27/08/2026
ဆရာ၊ဆရာမတို့ လစာတွေ ဘာလို့ မတူကြတာလဲ
ဘာတွေ ပြင်ဆင်သင့်မလဲ
ထိုင်းမှာ အလုပ်လျှောက်တဲ့အခါမှာ ဆရာ၊ဆရာမတို့အနေနဲ့ လစာသတ်မှတ်ချက်နဲ့ ပတ်သက်ပြီး အားမလို အားမရ ဖြစ်တာလေးတွေ ကြံုဖူးကြမယ်ထင်ပါတယ်။
🤠ပထမဆံုးကတော့ Face cardလို့ပြောရမယ့်
ကိုယ့်ရဲ့ မျက်နှာအသွင်အပြင် အသားအရောင်ကို
မူတည်ပြီး ခေါ်တာကြောင့်ပါ
တချို့ အလုပ်ခေါ်စာမှာဆို European lookဆိုပြီး
တောင် ထည့်ရေးထားကြတာ တွေ့မိကြမှာပါ။
👩🏻🦰နောက်တစ်ခုက Nationality ပါ
ဒါကလည်း အပေါ်ကတစ်ခုနဲ့ ဆက်စပ်နေတာပါပဲ။
အလုပ်ခေါ်စာမှာတော့ NNES(Non Native English
Speakers )လို့ ခေါ်ဝေါ်သံုးကြပါတယ်။
အင်္ဂလိပ်စကားပြောနိုင်ငံတွေကသူတွေ(Native
English Speakers)တွေရဲ့ လစာက NNESလစာ
ထက် ပိုများတတ်ကြပါတယ်။
NNESကို ၂၅၀၀၀ဘတ်က စခေါ်ရင်
NES ကို ၄၅၀၀၀ဘတ်လောက်က စပေးပြီး အလုပ်ခန့်တာမျိုးပါ
🌝ဒါဆို ဘာလုပ်သင့်လဲ
👄💄Skinတွေcareပြီး ဆံပင်တွေအရောင်ပြေးဆိုးကြမှာလား💇🏼♀️
သေချာတာကတော့ မွေးဖွားရာ နေရာနဲ့
ရုပ်ရည်အသွင်အပြင်ကို ပြန်ပြင်လို့ မရနိုင်ပေမ
ယ့် ကိုယ့်ရဲ့ အရည်အချင်း Skill setsတွေကိုတော့
ပြည့်မီအောင် ပြင်ထားလို့တော့ရပါတယ်။
English Proficiency level က advanced ဖြစ်နေမယ်။
Pronunciation က clear ဖြစ်နေအောင် ကြိုးစားထားမယ်။
သင်ကြားရေးနဲ့ ပတ်သက်တဲ့ နည်းနာ
(teaching methodology) တွေ အထူးသဖြင့်
ESL classroom ကို ဘယ်လိုသင်ရမလဲဆိုတာကို
ပိုင်နိုင်ကျွမ်းကျင်နေမယ်ဆိုရင် လစာက
သင့်တင့်တဲ့အနေအထားတစ်ခုမှာရပါတယ်။
ဆရာဆရာမတို့ ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့
အရည်အချင်းတွေကို မြင်သာအောင် အလုပ်ခန့်
ချင်လာအောင် CVတွေ Resumeတွေ
Cover letter တွေမှာ သေချာ ချပြတတ်ဖို့လိုပါ
သေးတယ်။
အရေးကြီးဆံုးမှာချင်တာလေးတစ်ခုက
“စိတ်ဓါတ်မကျပါနဲ့ အလုပ်ကို လျှောက်စရာရှိတာ ဆက်လျှောက်ကြပါ ကိုယ့်အရည်အချင်းကို သဘောကျ ကိုက်ညီမယ့် ကျောင်းတစ်ခုခုတော့ ရှိလာမှာပါ။ အားလံုးအဆင်ပြေကြပါစေရှင့်။