HOPE Mission Classroom - HMC

HOPE Mission Classroom - HMC Sharing is Caring

အပတ်စဥ် ဗုဒ္ဓဟူး​နေ့တိုင်းထိုင်းစာ ထိုင်းဘာသာ အတန်းရှိပါတယ်
24/06/2026

အပတ်စဥ် ဗုဒ္ဓဟူး​နေ့တိုင်း

ထိုင်းစာ ထိုင်းဘာသာ အတန်းရှိပါတယ်

23/06/2026

ဓါတ်ပုံ ရိုက်ဖို့

ဖုန်းသွားယူပြီးပြန်လာ​တော့

သူတို့က သွားပုန်း​နေကြပါ​လေ​ရော

စ​နေ​နေ့က​ကျောင်းသားမိဘ​တွေရဲ့ အင်အားနဲ့​ကျောင်းပတ်ဝန်းကျင် သန့်ရှင်း​ရေးလုပ်ပါတယ်အချို​ရည် ဝယ်တိုက်တဲ့ ဦးဝင်းမိသားစုနဲ...
15/06/2026

စ​နေ​နေ့က

​ကျောင်းသားမိဘ​တွေရဲ့ အင်အားနဲ့

​ကျောင်းပတ်ဝန်းကျင် သန့်ရှင်း​ရေးလုပ်ပါတယ်

အချို​ရည် ဝယ်တိုက်တဲ့ ဦးဝင်းမိသားစုနဲ့

မအားမလပ်တဲ့ကြားက ​လုပ်အား​ပေး

လာကြတဲ့မိဘ အ​ယောက်စီတိုင်းကို ​

ကျေးဇူးတင်ပါတယ်

ကျောင်းစဖွင့်တာက​တော့ဇွန်လ ၄ ရက်​နေ့ကတည်းကပါအခုမှ ဓါတ်ပုံ တင်ဖြစ်ပါတယ်သူငယ်တန်းမှ ​စတုတ္ထတန်းအထိ ရှိပါတယ်​ကျောင်းသား ​ကျ...
15/06/2026

ကျောင်းစဖွင့်တာက​တော့

ဇွန်လ ၄ ရက်​နေ့ကတည်းကပါ

အခုမှ ဓါတ်ပုံ တင်ဖြစ်ပါတယ်

သူငယ်တန်းမှ ​စတုတ္ထတန်းအထိ ရှိပါတယ်

​ကျောင်းသား ​ကျောင်းသူ စုစု​ပေါင်း ၄၁ ဦးရှိပြီး

ဆရာ ဆရာမ စုစု​ပေါင်း ၆ ဦး ရှိပါတယ်

ကျွန်​တော်က ​ဒေါနပါ

၀၉၀၄၃၉၀၈၇၃

ကျေးဇူးပြုပြီး စာကို ဆုံးသည့်အထိ ဖတ်ပေးပါနော်ကျွန်တော်က ဒေါနပါမျှော်လင့်ခြင်း သာသနာပြု စာသင်ခန်း (HOPE Mission Classroom...
15/06/2026

ကျေးဇူးပြုပြီး စာကို ဆုံးသည့်အထိ ဖတ်ပေးပါနော်

ကျွန်တော်က ဒေါနပါ

မျှော်လင့်ခြင်း သာသနာပြု စာသင်ခန်း (HOPE Mission Classroom) ၊ ဝမ်းဖာရွာမှာရှိတဲ့ ရွေ့ပြောင်း မြန်မာကျောင်းကလေးကို ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပါတယ်။

အခု ၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ်ဟာဆိုရင် ၄ နှစ်မြောက် ပညာသင်နှစ် ဖြစ်ပါတယ်။

ဒီကျောင်းကလေးအတွက် အဓိက စိန်ခေါ်မှု (အခက်အခဲ) ကတော့ ကျောင်းဆရာ/ ဆရာမလစာပဲဖြစ်ပါတယ်။

အရင်နှစ်တွေကတော့ ကျွန်တော်တို့ရဲ့ ကျောင်းကလေးက အဆောက်အဦး ငှားရမ်းခ မပေးရပါဘူး။ ကျောင်းစာသင်ခန်း အဆောက်အဦးကို အခမဲ့ အသုံးပြုခွင့်ရပါတယ်။

ဒီစာသင်ဆောင်လေးက သောင်ရင်းမြစ်ကမ်းနဖူးမှာရှိပြီးတော့ နှစ်တိုင်းနီးပါ ရေမြှပ်ပါတယ်။ ဒါကြောင့် ရေပြန်ကျသွားတဲ့အထိ ကျောင်းရက်ရှည်ပိတ်ရပါတယ်။ ပြီးခဲ့တဲ့နှစ်က နှစ်ကြိမ်ရေမြှပ်ပါတယ်။

အခု ဒီနှစ်ဆိုရင် - SMRU ဆေးခန်းနေရာကို ငှားရမှာဖြစ်ပါတယ်။ အဆောက်အဦးငှားရမ်းခကတော့ တလကို ၁၀,၀၀၀ ဘတ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ကျောင်းဆရာ/ ဆရာမ လစာအပြင် ကျောင်း အဆောက်အဦးငှားရမ်းခလည်း လိုအပ်လာပါတယ်။

အခုအသုံးပြုနေတဲ့ ကျောင်းအဆောက်အဦးက ပြင်ကြမ်းခင်းဖြစ်တာကြောင့် ကျောင်းသား/သူတွေ ကြမ်းပြင်ပေါ်မှာ ထိုင်လို့ရပါတယ်။ ဒါပေမယ့် ကျောင်းအဆောက်အဦးအသစ်ကို ပြောင်းရွေ့အသုံးပြုမယ်ဆိုရင်တော့ အောက်ခံကြမ်းခင်းက ကွန်ကရစ်ဖြစ်တာကြောင့် စာရေးစားပွဲခုံနဲ့ ကုလားထိုင်တွေအစုံ ၅၀ လိုမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကလေးတွေရဲ့ ပညာရေးအတွက် ကျွန်တော်တို့ရဲ့ ချစ်သော ညီအစ်ကို မိတ်ဆွေများရဲ့ အကူအညီကို ကျွန်တော်တို့လိုအပ်ပါတယ်။

လစဉ် ကျောင်းဆရာ/ ဆရာမလစာ - ၃၉,၅၀၀ ဘတ်
လစဉ် ကျောင်းအဆောက်အဦးငှားရမ်းခ - ၁၀,၀၀၀ ဘတ်
စာရေးစားပွဲနှင့် ကုလားထိုင် - ၁၅၀၀ × ၅၀ = ၇၅,၀၀၀ ဘတ်

ဦးဒေါန
မျှော်လင့်ခြင်း သာသနာပြု စာသင်ခန်း (ဝမ်းဖာရွာ)
၀၉၀၄၃၉၀၈၇၃

ဒီ​နေ့ ​ ကျောင်းအပ်လက်ခံခြင်းပ​ထမ​နေ့ပါမနက် ၉း၀၀ နာရီမှ ၁၂း၀၀ နာရီအထိ ဖြစ်ပါတယ်မနက်ဖြန်နဲ့  သဘက်ခါ နှစ်ရက် ထပ်ပြီး ​ကျော...
01/06/2026

ဒီ​နေ့ ​ ကျောင်းအပ်လက်ခံခြင်း

ပ​ထမ​နေ့ပါ

မနက် ၉း၀၀ နာရီမှ ၁၂း၀၀ နာရီအထိ

ဖြစ်ပါတယ်

မနက်ဖြန်နဲ့ သဘက်ခါ

နှစ်ရက် ထပ်ပြီး ​

ကျောင်းအပ်လက်ခံ​ပေးပါဦးမယ်

၄ ရက်​နေ့ ​ကျောင်း စတက်ပါမယ်

2nd BatchSummer Sewing CourseClosing CeremonyThanks to everyone, Donors, Trainner, and students...May GOD bless you all....
30/05/2026

2nd Batch
Summer Sewing Course
Closing Ceremony

Thanks to everyone,
Donors, Trainner, and students...

May GOD bless you all...

ကျွန်​တော်တို့ ​မျှော်လင့်ခြင်းသာသနာပြုစာသင်ခန်းအတွက်စာ​ရေးစားပွဲခုံနဲ့ ကုလားထိုင် အစုံ ၆၀ လိုအပ်ပါတယ်တစုံကို ၁၅၀၀ ဘတ် န...
29/05/2026

ကျွန်​တော်တို့ ​မျှော်လင့်ခြင်းသာသနာပြုစာသင်ခန်းအတွက်

စာ​ရေးစားပွဲခုံနဲ့ ကုလားထိုင် အစုံ ၆၀ လိုအပ်ပါတယ်

တစုံကို ၁၅၀၀ ဘတ် နှုန်းဖြင့်
လှူဒါန်းနိုင်ပါတယ်

​စေတနာရှိသ​လောက်
တတ်နိုင်သ​လောက် ပါ​ဝင်​ပေးကြဖို့ ​

မေတ္တာဖြင့် နှိုး​ဆော်အပ်ပါတယ်ဗျ

ဦ​ဒေါန
၀၉၀၄၃၉၀၈၇၃

မနက်ဖြန် စ​နေ​နေ့မနက် ၁၀း၀၀ နာရီ  မှာHOPE Mission Classroom ရဲ့ဒုတိယ အကြိမ်​မြောက် စက်ချုပ်သင်တန်းဆင်းပွဲရှိပါတယ်
29/05/2026

မနက်ဖြန် စ​နေ​နေ့

မနက် ၁၀း၀၀ နာရီ မှာ

HOPE Mission Classroom ရဲ့

ဒုတိယ အကြိမ်​မြောက်

စက်ချုပ်သင်တန်းဆင်းပွဲ

ရှိပါတယ်

20/05/2026

အင်္ဂလိပ်၊ မြန်မာ - စွယ်စုံကျမ်းများ၊ အဘိဓါန်များ၊ နှစ်ဘာသာတွဲ သုတ ရသ စာအုပ်များ၊ ပုံပြင်စာအုပ်များ၊ ​ရွှေ​သွေးကဲ့သို့​သောစာ​စောင်များ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများ၊ ရုပ်ပြစာအုပ်များ၊ ဝတ္ထုစာအုပ်များ စသည့်ဖြင့် အလှူခံပါတယ်

ที่อยู่

Wang Pha
Mae Sot
63110

เวลาทำการ

จันทร์ 09:00 - 15:00
อังคาร 09:00 - 15:00
พุธ 09:00 - 15:00
พฤหัสบดี 09:00 - 15:00
ศุกร์ 09:00 - 15:00

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ HOPE Mission Classroom - HMC โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์