11/17/2025
"လူသားတွေဆိုတာက မွေးရာပါ လူမှုရေးသတ္တဝါတွေဖြစ်ပါတယ်၊ တခြားလူတွေနဲ့ ပြောဆိုဆက်ဆံတာတွေ interaction လုပ်တာတွေက စိတ်ဖိစီးတာတွေကို လျော့ကျစေပြီး ပိုပြီးကျန်းမာစေပါသတဲ့"
English လိုကတော့
"We are inherently social creatures and interactions with others help us overcome depression and be healthier."
(Better Small Talk by Patrick King)
မနေ့က ဖတ်မိတာလေးပါ အတော်လေး တိုက်ဆိုင်နေလို့
နိုင်ငံခြားမှာနေတဲ့သူတွေအတွက်ဖြစ်ဖြစ် အလုပ်ကို ဖိဖိစီးစီးလုပ်နေရတဲ့ သူတွေအတွက်ပဲဖြစ်ဖြစ် အကျိုးရှိမယ့် စာတိုလေးပါ
ခုနောက်ပိုင်း လူငယ်တွေရော ၃၀ကျော် အပိုင်းအခြားလူတွေပါ အလုပ်ကြောင့်၊ ခေတ်ပြောင်းလဲတာတွေကြောင့် အေးအေးဆေးဆေး တစ်ယောက်တည်း နေချင်ကြတဲ့သူတွေ ပိုများလာကြပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ကိုတောင် အားယူနေကြရတာတွေက စိတ်ကျန်းမာရေးပိုင်းမှာ အားနည်းလာတဲ့ နိမိတ်တွေဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ လူသားတွေအတွက် က human interaction ဆိုတာ တကယ်ကို လိုအပ်တယ်ဆိုတာ depression ဝင်ဖူးသူတိုင်း ကြုံဖူးတဲ့သူတိုင်း သိကြပါတယ်။
Community နဲ့ နေတဲ့သူတွေကို ကြည့်လိုက်ရင် depression ဆိုတာ သူတို့နဲ့ဘာမှ မဆိုင်သလိုပါပဲ။ ဒီစာတိုလေးကိုဖတ်မိတော့ ပိုပြီး အထောက်အထား ပိုပြီး ခိုင်မာသွားပါပြီ...
တစ်ယောက်ထဲနေတာ လှုပ်ရှားနေတာကြာပြီဆိုရင် လူမှုရေးလုပ်ဖို့ အချိန်ရောက်ပါပြီ လို့ သတိရကြပြီး ကိုယ့်မိသားစု၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပြန်ပြီ အဆက်အသွယ်လုပ်ကြရအောင်ပါ။
Let's overcome depression with human interactions.
#စာတိုက်