30/09/2026
ကလေးတွေနဲ့ စာအုပ်တွေကို ပေါင်းကူးတံတားလေးဖြစ်ပေးနေတဲ့ စာအုပ်လမ်းရွေ့လျား စာကြည့်တိုက် 💛
“စာဂံနဲ့အတူ ဒို့ဖေးကူ” Project ကနေ ပေးပို့လိုက်တဲ့ စာအုပ်လေးတွေဟာ အင်္ဂပူမြို့နယ် ရွာသစ်ကုန်းကျေးရွာက ကျေးလက်စာအုပ်စင်လေးပေါ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
ပုံလေးတွေကတော့ ပေးပို့လိုက်တဲ့ စာအုပ်တွေကို စိတ်ဝင်တစားဖတ်ရှုနေကြတဲ့ ကလေးလေးတွေပဲ ဖြစ်ပါတယ် 💛
#စာဂံ #စာဂံနဲ့အတူဒို့ဖေးကူ #စာကြည့်တိုက် #စာအုပ်အလှူ