Teaching Children Academics and Humanities -TCAH

  • Home
  • Teaching Children Academics and Humanities -TCAH

Teaching Children Academics and Humanities -TCAH We are 501c3 non profit, committed to education, safety, and the well-being of children in need.

🏆 အနာဂတ်ခေါင်းဆောင်များအတွက် 𝐓𝐂𝐀𝐇 𝟐𝟎𝟐𝟔 သီတင်းကျွတ် 𝐃𝐞𝐛𝐚𝐭𝐞 𝐓𝐨𝐮𝐫𝐧𝐚𝐦𝐞𝐧𝐭 ကြီးကို ပြန်လည်ယူဆောင်လာပါပြီ! 🎉မနှစ်က အောင်မြင်မှု...
05/10/2026

🏆 အနာဂတ်ခေါင်းဆောင်များအတွက် 𝐓𝐂𝐀𝐇 𝟐𝟎𝟐𝟔 သီတင်းကျွတ် 𝐃𝐞𝐛𝐚𝐭𝐞 𝐓𝐨𝐮𝐫𝐧𝐚𝐦𝐞𝐧𝐭 ကြီးကို ပြန်လည်ယူဆောင်လာပါပြီ! 🎉

မနှစ်က အောင်မြင်မှုများစွာရရှိခဲ့တဲ့ TCAH Debate Tournament ကြီးကို ဒီနှစ်မှာလည်း Debateနဲ့ ပတ်သက်ပြီး လူငယ်တွေကို မျှဝေပေးနေတဲ့ လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Opinionics Society နဲ့ အတူပူးပေါင်းကာ ပိုမိုကောင်းမွန်တဲ့အတွေ့အကြုံများနဲ့ ပြန်လည်ရောက်ရှိလာပါပြီ။

ဘာကြောင့် ဝင်ရောက်ယှဉ်ပြိုင်သင့်တာလဲ?
ဒီပြိုင်ပွဲဟာ ကျောင်းသာလူငယ်တွေအတွက်
🎯 Social Skills တိုးတက်စေဖို့
🎯 Teamwork စွမ်းရည် မြှင့်တင်ဖို့
🎯 Public Speaking ကျွမ်းကျင်မှု ရနိုင်ဖို့
🎯 Critical Thinking စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့အတွက် ပါဝင်လေ့ကျင့်နိုင်မယ့်အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။

✅ ဘယ်သူတွေ ဝင်ရောက်ယှဉ်ပြိုင်သင့်လဲ?
စကားပြောစွမ်းရည်၊ အသင်းအဖွဲ့နှင့်လုပ်ကိုင်နိုင်စွမ်းနှင့် မိမိကိုယ်ကိုယုံကြည်မှု မြှင့်တင်လိုတဲ့ အသက် (၁၃) နှစ်မှ (၁၈) နှစ်အထိ ကျောင်းသား/သူများအားလုံး ပါဝင်ယှဥ်ပြိုင်သင့်ပါတယ်။

🏆 ပြိုင်ပွဲအချက်အလက်များ
Debate Format: Karl Popper Debate
ဘာသာစကား: မြန်မာဘာသာ
Platform: Zoom
အသင်းအရွယ်အစား:၂ ဦး (သို့) ၃ ဦး (တစ်ဦးတည်းယှဥ်ပြိုင်သူများအား စုပေါင်းကာ အဖွဲ့အနေဖြင့် ဖွဲ့စည်းယှဥ်ပြိုင်ရမှာ ဖြစ်ပါတယ်)။
လက်ခံမည့်အသင်းအရေအတွက်: ၈ သင်း (အနည်းဆုံး)လက်ခံသွားမှာဖြစ်ပါတယ်။

📅 အရေးကြီးရက်စွဲများ
နောက်ဆုံးလျှောက်ထားနိုင်မည့်ရက် - အောက်တိုဘာလ၊ ၁၅ရက်နေ့ (မြန်မာစံတော်ချိန် ည ၁၁နာရီ ၅၉ မိနစ်)
ရွေးချယ်ခံရသူများအား ဆက်သွယ်မည့်ရက် - အောက်တိုဘာလ၊ ၁၆ရက်နေ့ မှ ၁၇ရက်နေ့ထိ
Orientation - အောက်တိုဘာလ၊ ၁၈ရက်နေ့ (မြန်မာစံတော်ချိန် ည ၇နာရီမှ ၈နာရီအထိ)
Debate Trainings - အောက်တိုဘာလ၊ (၁၉)ရက်နေ့ မှ (၂၀) ရက်နေ့ (မြန်မာစံတော်ချိန် ည ၇နာရီမှ ၉နာရီအထိ)
ပြိုင်ပွဲရက် - အောက်တိုဘာလ၊ ၂၄ရက်နေ့မှ ၂၅ရက်နေ့ထိ (မြန်မာစံတော်ချိန် မနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ၊ ပြောင်းလဲမှုရှိလျှင် အကြောင်းကြားပါမယ်)

⚠️ပြိုင်ပွဲဝင်များလိုက်နာရမည့်စည်းကမ်းချက်များ
ပြိုင်ပွဲစဉ်အစမှ အဆုံးထိ ပါဝင်ရန် လိုအပ်ပါတယ်။ Orientation၊ Debate Training တို့ကို မဖြစ်မနေတက်ရောက်ရန် လိုအပ်ပါတယ်။

ဆုကြေးကြီးများအနေနဲ့လည်း
🥇 Champion Team - ၃၀၀,၀၀၀ ကျပ်
🥈 Runner-up Team - ၂၀၀,၀၀၀ ကျပ်
🎖 Individual Awards - ၅၀,၀၀၀ ကျပ် (Up to 2 Awards) အသီးသီးကိုစီစဥ်ထားပါတယ်။

ပါဝင်ယှဥ်ပြိုင်ဖို့အတွက် Entry Fee လုံးဝမရှိတဲ့အပြင်၊ ယခင်နှစ်က ပါဝင်ခဲ့သူများ ထပ်မံလျှောက်ထားနိုင်ပါတယ်။

ဒီသီတင်းကျွတ်မှာ သင့်ရဲ့စကားပြောစွမ်းရည်ကို အဆင့်မြှင့်ပြီး ဆုကြေးကြီးများပါ ရယူနိုင်ဖို့ အခုပဲ စာရင်းသွင်းလိုက်ပါ။
👉 စာရင်းသွင်းရန်: [https://forms.gle/YhTp7nMDJ7bGKdf49]

"𝐓𝐡𝐞 𝐚𝐢𝐦 𝐨𝐟 𝐚𝐫𝐠𝐮𝐦𝐞𝐧𝐭 𝐬𝐡𝐨𝐮𝐥𝐝 𝐧𝐨𝐭 𝐛𝐞 𝐯𝐢𝐜𝐭𝐨𝐫𝐲, 𝐛𝐮𝐭 𝐩𝐫𝐨𝐠𝐫𝐞𝐬𝐬"
𝐊𝐚𝐫𝐥 𝐏𝐨𝐩𝐩𝐞𝐫

𝐇𝐀𝐏𝐏𝐘 𝐖𝐎𝐑𝐋𝐃 𝐓𝐄𝐀𝐂𝐇𝐄𝐑𝐒’ 𝐃𝐀𝐘 (𝟓𝐭𝐡 𝐎𝐜𝐭𝐨𝐛𝐞𝐫)To every teacher who teaches with heart, patience, and purpose — you shape minds,...
05/10/2026

𝐇𝐀𝐏𝐏𝐘 𝐖𝐎𝐑𝐋𝐃 𝐓𝐄𝐀𝐂𝐇𝐄𝐑𝐒’ 𝐃𝐀𝐘 (𝟓𝐭𝐡 𝐎𝐜𝐭𝐨𝐛𝐞𝐫)

To every teacher who teaches with heart, patience, and purpose — you shape minds, inspire dreams, and build brighter futures.

Thank you for being the light in every learner’s journey.

With gratitude,
Teaching Children Academics and Humanities (TCAH)

Art & Craft အတန်းလေးအတွက် Register လုပ်ထားတဲ့ ကလေးမိဘ/အုပ်ထိန်းသူအားလုံးကို အီးမေးလ်ကနေ တစ်ဆင့် Zoom Meeting Linkနဲ့ tel...
18/09/2026

Art & Craft အတန်းလေးအတွက် Register လုပ်ထားတဲ့ ကလေးမိဘ/အုပ်ထိန်းသူအားလုံးကို အီးမေးလ်ကနေ တစ်ဆင့် Zoom Meeting Linkနဲ့ telegram group link ပို့ပေးထားပါပြီ။ Emailလေးတွေ စစ်ပေးကြပါနော်။

အကယ်၍ registerလုပ်ထားပြီး emailမရဘူးဆိုရင် Page messenger ကိုလာပြောလို့ရပါတယ်ရှင်။

🎨 Art & Craft Online Class (TCAH Short-term Elective Courses 2026 )

Teaching Children Academics and Humanities (TCAH) မှ ကြီးမှူးကျင်းပသော Short-Term Elective Courses 2026 အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အခမဲ့ (၁၀) ပတ်ကြာ Art & Craft Online Class ကို ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

ဤသင်တန်းသည် ကလေးများအတွက် ပျော်ရွှင်ဖွယ်ရာကောင်းပြီး အသက်အရွယ်နှင့် လျော်ညီသော Art & Craft လက်တွေ့လုပ်ဆောင်မှုများကို အဓိကထား သင်ကြားပေးသွားမှာဖြစ်ပြီး ကလေးများ၏ ဖန်တီးနိုင်စွမ်း (Creativity)၊ စိတ်ကူးဉာဏ် (Imagination)၊ မိမိကိုယ်ကို ဖော်ပြနိုင်စွမ်း (Self-expression) နှင့် အနုပညာဆိုင်ရာ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပါသည်။

📌 သင်တန်းအချက်အလက်များ
သင်တန်းအမည် – Art & Craft Online Class
ကြာချိန် – (၁၀) ပတ်
သင်တန်းကာလ – ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ
သင်တန်းရက် – အပတ်စဉ် သောကြာနေ့တိုင်း
အချိန် – ည ၇:၀၀ မှ ၈:၃၀ နာရီ (မြန်မာစံတော်ချိန်)
သင်ကြားမှုပုံစံ – Zoom Platform
လက်ခံဦးရေ – ကျောင်းသား/သူ ၁၅ ဦးသာ
သင်တန်းကြေး – အခမဲ့ (သို့သော် ဦးရာလူစနစ်ဖြင့် စာရင်းပေးသွင်းရမည်ဖြစ်ပါသည်။)

🔔သတိပြုရန် - ဤသင်တန်းသည် အခမဲ့ဖြစ်သော်လည်း သင်တန်းသားများအနေဖြင့် ကျပ် ၂၅,၀၀၀ (နှစ်သောင်းငါးထောင်) ကို Commitment Deposit အနေဖြင့် ပေးသွင်းရမည်ဖြစ်ပါသည်။ သင်တန်းကို အောင်မြင်စွာပြီးမြောက်သည့်အထိ တက်ရောက်သော ကျောင်းသား/သူများအား Certificateနှင့်အတူ Deposit Fee ၂၅,၀၀၀ကို ပြန်လည် ပေးအပ်သွားမှာ ဖြစ်ပါသည်။

📌🎨 သင်ခန်းစာအစီအစဉ်နှင့် လိုအပ်သောပစ္စည်းများ
သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း မိမိနှစ်သက်ရာ ဖန်တီးမှုတစ်ခုကို ရွေးချယ်လေ့ကျင့်နိုင်ပြီး သင်တန်းပြီးဆုံးချိန်တွင် ကလေးများ၏ လက်ရာများကို အချင်းချင်းမျှဝေ ဂုဏ်ပြုနိုင်သည့် Student Online Showcase ကိုလည်း စီစဉ်ပေးသွားမည်ဖြစ်ပါသည်။

(၁၀) ပတ်စာ သင်ခန်းစာအစီအစဉ် (Lesson Plan) နှင့် လိုအပ်သော ပစ္စည်းကိရိယာစာရင်း (Materials List) တို့ကို အောက်ပါ Google Drive Link တွင် မြန်မာနှင့် အင်္ဂလိပ် ဘာသာနှစ်မျိုးဖြင့် ကြည့်ရှုနိုင်ပါသည်။

📘 Lesson Plan & Materials List – https://drive.google.com/drive/folders/1MvRCY7QyQvUrr6NHbezSe3eqWt01XA8p?usp=drive_link

📌 စာရင်းပေးသွင်းရန် – https://forms.gle/7cPDxLLVtyHkMzTZ6 (မှတ်ချက် – စာရင်းမပေးသွင်းမီ Materials List ကို သေချာလေ့လာပြီး သင်တန်းမစတင်မီ ကြိုတင်ပြင်ဆင်နိုင်စေရန် မေတ္တာရပ်ခံအပ်ပါသည်။)

🎨 Art & Craft Online Class (TCAH Short-term Elective Courses 2026 )Teaching Children Academics and Humanities (TCAH) မှ ...
01/09/2026

TCAH ကနေ မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် သတင်းကောင်းလေးတစ်ခု မျှဝေပေးချင်ပါတယ်။ 🎉ကျွန်မတို့အနေနဲ့ ပညာရေးဆိုတာဟာ စာသ...
09/08/2026

TCAH ကနေ မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် သတင်းကောင်းလေးတစ်ခု မျှဝေပေးချင်ပါတယ်။ 🎉

ကျွန်မတို့အနေနဲ့ ပညာရေးဆိုတာဟာ စာသင်ခန်းထဲမှာသင်ရတဲ့ ဘာသာရပ်တွေနဲ့ပဲ မပြီးဆုံးသွားဘူးလို့ ယုံကြည်ပါတယ်။ ကလေးတွေဟာ ပုံမှန်ကျောင်းစာတွေအပြင် ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို လေ့လာနိုင်ဖို့ အသုံးဝင်တဲ့ Skills တွေရှိသင့်ပါတယ်။

ဒါကြောင့် TCAH မှာ မြန်မာကျောင်းသား၊ ကျောင်းသူတွေအတွက် အခမဲ့ Short-term Elective Courses တွေကို စတင်မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဖွင့်လှစ်ပေးသွားမည့် Elective Courses တွေမှာ ပုံမှန်ကျောင်းတွေမှာ အမြဲတမ်း သင်ယူခွင့်မရနိုင်တဲ့ အကြောင်းအရာတွေ ပါဝင်ပါမယ်။

ဥပမာ
• Creativity & Critical Thinking
• Communication Skills
• Personal Development
• Practical Life Skills
• နဲ့ အခြားစိတ်ဝင်စားဖွယ်ရာ Skills များ

သင်တန်းတစ်ခုချင်းစီကို Short term Course (ကာလတို သင်တန်းများ) အဖြစ် ဖွင့်လှစ်ပေးသွားမှာပဲ ဖြစ်ပါတယ်။

ပထမဆုံးအတန်းကို စက်တင်ဘာလမှာ စတင်မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ သင်တန်းများဖွင့်လှစ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေပြီး ကျောင်းသား/သူတွေ စိတ်ဝင်စားပြီး တကယ်လည်းအကျိုးရှိစေမယ့် အတန်းများ ဖွင့်ပေးနိုင်ဖို့လည်းပြင်ဆင်နေပါတယ်။ နောက်ထပ်အသေးစိတ်အချက်အလက်တွေကို မကြာခင်မှာ ထုတ်ပြန်ကြေညာသွားမှာဖြစ်လို့ TCAH ရဲ့ page လေးကို အမြဲစောင့်ကြည့်ပေးသွားဖို့လည်း တိုက်တွန်းလိုပါတယ်ရှင်။

English Version:

Good News from TCAH for Myanmar Students! 🎉

We have some good news to share with our Myanmar students and their families.

At TCAH, we believe that education is more than just the subjects students learn in the classroom. Along with their regular school subjects, children should also have opportunities to explore their interests and develop useful skills for everyday life and the future.

That is why TCAH will be introducing free Short-term Elective Courses for Myanmar students.

These Elective Courses will cover topics that students may not always have the chance to learn at school.

Some examples include:

• Creativity & Critical Thinking
• Communication Skills
• Personal Development
• Practical Life Skills
• And other interesting and useful skills

Each course will be offered as a Short-term Course, so students can explore different topics and learn new skills within a short period of time.

Our first courses will start in September.

We are currently preparing the courses and working to make sure they are interesting, useful, and meaningful for our students.

More details will be announced soon. Please follow the TCAH page to stay updated!

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် ဘေးဘယာဝေးကွာ၍ ကိုယ်စိတ်နှလုံးအေးချမ်းကြပါစေကြောင်း TCAH မိသားစုမှ ဆုတောင်းမေတ္တ...
29/07/2026

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် ဘေးဘယာဝေးကွာ၍ ကိုယ်စိတ်နှလုံးအေးချမ်းကြပါစေကြောင်း TCAH မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

English Version:
On this Full Moon Day of Waso (Dhammacakka Day), may everyone be free from danger and blessed with peace and tranquility in body, mind, and heart. With loving-kindness and best wishes from the TCAH family.

ဒီ Workshop လေးအတွက် Register လုပ်ထားတဲ့ ကလေးမိဘ/အုပ်ထိန်းသူအားလုံးကို အီးမေးလ်ကနေ တစ်ဆင့် Zoom Meeting Link ပို့ပေးထားပ...
21/06/2026

ဒီ Workshop လေးအတွက် Register လုပ်ထားတဲ့ ကလေးမိဘ/အုပ်ထိန်းသူအားလုံးကို အီးမေးလ်ကနေ တစ်ဆင့် Zoom Meeting Link ပို့ပေးထားပါပြီခင်ဗျ။

မနက်ဖြန် မြန်မာစံတော်ချိန် ည (၈) နာရီမှာတွေ့ကြပါမယ်ခင်ဗျ။

🌟 Raising Future-Ready Kids: AI ခေတ်မှာ ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်မလဲ?

Artificial Intelligence (AI) နည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလာနေသည့် ယနေ့ခေတ်တွင် မိဘများစွာအတွက် မေးခွန်းတစ်ခုက ပို၍ အရေးကြီးလာနေပါတယ်။

"ကျွန်ုပ်တို့ရဲ့ ကလေးတွေကို AI ခေတ်အတွက် ဘယ်လိုပြင်ဆင်ပေးကြမလဲ?"

နည်းပညာများ ပိုမိုတိုးတက်လာသည်နှင့်အမျှ ကလေးများသည် ယခင်မျိုးဆက်များနှင့် မတူညီသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါသည်။ AI၊ Social Media နှင့် Digital Technologies များသည် သင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများစွာ ဖန်တီးပေးသလို စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးနှင့် အနာဂတ်အလုပ်အကိုင်ဆိုင်ရာ စိုးရိမ်စရာများကိုလည်း တစ်ပြိုင်နက်တည်း ယူဆောင်လာလျက်ရှိပါသည်။

📱 နည်းပညာအသုံးပြုမှုများလာခြင်းကြောင့် ကလေးများ၏ စိုးရိမ်ပူပန်မှုများနှင့် အထီးကျန်မှုများကို မည်သို့ နားလည်ကူညီပေးနိုင်မလဲ?

🤖 AI Chatbots များနှင့် နေ့စဉ်ထိတွေ့အသုံးပြုလာသည့် ကလေးများအတွက် မိဘများက မည်သို့ လမ်းညွှန်ပေးသင့်သနည်း?

🚀 အလိုအလျောက်စနစ်များနှင့် AI နည်းပညာများကြောင့် ပြောင်းလဲလာမည့် အနာဂတ်အလုပ်အကိုင်ဈေးကွက်တွင် ကလေးများအတွက် အမှန်တကယ် လိုအပ်မည့် စွမ်းရည်များမှာ ဘာတွေလဲ?

💡 မိဘကိုယ်တိုင် AI နှင့် နည်းပညာများကို နားမလည်သေးသော်လည်း ကလေးများကို မည်သို့ မှန်ကန်စွာ လမ်းညွှန်ပေးနိုင်မလဲ?

ဤမေးခွန်းများနှင့် စိန်ခေါ်မှုများအတွက် အဖြေများကို လေ့လာနိုင်ရန် Teaching Children Academics and Humanities (TCAH) မှ "Raising Future-Ready Kids" Workshop ကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

Workshop အတွင်းတွင် AI ခေတ်အတွက် မိဘများ သိထားသင့်သည့် အရေးကြီးသော အကြောင်းအရာများ၊ ကလေးများ၏ စိတ်ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ အနာဂတ်အတွက် လိုအပ်မည့် စွမ်းရည်များနှင့် မိဘများ၏ AI ဆိုင်ရာ ယုံကြည်မှုတည်ဆောက်ခြင်းတို့ကို လက်တွေ့ကျကျ ဆွေးနွေးမျှဝေပေးသွားမည် ဖြစ်ပါသည်။

✅Workshop မှ ရရှိမည့် အကျိုးကျေးဇူးများ

• AI ခေတ်တွင် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုနားလည်လာခြင်း

• ကလေးများ၏ Critical Thinking, Creativity နှင့် Problem-Solving Skills များကို ပျိုးထောင်ပေးနိုင်မည့် နည်းလမ်းများ သိရှိလာခြင်း

• AI နှင့် နည်းပညာများကို မိသားစုအတွင်း တာဝန်ယူစွာ အသုံးပြုနိုင်မည့် အကြံပြုချက်များ ရရှိခြင်း

• မိဘနှင့် သားသမီးကြား ပိုမိုကောင်းမွန်သော ဆက်သွယ်မှုနှင့် ယုံကြည်မှု တည်ဆောက်နိုင်ရန် နည်းလမ်းများ လေ့လာနိုင်ခြင်း

• မိသားစုအလိုက် လက်တွေ့အသုံးချနိုင်မည့် AI ခေတ်အတွက် ပြင်ဆင်မှု အကြံဉာဏ်များ ရရှိခြင်း

🗓️ နေ့ရက် : June 22, 2026
🕗 အချိန် : 8:00 PM (Myanmar Time)
💻 နေရာ : Zoom
💰သင်တန်းကြေး : အခမဲ့

ဆွေးနွေးမှုများ ပိုမိုထိရောက်စေရန် တက်ရောက်သူဦးရေ ကန့်သတ်ထားပါသည် (Limited Seats)

📝 အောက်ပါ Link မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါသည်။
https://forms.gle/8rmGM48fEjuo8zqr6

19/06/2026

Raising future ready kids free workshop registration form is closing tonight at 12pm EST USA. Get the spot.

10/06/2026

🇲🇲Summer Basic Burmese Class for Kids Living Abroad (Batch 5)

မိဘများ စောင့်မျှော်နေကြတဲ့ နွေရာသီ မြန်မာစာအခြေခံသင်တန်းလေးကို ဒီနှစ်လည်း TCAHမှ ထပ်မံဖွင့်လှစ်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။

နိုင်ငံရပ်ခြားတွင် နေထိုင်ကြသော မြန်မာမိသားစုများအတွက်တော့ ဤနွေရာသီအားလပ်ရက်ကာလသည် သားသမီးများကို မြန်မာဘာသာစကား၊ ယဉ်ကျေးမှုနှင့် မိမိတို့၏ အမွေအနှစ်များအကြောင်း ပိုမိုသိရှိနားလညလာစေရန် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်ပါသည်။

ဤသင်တန်းသည် မြန်မာစာကို အခြေခံမှ စတင်သင်ယူလိုသော ကလေးများအတွက် အဓိက ရည်ရွယ်ထားပြီး မြန်မာဘာသာစကားကို ပျော်ရွှင်စွာ သင်ယူရင်း စာဖတ်ခြင်း၊ စာရေးခြင်းနှင့် စကားပြောခြင်းစွမ်းရည်များကို တဖြည်းဖြည်း တိုးတက်လာစေရန် သင်ကြားပေးမည် ဖြစ်ပါသည်။

📚 သင်တန်းတွင် သင်ယူရမည့် အကြောင်းအရာများ
-မြန်မာအက္ခရာများနှင့် အသံထွက်များ
-အခြေခံဝေါဟာရများနှင့် နေ့စဉ်သုံး အသုံးအနှုန်းများ
-အခြေခံ စာဖတ်၊ စာရေးစွမ်းရည်များ
-ရိုးရှင်းသော ဝါကျဖွဲ့စည်းပုံများ
-နေ့စဉ်အသုံးပြုနိုင်သော Conversational Burmese Skills

👩‍🏫 သင်တန်းကို အတွေ့အကြုံရှိ ဆရာမမှ သင်ကြားပေးမည်ဖြစ်ပြီး ကလေးများ စိတ်ဝင်စားစွာ ပါဝင်သင်ယူနိုင်ရန် Interactive Activities များနှင့် သင်ကြားပေးသွားမည်ဖြစ်ပါသည်။

🏫Class Information
Platform – Zoom
Age Group – 6 to 12 Years Old
Course Fee – USD 100 (3-Month Program)
Start Date – July 6, 2026
Duration – 3 Months (July – September 2026)

🗓️ July & August Schedule
• Mondays & Tuesdays
• 8:00 PM – 9:00 PM (Myanmar Time)
• 9:30 AM – 10:30 AM (EST-U.S.)

🗓️ September Schedule
• Wednesdays & Thursdays (6:00 AM – 7:00 AM, Myanmar Time)
• Tuesdays & Wednesdays (7:30 PM – 8:30 PM, EST-U.S.)

Class Size – 12 Students Only
ကျောင်းသားတစ်ဦးချင်းစီအပေါ် ပိုမိုအာရုံစိုက်သင်ကြားနိုင်ရန်နှင့် အတန်းတွင်းတက်ကြွစွာ ပါဝင်သင်ယူနိုင်စေရန် ကျောင်းသူ/သား (၁၂) ဦးသာ လက်ခံသွားမည် ဖြစ်ပါသည်။

⚠️ယခင် Batch များတွင် သင်တန်းနေရာများ လျင်မြန်စွာ ပြည့်သွားခဲ့သောကြောင့် စိတ်ဝင်စားသော မိဘများအနေဖြင့် စောစီးစွာ စာရင်းပေးသွင်းထားရန် အကြံပြုအပ်ပါသည်။

ဤသင်တန်းမှ လက်ခံရရှိသည့်သင်တန်းကြေးများကို သင်တန်းဆရာမဉာဏ်ပူဇော်ခနှင့် TCAH non-profit general fund အဖြစ် ပြန်လည်အသုံးပြုသွားမှာဖြစ်ပါတယ်။

📩 Page Messengerမှတဆင့် ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ပါသည်။

We are 501c3 non profit, committed to education, safety, and the well-being of children in need.

🌟 Raising Future-Ready Kids: AI ခေတ်မှာ ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်မလဲ?Artificial Intelligence (AI) နည်းပညာများ အရှ...
03/06/2026

🌟 Raising Future-Ready Kids: AI ခေတ်မှာ ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်မလဲ?

Artificial Intelligence (AI) နည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလာနေသည့် ယနေ့ခေတ်တွင် မိဘများစွာအတွက် မေးခွန်းတစ်ခုက ပို၍ အရေးကြီးလာနေပါတယ်။

"ကျွန်ုပ်တို့ရဲ့ ကလေးတွေကို AI ခေတ်အတွက် ဘယ်လိုပြင်ဆင်ပေးကြမလဲ?"

နည်းပညာများ ပိုမိုတိုးတက်လာသည်နှင့်အမျှ ကလေးများသည် ယခင်မျိုးဆက်များနှင့် မတူညီသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါသည်။ AI၊ Social Media နှင့် Digital Technologies များသည် သင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများစွာ ဖန်တီးပေးသလို စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးနှင့် အနာဂတ်အလုပ်အကိုင်ဆိုင်ရာ စိုးရိမ်စရာများကိုလည်း တစ်ပြိုင်နက်တည်း ယူဆောင်လာလျက်ရှိပါသည်။

📱 နည်းပညာအသုံးပြုမှုများလာခြင်းကြောင့် ကလေးများ၏ စိုးရိမ်ပူပန်မှုများနှင့် အထီးကျန်မှုများကို မည်သို့ နားလည်ကူညီပေးနိုင်မလဲ?

🤖 AI Chatbots များနှင့် နေ့စဉ်ထိတွေ့အသုံးပြုလာသည့် ကလေးများအတွက် မိဘများက မည်သို့ လမ်းညွှန်ပေးသင့်သနည်း?

🚀 အလိုအလျောက်စနစ်များနှင့် AI နည်းပညာများကြောင့် ပြောင်းလဲလာမည့် အနာဂတ်အလုပ်အကိုင်ဈေးကွက်တွင် ကလေးများအတွက် အမှန်တကယ် လိုအပ်မည့် စွမ်းရည်များမှာ ဘာတွေလဲ?

💡 မိဘကိုယ်တိုင် AI နှင့် နည်းပညာများကို နားမလည်သေးသော်လည်း ကလေးများကို မည်သို့ မှန်ကန်စွာ လမ်းညွှန်ပေးနိုင်မလဲ?

ဤမေးခွန်းများနှင့် စိန်ခေါ်မှုများအတွက် အဖြေများကို လေ့လာနိုင်ရန် Teaching Children Academics and Humanities (TCAH) မှ "Raising Future-Ready Kids" Workshop ကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

Workshop အတွင်းတွင် AI ခေတ်အတွက် မိဘများ သိထားသင့်သည့် အရေးကြီးသော အကြောင်းအရာများ၊ ကလေးများ၏ စိတ်ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ အနာဂတ်အတွက် လိုအပ်မည့် စွမ်းရည်များနှင့် မိဘများ၏ AI ဆိုင်ရာ ယုံကြည်မှုတည်ဆောက်ခြင်းတို့ကို လက်တွေ့ကျကျ ဆွေးနွေးမျှဝေပေးသွားမည် ဖြစ်ပါသည်။

✅Workshop မှ ရရှိမည့် အကျိုးကျေးဇူးများ

• AI ခေတ်တွင် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုနားလည်လာခြင်း

• ကလေးများ၏ Critical Thinking, Creativity နှင့် Problem-Solving Skills များကို ပျိုးထောင်ပေးနိုင်မည့် နည်းလမ်းများ သိရှိလာခြင်း

• AI နှင့် နည်းပညာများကို မိသားစုအတွင်း တာဝန်ယူစွာ အသုံးပြုနိုင်မည့် အကြံပြုချက်များ ရရှိခြင်း

• မိဘနှင့် သားသမီးကြား ပိုမိုကောင်းမွန်သော ဆက်သွယ်မှုနှင့် ယုံကြည်မှု တည်ဆောက်နိုင်ရန် နည်းလမ်းများ လေ့လာနိုင်ခြင်း

• မိသားစုအလိုက် လက်တွေ့အသုံးချနိုင်မည့် AI ခေတ်အတွက် ပြင်ဆင်မှု အကြံဉာဏ်များ ရရှိခြင်း

🗓️ နေ့ရက် : June 22, 2026
🕗 အချိန် : 8:00 PM (Myanmar Time)
💻 နေရာ : Zoom
💰သင်တန်းကြေး : အခမဲ့

ဆွေးနွေးမှုများ ပိုမိုထိရောက်စေရန် တက်ရောက်သူဦးရေ ကန့်သတ်ထားပါသည် (Limited Seats)

📝 အောက်ပါ Link မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါသည်။
https://forms.gle/8rmGM48fEjuo8zqr6

Address

10475 Little Patuxent Pkwy

21044

Alerts

Be the first to know and let us send you an email when Teaching Children Academics and Humanities -TCAH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Teaching Children Academics and Humanities -TCAH:

Shortcuts

  • Want your school to be the top-listed school/college?

Share