Yakamoz Learn Turkish

Yakamoz Learn Turkish Learn Turkish

24/09/2025

သင်တန်းမှာ ကျနော်လည်း Practice teacher တ‌ယောက်အနေနဲ့ ပါဝင် အားဖြည့်ပေးထားပါတယ်။

21/08/2025

တူရကီဘာသာစကားမှာ Vowels တွေနဲ့ပတ်သက်ပြီး ကျနော် Post တခုတင်ခဲ့ပြီးပါပြီ။

နောက်ထပ် Vowels တွေနဲ့ ပတ်သက်ပြီး မှတ်စရာတခုက Turkish စကားလုံးတွေမှာ Vowels တွေဟာ တခုနဲ့တခု ရှေ့ဆင့် နောက်ဆင့် သုံးလေ့သုံးထ မရှိပါဘူး။ ရှိတဲ့စကားလုံးတွေဟာဆိုရင်လည်း တခြားဘာသာစကားမှ မွေးစားထားတဲ့ စကားလုံးတွေဖြစ်ပါတယ်။

ဥပမာ - Saat(နာရီ) ဆိုတဲ့ စကားလုံးမှာ Vowel "a" နှစ်လုံးကပ်လျက် ဖြစ်နေပါတယ်။ သည်စကားလုံးသည် Arabic မှ မွေးစားထားသော စကားလုံး ဖြစ်ပါတယ်။

စကားလုံးတလုံးဖြစ်စေ၊ ဝါကျတကြောင်းဖြစ်စေ vowels တွေဟာ တခုနဲ့တခု link ရှိပါတယ်။

(Suffix အနေနဲ့ vowels တွေ ပေါင်းထည့်ရင်တော့ y,n,s,ş စတဲ့ (kaynaştırma harfleri) တခုမဟုတ် တခုကြားခံပြီးမှသာ ရေးကြလေ့ရှိပါတယ်)

ဥပမာ - ÖğrenciYim. (y ကို ကြားခံအနေနဲ့ သိသာစေရန် Cap အနေနဲ့ ရေးထားခြင်းဖြစ်ပါတယ်။)


15/08/2025

နာမ်စား (Pronouns)

တူရကီ ဘာသာစကားမှာ နာမ်စားအနေနဲ့ ၆ခုရှိပါတယ်။
Ben (I)
Sen (you)
O (he, she, it)
Biz (we)
Siz (you)
Onlar (they)

Sen နဲ့ Siz မှာဆိုရင် Sen ကို​တော့ အနည်းကိန်း/ informal way အနေနဲ့ အသုံးပြုပါတယ်။
Siz ကိုတော့ အများကိန်း/ formal အနေနဲ့ အသုံးပြုကြပါတယ်။


01/08/2025

အားလုံးပဲ မင်္ဂလာပါ။

တူရကီ ဘာသာစကားကို self-study လေ့လာချင်တဲ့ သူတွေအတွက် ကျနော်‌ရဲ့
blog မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ အခြေခံ Alphabet တွေက စပြီး Tense တွေအထိပါ ဝင်ရောက် လေ့လာနိုင်ပါတယ်ဗျာ။

နောက်ပြီးလည်း ဆက်ရေးသွားဖို့ ရှိပါတယ်။


26/07/2025

Vowels (Sesli harfler/Ünlü harfler)

အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ Turkish alphabets တွေနဲ့ ပတ်သက်ပြီး Vowels တွေအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ကျနော်တို့ အားလုံးသိကြတဲ့အတိုင်း English alphabets မှာဆို a,e,i,o,u ဆိုပြီး vowels ငါးလုံးရှိပါတယ်။ Turkish alphabets မှာတော့ a,e,i,o,u အပြင် a,e,ı,i,o,ö,u,ü ဆိုပြီး စုစုပေါင်း ရှစ်လုံးရှိပါတယ်။ ဒီ alphabets ရှစ်လုံးကိုတော့ Sesli harfler/ ünlü harfler (vowels) ဆိုပြီးတော့ ခေါ်ကြပါတယ်။ အဓိပ္ပာယ်ကတော့ အသံရှိတဲ့ အက္ခရာဖြစ်ပါတယ်။

ဆိုလိုချင်တာက တခြား consonants တွေဖြစ်တဲ့ b(be), c(ce), ç(çe) တို့သည် e သံ မပါဘဲ အသံထွက်လို့မရပါ။ သူတို့ကိုတော့ sessiz harfler/ ünsüz harfler (consonants) လို့ခေါ်ပြီး တနည်းအားဖြင့် (ကိုယ်ပိုင်)အသံမရှိတဲ့ အက္ခရာများဖြစ်ပါတယ်။


19/07/2025

"Teşekkür ederim/ Teşekkürler" လို့ ပြောလာရင် "Rica ederim" အပြင် တခြားဘာတွေပြောလို့ရဦးမလဲ?

ဒီတပတ်မှာတော့ လူတယောက်ယောက်က ကိုယ့်ကို "Teşekkür ederim/ Teşekkürler" (Thank you) ဆိုပြီး လာပြောရင် "Rica ederim"(You’re welcome) အပြင် နောက်ထပ် ပြောလို့ရတဲ့ စကားလုံးလေးတွေကို လေ့လာကြည့်ရအောင်…

"Ne demek" (Not at all)
"Bir şey değil" (It was nothing)
"Önemli değil" (It’s not important)
"Sıkıntı(problem) yok/değil" (It’s not a problem)
"Lafı bile olmaz" (Don’t mention it)


Merhaba!! Günaydın!အားလုံးပဲ မင်္ဂလာပါ။ ကျနော်တို့ရဲ့  Yakamoz Learn Turkish page အသစ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ...
09/07/2025

Merhaba!! Günaydın!
အားလုံးပဲ မင်္ဂလာပါ။
ကျနော်တို့ရဲ့ Yakamoz Learn Turkish page အသစ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပတ်သက်တဲ့ Vocabulary (၅)ခု ပြောပြပေးထားပါတယ်။ နောက်နောင်လည်း Video တွေ တင်ပေးသွားဖို့ ရှိပါတယ်ဗျာ....

Address

Istanbul

Opening Hours

Monday 09:00 - 18:30
Tuesday 09:00 - 18:30
Wednesday 09:00 - 18:30
Thursday 09:00 - 18:30
Friday 09:00 - 18:30

Alerts

Be the first to know and let us send you an email when Yakamoz Learn Turkish posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share