05/02/2026
အလုပ်အကိုင်အခွင့်အလမ်းသစ်တွေအတွက် Englishက အတားအဆီးဖြစ်နေပါသလား။❓
UAE, Oman နဲ့ တခြားပြည်ပနိုင်ငံတွေမှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့ ပြင်ဆင်နေသူတွေအတွက် အထူးရည်ရွယ်ပြီး 𝐅𝐨𝐜𝐚𝐥 𝐏𝐨𝐢𝐧𝐭 ကနေ "𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐟𝐨𝐫 𝐎𝐯𝐞𝐫𝐬𝐞𝐚 𝐉𝐨𝐛𝐬" Online Class သင်တန်းလေး စတင်ဖွင့်လှစ်လျက်ရှိပါပြီ။✈️🌍
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်တဲ့အခါ လုပ်ငန်းခွင်ဆက်သွယ်ရေးက အရေးကြီးဆုံးပါပဲ။ ဘယ်လောက်ပဲ ကျွမ်းကျင်မှုရှိပါစေ...အင်္ဂလိပ်စာအခက်အခဲကြောင့် အခွင့်အရေးတွေ လက်မလွတ်ရအောင် ဒီ Class က အထောက်အကူပေးသွားမှာပါ။✨
✅ ဒီသင်တန်းမှာ ဘာတွေသင်ကြားရမလဲဆိုရင်တော့...
🔹လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာအသုံးအနှုန်းများ
🔹Statement of Purpose ရေးသားနည်းနဲ့ လုပ်ငန်းသုံး Email ရေးသားနည်းများ
🔹ရုံးသုံး Document တွေဖတ်ရှုနားလည်ဖို့နဲ့ Professional ကျကျ ပြောဆိုဆက်ဆံခြင်း
🔹နေ့စဉ်သုံး အခြေခံစကားပြောများ...အစရှိတဲ့ ပညာရပ်တွေကို သပိတ်၀င် အိတ်၀င် လေ့လာသိရှိနိုင်မှာဖြစ်ပါတယ်။
👩🏫 အခုလို "𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐟𝐨𝐫 𝐎𝐯𝐞𝐫𝐬𝐞𝐚 𝐉𝐨𝐛𝐬"သင်တန်းလေးကို သင်ကြားပို့ချပေးသွားမဲ့ Teacher ဖြစ်တဲ့ 𝐓𝐫 𝐄𝐢 𝐊𝐡𝐢𝐧𝐞 𝐊𝐡𝐢𝐧𝐞 𝐌𝐨𝐞 နဲ့ မိတ်ဆက်ပေးပါရစေ။
တီချယ်က နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များဖြစ်တဲ့ B.A. English (Qualified), UFLM
Dip in ELT & Dip in TESOL (London), Cambridge CELTA (Bangkok) & TKT, M.Ed TEFL များနဲ့ လက်ရှိမှာလဲ ထိုင်းနိုင်ငံ Chulalongkorn University မှာတက်ရောက်နေသူဖြစ်ပါတယ်။ စာသင်သက်ဟာဆိုရင်လဲ (၈) နှစ်တာရှိထားပြီး အတွေ့အကြုံရင့်ဆရာမတစ်ဦးဖြစ်တာကြောင့် ယုံကြည်စွာ အပ်နှံနိုင်ပါတယ်။🤗💚
🗓 ယခု "𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐟𝐨𝐫 𝐎𝐯𝐞𝐫𝐬𝐞𝐚 𝐉𝐨𝐛𝐬" သင်တန်းလေးကတော့ 𝗙𝗲𝗯𝗿𝘂𝗮𝗿𝘆 𝟭𝟲 ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး...
▪️𝗗𝘂𝗿𝗮𝘁𝗶𝗼𝗻: 2 Months
▪️𝗧𝗶𝗺𝗲𝘁𝗮𝗯𝗹𝗲: Monday & Wednesday (8:00 PM to 9:30 PM)
▪️𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺: Zoom (Online Class)
▪️𝗙𝗲𝗲𝘀: 240,000 MMK (သင်တန်းအစအဆုံး)
💌 သင်တန်းကြေးကို (၂) လခွဲပြီး Installment နဲ့ ပေးသွင်းနိုင်ပါတယ်။ 𝗙𝗲𝗯𝗿𝘂𝗮𝗿𝘆 𝟭𝟰 ရက်နေ့မတိုင်မီ အပ်နှံသူလေးတွေကတော့ Early Bird Discount အနေနဲ့ 200,000 MMK နဲ့ အပ်နှံနိုင်မှာဖြစ်ပါတယ်။🎉
🎖️သင်တန်းကို အောင်မြင်စွာ ပြီးမြောက်သူများအတွက် “Certificate of Completion”လေးတွေ ပေးအပ်သွားမှာဖြစ်လို့ မဖြစ်မနေတက်ရောက်သင့်ပါတယ်ရှင့်။💐
သင်တန်းအတွင်း အနီးကပ်သင်ကြားနိုင်ဖို့အတွက် လက်ခံသွားမဲ့ လူဦးရေဟာလဲ (၈) ဦးကနေ (၁၀) ဦးအထိသာဖြစ်ပါတယ်။ ဒါကြောင့် ထိထိရောက်ရောက်မလေ့လာလိုက်ရမှာကိုတော့ စိတ်ပူစရာမလိုတော့ပါဘူး။🙆🏻♀️💯
💡 ဒီတော့...ပြည်ပမှာ အောင်မြင်တဲ့ Career တစ်ခုတည်ဆောက်ဖို့ လုပ်ငန်းသုံးအင်္ဂလိပ်စာကို အခုပဲ 𝐅𝐨𝐜𝐚𝐥 𝐏𝐨𝐢𝐧𝐭 နဲ့အတူ စတင်ပြင်ဆင်လိုက်ပါတော့ဗျို့။
📬 သင်တန်းနဲ့ပတ်သက်လို့ အသေးစိတ်စုံစမ်းချင်ရင်သော်လည်းကောင်း၊ Register လုပ်ရန်အတွက်သော်လည်းကောင်း Page Messenger ကတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။
20/01/2026
🇹🇭Rangsit University June & August Intake🇹🇭
Thailandမှာ ရှိတဲ့ Rangsit Universityဟာဆိုရင် intakeတိုင်းလိုလို popularityကလည်း များများလာနေတဲ့ ကျောင်းတစ်ကျောင်းပဲဖြစ်ပြီး international studentsတွေ အရမ်းကြိုက်ကြတဲ့ ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါတယ်💕
🏅Univeristy Ranking ကလည်း 21 out of 125 (In Thailand) and 1 out of 4 (in Pathumthani) ပဲဖြစ်ပါတယ် [according to EduRank]🏅
Intakeအနေနဲ့ဆိုရင်တော့ January, June, and August ဆိုပြီး 3 intakes ရှိပါတယ်ရှင့်💕
အခုတော့ June Intake & August Intakeလေးတွေ ဖွင့်နေပါပြီရှင့်📒
⏳June Intake Deadline - 1st May, 2026
⏳August Intake Deadline - 17th July, 2026
Rangsit Universityမှာတက်လို့ရတဲ့ majors တွေကတော့ -
🔹International Business
🔹Tourism, Hospitality and Sports
🔹Communication Arts
🔹International Relations and Development
🔹Information And Communication Technology
🔹Biomedical Sciences
🔹Biomedical Engineering
🔹Fashion Design
🔹Interior Design
🔹Design
🔹Civil Engineering
🔹Computer Science
🔹Electrical Engineering
🔹Computer Games & Esports
🔹Digital Innovation တို့ပဲဖြစ်ပါတယ်ရှင့်🗒️
Rangsit Universityမှာ တက်ရောက်ဖို့ဆိုရင် -
🔸High School Transcript (မြန်မာစနစ်ဟောင်း ၁၀တန်း၊ မြန်မာစနစ်သစ် ၁၂တန်း၊ GED, A levels etc.)
🔸English Proficiency Certificate (IELTS, TOEFL, and CEFR Test)
🔸Passport
🔸Digital photo
ဒါလေးတွေ လိုပါတယ်ရှင့်💕
ဒီအချက်အလက်လေးတွေ အပြည့်အစုံရှိရင်တော့ Focal Pointမှ တဆင့် service fees လုံး၀ပေးစရာမလိုပဲ လျှောက်ထားနိုင်ပါတယ်ရှင့်🫶🏼
Focal Pointမှ တဆင့်လျှောက်မယ်ဆိုရင်တော့ -
✅နေဖို့ Apartment/Condo ရှာပေးခြင်း
✅Airport Pickup
✅Student ID and Registeration လိုက်လုပ်ပေးခြင်း
တို့ကို လုပ်ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်ရှင့်💕
Focal Pointမှ Full Applicationအထိ တာဝန်ယူသွားမှာမလို့ စိတ်ချလက်ချ လျှောက်ထားနိုင်ပါတယ်ရှင့်🫶🏼💕
နောက်သိချင်တာတွေရှိရင်လည်း Focal Pointစီမှာ အချိန်မရွေး လာရောက်မေးမြန်းလို့ရပါတယ်ရှင့်💕
Telegram : 💚
02/12/2025
Updated Exam Fees List လေးပါရှင့်💳
Telegram:
06/11/2025
21st century မှာ ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းကနေ ပေါက်ဖွားလာတဲ့ 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐂𝐫𝐞𝐚𝐭𝐢𝐨𝐧 𝐒𝐤𝐢𝐥𝐥𝐬 တွေကို တတ်မြောက်ထားဖို့ ဘာကြောင့်အရေးကြီးသလဲ🎯❓

အွန်လိုင်းအသုံးတွင်ကျယ်ပြီးနောက် လူထုအမြင်ကျယ်လာသလို စီးပွားရေးလုပ်ငန်းတွေကအစ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ ချဲ့ထွင်လာတဲ့အလျောက် Content Creation ဟာလဲ Market မှာ Product တစ်ခုအနေနဲ့ ဖြစ်တည်လာခဲ့တာ အားလုံးသတိပြုမိမယ်ထင်ပါတယ်။🙋🏻♀️
🗣️ ပုံမှန်နေ့စဉ်ဘ၀ဖြတ်သန်းရာမှာကအစ မာကတ်တင်း၊ ပညာရေးနဲ့ စီးပွားရေးကဏ္ဍအထိ Content Creator တို့ရဲ့ကဏ္ဍဟာ ကျယ်ပြန့်လာပါတယ်။ ဒီလိုကျယ်ပြန့်လာတဲ့အလျောက် ကိုယ်စီ တတ်မြောက်ထားဖို့ကလဲ အရေးကြီးလာပါတယ်။ ဘာကြောင့်ဆို...
🔹𝐁𝐫𝐚𝐧𝐝 တိုင်းဟာ 𝐂𝐫𝐞𝐚𝐭𝐨𝐫 လိုအပ်ပါတယ်
အသေးစားကနေ အကြီးစားစီးပွားရေးလုပ်ငန်းတွေ၊ NGO တွေနဲ့ ကျောင်းတွေကစလို့ ဆိုရှယ်မီဒီယာမှာ ထင်သာမြင်သာရှိနေစေဖို့ စီမံခန့်ခွဲမှု (social media management)၊ ဗီဒီယိုတည်းဖြတ်ခြင်း (video editing) နဲ့ audience တို့နဲ့ချိတ်ဆက်ဖို့ storytelling စတဲ့အရာတွေအတွက် Content Creator တွေကို ဖိတ်ခေါ်ငှားရမ်းရင်း ဖန်တီးကြလေ့ရှိပါတယ်။💫
🔹𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞𝐫 လုပ်ဖို့လမ်းစ
ဗီဒီယိုတည်းဖြတ်ခြင်း၊ ဂရပ်ဖစ်ဒီဇိုင်း၊ အသိပညာပေးကွန်းတန့်နဲ့ ကြော်ငြာစာတွေကဲ့သို့ Content Creating ပိုင်း ကျွမ်းကျင်မှုရှိသွားခဲ့ရင် ကိုယ်ပိုင်နိုင်ရာနယ်ပယ်မှာ အိမ်မှာနေရင်း ၀င်ငွေရှာဖွေလို့ရစေပါတယ်။💻
🔹𝐂𝐫𝐞𝐚𝐭𝐢𝐯𝐢𝐭𝐲 + 𝐓𝐞𝐜𝐡 = 𝐅𝐮𝐭𝐮𝐫𝐞-𝐫𝐞𝐚𝐝𝐲 𝐬𝐤𝐢𝐥𝐥𝐬
ဆိုရှယ်မီဒီယာပလက်ဖောင်းတွေနဲ့ အယ်လဂိုရီသမ် (algorithms) တွေကို နားလည်ထားတဲ့ Content Creator တွေသာဆိုရင် တီထွင်ဖန်တီးမှုကနေ တကယ်အကျိုးသက်ရောက်မှုရှိတဲ့ပရောဂျက်တွေနဲ့ ဉာဏ်စွမ်းကို ဝင်ငွေအဖြစ်ပြောင်းလဲနိုင်စွမ်းပါရှိပါတယ်။📈
Focal Point သည်လဲ ၂၁ ရာစုကအခွင့်အလမ်းတွေကို Dreamer တွေဆီ ယူဆောင်ရင်း အကောင်အထည်ဖော်ပေးနိုင်ဖို့ Content Creation Division မှာ ကိုယ်ပိုင်ပထမဆုံးဗီဒီယိုဖန်တီးခြင်းကနေ social media strategies တွေ သိရှိနားလည်သွားသည်အထိ အဆင့်ဆင့်ကျွမ်းကျင်စေဖို့ အတန်းတွေ စီစဉ်လျက်ရှိပါတယ်။💕✨
အဲ့ဒီအတန်းလေးတွေနဲ့ပတ်သက်ပြီး ပြန်လည်ကြေညာသွားဖို့ရှိတာကြောင့် Dreamer ကနေ ကိုယ့်ရဲ့အနာဂတ်ကို ပုံဖော်တည်ဆောက်နိုင်တဲ့ Builder တွေအဖြစ်ကို ပြောင်းလဲဖို့ရာ Focal Point ကို စောင့်ကြည့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။💥
31/10/2025
🇲🇲 GED မှ NEW EXAM BOOKING POLICY
30th October, 2025 မှ စတင်၍ အပြည်ပြည်ဆိုင်ရာ ပိတ်ဆို့မှုများ (International Sanctions) နှင့်သက်ဆိုင်သောအကြောင်းအရာများကြောင့် Myanmar တွင် ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုများကို GED ၏ Payment Provider တစ်ခုက ပိတ်သိမ်းလိုက်ပါသည်။
ဒါကြောင့် -
👉 GED® Test
👉 GED Ready® Practice Test ကို GED account မှတဆင့် (သို့) Call Center မှတဆင့် တိုက်ရိုက် ငွေပေးချေ၍ စာမေးပွဲချိန်းယူခြင်း မဖြစ်နိုင်တော့ပါ။
✅ လက်ရှိတွင် အသုံးပြုနိုင်သော နည်းလမ်းနှစ်ခု-
Option 1:
1. GED Marketplace သို့ ဝင်ပါ။
2. စာမေးပွဲအတွက် voucher ဝယ်ပါ။
3. GED account ထဲတွင် Voucher Code ကိုထည့်၍ စာမေးပွဲချိန်းယူနိုင်ပါသည်။
Option 2:
သင့်ရဲ့ GED Exam Booking တင်ပေးသော Service သမားတွေမှတဆင့် Voucher ဝယ်ယူပြီး သင့်ရဲ့ Student Account ထဲသို့ တိုက်ရိုက်ထည့်ပေးနိုင်ပါတယ်။
GED Exam Policyကို အမြဲ updateလေးတွေ အစော်ဆုံးသိရအောင် Pageလေးကို Like & Followပေးထားပါရှင့်💞
Commentမှာလည်း Telegram Channel Linkလေးချပေးထားပါတယ်ရှင့်💞
fb.me
28/10/2025
‼️UPDATED EXAM BOOKING FEES LIST‼️
ဒါလေးတွေက service chargeပါပြီးသားပါရှင့်။
GED Exams & Flash စျေးကျတုံး အမြန်ဝယ်ထားပါအုံးရှင့်💕
🔒Account ‘lock’ ကျမှာလည်း စိတ်မပူရပါဘူးရှင့်။🔒
Focal Pointက studentsအများစုကို lockဖြေပေးခဲ့တဲ့ Help Center Telegram Gpလေးပဲဖြစ်တာမလို့ account lockမကျအောင် receipt အပြည့်နဲ့ရောင်းချပေးသွားမှာဖြစ်လို့ စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်ရှင့်။
22/10/2025
Dreamers မှ Skill Builders အဖြစ်သို့ 🎓✨
ဒီစာဖတ်ရှုသူတွေထဲမှာ Scholarship အတွက်ပြင်ဆင်နေတဲ့သူတွေ၊ Freelancer လုပ်ဖို့ပြင်ဆင်နေတဲ့သူရှိကြလားဗျို့။ 👀❔
အပေါ်ကလူစုထဲမှာပါ၀င်ပြီး Dreamer ကနေ ကိုယ့်ရဲ့ Skill တွေကို ပုံဖော်ထုဆစ်လိုတဲ့ Builder အဖြစ်ကိုပြောင်းလဲလိုတယ်ဆိုရင်တော့ ဒီစာလေးကို အဆုံးထိဖတ်သင့်ပါပြီ။💯
💌 Focal Point ဟာ Scholarship Opportunities တွေကိုမျှဝေပေးရင်း Exam Service တွေပေးရာကနေ Scholarship Dreamers တို့အတွက် အစစအရာရာဖြည့်ဆည်းပေးဖို့ကြိုးစားနေတဲ့ ရပ်၀န်းတစ်ခုအဖြစ်ရပ်တည်ခဲ့တာ အချိန်တစ်ခုအထိရောက်ခဲ့ပါပြီ။
အခုလို ရပ်တည်လာခဲ့တဲ့ကာလအတွင်းမှာ သိရှိခဲ့ရတာကတော့ ပညာသင်ဆုပေးတဲ့ကော်မတီတွေပဲဖြစ်စေ၊ အလုပ်ရှင်၊ ကုမ္ပဏီတွေပဲဖြစ်စေ Application ရဲ့ 40% လောက်အတိုင်းအတာအထိ Personal Development ဆိုတဲ့ တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်ရှုတတ်ကြတယ် ဆိုတာပါပဲ။💥
သို့ပေသိ Dreamers တို့ဟာ Application Process တွေ၊ Academic Background တွေကို အလေးထားတတ်ကြတာကို တွေ့ရလေ့ရှိပေမဲ့ တကယ့်အရေးကြီးပြီး မိမိတို့ကိုယ်တိုင်အတွက်လဲ စဉ်ဆက်မပြတ်တိုးတက်မှုကို ဖြစ်ထွန်းစေတဲ့အရာတစ်ခုကို ကျန်ရစ်ခဲ့ကြတာ သတိပြုမိနေပါသေးတယ်။🙌🏻
အဲ့ဒီအရာကတော့ ကိုယ်စီလိုအပ်တဲ့
🔹ခေတ်စနစ်နဲ့အညီ နည်းပညာပိုင်းမှာ အိပ်မက်တို့ထုဆစ်ပုံဖော်နိုင်မဲ့ Programming Skill
🔹Scholarship တွေကို လျှောက်ထားဖို့ လိုအပ်တဲ့ Writing Skill
🔹အင်တာဗျူးဖြေဆိုဖို့လိုအပ်တဲ့ Communication Skills
🔹Personal Achievement တွေကို ပြသနိုင်မဲ့တခြားသော Soft Skills တို့ပါဝင်တဲ့"Personal Development" ဆိုတဲ့အရာတွေပဲဖြစ်ပါတယ်။
💡Personal Development ဆိုတဲ့အတိုင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေမှာဖြစ်တဲ့အတွက် ပိုမိုတိုးတက်တဲ့ လမ်းကိုဖောက်ရင်း ပညာသင်ဆုလျှောက်လိုရင်ဖြစ်ဖြစ်၊ အလုပ်ခွင်၀င်လိုရင်ဖြစ်ဖြစ် ခရီးပေါက်စေတာကြောင့် အင်မတန် အခရာကျလှတဲ့အရာလဲဖြစ်ပါတယ်။
ဒါကြောင့် Scholarship Dreamers ကနေပြီးတော့ Skill Builders တွေအဖြစ်နဲ့ အိပ်မက်တွေဆီ အရောက်လှမ်းဖို့ Focal Point ကနေ Personal Development အခြေတည်ထားတဲ့ အတန်းလေးတွေ ဖွင့်လှစ်ဖို့ စီစဉ်ထားကြောင်း သတင်းကောင်းပါးချင်ပါတယ်။💕💫
ပထမဦးစွာ Freelancer အဖြစ်နဲ့ နည်းပညာပိုင်းမှာ လှုပ်ရှားရင်း ပရိုဂရမ်တွေရေးဆွဲလို့ အိပ်မက်တွေထုဆစ်လိုသူတို့အတွက် Python Programming Class လေးကို မကြာမီမှာ အသေးစိတ်ကြေညာသွားပေးဖို့ရှိတာမို့လို့ စောင့်ကြည့်ပေးဖို့လဲ တိုက်တွန်းလိုက်ပါတယ်။🫂✨
15/10/2025
❌လူရသွားပါပြီ ရှင့်❌
🔊WE ARE HIRING A GRAPHIC DESIGNER🔊
💻Location - Remote
💵Pay - Per Project Basis (Nego)
💼Required Experience💼
• Educationနဲ့ ပတ်သက်တဲ့ contents တွေဆွဲနိုင်သူ
• Written Contentsနဲ့ ကိုက်အောင် သေချာဆွဲတတ်သူ
• Brand Identity ကို နားလည်သူ
• Deadlineကို အလေးပေးသူ
Send your portfolio and resume to [email protected] (or) +66971763661