ယူဆလို့ရပြီ။
၅။Diverse community
လူမျိုးစုံတယ်။ Hispanic community များတယ်။ Asian နဲ့ African American community တွေလည်းတွေ့ရတယ်။ English အပြင် Spanish သုံးတဲ့သူတွေများတယ်။ ကျွန်မကို ဆက်သွယ်လာသူတွေကို ကြည့်ရင် မြန်မာလူမျိုးတွေက Dallas-Fort Worth, Austin, Houston အပြင် Lewisville, Carrollton နဲ့ Plano မှာ အနေများကြတယ်ရှင်။
ဒီလောက်ပါပဲရှင်။ ရေးဖို့ကျန်ခဲ့တဲ့ အချက်တွေရှိရင်လည်း Comment မှာ ထပ်ဖြည့်သွားပေးလို့ ရတယ်ရှင်။
ဆုမေမောင်
Loan Officer
NMLS-2756908
9189555523
[email protected]