MTB ESL English School

MTB ESL English School ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก MTB ESL English School, โรงเรียน, 130 Mo. 10 T. Maepa, Mae Sot.

📢 ESL School အတွက် Registration Form ပိတ်ရန် အချိန်နီးကပ်လာပါပြီ!ကျောင်းအပ်နှံလိုသူများအနေဖြင့် နောက်မကျစေဘဲ အမြန်ဆုံး စ...
08/05/2026

📢 ESL School အတွက် Registration Form ပိတ်ရန် အချိန်နီးကပ်လာပါပြီ!

ကျောင်းအပ်နှံလိုသူများအနေဖြင့် နောက်မကျစေဘဲ အမြန်ဆုံး စာရင်းသွင်းပေးကြပါရန် အသိပေးအပ်ပါသည်။ ✨

ကျောင်းအပ်လိုသူများအနေဖြင့် ( စနေနေ့ည ) နောက်ဆုံးထားကာ အပ်နှံရမည်ဖြစ်ပါသည်။

ကျောင်းအပ်ရမည် အွန်လိုင်း ဖောင်ကို 👇ကော့မန့်တွင် ရေးထားပါမည်။

ထို့အပြင် ကျောင်းမှ ထုတ်ပြန်ပေးမည့် အရေးကြီးသော အသိပေးချက်များ၊ သတင်းအချက်အလက်များ နှင့် ကြေငြာမှုများကို လက်ခံရရှိနိုင်ရန် ကျောင်း၏ Telegram, Messenger group ထဲသို့လည်း မဖြစ်မနေ ဝင်ရောက်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱💬

⏳ သတ်မှတ်ရက်မတိုင်မီ အမြန်ဆုံး စာရင်းသွင်းကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

မိတ်ဆွေက အင်္ဂလိပ်စာကို အခမဲ့နဲ့ လေ့လာသင်ကြားလိုပါသလား။...မြန်မာပြည်မှ မိတ်ဆွေများအတွက် အထူးအစီအစဉ်ဖြစ်ပါတယ်။✨ အခု MTB က...
30/04/2026

မိတ်ဆွေက အင်္ဂလိပ်စာကို အခမဲ့နဲ့ လေ့လာသင်ကြားလိုပါသလား။...

မြန်မာပြည်မှ မိတ်ဆွေများအတွက် အထူးအစီအစဉ်ဖြစ်ပါတယ်။

✨ အခု MTB ကနေဖွင့်တဲ့ ESL English School မှာဆိုရင် အွန်လိုင်းကနေ အင်တာနက်ရှိရုံနဲ့ USA နိုင်ငံသား (Native Speaker) ကိုယ်တိုင်သင်ကြားပေးတဲ့ Video Lessons တွေ၊ Live နဲ့ အပြန်အလှန်စကားပြောလေ့ကျင့်နိုင်မှာဖြစ်တဲ့အတွက် လက်မလွတ်သင့်တဲ့ အတန်းဖြစ်ပါတယ်။

🎁 ဒါတင်မကသေးပါဘူး။ သင်တန်းကာလ ၃ လကိုလည်း အခမဲ့နဲ့ တက်ရောက်ရမဲ့ အခွင့်အလမ်းက လူတိုင်းအတွက်ဖြစ်ပါတယ်။

🚨 ကျောင်းသားဦးရေကို ၅၀ ယောက် သာသတ်မှတ်တာဖြစ်တဲ့အတွက် အမြန်ဆုံးလာရောက်စာရင်းသွင်းစေလိုပါတယ်။

📩 Chat Box cb မှတဆင့်ဆက်သွယ်ရန် >> m.me/eslmyanmar.mtb

🔗 ကော့မန့်မှာ ဖော်ပြထားတဲ့ လင့်ကနေ့တဆင့်လည်း စာရင်းသွင်းနိုင်ပါပြီ။

💡 ENTHUSIASTIC (စိတ်အားထက်သန်သော)Pronunciation: /ɪnˌθjuːziˈæstɪk/ (အင်-သျူ-စီ-အက်စ်-တစ်)Meaning: Showing intense interes...
28/02/2026

💡 ENTHUSIASTIC (စိတ်အားထက်သန်သော)

Pronunciation: /ɪnˌθjuːziˈæstɪk/ (အင်-သျူ-စီ-အက်စ်-တစ်)
Meaning: Showing intense interest and excitement / ပြင်းထန်သော စိတ်ဝင်စားမှုပြသော

Example 1: The students are enthusiastic about learning.
ကျောင်းသားတွေက သင်ယူဖို့ စိတ်အားထက်သန်ကြတယ်။

Example 2: He is enthusiastic about his work.
သူက သူ့အလုပ်ကို စိတ်အားထက်သန်စွာ လုပ်တယ်။

💡 DETERMINED (သန္နိဌာန်ခိုင်မာသော)Pronunciation: /dɪˈtɜːmɪnd/ (ဒီ-တား-မင့်)Meaning: Having a strong will to achieve some...
27/02/2026

💡 DETERMINED (သန္နိဌာန်ခိုင်မာသော)

Pronunciation: /dɪˈtɜːmɪnd/ (ဒီ-တား-မင့်)
Meaning: Having a strong will to achieve something / တစ်ခုခု အောင်မြင်ဖို့ ခိုင်မာသော စိတ်ဆန်ဒရှိသော

Example 1: She is determined to learn English.
သူမက အင်္ဂလိပ်စာ သင်ယူဖို့ ခိုင်မာစွာ ဆုံးဖြတ်ထားတယ်။

Example 2: Stay determined and never give up!
ခိုင်မာစွာ ရပ်တည်ပြီး ဘယ်တော့မှ မလက်လျှော့ပါနဲ့!

💡 CREATIVE (ဖန်တီးမှုရှိသော)Pronunciation: /kriˈeɪtɪv/ (ကရီ-အေ့-တစ်ဗ်)Meaning: Using imagination to make new things / စိ...
26/02/2026

💡 CREATIVE (ဖန်တီးမှုရှိသော)

Pronunciation: /kriˈeɪtɪv/ (ကရီ-အေ့-တစ်ဗ်)
Meaning: Using imagination to make new things / စိတ်ကူးစိတ်သန်းဖြင့် အသစ်တွေ ဖန်တီးသော

Example 1: He is very creative in art.
သူက အနုပညာမှာ အရမ်း ဖန်တီးမှုရှိတယ်။

Example 2: Think creatively to solve problems.
ပြဿနာတွေ ဖြေရှင်းဖို့ ဖန်တီးမှုရှိရှိ တွေးပါ။

💡 ADVENTUROUS (စွန့်စားသော)Pronunciation: /ədˈventʃərəs/ (အဲဒ်-ဗင့်-ချား-ရပ်စ်)Meaning: Willing to take risks and try ne...
25/02/2026

💡 ADVENTUROUS (စွန့်စားသော)

Pronunciation: /ədˈventʃərəs/ (အဲဒ်-ဗင့်-ချား-ရပ်စ်)
Meaning: Willing to take risks and try new things / စွန့်စားရဲသော၊ အသစ်တွေ စမ်းသပ်ချင်သော

Example 1: She has an adventurous spirit.
သူမမှာ စွန့်စားတဲ့ စိတ်ဓာတ် ရှိတယ်။

Example 2: Be adventurous and try new foods!
စွန့်စားပြီး အစားအစာသစ်တွေ စမ်းကြည့်ပါ!

💡 WISE (ပညာရှိသော)Pronunciation: /waɪz/ (ဝိုက်စ်)Meaning: Having good judgment and experience / ကောင်းမွန်သော စီရင်ဆုံးဖ...
24/02/2026

💡 WISE (ပညာရှိသော)

Pronunciation: /waɪz/ (ဝိုက်စ်)
Meaning: Having good judgment and experience / ကောင်းမွန်သော စီရင်ဆုံးဖြတ်မှုရှိသော

Example 1: My grandfather is a wise man.
ကျွန်တော့် အဘိုးက ပညာရှိတဲ့ လူပါ။

Example 2: Make wise decisions.
ပညာရှိရှိ ဆုံးဖြတ်ချက်တွေ ချပါ။

💡 VALUABLE (တန်ဖိုးရှိသော)Pronunciation: /ˈvæljuəbl/ (ဗယ့်-လျူ-အဲ-ဘဲလ်)Meaning: Worth a lot, precious / အလွန်တန်ဖိုးရှိသ...
23/02/2026

💡 VALUABLE (တန်ဖိုးရှိသော)

Pronunciation: /ˈvæljuəbl/ (ဗယ့်-လျူ-အဲ-ဘဲလ်)
Meaning: Worth a lot, precious / အလွန်တန်ဖိုးရှိသော၊ အဖိုးတန်သော

Example 1: Time is valuable, don't waste it.
အချိန်က တန်ဖိုးရှိတယ်၊ မဖြုန်းတီးနဲ့။

Example 2: Your friendship is valuable to me.
မင်းရဲ့ ခင်မင်မှုက ကျွန်တော့်အတွက် အဖိုးတန်ပါတယ်။

💡 UNIQUE (ထူးခြားသော)Pronunciation: /juːˈniːk/ (ယူ-နိုက်)Meaning: One of a kind, special / တစ်မျိုးတည်းသော၊ အထူးခြားသောE...
22/02/2026

💡 UNIQUE (ထူးခြားသော)

Pronunciation: /juːˈniːk/ (ယူ-နိုက်)
Meaning: One of a kind, special / တစ်မျိုးတည်းသော၊ အထူးခြားသော

Example 1: Everyone is unique in their own way.
လူတိုင်းမှာ သူ့ရဲ့ ကိုယ်ပိုင် ထူးခြားမှု ရှိတယ်။

Example 2: You have a unique talent.
မင်းမှာ ထူးခြားတဲ့ စွမ်းရည် ရှိတယ်။

💡 TALENTED (စွမ်းရည်ရှိသော)Pronunciation: /ˈtæləntɪd/ (တယ့်-လင့်-တစ်)Meaning: Having natural ability or skill / သဘာဝ စွမ...
21/02/2026

💡 TALENTED (စွမ်းရည်ရှိသော)

Pronunciation: /ˈtæləntɪd/ (တယ့်-လင့်-တစ်)
Meaning: Having natural ability or skill / သဘာဝ စွမ်းရည်ရှိသော

Example 1: He is a talented singer.
သူက စွမ်းရည်ရှိတဲ့ အဆိုတော်ပါ။

Example 2: All students are talented in different ways.
ကျောင်းသားအားလုံးမှာ မတူညီသော နည်းလမ်းများဖြင့် စွမ်းရည်ရှိကြတယ်။

💡 SUCCESSFUL (အောင်မြင်သော)Pronunciation: /səkˈsesfəl/ (ဆက်-ဆက့စ်-ဖူး)Meaning: Achieving desired results / လိုချင်သော ရလ...
20/02/2026

💡 SUCCESSFUL (အောင်မြင်သော)

Pronunciation: /səkˈsesfəl/ (ဆက်-ဆက့စ်-ဖူး)
Meaning: Achieving desired results / လိုချင်သော ရလဒ်များ ရရှိသော

Example 1: She is a successful businesswoman.
သူမက အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်ပါ။

Example 2: Hard work makes you successful.
ကြိုးစားမှုက မင်းကို အောင်မြင်စေတယ်။

ที่อยู่

130 Mo. 10 T. Maepa
Mae Sot
63110

เบอร์โทรศัพท์

+66955043813

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ MTB ESL English Schoolผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ โรงเรียนนี้

ส่งข้อความของคุณถึง MTB ESL English School:

ทางลัด

แชร์

ประเภท