People's Radio Myanmar

People's Radio Myanmar Independent community radio born out of Myanmar's Spring Revolution, supporting a democratic and pluralistic Myanmar.

Listen to us on the Simple radio app, available on the App store and Google Play, or on our website (below).

ဖားကန့်တွင် KIA ကတိုက်ခိုက်ခဲ့တာကြောင့် မကြာခဏဓါးပြတိုက်လေ့ရှိတဲ့ စစ်ကော်မရှင်လက်အောက်ခံ ရှမ်းနီတပ်သားနှစ်ဦး သေဆုံး။ဩဂုတ...
01/08/2026

ဖားကန့်တွင် KIA ကတိုက်ခိုက်ခဲ့တာကြောင့် မကြာခဏဓါးပြတိုက်လေ့ရှိတဲ့ စစ်ကော်မရှင်လက်အောက်ခံ ရှမ်းနီတပ်သားနှစ်ဦး သေဆုံး။

ဩဂုတ် ၊ ၁ ၊ ၂၀၂၆။

ကချင်ပြည်နယ် ၊ ဖားကန့်မြို့ လုံးခင်းကျေးရွာမှာ မကြာခဏဓားပြတိုက်နေတဲ့ စစ်ကော်မရှင်လက်အောက်ခံ ရှမ်းနီ(SNA) တပ်သားနှစ်ဦး အလစ်ငိုက်တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။

ဒီကနေ့ ဩဂုတ်လ ၁ ရက်နေ့၊ မနက် ၉ နာရီ ၃၀ အချိန်လောက်က လုံးခင်းကျေးရွာ ထွန်းတောက် ဆီဆိုင်အနီးမှာ ပါဂျရိုကားနဲ့ပါလာတဲ့ စစ်ကောင်စီရဲ့ ခမရ ( ၃၈၄ )တပ်ဖွဲ့ဝင်တွေကို ကချင်လွတ်‌လပ်ရေးတပ်မတော် KIA ကပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

" ကားတစ်စီးရပ်တာနဲ့ သေနတ်ကျည်အကဒ်လိုက်ဆွဲသွားတာ။ ကားပေါ်ကဆင်းတဲ့နှစ်ယောက်က နေရာမှာတင်ပွဲချင်းပြီး ဆုံးသွားတယ်။ ကျန်တဲ့ ကောင် တွေကထွက်ပြေးတာ နောက်ကနေလိုက်ပစ်သေးတယ် " လို့ လုံးခင်းကျေးရွာမှာ နေထိုင်တဲ့‌ ဒေသခံတစ်ဦးက Manau Voice ကိုပြောပါတယ်။

တိုက်ခိုက်မှုကြောင့် အဆိုပါရှမ်းနီတပ်သားနှစ်ဦးသေဆုံးပြီး သေနတ်တစ်လက် ရရှိခဲ့တယ်လို့ သိရပါတယ်။

" လုံးခင်းရွာက စစ်တပ်စိုးမိုးထားတဲ့နေရာလို့ပြောလို့ရတယ်။ ဓားပြတိုက်ခံရတာလည်း နေ့တိုင်းလိုကြားနေရ။ သူတို့လာမှာကို သတင်းရလို့ ကြိုစောင့်ပြီး ပစ်တာ။ အလောင်းကိုတော့ လူမှုကူညီရေးအဖွဲ့က သယ်သွားကြပြီ" လို့ အောင်ရာကျေးရွာမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကလည်း လုံးခင်းကျေးရွာမှာ ဆက်ကြေးကောက် ဓားပြတိုက်နေတဲ့ စစ်ကောင်စီတပ်သားကို ကချင်လွတ်လပ်ရေးတပ်မတော် ( KIA ) ကဖမ်းစီးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

သတင်း - Ah Gue
စာမူတည်းဖြတ် - ကိုကျော်ဝဏ္ဏ

ပုံစာ - ဒီကနေ့ ဩဂုတ်လ ၁ ရက်နေ့မနက်မှာ (KIA) က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသွားတဲ့ စစ်ကော်မရှင်လက်အောက်ခံ ရှမ်းနီ (SNA) တပ်သားနှစ်ဦးအား တွေ့မြင်ရစဉ်။

01/08/2026

Poem||- အကိုကြီး နှင်းခါးမိုးရဲ့ ကဗျာတစ်ပုဒ်ကို ဒီတပတ်မှာ ရွတ်ဆိုချင်ပါတယ်

၂၀၁၄မှာ အနောက်မြောက်လွင်ပြင်ကဗျာဆု အဖြစ်ရွေးချယ်ခံခဲ့ရတဲ့ ကဗျာလည်းဖြစ်ပါတယ်။

"လူသတ်သမားရဲ့ညစာ"

လူသတ်သမားက
သွေးအေးတယ်။

သွေးမခြောက်သေးတဲ့လက်နဲ့
စီးကရက်ကိုမီးညှိပုံ၊
သူသတ်ထားတဲ့အလောင်းရဲ့
အင်္ကျီရင်ဘတ်ကြယ်သီးတွေကိုဆွဲစေ့ပေးပုံ၊
ကော်ဖီဆိုင်ထဲကထလာသလို
လေကလေးချွန်ပြီးလျောက်သွားလိုက်သေးသတဲ့။

ဥသြသံတွေဆူညံ
ရဲတွေရောက်လာ
သတင်းစာမျက်နှာဖုံးမှာ
ခေါင်းကြီးစာလုံးမဲကြီးနဲ့ပါလာ
အသတ်ခံရသူရဲ့
အပြစ်ကင်းစင်တဲ့မျက်နှာလေးကို
တီဗွီကမကြာမကြာထုတ်လွှင့်နေ
တမြို့လုံးလည်း
ဒီအမှုအကြောင်းပဲပြောနေကြ။

ရွှေကိုလိုလို့သတ်သလား
လူကိုလိုလို့သတ်သလား
တခါကရန်ညှိးလား
စိတ္တဇလူသတ်သမားလား။

အသေဆိုးလေခြင်းလို့
စုတ်သပ်သူကသပ်
အတင့်ရဲလေခြင်းလို့
ဒေါကန်သူကကန်
ရှေ့ကလမ်းချိုးအကွေ့အမှောင်ရိပ်ထဲ
လူသတ်သမားစောင့်နေမလားလို့
ကြောက်လန့်သူတွေလည်းရှိရဲ့၊
( ဒီလိုနဲ့ ) မြို့ကလေးထဲ
ညအမှောင်ထုကတွားသွားဝင်လာ
တံခါးတွေစောစောပိတ်
မီးတွေစောစောမှိတ်ကြ
စောစောတော့အိပ်မပျော်နိုင်ကြ။

လူသတ်သမားကော
ဒီအချိန်ဆိုညစာစားနေလောက်ပြီ
ဝိုင်ကလေးသောက်လိုက်
စပျစ်သီးလေးမြုံ့လိုက်နဲ့လေ
ပြီးတော့
မနက်ကသွေးစွန်းခဲ့တဲ့သူ့လက်ကို
ဆုပ်လိုက်ဖြန့်လိုက်နဲ့စိုက်ကြည့်ရင်း
ငွေ့ငွေ့ကလေးပြုံးမယ်၊
သူတွေးမိမှာက
တယောက်ကိုသတ်လိုက်ရုံနဲ့
တမြို့လုံးသေဆုံးသွားခဲ့တဲ့အကြောင်း၊

နှင်းခါးမိုး
၂၀၀၇

#ကဗျာ

DKBAတပ်ဖွဲ့ ထိန်းချုပ်တဲ့ ကျောက်ခက် ကျားဖြန့် က ဖိလစ်ပိုင်နိုင်ငံသား၁၈ဦး ထိုင်းဘက်သို့ ထွက်ပြေးလွတ်မြောက်လာဩဂုတ် ၁၊ ၂၀၂၆...
01/08/2026

DKBAတပ်ဖွဲ့ ထိန်းချုပ်တဲ့ ကျောက်ခက် ကျားဖြန့် က ဖိလစ်ပိုင်နိုင်ငံသား၁၈ဦး ထိုင်းဘက်သို့ ထွက်ပြေးလွတ်မြောက်လာ

ဩဂုတ် ၁၊ ၂၀၂၆

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက်က ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ထိန်းချုပ်နယ်မြေကျောက်ခက်ကျေးရွာ တရုတ်ကျားဖြန့် ငွေလိမ်လုပ်ငန်းက ဖိလစ်ပိုင်နိုင်ငံသား၁၈ဦး ထိုင်းနိုင်ငံဘက်ကို ဩဂုတ်လ ၁ ရက်မနက်ပိုင်းမှာ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို ထိုင်းနိုင်ငံဘက်ရောက်ရှိလာတဲ့ ဖိလစ်ပိုင် နိုင်ငံသား ကျား၉ဦး၊ မ ၉ဦးတို့ကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ထဲက ဟွိုင်နမ်နက်ကျေးရွာအနီးမှာ ရာချမနူး အထူးတပ်ဖွဲ့ လက်အောက်ခံ အမှတ် (၄၂၃) ခြေလျင်တပ်ခွဲနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ (တပ်ခွဲ ၃၄၆) တို့ ပူးပေါင်းကင်းလှည့် နေ့စဉ် မြန်မာနိုင်ငံဘက်ကတရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။

လက်ရှိ တရုတ်ကျားဖြန့် လုပ်ငန်းက လွတ်မြောက်လာသူတွေဟာ ငွေလိမ်ဂိုဏ်းနေရာတွေမှာ လူကုန်ကူးခံရသူတွေကို ကူညီကယ်ဆယ်ပေးနေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို ကယ်ဆယ်ပေးဖို့ ဆက်သွယ်အကူအညီတောင်းခံထားတာ ၆လခန့် ကြာမြင့်နေသူတွေဖြစ်တာကြောင့် အဲ့ဒီဖိလစ်ပိုင်နိုင်ငံသားတွေကို ဥပဒေအရ အရေးမယူမှီလွှဲပြောင်းကူညီရေးလုပ်ငန်းစဉ် (NRM) အရလူကုန်ကူးခံရသူဟုတ်၊ မဟုတ်ကို ဦးစွာစိစစ်ပေးရန် ထိုင်းအာဏာပိုင်တွေကို တောင်းဆိုထားကြောင်း သိရပါတယ်။

လက်တလောမှာတော့ တရားဝင်နယ်စပ်ဝင်ပေါက်ကို အသုံးမပြုဘဲ တရားမဝင် ဝင်ရောက်လာမှုကြောင့် ဖိလစ်ပိုင်နိုင်ငံသား ၁၈ဦးကို ထိုင်းအာဏာပိုင်တွေဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေပြီး ဖုတ်ဖရမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းကာဥပဒေအရ ဆက်ပြီးအရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

01/08/2026

စောကျော်သက်၊ DKBA ကျားဖြန့်၊ စတားလင့်လ်နဲ့ တပတ်အတွင်း ထူးခြားမှုရှိခဲ့တဲ့ကရင် သတင်း

ဒီကနေ့မှာ တင်ဆက်ပေးမဲ့သတင်းတွေကတော့

-တရုတ်ကျားဖြန့်နေရာသစ်မှာသုံးဖို စတားလင့်ဂြိုလ်တုဝိုင်ဖိုင်စက်တွေ ဘတ်လေးသိန်းအထိ့ ဈေးပေါက်အရောင်းအဝယ်ဖြစ်နေတဲ့သတင်း

-ကရင်ပြည်နယ် စစ်အုပ်စုက ကိုယ့်မြိုရွာ ကာကွယ်လုံခြုံရေးအတွက် ပေါ်တာစစ်သားအသစ် ဖမ်းဆီးခိုင်းနေတဲ့သတင်း

-ဖားအံမြိုက ကား၊ဆိုင်ကယ်တွေ စက်သုံးဆီမှောင်ခိုဈေးနဲ့သာ ဝယ်ယူအသုံးပြုနေရလို ဆီဈေးမကျဘဲရှိနေတဲ့သတင်း

-ကျားဖြန့်တရုတ်တွေ ရွှေ့ပြောင်းစရိတ်တစ်ယောက် ဘတ်သိန်းချီပေါက်ဈေးနဲ့ DKBA အောက်ခြေတပ်ဖွဲဝင်တွေ ဝင်ငွေကောင်းနေတဲ့သတင်း

⁩ -ခွဲထွက် DKBA ဗိုလ်မှုးချုပ်စောကျော်သက်အဖွဲ အား အမှတ်၃ စစ်ကွပ်ကဲရေးမှူးတာဝန်ပြန်ပေးပြီး DKBA တပ်ဖွဲဝင်အဖြစ်ပြန်လည်အသိအမှတ်ပြုကြောင်းကြေငြာချက်ထုတ်တဲ့သတင်းကိုတွေကို တင်ပြပေးပါမယ်။

01/08/2026

Tv||- စစ်မှုထမ်းတပ်သားတဦး KNLA တပ်မဟာ ၄ ဆီကို လက်နက်တွေနဲ့အတူ အလင်းဝင်

01/08/2026

Tv||- မလှိုင်မြို့မှာ အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ တဦး သေဆုံး

01/08/2026

Tv||- ငဝန်မြစ်တာဘောင်ကျိုး‌ခဲ့လို့ လေးမျက်နှာမြို့က ရပ်ကွက် ၆ ခုထက်မနည်းရေဘေး သင့်တဲ့သတင်း

ရက် ၁၀၀ အဖက်ဆယ်စရာ ကြံဖန် ပြောခဲ့တဲ့ မအလသုံးသပ်ချက်ဆောင်းပါးမင်းအောင်လှိုင်ဟာ စစ်ဒီမိုကရေစီအစိုးရသမ္မတအဖြစ် တာဝန်ယူပြီး ...
01/08/2026

ရက် ၁၀၀ အဖက်ဆယ်စရာ ကြံဖန် ပြောခဲ့တဲ့ မအလ

သုံးသပ်ချက်ဆောင်းပါး

မင်းအောင်လှိုင်ဟာ စစ်ဒီမိုကရေစီအစိုးရသမ္မတအဖြစ် တာဝန်ယူပြီး ရက် ၁၀၀ ပြည့်မြောက်ချိန်မှာ သူ့အစိုးရအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေးအပါအဝင် ကဏ္ဍပေါင်းစုံမှာ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခဲ့ကြောင်း ဇူလိုင် ၃၁ ရက်က ကျင်းပခဲ့တဲ့ စစ်ဒီမိုကရေစီ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့တာ တွေ့လိုက်ရတယ်။

အစိုးရတစ်ရပ် အောင်မြင်မှုကို မိန့်ခွန်းများ၊ အစီရင်ခံစာတွေ၊ ပွဲတက်ဖဲကြိုးဖြတ်ရုံနဲ့ တိုင်းတာလို့ မရနိုင်ပါဘူး။ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ စီးပွားရေးအခြေအနေ၊ လူမှုဘဝလုံခြုံမှုနဲ့ နိုင်ငံရေးတည်ငြိမ်မှုတွေနဲ့သာ အစိုးရရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာရမှာပါ။

မင်းအောင်လှိုင်ဟာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုစဉ် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်သူများရဲ့ လူမှုစီးပွားဘဝ မြှင့်တင်ရေးတွေကို ကတိပြုခဲ့ပါတယ်။

ကတိတွေအထပ်ထပ် ပေးခဲ့ပေမယ့်လည်း ရက် ၁၀၀ ပြည့်ချိန်မှာ ပြည်သူတွေ လက်တွေ့ခံစားရတဲ့ ရလဒ်တွေကို စစ်ဒီမိုကရေစီလွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် ဆန္ဒဂတိမပါပဲ ဖြေကြည့်ကြပါ။

ယခင် ဦးသိန်းစိန်အစိုးရရဲ့ ပထမဆုံး ရက် ၁၀၀ မှာ ပြုပြင်ပြောင်းလဲရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရရဲ့ ရက် ၁၀၀ ကာလမှာ မူဝါဒအပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လာတာတွေ့ရတယ်။

မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ ကာလကတော့ အာဏာသိမ်းပြီး ငါးနှစ်တာကာလနဲ့ ကွဲပြားတဲ့ အပြောင်းအလဲကို ပြည်သူတွေ မခံစားခဲ့ရသလို လမ်းပြင်၊ ကျောက်ခင်း၊ ဖဲကြိုးဖြတ် မိန့်ခွန်းပြောတဲ့အဆင့်မှာသာ ပြီးဆုံးခဲ့တယ်။

မင်းအောင်လှိုင်ရဲ့ ပြောဆိုချက်နဲ့ လက်တွေ့ဘဝကြား ကွာဟချက်ကို အထင်ရှားဆုံး ဖော်ပြနေတဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုဟာ အစိုးရရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ကြောင်း ဇူလိုင်လအစောပိုင်းမှာ ပြုလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ မင်းအောင်လှိုင်ကိုယ်တိုင် ဝန်ခံခဲ့တယ်။

ဒါပေမယ့်လည်း ဒီပြဿနာကို လျော့ပါးစေတဲ့ ထင်ရှားသော မူဝါဒရလဒ်ကို မင်းအောင်လှိုင် အကောင်အထည်မဖော်နိုင်ခဲ့ပဲ ကြက်ဥတလုံး ၇၀၀ ဖြစ်အောင်တော့ လုပ်နိုင်စွမ်းရှိခဲ့တယ်။

ပြည်သူတွေအတွက် နေ့စဉ်ဘဝမှာ ပိုမိုခက်ခဲလာပေမယ့် မင်းအောင်လှိုင်ကတော့ ဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့ စကားလုံးကို ရက် ၁၀၀ ပြည့်မိန့်ခွန်းမှာ မရှက်မကြောက် တွင်တွင်ပြောခဲ့ပြန်တယ်။

ပြည်သူတွေ နေ့စဉ် ရင်ဆိုင်နေရတဲ့ စက်သုံးဆီကိစ္စ၊ စုံမကိစ္စ၊ စားအုန်းဆီ တန်းဆီဝယ်ယူနေရတဲ့ ဒုက္ခ၊ အာဏာသိမ်းမှုကြောင့် ဖြစ်တည်လာတဲ့ ပြည်သူတွေရဲ့ ဒုက္ခပေါင်းသောင်းခြောက်ထောင်ကို ပြောင်းလဲစေတဲ့ မူဝါဒတွေကို မချမှတ်နိုင်ခဲ့ပေမယ့်လည်း စစ်တပ်ကို ခိုင်မာတောင့်တင်းအောင် လုပ်ဖို့ကို ထပ်ပြောသွားပြန်တယ်။

ရက် ၁၀၀ ဟာ အစိုးရတစ်ရပ်ကို အပြီးသတ်အကဲဖြတ်ရမယ့် ကာလမဟုတ်ပေမယ့်လည်း ဒီကာလအတွင်း အစိုးရတစ်ရပ် မည်သည့်ဦးတည်ချက်နဲ့ ဘယ်ကိုသွားနေသလဲဆိုတာကို ပြသနိုင်ပါတယ်။

အခုအချိန်အထိ မြင်တွေ့ရတဲ့ အခြေအနေအရ မင်းအောင်လှိုင်အစိုးရဟာ ပြည်သူတွေ စိတ်ချမ်းသာမယ့် အပြောင်းအလဲတွေကို မပြသနိုင်ခဲ့ပေမယ့်လည်း သူ့အစိုးရအောင်မြင်ကြောင်း အဖက်ဆယ်စရာတွေကို ကြံဖန်ရှာပြီး လွှတ်တော်မှာ ဗြောင်လိမ်သွားပြန်ပါတယ်။

#ရက်တစ်ရာ
#မင်းအောင်လှိုင်

ကမ္ဘာ့ဖလား ရင်းနှီးမြှုပ်နှံမှုအစီအစဉ် ဖီဖာ ရုပ်သိမ်းကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ အခြားပြိုင်ပွဲတွေရဲ့  စီးပွားရေးလုပ်ငန်းတွေက...
01/08/2026

ကမ္ဘာ့ဖလား ရင်းနှီးမြှုပ်နှံမှုအစီအစဉ် ဖီဖာ ရုပ်သိမ်း

ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ အခြားပြိုင်ပွဲတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲမယ့် ကုမ္ပဏီအသစ်တစ်ခုတည်ထောင်ပြီး ရှယ်ယာ ၂၀ ရာခိုင်နှုန်း ရောင်းချမယ့် အစီစဉ်ကို ကန့်ကွက်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာက ရုပ်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) အပါအဝင် ဒေသဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေနဲ့ အဖွဲ့ဝင်နိုင်ငံအများစုက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီးနောက် အခုလို ရုပ်သိမ်းခဲ့တာပါ။

ဖီဖာက FIFA Forward Enterprise (FFE) အမည်နဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ပြီး ဒေါ်လာ ၄.၂ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမှုရရှိဖို့ ရည်ရွယ်ထားတာပါ။

ဒီအစီအစဉ်ဟာ ဘောလုံးလောကအတွင်း သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ဆက်လက်အကောင်အထည်ဖော်တော့မှာမဟုတ်ကြောင်း ဖီဖာဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

ဒီအစီအစဉ်ကြောင့် ဖီဖာဥက္ကဋ္ဌရဲ့ အကြီးတန်းအကြံပေးတစ်ယောက်လည်း ရာထူးက နုတ်ထွက်ခဲ့သလို ဖီဖာရဲ့လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ်ကလည်း စီမံကန်းကို ပွင့်လင်းမြင်သာမှု မရှိကြောင်း ဝေဖန်ခဲ့ပါတယ်။

Refer-Reuters

01/08/2026

ဩဂုတ် ၁ ရက် နေ့လည် ဘာတွေဖြစ်ခဲ့လဲ
++++++++++++++++++

- ပြည်တွင်းမှာ စက်သုံးဆီဈေးတွေ မြင့်တက်လာတဲ့သတင်း

- ငဝန်မြစ်တာဘောင်ကျိုး‌ခဲ့လို့ လေးမျက်နှာမြို့က ရပ်ကွက် ၆ ခုထက်မနည်းရေဘေး သင့်တဲ့သတင်း

- ဝက်လက်မြို့ လေကြောင်းကနေတိုက်ခိုက်ခံရလို့ စစ်ဘေးရှောင်အဘိုးအိုတဦး ထိခိုက် ဒဏ်ရာရတဲ့သတင်း

- မလှိုင်မြို့မှာ အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ တဦး သေဆုံးတဲ့သတင်း

- စစ်မှုထမ်းတပ်သားတဦး KNLA တပ်မဟာ ၄ ဆီကို လက်နက်တွေနဲ့အတူ အလင်းဝင်တဲ့သတင်း

ที่อยู่

Tak
63110

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ People's Radio Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ โรงเรียนนี้

ส่งข้อความของคุณถึง People's Radio Myanmar:

ทางลัด

แชร์