24/04/2026
ဖက်ဆစ်စစ်အုပ်စုက PDF တွေကို မဟာဗျူဟာအရ တိုက်ဖျက်လာခြင်း - သံဒုတ်
မအလ ဖက်ဆစ်စစ်အုပ်စုက PDF တွေကို နည်းပေါင်းမျိုးစုံနဲ့ ဖြိုနေတာပါ - စစ်အုပ်စုက မဟာဗျူဟာချလုပ်နေတာပါ -
ကျွန်တော်ကပြောတယ် - နွေဦးတော်လှန်ရေးအစကထဲက - ဒီနွေဦးတော်လှန်ရေးမှာ PDF တွေ နယ်မြေဒေသအလိုက် ဖြစ်လာတဲ့ ဒေသခံ လူငယ်တွေ PDF တွေဟာ အဓိကနေရာက မဟာဗျူဟာအကျဆုံး အရေးကြီးဆုံး အခြေခံအကျဆုံး အခန်းကဏ္ဏကပါဝင်သူတွေဖြစ်တယ် - အလေးပေးရမယ် တန်ဖိုးထားရမယ် မြှင့်တင်ကြရမယ် - ညီညွတ်စုစည်းအောင်လုပ်ပေးရမယ် - ဖေးမကူညီရမယ်။
သူတို့ကို မဟာဗျူဟာအခန်းကဏ္ဏန်မှာနေရာပေးတာ - ဒါပေမဲ့ - တချို့က ကိုယ့်တန်ဖိုးကိုယ်နေရာမသိဘူး -
တချို့က သူတို့နေရာလုပြီးစျေးကွက်ရှာ စီးပွားရှာ အသုံးချတာ လုပ်ကြတယ် - PDF တွေက အဖွဲ့အစည်းသဘော စုဖွဲ့မှုအရ လူထုထောက်ခံမှုသာပိုရလာရင် နိုင်ငံရေးသြဇာ အရှိန်ရော စည်းရုံးရေးနယ်မြေဆုံးရှုံမယ်ဆိုတာသိတော ဝိုင်းဖြို ဝိုင်ဖျက်ကြတာပါ
အပေါစား COC ကို အနိုင်ကျင့်ဗိုလ်ကျမှုတွေ အုပ်စုဖွဲ့ဂိုဏ်ဖွဲ့ ရှေ့တန်းထုတ်လာကြတယ် - ဒီမိုကရေစီတော်လှန်ရေးမှာ ဒီမိုကရေစီမဲ့ရင် စုစည်းညီညွတ်မှုမဲ့တယ် လူထုဒီမိုကရေစီတော်လှန်ရေးမှာ လူထုယုံကြည်မှုမဲ့တတ်တယ်ဆိုတဲ့ နိုင်ငံရေး အတွေးအမြင် ရှိကြပုံမရကြဘူး -
တော်လှန်ရေးအဖွဲ့အစည်းတိုင်မှာ ဒီမိုကရေစီရှိမှုကြောင့်သာ ရေရှည်တည်မြဲရှင်သန်နေခြင်းဖြစ်တာဖြစ်ပါတယ် -
မအလ ရန်သူကသိတယ် အရေးကြီးတဲ့ PDF ကို ဖြိုခွဲရမယ်ဆိုတာကိုပါ - သူတို့က ပစ္စုပ္ပုန်နဲ့ အနာဂါတ်ဒွန်တွဲနေတာလေ -
တော်လှန်ရေးဖက်က တချို့မသိဘူး - မဟာဗျူဟာကျ အခရာကျတယ်ဆိုတာမသိဘူး - မအလလို မစည်းရုံးတဲ့အပြင် အကူအညီမပေးတိုးတက်ဖွံ့ဖြိုးကြီးထွားအောင် မလုပ်ယုံသာမက ဖြိုတယ် - အလွဲသုံးစားလုပ်အသုံးချတယ် -ဒီမိုကရေစီပတ်ဝန်းကျင်နဲ့ တိုးတက်ဖွံ့ဖြိုးအောင်လုပ်မပေးဖူး - နိုင်ငံရေးအရ စည်းရုံးရေး စစ်ရေးအရ အရေးကြီးမှုနဲ့ ရှေ့တန်းတင်ရမှန်းမသိဘူး - မျိုးဆက်လိုမမြင်ဘူး - စစ်သားစုဆောင်းသလို သဘောထားကြတာပါ - နိုင်ငံရေးအရ တန်ဖိုးထားရမှန်းမသိဘူး -
နွေဦးတော်လှန်ရေးမှာ လူငယ်တွေရဲ့ အခန်းကဏ္ဏကို - PDF တွေရဲ့ မဟာဗျူဟာကျတဲ့ အခန်းကဏ္ဏ အဖြစ် အရေးကြီးအဓိကျမှုအဖြစ်မမြင်တာက - တော်လှန်ရေးရဲ့ မဟာဗျူဟာအမှားပဲ - ဒီအမှားကို ကျူးလွန်ရင် တန်ဖိုးကြီးကြီးပေးဆပ်ကြရလိမ့်မယ် - တော်လှန်ရေးအရှိန်အဟုန်ကျသွားမယ် - အင်အားနည်းသွားလိမ့်မယ် - လူထုယုံကြည်မှု အထင်အမြင်သေးမှုတွေ ဖြစ်လာမယ် -
ဒီအမှားကို ယခုထိတော့ စဥ်စားတွေးခေါ် ပြုပြင်အမှားမြင်ကြပုံ မရှိသေးတာတွေ့ရတယ် -
ထပ်ပြောရယင်ဖြင့် လူငယ်တွေ PDF တွေဟာ မဟာဗျူဟာအခန်းကဏ္ဏအဖြစ် တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်နေတယ်လို့ပြောခဲ့ပါတယ် - တန်ဖိုးသိပြီး နိုင်ငံရေး တော်လှန်ရေးကို စဥ်စားဆင်ခြင် သုံးသပ် ပိုင်းခြား အမှန်ကို ဆုံးဖြတ်နိုင်ကြပါစေ - ဖြိုဖျက် ပျက်စီးအောင်လုပ်နေကြသော အလုပ်များလည်း အမြင်မှန်ရ ရပ်တန့်နိုင်ကြပါစေ။
တော်လှန်ရေးသစ္စာဖြင့်
သံဒုတ်