Teacher PHYO Online English classes for Myanmar primary and secondary students.

05/04/2026
16/03/2026

👨‍🎓👨‍🎓က လေးများနှင့် ပညာရေး🧑‍🎓🧑‍🎓
ယနေ့ခေတ်မိဘအများစုက မိမိတို့ရဲ့သားသမီး❤ရတနာလေးတွေကို ပညာအမွေ အကောင်းဆုံးကြိုးစားပေးနေကြတာတွေ့ရပါတယ်🥰🥰တတ်နိုင်တဲ့မိဘကတတ်နိုင်သလို မတတ်နိုင်သောမိဘများကလည်းကြိုးစားရုန်းကန်ပြီး ဖြည့်ဆည်းကြတယ်🥰 ဆရာမ တစ်ယောက်အနေနဲ့ဒါတွေကိုမြင်တွေ့ရတာ ကြည်နူးမိပါတယ်
ကောင်းပြီ ဒါဆို မိမိတို့ရဲ့ကလေးအခြေအနေကိုပြန်သုံးသပ်ကြည့်ရအောင်
🧑‍💻ကိုယ် ထားတဲ့ကျောင်းအခြေအနေနဲ့ ကလေးရဲ့အခြေခံပညာ🧑‍💻
🏘ကျောင်းအခြေအနေ--- ဒီထဲမှာ တည်နေရာ၊ဘာသာစကား၊ပညာသင်စရိတ်၊ သင်ကြားသည့်ဆရာ/မ ၊ေကျာင်းရဲ့ေအာင်မြင်မှု စသည်---
🧑‍🎓ကလေးရဲ့အခြေခံပညာ--- ဒီမှာတော့ မိဘများ သိသလိုလိုနဲ့မသိတာ တွေ့ရပါတယ်(ကျောင်းအခြေအနေကိုစုံစမ်းကြပေမယ့်)
အတန်းမှန်မှန်ထားပြီး ဆုရနေတဲ့ကလေး🫅 တို့ ၊စာကို အသင့်အတင့်လိုက်နိုင်သောကလေး👸တို့ဆိုရင် မိဘများ အနေနဲ့မိမိတို့ရဲ့ကလေးကို အပြည့်အဝယုံကြည်ထားတတ်ပါတယ်။💝💝

ကလေးက သင်ထားတဲ့စာတွေကိုလိုက်နိုင်ပြီး မိဘပြောစရာမလိုအောင်ကြိုးစားတာ လိမ္မာတာတွေ ကြောင့်ပါ💝

မိမိကလေးက ဒီဘာသာရပ် မှာ အထူးသဖြင့် language ဘာသာရပ်မှာ တကယ်နားလည်တာလား ကျက်ပြီးဖြေတာလား ဆိုတာ မိမိကမသုံးသပ်နိုင်ရင်တောင် ဘာသာပြဆရာကိုမေးသင့်ပါတယ်🥰

မူလတန်းကလေးတွေရဲ့ ဖေဖေ မေမေတို့အနေနဲ့ အလေးအနက်ထား ပြီး မိမိရဲ့ကလေးကို လေ့လာစေလိုပါတယ်။ဘာကြောင့်လဲဆိုရင် foundation ခိုင်မာမှ လှပခန့်ညားတဲ့အဆောက်အဦး ကြီးရမှာမလို့ပါ။💯💯

ကိုယ့်ကလေးရဲ့ ပကတိအခြေအနေကိုမသိဘဲ international school တွေ private school တွေမှာ အတန်းကြီးမှ ငွေကြေးအများကြီးသွားသုံးပြီး ထားရင် စိတ်ဓါတ်ကျပြီး အားငယ်လာတတ်ကြပါတယ်။
ကလေးက ငယ်ငယ်ကစာတော်တာပဲ ကြီးမှဘာဖြစ်သွားလဲမသိဘူးဆိုတာတွေရဲ့ အဖြေပါ😚😚
ဒါကြောင့် မိမိတို့ရဲ့သားသမီးပညာရေးအတွက် ဖြစ်နိုင်ရင် ဗိုက်ထဲကမထွက်လာခင်ကတည်းက ကြိုတင်စဥ်းစားသင့်ပါကြောင်း🙏🙏🙏

စေတနာဖြင့်

# Teacher PHYO

ที่อยู่

Thailand �
Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Teacher PHYOผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์