11/17/2025
"လူသားတွေဆိုတာက မွေးရာပါ လူမှုရေးသတ္တဝါတွေဖြစ်ပါတယ်၊ တခြားလူတွေနဲ့ ပြောဆိုဆက်ဆံတာတွေ interaction လုပ်တာတွေက စိတ်ဖိစီးတာတွေကို လျော့ကျစေပြီး ပိုပြီးကျန်းမာစေပါသတဲ့"
English လိုကတော့
"We are inherently social creatures and interactions with others help us overcome depression and be healthier."
(Better Small Talk by Patrick King)
မနေ့က ဖတ်မိတာလေးပါ အတော်လေး တိုက်ဆိုင်နေလို့
နိုင်ငံခြားမှာနေတဲ့သူတွေအတွက်ဖြစ်ဖြစ် အလုပ်ကို ဖိဖိစီးစီးလုပ်နေရတဲ့ သူတွေအတွက်ပဲဖြစ်ဖြစ် အကျိုးရှိမယ့် စာတိုလေးပါ
ခုနောက်ပိုင်း လူငယ်တွေရော ၃၀ကျော် အပိုင်းအခြားလူတွေပါ အလုပ်ကြောင့်၊ ခေတ်ပြောင်းလဲတာတွေကြောင့် အေးအေးဆေးဆေး တစ်ယောက်တည်း နေချင်ကြတဲ့သူတွေ ပိုများလာကြပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ကိုတောင် အားယူနေကြရတာတွေက စိတ်ကျန်းမာရေးပိုင်းမှာ အားနည်းလာတဲ့ နိမိတ်တွေဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ လူသားတွေအတွက် က human interaction ဆိုတာ တကယ်ကို လိုအပ်တယ်ဆိုတာ depression ဝင်ဖူးသူတိုင်း ကြုံဖူးတဲ့သူတိုင်း သိကြပါတယ်။
Community နဲ့ နေတဲ့သူတွေကို ကြည့်လိုက်ရင် depression ဆိုတာ သူတို့နဲ့ဘာမှ မဆိုင်သလိုပါပဲ။ ဒီစာတိုလေးကိုဖတ်မိတော့ ပိုပြီး အထောက်အထား ပိုပြီး ခိုင်မာသွားပါပြီ...
တစ်ယောက်ထဲနေတာ လှုပ်ရှားနေတာကြာပြီဆိုရင် လူမှုရေးလုပ်ဖို့ အချိန်ရောက်ပါပြီ လို့ သတိရကြပြီး ကိုယ့်မိသားစု၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပြန်ပြီ အဆက်အသွယ်လုပ်ကြရအောင်ပါ။
Let's overcome depression with human interactions.
#စာတိုက်
11/02/2025
Halloween ကိုဘာကြောင့် ကျင်းပကြတာလဲ⁉️
Oct 31 ရက်နေ့မှာပဲ လောလောလတ်လတ် Halloween 👻👿ဆိုတဲ့ သရဲပွဲတော်ကြီးကို ကျင်းပထားကြတာဆိုတော့ ဘာကြောင့် ကျင်းပရသလဲဆိုတာကို အကျမ်းဖျင်း google ခေါက် လေ့လာကြည့်မိတယ်
ရှေးတုန်းက ယဥ်ကျေးမှုအယူအဆနဲ့ ဘာသာရေး ထုံးတမ်းအစဥ်အလာတွေ ကြောင့် ဖြစ်လာခဲ့တာဆိုပေမယ့် ဒီနေ့ခေတ်မှာတော့ အပျော်တမ်းပွဲ အနေနဲ့သာ ဆင်နွဲလာကြပါပြီ..
ဒီသရဲပွဲတော်က လွန်ခဲ့တဲ့ နှစ် ၂၀၀၀လောက်က အိုင်ယာလန်၊ ယူကေနဲ့ ပြင်သစ်နိုင်ငံမြောက်ပိုင်း ဒေသတွေမှာ ကောက်သစ်ရိတ်သိမ်းပြီး ဆောင်းအဝင်မှာ ကျင်းပလေ့ရှိတဲ့ ပွဲတော် တစ်ခု ဖြစ်ပါတယ်၊ သူတို့တွေရဲ့ အယူအဆ အရ သေသွားတဲ့ သူတွေရဲ့ ဝိညာဥ်တွေက အဲ့ဒီညမှာ လူနေအိမ်ခြေတွေထဲ လှုပ်ရှားသွားလာခွင့် ရှိပြီး အန္တရာယ်ပေးနိုင်တယ်လို့ ယုံကြည်ကြတာကြောင့် သရဲတွေပုံစံနဲ့ ဝတ်ဆင်သွားလာကြပြီး အိမ်တွေကိုလည်း ကြောက်စရာ ပရောဂဆန်ဆန် ပြောင်းလဲဖန်းတီးကြပါတယ်၊ အိမ်ရှေ့တွေမှာ ထင်းမီးတွေမွေးထားကြတတ်ပါတယ်၊ အဲ့ဒီလို လုပ်ခြင်းက သူတို့တွေကို သရဲတွေနဲ့ ဆင်တူယိုးမှား ဖြစ်စေပြီး သရဲရန်ကနေ ကာကွယ်ပေးမယ်လို့ ယုံကြည်ထားကြတာပါ၊
တဖက်မှာလည်း ခရစ်ယာန် ဘာသာရေး ယုံကြည်မှုအရ နိုဝင်ဘာ ၁ရက်နေ့ကို ကွယ်လွန်သွားတဲ့ သူတော်စင်တွေကို ဂုဏ်ပြုတဲ့ နေ့ အနေနဲ့ သတ်မှတ်ထားတဲ့အတွက် အဲ့ဒီနေ့ မတိုင်ခင် တစ်ညကို All Hallow's Eve ဆိုပြီး ခေါ်ရာကနေ နောက်ပိုင်းမှာ halloween ဆိုပြီး အခေါ်အဝေါ်တွေပြောင်းယုံတင် မကပဲ Trick or Treat ဆိုတဲ့ တစ်အိမ်ဝင် တစ်အိမ်ထွက် မုန့်တွေ သကြားလုံးတွေ ချောကလက်တွေ လိုက်ကောက်တဲ့ ဓလေ့တွေကိုပါ ဖန်တီးလာကြတာပါ။
ခုခေတ်မှာတော့ ထုံးတမ်းအစဥ်အလာ ဆိုတာထက် အဝတ်အစားတွေ အလေးထားတဲ့ ပျော်ပွဲရွှင်ပွဲ ကြီးတစ်ခု အနေနဲ့သာ ကျင်းပလာကြပါပြီ...
Trick or Treat က မြန်မာနိုင်ငံမှာဆိုရင်တော့ တန်ဆောင်မုန်းလပြည့်ည (ရှမ်းမြောက်နယ်အခေါ်ဆိုရင်တော့ သူခိုးညပေါ့ ) မှာ လိုပဲ ရပ်ကွက်ထဲက မုန့်ကျွေးတဲ့ အိမ်တွေမှာ မုန့်လိုက်စား ပိုက်ဆံကျဲပါဗျို့ ဆိုပြီး ပိုက်ဆံလိုက်ကောက်တဲ့ ညတွေလိုပါပဲ...
ယှဥ်လို့တော့ မရပါဘူး စေတနာမှာ မြန်မာက ပိုသာပါတယ်...
အားလုံးပဲ အသိတစ်ခုတိုးပါစေလို့ ရည်ရွယ်ပါတယ်။👻💀
#ဟောလိုဝင်း #အဓိပ္ပါယ်
10/19/2025
💑ခေတ်သစ် အချစ်ရေး Moderan Romance အပိုင်းဆက် 🫀
🍀လူတွေထဲမှာ လက်တွဲဖော်နဲ့မှ အရာရာပြည့်စုံတယ်လို့ ခံစားရတဲ့သူတွေက သူတို့ရဲ့ ချစ်သူအပေါ်မှာ စိတ်ရှည်သည်းခံမှုတွေ၊ ငွေကြေးနဲ့ အချိန်ရက်ရောတာတွေအပြင် သူတို့ရဲ့ အစွမ်းအစအပြည့်နဲ့ ရေရှည်ဘဝခရီးကို ပုံဖော်တည်ဆောက်ကြပါတယ်။ သူတို့တွေကတော့ ကိုယ်ချစ်ရတဲ့ချစ်သူ ရဲ့ အပြောအဆို မျော်လင့်ချက်တွေအပေါ်မှာ မူတည်ပြီး သူတို့ဘဝနဲ့ ကိုယ်ကျင့်တရားတွေကို ပြောင်းလဲဖို့ ဝန်မလေးကြတဲ့သူတွေ ဖြစ်သလို သာယာတဲ့ အိမ်ထောင်မိသားစု တစ်ခုတည်ဆောက် ဖို့ အဆင်သင့် ဖြစ်နေကြတဲ့ သူတွေပါ။ နောက်လူတစ်မျိုးကတော့ ရေရှည်မဟုတ်တဲ့ ပျော်ရွှင်မှုတွေ အချစ်တွေကို ခုံမင်တယ်၊ မတူညီတဲ့ အလှအပတွေကို ခံစားမယ် တစ်ယောက်ပြီးတစ်ယောက် နဲ့ ချစ်ကြိုက်မယ်၊ ချစ်ခြင်းမေတ္တာ အတွေ့အကြုံတွေစုဆောင်းပြီး ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းမယ် ဆိုတဲ့ သူတွေပေါ့။ တတိယအမျိုးအစားကတော့ တစ်ယောက်တဲ့ နေရတာကြိုက်တဲ့ လူတွေပါ၊ သူတို့အတွက်ကတော့ အထီးကျန်ရတာက နေရတာ သက်တောင့်သက်သာနဲ့ လွတ်လွတ်လပ်လပ်ရှိပြီး လုပ်စရာရှိတာ လုပ်ချင်တာ လုပ်ဖြစ်တယ် လို့သတ်မှတ်ထားကြတဲ့သူတွေ ဖြစ်ပါတယ်။
အထက်က ပြောထားတဲ့ အမျိုးအစားတွေက ယေဘူယျ အနေနဲ့ ရွေးချယ်စရာ သတ်မှတ်ချက်တွေဖြစ်ပါတယ်။ ဒါပေမယ့် ဘဝမှာ နေသာပြီး ပျော်ရွှင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မလဲ ဆိုတာတော့ ကိုယ် ကိုယ်တိုင်ပဲ သိပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အိမ်ထောင်ရေးနဲ့ လက်တွဲဖော် ရှာဖွေတဲ့နေရာမှာ သိသိသာသာကို အပြောင်းအလဲရှိခဲ့ပါတယ်၊ အရင်ခေတ်တွေကလို မဟုတ်ပဲ အခုခေတ်လူတွေက ချစ်သူ နဲ့ လက်တွဲဖော် ရှာတဲ့နေရာမှာ ရုပ်ဝတ္ထု ငွေးကြေး၊ အသိုင်းအဝိုင်းပတ်ဝန်းကျင်အနေအထား နဲ့ ယဥ်ကျေးမှုပိုင်းဆိုင်တာတွေကို ထည့်သွင်းစဥ်းစားတာမျိုး အတော် နည်းသွားကြပါပြီ။ ဒီနေ့ခေတ်မှာ ကိုယ့်လက်တွဲဖော်ဆီက မျော်လင့်ကြတဲ့နေရာမှာ ချစ်ခြင်း၊ ပျော်ရွှင်မှုနဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာ တာတွေကို အဓိကထားကြပါတယ်၊ အရင်ဆယ်စုနှစ် ၂ခုလောက်တုန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုကြတယ်၊ ကိုယ့်မိဘအိမ်ကနေ ရုန်းထွက်ပြီး ကိုယ်ပိုင် မိသားစု တည်ထောင်ကြတယ်၊ အများအားဖြင့် အိမ်ထောင်ဖက်ကို မိဘတွေက စီစဥ်ပေးတယ်၊ ကိုယ်နဲ့ လက်ထပ်မယ့်သူက ကိုယ့်အနီးအနား ပတ်ဝန်းကျင် လက်တစ်ကမ်းစာက လူဖြစ်ပြီး ကျန်းမာရေးကောင်းပြီး အသက်ငယ်တဲ့သူတွေထဲကမှ လူမှုရေးအဆင့်အတန်းကောင်းတဲ့သူတွေထဲက ဖြစ်ရပြန်တယ်။
အခုခေတ်ရဲ့ လက်တွဲဖော်ရှာတဲ့နေရာမှာ ကျွန်တော်တို့က ပိုပြီးအသေးစိတ်ဆန်လာသလို ပိုပြီးလည်း သတိထားရွေးချယ်လာကြတယ်၊ ကျွန်တော်တို့အတွက် အသင့်တော်ဆုံးလူကို ရွေးချယ်ကြတယ်ဆိုတာထက် အနက်ရှိုင်းဆုံးထိ ကိုယ့်နဲ့ စိတ်တူကိုယ်တူ တိုးပွားကြီးထွားနိုင်မယ့် ဖူးစာရှင်ကို ရှာဖွေလာကြတယ်၊ ဒီနေ့ခေတ်မှာက ကိုယ့်နိုင်ငံတင်မကပဲ ကိုယ်တောင်မကြားဖူးတဲ့ ဟိုးကမ္ဘာတစ်ဖက်ခြမ်းက နိုင်ငံ၊ မြို့ တွေကမှ ဘာသာမတူ ယဥ်ကျေးမှု မတူတဲ့ လူတွေနဲ့တောင် ချစ်ကြိုက်လို့ရလာတာတွေကြောင့် နည်းပညာတိုးတက်တာကို ကျေးဇူးတင်ရမလို ဖြစ်နေပါပြီ၊ အင်တာနက်က အဆုံးမရှိတဲ့ ရွေးချယ်စရာအခွင့်တွေ ရှိတယ်ဆိုတာကိုလည်း အလင်းပြပေးနေပါတယ်၊ အဲ့တာက ကျွန်တော်တို့ဘဝမှာ အချစ်ကိုရှာဖို့ ပိုလွယ်ကူစေသလို ရှုပ်ထွေးစေနိုင်တဲ့ အရာလည်း ဖြစ်နေပြန်တယ်။ အရင်ခတ်မှာက လမ်းခွဲဖို့ထက် ပြသနာကို ဘယ်လိုဖြေရှင်းမယ် အိမ်ထောင်ရေးကို ဘယ်လိုသာယာအောင်တည်ဆောက်မယ် အိမ်ထောင်ဖက်နဲ့ အဆင်ပြေအောင် ပြောင်းလဲ ပြင်ဆင်နေမယ် ဆိုတာတွေကို အာရုံထားကြပါတယ်၊ အရင်နဲ့ မတူတဲ့ အခုခေတ်မှာက တခုခုအဆင်မပြေတာ နှစ်ယောက်ကြား ပြသနာပေါ်လာပြီဆိုတာနဲ့ လမ်းခွဲမယ် ပိုအဆင်ပြေတဲ့နောက် အသစ်တစ်ယောက်နဲ့ ပြန်တည်ဆောက်မယ် ဆိုတဲ့ ခေတ်ကို ပြောင်းလဲလာပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ လူတိုင်းမှာ ကိုယ်ကြိုက်တဲ့ ပုံစံနဲ့ အချစ်ကို ရွေးချယ်ပိုင်ခွင့် လွတ်လပ်ခွင့် ရှိကြပါတယ်။ ကိုယ့်အတွက် ပျော်ရွှင်မှုကို ပေးတဲ့၊ ကိုယ့်အတွက်ကောင်းတယ်ဆိုတဲ့ အခြေအနေကို ကိုယ်တိုင်ရွေးချယ်ရမှာပါ၊ ခေတ်အပေါ်မှာ မူတည်ပြီး လိုက်ပြောင်းလဲနေစရာ မလိုပါဘူး။ တစ်ယောက်တည်းကိုပဲ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ချစ်သွားနိုင်သလို၊ တစ်ယောက်ပြီးတစ်ယောက်ပြောင်းချစ်တာဖြစ်ဖြစ်၊ တစ်ယောက်တည်းပဲ အေးဆေးနေသွားတာဖြစ်ဖြစ် ဘယ်လိုဖြစ်ဖြစ် ကိုယ်ရွေးချယ်တဲ့ လမ်းကို ကိုယ်ပဲတာဝန်ယူရင်ဆိုင် ရမှာ ဖြစ်တာမို့ ကြိုက်တဲ့ ပုံစံနဲ့ ကိုယ့်အချစ်ခရီးလမ်းကို လျှောက်လို့ ရပါတယ်။ 💚💟
✍️အကြံပြုချက် -
ကိုယ့်ထက်အသက်ကြီးတဲ့ အဖိုးအဖွားတွေ အဒေါ်ဦးလေး အဖေအမေတွေကို သူတို့ရဲ့ အချစ်ဇာတ်လမ်းတွေအကြောင်း မေးကြည့်ပါ၊ အကြံညဏ်ယူပါ
စာရေးဆရာ Stendhal ရေးထားတဲ့ On Love ဆိုတဲ့ စာအုပ် ကို ဖတ်ကြည့်ပါ
Ingmar Bergman ရိုက်တဲ့ Marriage ဆိုတဲ့ တီဗီဇာတ်လမ်းရှည်ကို ရှာကြည့်ပါ။
အပိုင်း (၁)ဖတ်ရန်
https://www.facebook.com/photo?fbid=122163595070592582&set=a.122102622692592582
10/11/2025
၂၀၂၅ ဖေဖော်ဝါရီလ ချစ်သူများနေ့မှာ ဘာသာပြန်မယ်လို့ ရွေးချယ်ထားတဲ့ Professor တစ်ယောက် ပြုစုရေးသားထားတဲ့ Modern Romance ကို “ခေတ်သစ်အချစ်ရေး ကို (၇)လ ကြာမှ အပြီးသတ်ဖြစ်သွားပါတယ်။ ဒီစာအုပ်ကို ရေးထားတဲ့ ပရော်ဖက်ဆာရဲ့ နာမည်ကတော့ Aziz Ansari အာဇစ်အန်စရီ လို့ခေါ်ပါတယ်။ သူက ဒီစာအုပ်ကို ရေးတဲ့နေရာမှာ စိတ်ပညာဘာသာရပ်ပိုင်းမှာ ကျွမ်းကျင်တဲ့ Eric Klinenberg အဲရစ်ကလိုင်းဘာ့ ဆိုတဲ့သူနဲ့ အတူတွဲဖက်ရေးသားခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် နားလည်လွယ်တဲ့ စာအရေးအသားပုံစံရတဲ့အပြင် ယနေ့ခေတ်လက်ရှိပြင်ပမှာ တကယ်ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေပေါ်မှာ မူတည်ထားတာတွေကြောင့် အိမ်ထောင်ကျပြီး အချစ်ကို မေးခွန်းထုတ်နေရသူတွေဖြစ်ဖြစ်၊ ခုချိန်ထိ ကိုယ့်ရဲ့ ဖူးစာရှင်ကို ရှာမတွေ့နိုင်ဘူး ဆိုတဲ့ သူတွေဖြစ်ဖြစ် အချစ်သင်ခန်းစာမှာ သုည ဆိုတဲ့ သူတွေဖြစ်ဖြစ် ဖတ်ကို ဖတ်သင့် တဲ့ ဆောင်းပါးပါ။
စာအုပ်တစ်အုပ်လုံးကို ခရေစေ့တွင်းကျ ဘာသာပြန်တာမျိုးမဟုတ်ပဲ အကျဥ်းချုပ်ဆောင်းပါးပုံစံ ကိုသာ ဘာသာပြန်ရေးသားတာမို့ အဓိက အကြောင်းအရာ အနှစ်တွေကို ၁၅ မိနစ်လောက်နဲ့ သိရှိနိုင်တာက အတော်အဆင်ပြေမယ်လို့ ထင်ပါတယ်။
🎯အပိုင်း ၁- မျိုးဆက်အလိုက် မတူညီတဲ့ ချစ်ခြင်းပုံစံ
ကျွန်တော်တို့ အဖိုးအဖွားလက်ထက်ကဆို အသက် (၂၀)ပြည့်တာနဲ့ လက်ထပ်ကြတာပဲ။ လက်ထပ်ပြီး နှစ်(၆၀)လောက် အတူနေကြတယ်၊ ခလေးတွေကို ပြုစုပျိုးထောင်ကြတယ်၊ အချင်းချင်း စကားများ ရန်ဖြစ်တယ်ဆိုတာ မရှိသလောက်ပဲ၊ အသက်ထွက်တဲ့အထိ ချစ်ကြတယ်။ ဘယ်လိုများ အဲ့ဒီလို ချစ်နိုင်ကြတာလဲ? အခု ဒီခေတ်ကြီးထဲမှာနေထိုင်နေတဲ့ ကျွန်တော်တို့အတွက်ကျတော့ တစ်သက်လုံးတစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက် ချစ်သွားနိုင်ဖို့ ဖူးစာရှင်ရဖို့ ဘာလို့များ အရမ်းခက်ခဲနေရပါလိမ့်။
အခုခေတ်ရဲ့ အချစ်သစ်ပုံစံက ချစ်သူရဖို့ ပုံမှန်ဖြစ်နေကြ အဆင့်တွေအတိုင်း သဘောကျတဲ့သူကို ရှာတယ်၊ စကားပြော အီစီကလီထုတယ်၊ ချစ်ကြိုက်သွားကြတယ်၊အဲ့ဒီကနေ စိတ်သဘောထား မတိုက်ဆိုင်တာတွေကြုံလာပြီး လမ်းခွဲကြမယ်။ ဒီအဆင့်တွေအတိုင်း အသစ်ကပြန်စမယ်.. စသဖြင့် သံသရာလည်နေတော့တာပါပဲ။ အဖိုးအဖွားခေတ်တုန်းက ကျောင်းတက်ရင်း ချစ်ပါတယ်ဆိုတဲ့ အဖြေရဖို့ အတွက် (၃) နှစ် (၃) မိုးစောင့်ပြီး ဖြူဖြူစင်စင်ချစ်ကြိုက်ခဲ့ကြတာတွေ၊ အချစ်အတွက်ကြိုးကြိုးစားစား ပိုးပန်း အနှစ်နာခံတယ်ဆိုတဲ့ တစ်သက်လုံးအတွက် အရမ်းချစ်ရတဲ့ ဖူးစာဖက် ဆိုတဲ့ အချစ်ပုံပြင်တွေကို နားထောင်ပြီး ကြီးပြင်းလာခဲ့ရတော့ ကိုယ့်အတွက် အရမ်းချစ်ရမယ့် လူမှန် ဖူးစာရှင်အမှန် ကို တစ်နေ့ရှာတွေ့ဖို့ မျော်လင့်နေတာ အမှန်ပါပဲ။ ဒီလိုနဲ့ပဲ အများစုကတော့ အသက်သာ ၃၅ နှစ်ရောက်လာတယ် တစ်ယောက်တည်း အထီးကျန်နေကြတုန်းပါပဲ။ တကယ်တော့ အိမ်ထောင်တွေကျပြီး သားသမီးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ရှိနေကြရတော့မယ့် အရွယ်မဟုတ်လား၊ ကျွန်တော်တို့တွေ ဘာများ မှားနေလို့ပါလိမ့်...
လွန်ခဲ့တဲ့ ရာစုနှစ်အတွင်းမှာ အိမ်ထောင်ရေး အသွင်အပြင်တွေက အများကြီးပြောင်းလဲလာခဲ့ပြီ၊ ဒီနေ့ခေတ်မှာက တစ်ယောက်နဲ့တစ်ယောက် ရည်းစားချစ်သူ ဘဝမှာ နှစ်ပေါင်းများစွာ အချိန်ယူကြတယ်။ ကျွန်တော်တို့ အဖိုးအဖွား အဖေအမေတွေခေတ်မှာ ဒီလိုအဆင့်တွေ မရှိခဲ့ဘူး၊ တွေ့ဆုံ ချိန်းတွေ့ကြပြီး မကြာခင်မှာပဲ လက်ထပ်ကြဖို့ အဆင့်ကို ပြင်ဆင်ကြတယ်၊ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားတဲ့ အရာတွေ ဝါသနာတွေ အရည်အချင်းတွေ နေထိုင်မှု အကျင့်စရိုက် ပုံစံတွေ ကိုက်ညီကြသလားဆိုတာတွေ ချိန်စစ်ကြည့်ဖို့ မလိုအပ်ခဲ့ကြပါဘူး။ အိမ်ထောင်သက်နှစ်တွေကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် လိုက်လျောညီထွေဖြစ်အောင်နေတတ်လာသလို၊ ပဋိပက္ခတွေကို ရှောင်ရှားတတ်လာတယ်။ သူတို့တွေအတွက်က လမ်းခွဲကြတယ် ကွာရှင်းကြတယ်ဆိုတာ ရွေးချယ်ခွင့်တစ်ခုမဟုတ်ခဲ့ပါဘူး။ အရင်ခေတ်နဲ့ မတူဘဲ အခုခေတ်ကျွန်တော်တို့တွေရဲ့ အိမ်ထောင်ရေးက ဘယ်ထောင့်ကကြည့်ကြည့် ကိုယ့်အတွက် အကျိုးပြုလောက်စရာ မရှိတော့ဘူးဆိုရင် ကွာရှင်းလမ်းခွဲဖို့ကို ရွေးချယ်စရာအနေနဲ့ ခံယူထားကြသလို တကယ်လည်း ကျင့်သုံးနေကြတယ်။ အကြောင်းရင်းကတော့ ကျွန်တော်တို့မှာ ကိုယ့်ဘဝကို မျှဝေခံစားဖို့ မျက်လုံးဖွင့်လိုက်တာနဲ့ ရွေးချယ်စရာတွေ အများကြီးရှိနေလို့ပါပဲ။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ဟာ ကိုယ့်လက်တွဲဖော်၊ချစ်သူ၊ အိမ်ထောင်ဖက်တွေကို ကိုယ့်စိတ်ကြိုက်ပဲ ချယ်လှယ်ချင်သလို၊ကိုယ့်မျော်လင့်ထားတဲ့အတိုင်း ကိုက်ညီဖို့ ပြည့်စုံနေဖို့ကိုပဲ မျော်လင့်နေကြတယ်၊ ကိစ္စအသေးအဖွဲလေး တွေမှာတောင် သည်းခံနိုင်တဲ့ အပိုင်းတွေ အားနည်းလာတယ်၊ ဘာလို့လဲဆိုတော့ ဒီလူနဲ့ အဆင်မပြေလည်း ကိုယ့်ကိုချစ်မယ့် တခြားသူတစ်ယောက်နဲ့ ဘဝကို အချိန်မရွေးပြန်စခွင့် ရှိနိုင်လို့ပါ။ အခုခေတ်မှာဆို.. အချစ်ကို အင်တာနက်ကနေ အလွယ်တကူ ရှာလို့ရနေပြီ၊ လူမျိုး၊ဘာသာ၊ နိုင်ငံသား ၊ အဆင့်အတန်း၊ အသက်အရွယ်၊ အလုပ်အကိုင်၊ လိင်တူ/ လိင်ကွဲ အဲ့ဒီအချက်အလက်တွေပေါ်မူတည်ပြီး ကိုယ်လိုချင်တဲ့လူကို အလွယ်တကူ တွေ့ဆုံချစ်ကြိုက်နိုင်ကြနေတဲ့ ခေတ်ဖြစ်နေပါပြီ...
လွန်ခဲ့တဲ့ ၂၀ရာစု အစောပိုင်း တစ်ဝက်လောက်တုန်းကတော့ စုံတွဲအများစုက မိဘတွေကနေ တဆင့် အိမ်ထောင်ဖက်ကို ရှာတွေ့ကြတယ်၊ မိဘတွေသဘောကျလို့ တွေ့ရာကနေ ချစ်ကြိုက်ကြတယ်ဆိုပါတော့။ အဲ့ဒီခေတ်တုန်းက အဆင့်တွေက ရိုးရှင်းတယ်-
-မိဘတွေက ကိုယ့်သားသမီးနဲ့ အဆင်ပြေကိုက်ညီလောက်ပါတယ် ဆိုတဲ့သူကို အသိမိတ်ဆွေတွေထဲက ရှာကြတယ်
- အဲဒီကတဆင့် ကာယကံရှင်တွေက တစ်ဖက်က မိဘတွေ ကိုယ့်ကို သဘောကျလောက်အောင် အရည်အချင်းတွေပြပြီး ဂရုတစိုက် အနေအထိုင်ဆင်ခြင်ကြရတာပေါ့ ..
- အဲ့ဒီကနေ တဆင့်တက်ပြီး မိသားစုအချင်းချင်း မင်္ဂလာပွဲဖြစ်မြောက်ဖို့ အကြောင်းအရာတွေ ဆွေးနွေးကြတယ်
မင်္ဂလာပွဲ မစီစဥ်ခင်မှာ ကောင်လေးနဲ့ ကောင်မလေးတို့ တွေ့ ကြတယ် စသဖြင့် အဆင့်ဆင့် သွားကြတယ်။
တခြား ၂၀ ရာခိုင်နှုန်းလောက်ကတော့ အသိတွေထဲက အချင်းချင်း မိတ်ဆက်ပေးပြီး အိမ်ထောင်ဖက်ကိုရှာတွေ့ကြတယ်၊
၁၀ ရာခိုင်နှုန်းလောက်ကတော့ ဘုရားကျောင်း ဒါမှမဟုတ် သင်တန်းနဲ့ လုပ်ငန်းခွင်မှာ တွေ့ဆုံကြပါတယ်၊
တက္ကသိုလ်မှာ အချင်းအချင်း တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံရင်ခုန်ပြီး ချစ်သူဘဝကိုဖြတ်သန်းကြတယ်ဆိုတာမျိုးက လူနည်းစုလောက်ပဲ ရှိပါတယ်။ အရင်ခေတ်တွေတုန်းကတက္ကသိုလ်တက်တယ် ဆိုတာ လူနည်းစုလောက်ကပဲ တတ်နိုင်တဲ့ ရှားပါးတဲ့ အခွင့်အရေးတစ်ခုမို့လို့ပါ။
၁၉၉၀ နောက်ပိုင်းနှစ်တွေမှာတော့ မိဘတွေက သားသမီးတွေရဲ့ အချစ်ရေးအချစ်ရာ အိမ်ထောင်ပြု ဖို့ ကိစ္စရပ်တွေမှာ အရမ်း ဝင်မပါ ကြတော့ပါဘူး၊ လူငယ်တွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်က သူငယ်ချင်းတွေနဲ့ လုပ်ငန်းခွင်ကနေ တဆင့် ဒါမှမဟုတ် အပျော်ခရီးသွားရင်း ကိုယ့်ချစ်သူ လက်တွဲဖော်ကို ရှာတွေ့ကြတယ်၊
အဲ့ဒီနောက် ၂၀၀၀ခုနှစ်လောက်က စပြီး အွန်လိုင်းပေါ်က တဆင့် ချစ်ကြိုက်ကြတာတွေ စလာတော့တာပဲ။
အွန်လိုင်းကနေတဆင့် ချိန်းတွေ့ကြတာ ချစ်သူရှာကြတာက ခေတ်နဲ့အညီ အရမ်းကိုရေပန်းစားလာတယ်၊ ကိုယ်ရွေးချယ်ထားတဲ့သူတွေထဲကမှ ကိုယ့်ကို ကြိုက်လို့ အချက်ပေးစာပို့လာတဲ့သူတစ်ယောက်နဲ့ ချိန်းတွေ့ဖို့ အဆင့်ထိရောက်လာပြီဆိုရင် ဒီအချစ်ရေးက ယေဘူယျ အောင်မြင်တယ်လို့ ပြောလို့ရတယ်။ ဒီအွန်လိုင်းချစ်သူဆိုတာမျိုးက အပြင်လောကမှာလို ကိုယ့်ကို ကြိုက်လား မကြိုက်လား မသေချာတဲ့သူစိမ်းတစ်ယောက်ကို ကိုယ့်ဖက်က စကားစပြောဖို့ ရဲစွမ်း သတ္တိ မွေးစရာမလိုသလို မရေမရာ စိတ် ဒုက္ခရတဲ့ ပြသနာလည်း မရှိတော့ပါဘူး။
အွန်လိုင်းပေါ်က ချစ်ကြိုက်ဖို့ ဖန်တီးထားတဲ့ အပ်ပလီကေးရှင်း (Application) တွေရဲ့ အစိတ်အပိုင်းတွေထဲမှာ ကိုယ်လိုချင်တဲ့ အချက်တွေနဲ့ မကိုက်ညီတဲ့သူတွေကို တခါတည်း ဖယ်ထားပေးတဲ့ နည်းပညာတစ်ခုပါတာကြောင့် ကိုယ်ထည့်ထားတဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီတဲ့သူတွေကို တခါတည်း တန်းပြီး ရွေးချယ်လို့ ရတာက အသုံးပြုတဲ့လူတွေအတွက် အဆင်ပြေစေတဲ့ အချက်တစ်ခုဖြစ်ပါလိမ့်မယ်။ အမေရိက မှာ တင်ဒါ(Tinder ) ဆိုတဲ့ Application က ၂၀၁၂ မှာ ကြီးကြီးကျယ်ကျယ် ခေတ်ထသွားတာလည်း မဆန်းပါဘူး၊ တကယ်တော့ ၂၀၁၀ ကတည်းက အမေရိကန် လူမျိုး တစ်ဝက်လောက်က အွန်လိုင်းကနေတဆင့် ချိန်းတွေ့ ချစ်ကြိုက်နေကြပါပြီ။
ဒီခေတ်ကြီးထဲမှာ ကိုယ့်လက်ထဲမှာ စမတ်ဖုန်းတစ်လုံး ရှိနေတာနဲ့ လူတိုင်းက လူပျို/အပျို အနေနဲ့ အချိန်/နေရာမရွေး ချိန်းတွေ့ချစ်ကြိုက်နိုင်တဲ့ အခွင့်အရေးကြီး ကို အိပ်ကပ်ထဲမှာ ထည့်ထားပြီး သွားလာနေကြတာပါ။
အမေရိကန်လူမျိုးနဲ့ ယူရုပ်နိုင်ငံတွေအတွက်က ဒီအွန်လိုင်းပေါ်ကတဆင့် ကြင်ဖော်ရှာကြတာက လွယ်လွယ်ကူကူနဲ့ စိတ်ဖြေစရာတစ်ခုလို့ ဖြစ်နေပေမယ့်လည်း သုံးတဲ့ လူအားလုံးနဲ့ ယေဘူယျ ခြုံကြည့်ရမယ်ဆိုရင်တော့ ဒီအွန်လိုင်းကနေ ချစ်သူရှာတယ်ဆိုတာက မွန်းကျပ်စရာကောင်းတဲ့ နေ့တွေအတွက်အသက်ရှုချောင်စေတဲ့ လေအေးလေညှင်းလေး တစ်ခုလို့ ဆိုလို့ရပါတယ်၊ တချို့ ဘာသာရေးနဲ့ ယဥ်ကျေးမှု အရမ်းကို လွန်လွန်ကဲကဲ စိုးမိုးတဲ့ နိုင်ငံနဲ့ လူ့အသိုင်းအဝိုင်းတွေမှာ သူတို့ သတ်မှတ်ထားတဲ့ လူမူရေး စံချိန်စံနှုန်းတွေ အရမ်းများပါတယ်၊ ဥပမာ- ကာတာနိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးလူငယ်တွေအတွက်က လမ်းသွားလမ်းလာ လူမြင်ကွင်းပေါ်မှာ ယောက်ကျားတစ်ယောက်နဲ့ စကားပြောတာ၊ အတူတူချိန်းတွေ့တာ တွေကို ပြင်းပြင်းထန်ထန်ကို တားမြစ်ထားသလို၊ အဲ့ဒီလိုလုပ်တဲ့ အမျိုးသမီးတွေကိုဆို ဂုဏ်သိက္ခာမရှိဘူးလို့ သတ်မှတ်ထားကြပါတယ်။ အဲ့ဒီလိုအခြေအနေတွေနဲ့ ကာတာနိုင်ငံသူ/သားတွေအတွက်က အတွက်ကတော့ ဒီ အွန်လိုင်းပေါ်ကတဆင့် ချစ်ကြိုက်လို့ရတာက အသိုင်းအဝိုင်း ကန့်သတ်ချက်တွေကနေ လွတ်လွတ်ကျွတ်ကျွတ် နဲ့ ပေါ့ပေါ့ပါးပါး ချစ်ကြိုက်ဖို့ အခွင့်အရေးရလာတယ်လို့ ပြောလို့ရပါတယ်။
ဒီအွန်လိုင်းapp တွေထဲကမှ Snapchat ကိုမှ ရွေးချယ်အသုံးပြုလာကျတဲ့ အကြောင်းရင်းကတော့ ပို့ထားတဲ့ စာတွေကို တဖတ်လူက ဖတ်ပြီးသွားပြီးတာနဲ့ နာရီပိုင်းအတွင်းမှာ အလိုအလျောက်ဖျက်ပေးသွားတဲ့ စနစ်ကြောင့် ဖြစ်ပါတယ်။ အဲ့ဒီစနစ်ကြောင့် ကိုယ်က ဘယ်သူဘယ်ဝါနဲ့ ဘာတွေပြောထားလဲဆိုတာကို ခြေရာလိုက်လို့ မရသလို အသုံးပြုတဲ့ လူရဲ့ Privacy (ကိုယ်ရေးကိုယ်တာလုံခြုံရေး) အတွက် အတော်စိတ်ချရစေတာမို့ လူကြိုက်များနေရခြင်းဖြစ်ပါတယ်။
👣အပိုင်း ၂ - “အစားမထိုးခင်မှာ ကြိုးစားပြင်ဆင်ကြည့်ပါ”
အရင်ခေတ် မှာ အသက်ငယ်ငယ်ရွယ်ရွယ်မှာ အိမ်ထောင်ပြုကျတယ်၊ သူတို့မှာ အိမ်ထောင်ဖက်ကို ရွေးချယ်တဲ့ အချက်တွေက ကျွန်တော်တို့နဲ့ မတူပဲ ဘောင်ကျဥ်းတယ်၊ ရိုးရှင်းတယ်။ သတ်မှတ်ချက်တစ်ခုအနေနဲ့က ကိုယ့်အိမ်နီးနားချင်းတွေထဲကမှ အသက်အရွယ် နဲ့ လူမူရေးအဆင့်အတန်းတွေကို မူထားပြီး ရွေးချယ်ကြတယ်။ အကျဥ်းချုံးပြောရရင်တော့ အမျိုးသားဖြစ်သူက အလုပ်လုပ် ရှာဖွေကျွေးမွေးရမယ့် တာဝန်ရှိပြီးတော့ အမျိုးသမီးတွေကတော့ အိမ်ထောင်ရှင်မတာဝန်ကို ယူပြီး အချက်အပြုတ် အိမ်ထောင်ထိန်သိမ်းဖို့နဲ့ မျိုးဆက်ပွားဖို့၊ ခလေးမွေးပြုစုဖို့အတွက် ကျန်းမာရေးကောင်းရမယ် ဆိုပြီး အဲ့သလို အများစုက ယေဘူယျလက်ခံထားကြပါတယ်။ အဲ့ဒီခေတ်က လူအများစုကတော့ အိမ်ထောင်ပြုတဲ့အခါကြမှ အချင်းချင်း အကြောင်းအကုန်အစင် တဖြည်းဖြည်း သိလာပြီး ရင်းနှီးမှုတွေရလာကြတာမျိုးဖြစ်ပေမယ့်လည်း ဆယ်စုနှစ်ပေါင်းအများကြီး ကို အတူတူသဟဇာတဖြစ်အောင် နားလည်မှုရှိရှိနဲ့ ဖြတ်သန်းနိုင်ကြပါတယ်။
ဒီနေ့ခေတ်မှာကကျ ပုံစံမျိုးစုံ နည်းလမ်းပေါင်းစုံနဲ့ အိမ်ထောင်ဖက်၊ချစ်သူကို ရွေးချယ်ကြပါတယ်။ အဲ့ဒီလို ကိုယ်စိတ်ကြိုက်ရွေးချယ်ခဲ့ပြိးရင်တောင် အချင်းချင်း နားလည်မှုသေးသေးလေးလွှဲကြတဲ့ ကိစ္စကြောင့်လည်း လမ်းခွဲကြပါသေးတယ်။ ပထမတစ်ခါ ချိန်းတွေ့တဲ့ရက်မှာ စိတ်ဝင်စားစရာမကောင်းဘူးလို့ ထင်ထားတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်အကြောင်းသိဖို့ မကြိုးစားတော့သလို နောက်တစ်ခါတွေ့ကြည့်ပါအုံးမယ်လေ.. ဆိုတဲ့ အခွင့်အရေးလည်း မပေးပါဘူး၊ ဘာလို့ဆို ..အဲ့ဒီလိုနောက်တစ်ခေါက်တွေ့တာကို အချိန်ဖြုန်းတယ်လို့ ယူဆလို့ပါပဲ။ ဒီနေ့ခေတ်မှာ သူတို့သတ်မှတ်ထားတဲ့ လက်တွဲဖော်ဆိုတာ ပထမဆုံးတွေ့တဲ့အချိန်မှာတင် ပြီးပြည့်စုံပြီး ဘာမှ အထူးတလည်ညှိနှိုင်းစရာမလိုပဲ သဟဇာတဖြစ်နေတာ chemistry မိနေမှကို ဖူးစာမှန်တယ်လို့ ယုံကြည်ထားကြတာပါ။
ရွေးချယ်စရာတွေပေါများလာတာက လူကို စိတ်အေးလက်အေးဖြစ်စေနိုင်သလို အပျင်းလည်း ကြီးစေပါတယ်တဲ့.. လက်တွဲဖော်ရှာတဲ့ နေရာမှာလည်း အဲဒိအဆိုက တိုက်ရိုက်ကြီး အချိုးကျနေတယ်၊ အရင်ခေတ်က လူကြီးတွေအတွက်တော့ လက်တွဲဖော်၊အိမ်ထောင်ဖက်ဖြစ်နိုင်ချေရှိတဲ့ စာရင်းက ကျွန်တော်တို့မှာ ရှိတဲ့ ကန့်သတ်ချက်တွေထက် ရိုးရှင်းပြီး တိုတောင်းပါတယ်။ သူတို့အတွက် လူမှန် လက်တွဲဖော်မှန်နဲ့ တွေ့ဆုံပြီ ဆိုတာနဲ့ အချင်းချင်း ကိုယ့် ဘဝအခြေအနေအကြောင်းတွေဖလှယ်ကြသလို စိတ်ရှည်သည်းခံဖို့၊ ခွင့်လွှတ်တတ်ဖို့က အစ တစ်ယောက်နဲ့တစ်ယောက် နားလည်နိုင်ဖို့ ကြိုးစားမှုရှိကြတယ်၊ စိတ်မကောင်းစရာဖြစ်ဖြစ် ပျော်စရာဖြစ်ဖြစ် အချင်းချင်း နှစ်သိမ့် အားပေးမှု ရှိသလို လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး စတဲ့ အပိုင်းတွေမှာ လည်းအချင်းချင်း အထောက်အပံ့ပေးကြပါတယ်။
ဒီနေ့ခေတ်မှာ ကျွန်တော်တို့တွေက လက်ရှိချစ်သူ၊လက်တွဲဖော်နဲ့ ဆက်ဆံရေးကို ပိုကောင်းအောင် ကြိုးစားအားထုတ်မှု သိပ်မလုပ်ကြတော့ပဲ၊ ပြသနာတခုခု ဒါမှမဟုတ် အခက်အခဲတွေကြုံလာတဲ့အခါ လက်ရှိလူနဲ့ လွယ်လွယ်လမ်းခွဲပြီး ပျော်ရွှင်မှုကို တခြားတနေရာ ဒါမှမဟုတ် တခြားတစ်ယောက်ဆီမှာ ထပ်ရှာကြပြန်ပါတယ်
“အင်တာနက်ကြောင့် လူတွေက ကိုယ်ရွေးချယ်ကြုံဆုံခဲ့ပြီးသားလူထပ် ပိုကောင်းပိုတော်တဲ့လူတွေနဲ့ တွေ့နိုင်ပါသေးတယ်ဆိုတဲ့ မျော်လင့်ချက်ကြီးကို ဆုပ်ကိုင်ထားကြတယ်၊ တကယ်တော့ ရွေးချယ်စရာများလေလေ၊ စိတ်တိုင်းကျဖို့ ခက်ခဲလေလေပါ။”
ကြားဖူးနေကျ ပုံပြင်လေးတစ်ပုပ်လိုပေါ့၊ ဂျာနယ်ဇင်းသမားတစ်ယောက်က အသက်ကြီးကြီးထဲက စုံတွဲ တစ်တွဲကို နှစ် ၆၀ကြာတဲ့ထိ လက်တွဲမြဲပြီး သာယာတဲ့ မိသားစုဖြစ်အောင်ဘယ်လိုများ ထိန်းသိမ်းနိုင်တာလဲလို့ မေးတော့ အဲ့ဒီစုံတွဲက -
“ငါတို့က ကိုယ်သုံးနေတဲ့ ပစ္စည်း တစ်ခုခု ပျက်စီး သွားရင် ပစ်လိုက်ဖို့ထက် ပြန်ပြုပြင်ပြီး သုံးတဲ့ ခေတ်မှာ အိမ်ထောင်ကျခဲ့တာပါ” လို့ပြန်ဖြေခဲ့ပါတယ်။
🌼အပိုင်း ၃ - "ဂျပန်လူမျိုးတွေက အာဂျင်တီးနားနိုင်ငံက လူတွေကို လုံးဝ မချိန်းတွေ့ကြပါဘူး"
ကိုးကွယ်တဲ့ ဘာသာ၊ ယဥ်ကျေးမှု နဲ့ စိတ်သဘောထား နဲ့ အကျင့်ထုံးတမ်း အစဥ်အလာတွေအပေါ်မှာ မူတည်ပြီးတော့ ချိန်းတွေ့ချစ်ကြိုက်ကြတာနဲ့ လက်ထပ်တာတွေကလည်း နိုင်ငံတစ်နိုင်ငံ နဲ့ တစ်နိုင်ငံ အတော်ကို ကွားခြားကြတာပါ၊ ရှင်းရှင်းလင်းလင်းပြရမယ်ဆိုရင် အရာရာ ဆန့်ကျင်ဖက်နိုင်ငံတွေဖြစ်တဲ့ ဂျပန်နိုင်ငံနဲ့ အာဂျင်တီးနား နိုင်ငံကိုပဲကြည့်ကြည့်မယ်ဆိုရင်-
ဂျပန်နိုင်ငံမှာဆိုရင် လူတွေက ချစ်ကြည်နူးတစ်တီတူးဖို့ ကိစ္စတွေကို စိတ်ဝင်စားမှုနှုန်းက အတော်ကိုနည်းပါတယ်၊ အစိုးရကတောင် အိမ်ထောင်ပြုဖို့ နဲ့ ချိန်းတွေ့ကြဖို့ကို ငွေကြေးထောက်ပံ့ပေးတဲ့ အစီအစဥ်တွေကိုစွဲထားရပါတယ်၊ အစိုးရက နေပြီး ရည်းစားရှာဖို့ ကူညီပေးတာတင် မကပဲ သူတို့ ကမကထပြုပြီး ရေးဆွဲထားတဲ့ dating website တောင် ရှိပါတယ်။
စစ်တမ်းတွေအရဆိုရင်တော့ ဂျပန်နိုင်ငံရဲ့ လူငယ်တစ်ဝက်လောက်က လက်တွဲဖော်ရှာဖို့ နဲ့ ချစ်ရေးချစ်ရာ ကိစ္စတွေကို စိတ်မဝင်စားကြတော့ပါဘူး၊ ဒါတွေက နိုင်ငံရဲ့ စီးပွားရေးထိုးကျလာတာတွေကြောင့် လူတွေက အလုပ်တွေပိုလုပ်လာရပြီး တခြားအရာတွေအတွက် အချိန်နဲ့ ခွန်အား မပေးနိုင်ကြတော့တာ ဖြစ်မယ်လို့ ကောက်ချက်ချကြတာတွေလည်း ရှိပါတယ်။ တဖက်မှာလည်း အမျိုးသားတွေက ကိုယ့်မှာ အလုပ်ကောင်းကောင်း ဒါမှမဟုတ် ငွေးရေးကြေးရေး ချို့တဲ့တာတွေကြောင့်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတာမျိုးဖြစ်လာပြီး အမျိုးသမီးတစ်ယောက်ကို ချဥ်းကပ်ဖို့ အဆင်မပြေတာမျိုးခံစားနေကြပါတယ်၊ ရှင်းရှင်းပြောရရင်တော့ အငြင်းခံရမယ့် ဒဏ်ကို ကြိုတင် အတွေးလွန်ပြီး ဇာတ်လမ်းကို မစတော့တာပါ (အပိုင်း (၁) ဇာတ်သိမ်းပိုင်းဆိုတာမျိုး ထင်ပါရဲ့)။ တစ်ဖက်က အမျိုးသမီးတွေကျတော့လည်း ကိုယ်တိုင် ဝင်ငွေဖြောင့်ဖြောင့်ဖြူးဖြူးနဲ့ ကိုယ့်ဘဝကို ဦးဆောင်နိုင်လာတဲ့အခါ အဲ့ဒီလို မာန်မာနတစ်ခွဲသားနဲ့ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားမချနိုင်တဲ့ ယောက်ကျားမျိုးကို စိတ်ရှည်သည်းခံတာတွေ မလုပ်ကြတော့ပါဘူး။
ဂျပန်နိုင်ငံရဲ့ စိတ်ဝင်စားစရာတစ်ခုက group dating (အဖွဲ့လိုက် ချိန်းတွေ့ကြတာ) ပါ၊ ကောင်လေးဖက်ကလည်း သူ့ယောက်ျားလေးသူငယ်ချင်းတွေခေါ်လာသလို ကောင်မလေးကလည်း သူ့ရင်းနှီးတဲ့ မိန်းကလေးသူငယ်ချင်းတွေခေါ်လာပြီး စုံတွဲတွေ အဖွဲ့လိုက် ချိန်းတွေ့ကြတာမျိုးပါ။
ဂျပန်နိုင်ငံရဲ့ ဒီပြည့်တန်ဆာလောက ဒါမှမဟုတ် ရည်းစားနေရာအတွက် အစားထိုးလာတဲ့ ဝန်ဆောင်မှုလုပ်ငန်းကြီးက အတော်ကို အလုပ်ဖြစ်လာကြပါပြီ။ ရည်းစားမရှိတဲ့ တစ်ကိုယ်တည်းသမားတွေအတွက် အတော်ကို အဆင်ပြေတဲ့အရာကြီးပါ၊ ကိုယ်နဲ့ အရက်သောက်ဖို့ပဲဖြစ်ဖြစ်၊ ကိုယ်ပြောသမျှကို နားထောင်းပေမယ့်သူ၊ ပင်ပန်းနေချိန်မှာ တင်းတင်းကျပ်ကျပ်ဖက်ထားပေးပြီး စိတ်ကျေနပ်စရာကောင်းလောက်အောင် ခေါင်းကိုဖွဖွပုတ်ပေးမယ့်သူ အဲဒီလိုတွေလုပ်ပေးဖို့ကို ဖဂျပန်နိုင်ငံမှာ ငွေပေးပြီး ရနိုင်နေတာပါ၊အဲ့ဒီလို ဝန်ဆောင်မှုတွေနဲ့ ပြည့်တန်ဆာလောကကြီးက ဂျပန်နိုင်ငံသူ/သား တွေကြားမှာ အတော်လေးကို တွင်တွင်ကျယ်ကျယ် လက်ခံလာကြပါတယ်။ နောက်ထပ်ထူးထူးခြားခြား တိုးတက်တာ တစ်ခုကတော့ တကိုယ်ရည် တိတ်တခိုးလေး ဆော့ကစားရတဲ့ အာသာဖြေအရုပ် s*x toy စျေးကွက်ပါပဲ။ အဲ့ဒါတွေကြောင့် လူတွေက တကယ့်ပြင်ပလောကမှာ တစ်ယောက်နဲ့တစ်ယောက် နီးနီးစပ်စပ်ပေါင်းဖော်ကြဖို့ကို မကြိုးစားလာကြတော့သလို တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ဖို့၊ ပွင့်ပွင့်လင်းလင်းနေကြဖို့ကို လမ်းမမြင်ကြဖို့ အဓိက အကြောင်းရင်းတွေပါ။
အာဂျင်တီးနား နိုင်ငံမှာတော့ တကယ်ကို ဆန့်ကျင်ဖက်ပါပဲ၊ နိုင်ငံရဲ့ လေထုထဲမှာကို ချစ်ရည်လူးဖို့ အငွေ့အသက်တွေပြည့်နေတယ်လို့ ပြောရလောက်အောင်ကို အမျိုးသားတွေက လမ်းပေါ်မှာ ခနလေးတင်တွေ့ဖူးတဲ့ အမျိုးသမီးတွေနဲ့လည်း ချက်ချင်းချစ်တယ်ကြိုက်တယ်ဆိုတဲ့ အပြုအမူတွေနဲ့ ရဲရဲတင်းတင်း ချဥ်းကပ်ကြသလို၊ ညစ်ညမ်းတဲ့ စကားအသုံးအနှုန်းတွေနဲ့လည်း တစ်ယောက်နဲ့တစ်ယောက်အော်ဟစ်ရန်ဖြစ်ဆဲဆိုဖို့လည်း ဝန်မလေးကြပါဘူး။ တရားရုံးတွေမှာလည်း အော်ကြဟစ်ကြတဲ့ ကွဲပြဲကြတာ အလူးအလဲပါပဲ။ တစ်ယောက်ယောက်က ကိုယ့်ကို မကြိုက်တော့လို့ ငြင်းလိုက်တဲ့ဒဏ်ကိုလည်း မခံနိုင်ကြသလို မဖြေနိုင် မဆည်နိုင်ဖြစ်ကြတာလည်း ခပ်များများပါပဲ။ ဒီအရာတွေက သူတို့နိုင်ငံကို အလည်လာတဲ့ ခရီးသွားတွေအတွက်တော့ အတော်လေးကို ရိုင်းစိုင်းပြီး အများအမြင်မှာ လက်ခံနိုင်စရာမရှိတဲ့ အပြုအမူတွေကို ထင်ရပါတယ်။ ဒါပေမယ့် သူတို့ အာဂျင်တီးနားနိုင်ငံသားတွေအတွက်ကတော့ ထုံးတမ်းအစဥ်အလာတစ်ခုလို သတ်မှတ်ထားကြသလို လိုက်နာကျင့်သုံးနေကြတုန်းပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်လို့ တွဲကြတဲ့အခါမှာ
-ကတိကဝတ်တွေ မထားကြဘူး
-ကိလေသာအပြည့်အဝနဲ့ ချစ်ကြိုက်ကြတယ်
-အပြောင်းအလဲ အကူးအပြောင်း မြန်တယ်
-အပေါ်ယံဆန်ဆန် တွဲကြတယ်
အာဂျင်တီးနားနိုင်ငံက လူတွေအတွက်ကတော့ အဓိပ္ပါယ် ရေရေရာရာ မရှိပဲ ခနလေး ချစ်ကြိုက်ရတာကို ရင်ခုန်စရာ ပျော်စရာတစ်ခုလို့ သတ်မှတ်ကြတယ်။ နားလည်အောင်ပြောရရင် ရည်းစားကို အပျော်ထားရတာ ကြိုက်တဲ့လူမျိုးတွေပေါ့။ ကိုယ်လက်ထပ်ဖို့ထိ ရည်ရွယ်ထားတဲ့ လက်တွဲဖော်က တခြားသူတွေနဲ့ ဖောက်ပြန်တာ စိတ်ကစားတာမျိုးကိုလည်း လက်ခံနိုင်ကြပါတယ်။ သူတို့အတွက်က လူတွေ သူတို့ကို ချစ်ကြိုက်အောင်၊ ဆွဲဆောင်မှုရှိအောင် ထိန်းထိန်းသိမ်းသိမ်းနေတာက ဘဝနေထိုင်နည်းတစ်ခုလို့ သတ်မှတ်ထားကြတာပါ။
🍁အပိုင်း ၄- "Social networks ကြီးက ကိုယ့်ရဲ့ လိုချင်တပ်မက်တဲ့ ဆန္ဒကို ပိုအောင်လို့ သွေးဆောင်နေပါတယ်"
ကြိုက်ချင်စရာ စွဲလမ်းချင်စရာကောင်းတဲ့ လူတွေကို အပြင်လောကမှာ မကြာခန ကြုံရဆုံရတယ် ဆိုပေမယ့် ဆိုရှယ်မီဒီယာခေတ်မှာ တော့ ကိုယ့်ဖုန်းစခရင်မှာ တင်ကိုအမြဲလိုလိုတွေ့နေရတော့တာပါပဲ။ ဆိုရှယ်မီဒီယာ ဆိုတာက ကိုယ့်ဂုဏ်ကိုယ်ဖော်ပြီး ကိုယ့်အကြောင်းကို အများကြိုက်အောင်ပြောပြလို့ ကောင်းတဲ့ နေရာတစ်ခုဖြစ်သလိုပဲ ကိုယ်ကြိုက်တဲ့သူ၊ စိတ်ဝင်စားတဲ့သူတွေကို စောင့်ကြည့်နေလို့ ရတဲ့ နေရာလည်း ဖြစ်ပါတယ်။
Instagram (အင်စတာဂရမ်) မှာဆိုရင် ကျွန်တော်တို့ အိမ်မက်တွေထဲကလို ဘဝကို အကောင်းဆုံးဆိုတာတွေနဲ့ဖြတ်သန်းနေကြတဲ့ သူတွေရဲ့ အကောင့်တွေကို Follow လုပ်ထားကြသလို ကိုယ့်လက်ရှိဘဝကို လည်း သူတို့ဘဝတွေနဲ့ နှိုင်းယှဥ် မိတတ်ပါတယ်။တကယ်တော့ ဖုန်းစခရင်ပေါ်မှာ မြင်ရတာအားလုံးက တကယ့်ဘဝ အစစ်အမှန်တွေလို့ တစ်ထစ်ချ ယုံကြည်လို့ မရပါဘူး။ ပြီးပြည့်စုံလှပါတယ်ဆိုတဲ့ ဘဝတွေကို အမြဲမြင်ရတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလျော့လာသလို သိမ်ငယ်စိတ်တွေ ဝင်လာတတ်ပါတယ်၊ ဆိုရှယ်မီဒီယာမှာ အဲ့ထက်ပိုတဲ့ ဆိုကျိုးတွေလည်း ရှိပါသေးတယ်။
တဖက်မှာလည်း ဆိုရှယ်မီဒီယာကြောင့် တခြားမြို့၊ တခြားနိုင်ငံက ဒါမှမဟုတ် ကမ္ဘာတစ်ဖက်က ဘယ်သူနဲ့ဖြစ်ဖြစ် တွေ့ဆုံဖို့ ဖြစ်နိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် Like ပေးတာ ဒါမှမဟုတ် story ကို ရီအက်ရှင်ပေးတာနဲ့ လည်း အီစီကလီထုလို့ရ သလို၊ ကော်မန့်မှာ မြောက်ပင့် နှစ်သိမ့်ပြီး အမွန်းတင်တာနဲ့လည်း ရည်ရွယ်ချက်ရှိရှိ ချဥ်းကပ်လို့ ရနိုင်ပါတယ်။ ဆိုရှယ်မီဒီယာမှာ အတူရိုက်ထားတဲ့ ဓါတ်ပုံတင်တာမျိုးနဲ့ တစ်ယောက်နဲ့တစ်ယောက် ရဲ့ ခင်မင်မှုဖြစ်ဖြစ် သက်ဆိုင်ကြောင်းကိုပဲဖြစ်ဖြစ် အထာပေးသလိုနဲ့ ဖော်ပြကြတယ်လို့လည်း လူအများစုက သတ်မှတ်ထားကြပါတယ်။
တစ်ခုတော့ ရှိတာပေါ့၊ ဆိုရှယ်မီဒီယာမှာ အမြဲ ကိုယ်ချစ်သူနဲ့ စုံတွဲပုံတင်နေတဲ့ သူတွေအတွက်ကျတော့ လမ်းခွဲသွားကြတဲ့အခါ အကြောင်းတစ်ခုခုကြောင့် စကားမပြောနိုင်ကြတော့တဲ့အခါမှာ အတူရိုက်ထားတဲ့ ပုံတွေပြန်လိုက်ဖျက်ရတာ ဒါမှမဟုတ် ကိုယ့် Freindlist ထဲက အသိတွေကို စာပိုဒ်ရှည်ကြီး ရေးပြီးသူနဲ့ ပြတ်ဆဲသွားပါပြီဆိုတဲ့ အကြောင်းကို ပြန် အသိပေးရတာတစ်ခုတော့ အလုပ်ပိုတာပေါ့။
ဖြစ်ပျက်သမျှ ဝမ်းသာစရာ ဝမ်းနည်းစရာ ဂုဏ်ယူစရာတွေအားလုံးကို ဆိုရှယ်မီဒီယာမှာ အစီရင်ခံစာတင်တတ်တဲ့ အကျင့် တွေက ကိုယ့်အသက်အန္တရာယ်အတွက် ကိုယ်တိုင်ဖန်တီးတဲ့ ကိုယ့်အတွက်ဓားစာခံတွေလည်း ဖြစ်လာနိုင်ပါတယ်။
နောက်ထပ် တစ်ခုက ကိုယ်နဲ့ ပြတ်သွား လမ်းခွဲပြီးသား လူတစ်ယောက်ရဲ့ ဘဝကို ပြန်ပြီး သွားသွားခိုးကြည့်လို့ ရနေတဲ့ အရာပါ။ သူဘယ်သူနဲ့ ဘာတွေလုပ်နေလဲ၊ ပျော်နေလား၊ အောင်မြင်နေလား စသဖြင့် သိလို့ရနေတာမျိုးပေါ့၊ အဲ့ဒီလိုမလုပ်ဖို့ အသည်းအသန် ကြိုးစားနေတာတောင် လုပ်လို့ရနေနိုင်တော့ အသည်းကွဲတဲ့ သက်တမ်းအစွန့်ရှည်နေတာပါ။
တခြားပြဿနာတွေလည်း ရှိပါသေးတယ်။ ဆိုရှယ်နက်မီဒီယာက တစ်ယောက်နဲ့တစ်ယောက် အီစီကလီ (ပရောပရည်) လုပ်ဖို့ ဖောက်ပြန်ဖို့ နေရာတစ်ခု ဖန်တီးပေးလိုက်သလိုပါပဲ၊၊ လူချင်း ခိုးတွေ့ဖို့ကြိုးစားနေစရာမလိုပဲ ကိုယ့်အိမ်ထောင်ဖက် ဒါမှမဟုတ် ကိုယ့်လက်တွဲဖော် နဲ့ မျက်နှာချင်းဆိုင်ထိုင်ရင်းနဲ့ကို ဖုန်းထဲမှာလွယ်လွယ်ကူကူ နဲ့ စာပို့လှုပ်ရှားပြီးဖောက်ပြန်နေလို့ရနေတာပါ။ တဖက်မှာလည်း ဒီလိုမျိုး ကိစ္စတွေကို အနီးဆုံးမှာရှိတဲ့ ကိုယ့်လက်တွဲဖော်ကပဲ အရင်ဆုံးဖောက်ပြန်တာကို သံသယရှိပြီး မိသွားတတ်ကြတာ အတော်များများပါပဲ၊ ဘာလို့လဲဆိုတော့ တခြားတစ်ယောက်နဲ့ ဖုန်းထဲမှာ စာရိုက်နေတဲ့အခါမှာ ဖြစ်လာတတ်တဲ့ စိတ်လှုပ်ရှားစရာ မျက်နှာအမူအရာ အပြုံးတွေက သိသာပါတယ်၊ ကိုယ့်လက်တွဲဖော်အတွက် မျက်ခုံးပင့်ပြီး မေးခွန်းထုတ်စရာ အခြေအနေတခုဖြစ်လာနိုင်ပါတယ်။ ဒီလို တစ်ယောက်နဲ့တစ်ယောက်ကြား သံသယဖြစ်စရာတွေကြောင့် ဖုန်းတွေကို လူအလစ်မှာ ခိုးစစ်ကြည့်တာမျိုးတွေ လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်စရာ ကိစ္စမျိုးတွေဖြစ်လာတတ်ပါတယ်၊ ဘယ်လိုကြောင့်ပဲ ပဋိပက္ခဖြစ်ဖြစ် အကောင်းဆုံးကတော့ တစ်ယောက်နဲ့တစ်ယောက် ရိုးသားကြဖို့ ပါ။
🍀သင်သိရဲ့လား ကမ္ဘာပေါ်မှာ ဖောက်ပြန်တာကို အပြစ်မယူပဲ ခွင့်လွတ် အပေးနိုင်ဆုံး နိုင်ငံက ပြင်သစ်နိုင်ငံပါ၊ ပြင်သစ်နိုင်ငံသားတွေ ၅၀ ရာခိုင်နှုန်းလောက်က ရည်းစားရှုပ်ပြီး ဖောက်ပြန်ပွေလီတာကို ကိုယ်ကျင့်တရားမကောင်းတဲ့ အပြစ်တစ်ခုအနေနဲ့ မမြင်ကြပါဘူး။
💑အပိုင်း ၅- “အချစ်ဆိုတဲ့ ခေါင်းစဥ်အောက်ကနေပြီး သင်ဘာကိုလိုချင်နေတာလဲ ဆိုတာစဥ်းစားပါ”
အချစ်လို့ ဆိုတဲ့အခါမှာ Passionate ဆိုတဲ့ အသည်းထဲ ရင်ဘတ်ထဲကနေ စွဲစွဲလမ်းလမ်းနဲ့ ပြင်းပြင်းပြပြ လိုချင်တဲ့ရမ္မက် နဲ့ Compassionate လိုခေါ်တဲ့ ဘဝရဲ့အဖော်မွန် ဆန်ဆန် မေတ္တာ/သံယောဇဥ် ဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ ပထမ တစ်ခု passionaကတော့ အချိန်ကြာလာတာနဲ့ အမျှ လျော့သွားပြီး ဒုတိယအချစ် အမျိုးအစားကို ပြောင်းသွားတတ်ပါတယ်၊ နှစ်ခုလုံးကတော့ ကောင်းကျိုး ဆိုးကျိုး အသီးသီးရှိကြပါတယ်။
Passionate love ဆိုတဲ့ စွဲလမ်းတပ်မက်တဲ့ အချစ်က ချစ်သူဘဝအစမှာ အတော်ကို မွန်ထုံစေတဲ့ အရာပါ၊ အထိအတွေ့ နဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ တွေ စိုးမိုးနေပြီး ချစ်သူနဲ့ပတ်သက်ရင် အရာရာကို ပန်းခင်းပေါ်က အတွေးတွေနဲ့ပဲ မြင်တဲ့ အခြေအနေဖြစ်ပါတယ်၊ ဒီအဆင့်က ၁နှစ်ကနေ ၃နှစ်လောက်အထိ ကြာတတ်ပါတယ်။
လူတစ်ယောက်ကို ဒီလို ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ မွှန်ထုံနေအောင် ချစ်နေတဲ့ အခါမှာ ကျွန်တော်တို့ ခန္ဓာကိုယ်က ပျော်ရွှင်စေတဲ့ ဟော်မုန်းနဲ့ စိတ်ကြွစေတဲ့ အက်ဒရီနလင်းဟော်မုန်း ဆိုတာတွေကို ထုတ်လွှတ်ပေးပါတယ်၊ အဲ့ဒါတွေကြောင့် လူက ပိုပြီး ပျော်လွယ်၊ ခံစားလွယ်ပြီး ဆန်းဆန်းတင့် ဖြစ်တတ်ပါတယ်၊ ချစ်သူနဲ့ စကားများရင်ကိုပဲ ကမ္ဘာပျက်မလို ခံစားရပြီး ပြန်အဆင်ပြေသွားရင်လည်း အရာရာကို စိုပြေနေတတ်တဲ့ အခိုက်အတန့်တွေပေါ့။
နောက်တော့ အချိန်ကြာလာတာနဲ့အမျှ အဲ့ဒီ “အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတယ်နော်” ဆိုတဲ့အခြေအနေတွေက ဝါးတာတာဖြစ်လာတာနဲ့ Compassionate Love ရဲ့ နေရာယူချိန်ရောက်လာပါတယ်၊ ကိုယ့်ရဲ့ မောင်နှမ အပေါင်းအသင်းနဲ့ မိသားစုတွေအပေါ်မှာ ထားတဲ့ ခံစားချက်လိုမျိုးဖြစ်လာပါတယ်၊ ပိုပြီး တည်ငြိမ်လာသလို သူနဲ့ပတ်သက်ပြီး အရာရာ ခန့်မှန်းတတ်လာတယ် ပြောဆိုဆက်ဆံရတာသက်တောင့်သက်သာ ဖြစ်လာတယ်၊ အေးအေးဆေးဆေး ချစ်တတ်လာတာပေါ့၊ ပြင်းပြင်းပြပြ မွှန်ထုံနေတဲ့ Passionate ကာလ ကျော်သွားပြီးတဲ့နောက် မှာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ဂရုစိုက်တတ်လာမှု နဲ့ သူငယ်ချင်းဆန်ဆန် ရင်းနှီး လာတာတွေအပေါ် အခြေခံပြီး ပေါင်းသင်းဆက်ဆံရတာ ပိုပြီး လွယ်ကူအဆင်ပြေလာတယ်။ ကိုယ်ရဲ့လက်တွဲဖော်ဆီကနေ အားကိုလို့ရနိုင်တာတွေ၊ သူရဲ့ အကြိုက်တွေ၊ အားနည်းချက်တွေ၊ စိုးရိမ်ရတာတွေနဲ့ လိုအပ်ချက်တွေကို သိလာတဲ့ အခြေအနေဆိုပါတော့၊ ဒီ Compassionate အဆင့်က မိသားစုတစ်ခု တည်ထောင်ဖို့ အကောင်းဆုံး မရှိမဖြစ် အခြေခံအုတ်မြစ် ကို ဖန်တီးပေးတဲ့ ချစ်ခြင်းမေတ္တာအဆင့် ဖြစ်ပါတယ်။
တဖက်မှာလည်း တချို့လူတွေက ဒီ Compassionate အချစ်ကို ပျင်းစရာကောင်းတယ်လို့ ထင်ကြတယ်၊ တစ်ရက်ပြီးတစ်ရက် အပြောင်းအလဲထူးထူးခြားခြား မရှိတဲ့ အခြေအနေတွေမှာ လက်တွဲဖော်တစ်ယောက်တည််းနဲ့ တစ်သက်လုံးအချိန်ဖြုန်းသွားဖို့ သတ္တိ မရှိကြတာပေါ့။ သူတို့တွေက Passionate Love အဆင့်မှာ အချစ်စိတ်မွှန်ထုံနေတဲ့ ကာလကိုပဲ ချစ်ရတဲ့သူ တစ်ယောက်ပြီးတစ်ယောက် ပြောင်းပြီး ထပ်ခါထပ်ခါ ခံစားချင်ကြတဲ့ သူတွေပေါ့ ။
လောကကြီးမှာ လူတိုင်းအတွက် မှန်ကန်တဲ့ အဖြေ Universal Solution မရှိပါဘူးဆိုတာရယ် အချစ်က မရှိမဖြစ်လိုအပ်တယ်ဆိုတာရယ်ကို ကျွန်တော်တို့တွေနားလည်လက်ခံရပါမယ်။ ကိုယ်နဲ့ ကိုယ့် လက်တွဲဖော်အတွက် အကောင်းဆုံး၊ အကိုက်ညီဆုံး အချစ်တိုးပွားစေမယ့် ဆက်ဆံရေး ပုံစံကို ကိုယ်တိုင်ရှာဖွေ ကြံဆံရပါမယ်၊ အရေးကြီးတာက အချစ်ဆိုတာ ရိုးရာယဥ်ကျေးမှုတွေကို လိုက်နာဂုဏ်ပြုစရာ ပြယုဒ်မဟုတ်သလို ဂုဏ်ပြိုင်စရာ လူမှုအဆင့်အတန်းတွေမဟုတ်ပဲ ကိုယ့်ရဲ့ ကိုယ်ပိုင် ပျော်ရွှင်မှုတစ်ခု ဖြစ်တယ်ဆိုတာ အမှတ်ရနေဖို့ပါပဲ။
👫လူတွေထဲမှာ လက်တွဲဖော်နဲ့မှ အရာရာပြည့်စုံတယ်လို့ ခံစားရတဲ့သူတွေက သူတို့ရဲ့ ချစ်သူအပေါ်မှာ စိတ်ရှည်သည်းခံမှုတွေ၊ ငွေကြေးနဲ့ အချိန်ရက်ရောတာတွေအပြင် သူတို့ရဲ့ အစွမ်းအစအပြည့်နဲ့ ရေရှည်ဘဝခရီးကို ပုံဖော်တည်ဆောက်ကြပါတယ်။ သူတို့တွေကတော့ ကိုယ်ချစ်ရတဲ့ချစ်သူ ရဲ့ အပြောအဆို မျော်လင့်ချက်တွေအပေါ်မှာ မူတည်ပြီး သူတို့ဘဝနဲ့ ကိုယ်ကျင့်တရားတွေကို ပြောင်းလဲဖို့ ဝန်မလေးကြတဲ့သူတွေ ဖြစ်သလို သာယာတဲ့ အိမ်ထောင်မိသားစု တစ်ခုတည်ဆောက် ဖို့ အဆင်သင့် ဖြစ်နေကြတဲ့ သူတွေပါ။ နောက်လူတစ်မျိုးကတော့ ရေရှည်မဟုတ်တဲ့ ပျော်ရွှင်မှုတွေ အချစ်တွေကို ခုံမင်တယ်၊ မတူညီတဲ့ အလှအပတွေကို ခံစားမယ် တစ်ယောက်ပြီးတစ်ယောက် နဲ့ ချစ်ကြိုက်မယ်၊ ချစ်ခြင်းမေတ္တာ အတွေ့အကြုံတွေစုဆောင်းပြီး ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းမယ် ဆိုတဲ့ သူတွေပေါ့။ တတိယအမျိုးအစားကတော့ -
အပိုင်းဆက်ဖတ်ရန်
https://www.facebook.com/photo?fbid=122164551062592582&set=a.122102622692592582
05/12/2025
လွန်ခဲ့တဲ့ ၂လလောက်က စိတ်မချမ်းသာစရာ ကိစ္စတွေကြောင့်ရော အလုပ်ကိစ္စတွေပါ ရှုပ်နေတော့ စာရေးတဲ့ဖက်ကို မရောက်ဖြစ်လိုက်ပါဘူး .. ရေးလက်စ Modern Romance ကို ဒီအတောအတွင်းဘာသာအပြီးပြန်ဖို့ကို ကိုယ့်ကိုယ်ကို တိုက်တွန်းနေပါတယ်..
အားလုံးကိုယ်ကျန်းမာသလို စိတ်ချမ်းသာအောင်နေဖို့ တိုက်တွန်းချင်ပါတယ်..
ဒုက္ခရောက်တဲ့အခါ အကောင်းဖက်ကတွေးနိုင်ဖို့ ခက်ခဲပါတယ် ဒါပေမယ့် တွေးကြည့်ပါ
အဓိက ကတော့ ကိုယ်ခန္ဓာကျန်းမာပြီး စိတ်ဓါတ်ကြံ့ခိုင်နေသရွေ့တော့ ဘဝမှာဘယ်အရာမဆို ပြန်ကြိုးစားပိုင်ခွင့် ရှိနေသေးပါတယ်..🍀🪴
03/12/2025
"Modern Romance ခေတ်သစ် အချစ်ရေး" ဘာသာပြန် အပိုင်းဆက်-(၁)💗
🌳လွန်ခဲ့တဲ့ ရာစုနှစ်အတွင်းမှာ အိမ်ထောင်ရေး အသွင်အပြင်တွေက အများကြီးပြောင်းလဲလာခဲ့ပြီ၊ ဒီနေ့ခေတ်မှာက တစ်ယောက်နဲ့တစ်ယောက် ရည်းစားချစ်သူ ဘဝမှာ နှစ်ပေါင်းများစွာ အချိန်ယူလာကြတယ်၊ ကျွန်တော်တို့ အဖိုးအဖွား အဖေအမေတွေခေတ်မှာ ဒီလိုအဆင့်တွေ မရှိခဲ့ဘူး၊ တွေ့ဆုံ ချိန်းတွေ့ကြပြီး မကြာခင်မှာပဲ လက်ထပ်ကြဖို့ အဆင့်ကို ပြင်ဆင်ကြတယ်၊ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားတဲ့ အရာတွေ ဝါသနာတွေ အရည်အချင်းတွေ နေထိုင်မှု အကျင့်စရိုက် ပုံစံတွေ ကိုက်ညီကြသလားဆိုတာတွေ ဆန်းစစ်တာမျိုး မလိုအပ်ခဲ့ကြပါဘူး။ အိမ်ထောင်သက်နှစ်တွေကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် လိုက်လျောညီထွေဖြစ်အောင်၊ ပဋိပက္ခတွေကို ရှောင်ရှားတတ်လာတယ်။ သူတို့အတွက်၊ လမ်းခွဲကြတယ် ကွာရှင်းကြတယ်ဆိုတာ ရွေးချယ်ခွင့်တစ်ခုမှ မဟုတ်ခဲ့ပါပဲ။ အရင်ခေတ်နဲ့ မတူဘဲ ယနေ့ခေတ်ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးက ကိုယ့်အတွက် ဘယ်ထောင့်ကကြည့်ကြည့် အကျိုးပြုစရာ အတိုင်းအတာမရှိတော့ဘူးလို့ သိသာတဲ့အခါ ကွာရှင်းပြတ်စဲနိုင်လို့ ရတယ်ဆိုပြီး ရှင်းရှင်းလင်းလင်းနားလည်ထားကြသလို တကယ်လည်း အဲ့ဒီလို ကျင့်သုံးနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ ကိုယ့်ဘဝကို မျှဝေခံစားဖို့ရာ မျက်လုံးဖွင့်လိုက်တာနဲ့ ရွေးချယ်စရာတွေ အများကြီးရှိနေလို့ပါပဲ။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ဟာ ကိုယ့်လက်တွဲဖော်၊ချစ်သူ၊ အိမ်ထောင်ဖက်တွေကို ကိုယ့်စိတ်ကြိုက်ပဲ ချယ်လှယ်ချင်သလို၊ကိုယ့်မျော်လင့်ထားတဲ့အတိုင်း ကိုက်ညီဖို့ ပြည့်စုံနေဖို့ မျော်လင့်ထားတာတွေများလာတယ်၊ ကိစ္စအသေးအဖွဲတွေမှာတောင် သည်းခံနိုင်တဲ့ အပိုင်းတွေ အားနည်းလာတယ်၊ ဘာလို့လဲဆိုတော့ ဒီလူနဲ့ အဆင်မပြေလည်း ကိုယ့်ကိုချစ်မယ့် တခြားသူတစ်ယောက်နဲ့ ဘဝကို အချိန်မရွေးပြန်စခွင့် ရှိနိုင်လို့ပါ။ အခုခေတ်မှာက အချစ်ကို အင်တာနက်ကနေ အလွယ်တကူ ရှာလို့ရနေပြီ၊ လူမျိုး၊ဘာသာ၊ နိုင်ငံသား ၊ အဆင့်အတန်း၊ အသက်အရွယ်၊ အလုပ်အကိုင်၊ လိင်တူ/ လိင်ကွဲ အဲ့တာတွေပေါ်မူတည်ပြီး အလွယ်တကူကို ကိုယ်လိုချင်တဲ့ အချက်တွေနဲ့ ရှာဖွေပြီး တွေ့ဆုံချစ်ကြိုက်နိုင်ကြနေတဲ့ ခေတ်ဖြစ်နေပါပြီ... 💑
၂၀ရာစု အစောပိုင်း တစ်ဝက်လောက်တုန်းကတော့ စုံတွဲအများစုက မိဘတွေကနေ တဆင့် အိမ်ထောင်ဖက်ကို ရှာတွေ့ကြတယ်၊ မိဘတွေသဘောကျလို့ တွေ့ရာကနေ ချစ်ကြိုက်ကြတယ်ဆိုပါတော့။ အဲ့ဒီခေတ်တုန်းက အဆင့်တွေက ရိုးရှင်းတယ်-
-မိဘတွေက ကိုယ့်သားသမီးနဲ့ အဆင်ပြေကိုက်ညီလောက်ပါတယ် ဆိုတဲ့သူကို အသိမိတ်ဆွေတွေထဲက ရှာကြတယ်
- အဲဒီကတဆင့် ကာယကံရှင်တွေက တစ်ဖက်က မိဘတွေကိုယ့်ကို သဘောကျလောက်အောင် အရည်အချင်းတွေပြပြီး ဂရုတစိုက် အနေအထိုင်ဆင်ခြင်တယ်
- အဲ့ဒီကနေ မိသားစုအချင်းချင်း အသေးစိတ်အကြောင်းအရာတွေ ဆွေးနွေးကြတယ်
မင်္ဂလာပွဲ မစီစဥ်ခင်မှာ ကောင်လေးနဲ့ ကောင်မလေးတို့ တွေ့ ကြတယ် စသဖြင့် အဆင့်ဆင့် သွားကြတယ်။
၂၀ ရာခိုင်နှုန်းလောက်ကတော့ အသိတွေထဲက အချင်းချင်း မိတ်ဆက်ပေးပြီး အိမ်ထောင်ဖက်ကိုရှာတွေ့ကြတယ်၊ ၁၀ ရာခိုင်နှုန်းလောက်ကတော့ ဘုရားကျောင်း ဒါမှမဟုတ် သင်တန်းနဲ့ လုပ်ငန်းခွင်မှာ တွေ့ဆုံကြတယ်၊ တက္ကသိုလ်မှာ အချင်းအချင်း တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံရင်ခုန်ပြီး ချစ်သူဘဝကိုဖြတ်ကျော်ခဲ့တာမျိုးက လူနည်းစုလောက်ပဲ ရှိပါတယ်။ အရင်ခေတ်တွေတုန်းကတော့ တက္ကသိုလ်တက်တယ် ဆိုတာ လူနည်းစုလောက်ကပဲ တတ်နိုင်တဲ့ ရှားပါးတဲ့ အခွင့်အရေးတစ်ခုပါ။
၁၉၉၀ နောက်ပိုင်းနှစ်တွေမှာတော့ မိဘတွေက သားသမီးတွေရဲ့ အချစ်ရေးအချစ်ရာ အိမ်ထောင်ပြု ဖို့ ကိစ္စရပ်တွေမှာ အရမ်းဝင်မပါကြတော့ပါဘူး၊ လူငယ်တွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်က သူငယ်ချင်းတွေနဲ့ လုပ်ငန်းခွင်ကနေ တဆင့် ဒါမှမဟုတ် အပျော်ခရီးသွားရင်း ကိုယ့်လက်တွဲဖော်ကို ရှာတွေ့ကြတယ်။
၂၀၀၀ခုနှစ်လောက်က စပြီး အွန်လိုင်းပေါ်က တဆင့် ချစ်ကြိုက်ကြတာတွေ စလာတယ်။
အွန်လိုင်းကနေတဆင့် ချိန်းတွေ့ကြတာ ချစ်သူရှာကြတာက ခေတ်နဲ့အညီ အရမ်းကိုရေပန်းစားလာတယ်၊ ကိုယ်ရွေးချယ်ထားတဲ့သူတွေထဲကမှ ကိုယ့်ကို ကြိုက်လို့ အချက်ပေးလာတဲ့သူတစ်ယောက်နဲ့ ချိန်းတွေ့ဖို့ ဖြစ်လာတဲ့အခါ ဒီအချစ်ရေးက ယေဘူယျ အောင်မြင်တယ်လို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ကို ကြိုက်လား မကြိုက်လား မသိတဲ့ သူစိမ်းတစ်ယောက်ကို စကားစပြောဖို့ ရဲစွမ်း သတ္တိ မွေးစရာမလိုသလို ကိုယ့်ကိုယ်ကို မရေမရာတဲ့ စိတ်ဒွိဟ ဒုက္ခလည်း ပေးစရာမလိုတော့လို့ပါပဲ။
အွန်လိုင်းပေါ်က ချစ်ကြိုက်ဖို့ ဖန်တီးထားတဲ့ အပ်ပလီကေးရှင်း (Application) တွေရဲ့ အစိတ်အပိုင်းတွေထဲမှာ ကိုယ်လိုချင်တဲ့ အချက်တွေနဲ့ မကိုက်ညီတဲ့သူတွေကို တခါတည်း ဖယ်ထားပေးတဲ့ နည်းပညာတစ်ခုပါတာကြောင့် ကိုယ်ထည့်ထားတဲ့ အရည်အသွေး၊ အရည်အချင်းတွေနဲ့ ကိုက်ညီတဲ့သူတွေကို တန်းပြီး ရွေးချယ်လို့ ရတာက အဆင်ပြေစေတဲ့ အချက်တစ်ခုဖြစ်ပါလိမ့်မယ်။ အမေရိက မှာ တင်ဒါ(Tinder ) ဆိုတဲ့ Application က ၂၀၁၂ မှာ ကြီးကြီးကျယ်ကျယ် ခေတ်ထသွားတာလည်း မဆန်းပါဘူး၊ တကယ်တော့ ၂၀၁၀ ကတည်းက အမေရိကန် လူမျိုး တစ်ဝက်လောက်က အွန်လိုင်းကနေတဆင့် ချိန်းတွေ့ ချစ်ကြိုက်နေကြပြီးဖြစ်ပါတယ်။
ဒီခေတ်ကြီးထဲမှာ စမတ်ဖုန်းတစ်လုံး ကိုယ့်မှာရှိနေတာနဲ့ လူတိုင်းက လူပျို/အပျို အနေနဲ့ အချိန်မရွေး နေရာမရွေး ချိန်းတွေ့ချစ်ကြိုက်နိုင်တဲ့ အခွင့်အရေးကို အိပ်ကပ်ထဲမှာ ထည့်ထားပြီး သွားလာလှုပ်ရှားနေကြတာဖြစ်တယ်... 🍎
အပိုင်းဆက်ရန်
ဒီတစ်ခေါက်ပုံကတော့ စာရေးရင်း ဒံပေါက်စားချင်နေတာနဲ့ တိုက်ဆိုင်နေလို့ ရန်ကုန်က နာမည်ကြီးတဲ့ ဆိုင်တစ်ဆိုင်က ဒံပေါက်ပါ..