02/03/2025
အမိုက်စားတွေပဲကြိုက်တဲ့မင်မင့်ကာကာတွေအတွက်မင်မင်ကအမိုက်စားလေးတစ်ခုရှာတွေ့ထားပါတယ် Pattayaမှာရှိတဲ့ Blue Dragon Cafe & Beach Clubလို့နာမည်ရတဲ့ဆိုင်လေးဖြစ်ပါတယ်
အပြင်အဆင်အရမ်းလှပြီးတော့ လူလုပ်ရေတံခွန်လေးကလည်းတော်တော်လှပါတယ် Tropical Style Cafeဆိုင်လေးဖြစ်တာမို့ သစ်ပင်ပန်းပင်လေးတွေနဲ့စိမ်းစိမ်းစိုစိုဖြစ်နေမှာအမှန်ပါ ပင်လယ်ပြင်ကတိုက်ခတ်လာတဲ့ လတ်ဆတ်တဲ့ပင်လယ်လေနဲ့ ပင်လယ်ပြင်ကြီးကိုငေးကာ ကော်ဖီမွှေးမွှေးလေးကိုပဲသောက်မလား အခြားdrinksတွေကိုပဲသောက်မလားကြိုက်ရာရွေးချယ်နိုင်တယ်နော် Thai Food, European, Japanese Drinks Fruit Juice,Cocktails, Alcoholic Drinks,Wineစတာတွေကိုမိမိတို့စိတ်ကြိုက်ရွေးချယ်စားသောက်နိုင်မှာနော် ဈေးလည်းအရမ်းမကြီးပဲဘတ်60လောက်ကနေစပါတယ် နေ့စဉ်နေ့တိုင်း မနက်11နာရီကနေည11နာရီဖွင့်ပါတယ်ရှင် Pattayaဘက်ကိုရောက်ဖြစ်ရင်ဒီနေရာလေးကိုလည်းသွားကြည့်ကြပါဦးလို့ပြောချင်ပါတယ် 🍺🍸🍹🍷🥂
02/03/2025
Pattaya မှာ ဈေးသက်သက်သာသာနဲ့ Luxury ဆန်ဆန်လဲ တည်းလို့ရမယ် … Facilities လဲစုံလင်ပြီး ပတ္တရားကမ်းခြေနဲ့ပါ နီးတဲ့ဟိုတယ်လေးတစ်ခု ရှာနေတယ်ဆိုရင်တော့ 3 Stars ဟိုတယ်လေးတစ်ခုဖြစ်တဲ့ Baron Beach Hotel လေးကို ညွှန်ပါရစေရှင့် …
ဒီဟိုတယ်လေးကတော့ ပတ္တရားကမ်းခြေအနီး ပတ္တရား ၉ လမ်းရှိ Central Pattaya Shopping Mall ရဲ့ ဘေးကပ်ရပ်မှာ တည်ရှိတာကြောင့် ကမ်းခြေပဲသွားပြီး အပန်းဖြေမလား … ဒါမှမဟုတ် shopping ပဲထွက်ချင်လား … အရမ်းကိုအဆင်ပြေတဲ့ ဟိုတယ်လေးတစ်ခုဖြစ်ပါတယ်နော် …
ဟိုတယ်လေးရဲ့အနီးတဝိုက်မှာတော့ …
⛱️Pattaya Beach (150m)
🖼️Art in paradise (2km)
🏙️Pattaya View Point (3.6km)
🏛️Mini Siam (4.3km)
🐠Underwater World (6km) တို့တည်ရှိပြီး
ဟိုတယ်ရဲ့ facilitiese & services အနေဖြင့် Wifi, Internet corner, 24 hours front desk, Outdoor pool, Safety Depost Box, Luggage storage, Resturant, Pool Bar, Coffee Shop, Room Service, Laundry service စတဲ့ဝန်ဆောင်မှုတွေကို ဟိုတယ်လေးထဲမှာ ရယူနိုင်ပါသေးတယ်ရှင့် …
ဟိုတယ်ရဲ့အခန်းအကျယ်အဝန်းအနေဖြင့် 32 sqm မှ 35 sqm ထိကျယ်ဝန်းပြီး လေကောင်းလေသန့်ရယူနိုင်တဲ့ Balcony ပါဝင်တဲ့အပြင် City View, Garden View & Pool View စတဲ့အခန်းအမျိုးအစားလေးတွေ ဖြစ်ပါတယ်နော် …
ဒီလိုပြီးပြည့်စုံတဲ့ဟိုတယ်လေးရဲ့ အခန်းဈေးနှုန်းလေးတွေကတော့ …
(Included Breakfast)
⭐Superior Room - 1450 THB
⭐Deluxe Room - 1750 THB
⭐Deluxe Pool Access Room - 2150 THB
⭐Extra Bed - 700 THB
Budget ချွေတာချင်တဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့ဟိုတယ်လေးတစ်ခုဖြစ်တာမို့ booking တင်ထားချင်တယ်ဆိုရင် Page Messenger ကိုလာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော် ….
⏰ Check in time -14:00 Pm
⏰ Check out time - 12:00 Pm
☎️ Phone - +66926664844
📌 Location - https://maps.app.goo.gl/uJxYmFaXdXysCFJ28
Ohnmar Travel Blog #ဘန်ကောက်ဥမ္မာ #ဘန်ကောက်ခရီးသွားဝန်ဆောင်မှု_ဥမ္မာ #ဘန်ကောက်ခရီးသွား
02/03/2025
အပတ်စဉ်ကြာသပတေးနေ့တိုင်းထွက်မယ့် ခေါင်ရိုင်
နေ့ချင်းပြန်ခရီးစဉ်လာပါပြီ ထိုင်းတောင်ကြီးလို့တင်စားခေါ်ဝေါကြသောအေးမြမြသစ်တောကြီးကိုအပိုင်ရထားတဲ့ "ခေါင်ရိုင်"
ဒီလိုရာသီမှ မသွားရင်ဘယ်အချိန်သွားကြမလဲနော် ထိုင်း တော်တော်များများပိတ်ရက်တွေဆို ဒီနေရာမှာပြည့်နှက်နေလို့ကာကာလေးတွေမရောက်ဖူးသေးရင် ခေတ်နောက်ကျသွားမယ်လို့မဥမ္မာပြောပါရစေရှင် ဒီအပတ်ထဲသွားချင်သူတွေက 6.3.2025အတွက်စာရင်းလားပေးထားလို့ရပါတယ်နော်📆📆📆
မဥမ္မာ ခေါ်ဆောင်သွားမယ့်နေရာတွေကတော့
🌸HokkaidoFlowerParkKhaoyai 🌸
Hokkaido Flower Park Khaoyai ဟာ 2 ဧကလောက်ကျယ်ပြီး ကြီးကျယ်ခမ်းနားတဲ့ ပန်းဥယျာဉ်တစ်ခုပါ
ပန်းပွင့်လေးတွေ အရမ်းလှတဲ့အတွက် လူတစ်ကိုယ်လုံးပစ်လှဲပြီးPost ပေးလိုက်လို့ကတော့ အရမ်းမိုက်သောနော် ဂျပန်ရွာဖြစ်လို့ ဒီနေရာမှာဂျပန်အဝတ်အစားငှါးပြီး အတွဲပုံ မိသားစုအမှတ်တရပုံလေးတွေပါဖန်တီးလို့ရပါသေးတယ်နော်
🛕Toscana Valley Khao Yai🛕
ဥရောပစတိုင်လ်ဖန်တီးထားတဲ့အတိုင်းပဲ အီတလီကိုရောက်သွားသလိုခံစားစေရနိုင်သော နေရာလေးဖြစ်ပါတယ် ကော်ဖီခါးခါးလေးတစ်ခွက်ကိုင်ပြီး စတိုင်လ်ထုတ် ဓာတ်ပုံကောင်းကောင်း ရနိုင်သောနေရာတစ်ခုဆိုလဲမမှားပါဘူးရှင့် ဒီနေရာမှာပုံထွက်ကောင်းအောင် အနောက်တိုင်းဆန်ဆန်လေး ဝတ်ခဲ့ကြနော်
🍁Luang Pu That🍁
Luong Pu That ဆရာတော်၏ရုပ်ပွါးတော်သည် ထိုင်းဘုရင်များပင်သွားရောက် ဖူးမျှော်ကြသော ရုပ်ပွါးတော်ဖြစ်ပါတယ် ရွှေဝါရောင်သင်္ကန်းခြုံထားပြီး ယခင်ရှိနေပြီးသော ဆင်းတုတော်များထက်နှစ်ဆပိုမိုကြီးမား သည့်ရုပ်ပွါးတော်ဖြစ်ပါတယ် အမြင့်ပေ 111 မီတာရှိပြီး ကမ္ဘာ့အကြီးဆုံးဟုသတ်မှတ်ခံထားရပါသေးတယ်
Luong Pu That ဆရာတော်၏ ရုပ်ပွါးတော် ကိုဖူးမျှော်
ခြင်းဖြင့်ဗြဟ္မာသည် ကောင်းချီးပေးသည်ဟုဒေသခံများကသက်ဝင်ယုံကြည်ခြင်းခံသည့် ရုပ်ပွါးတော်ဖြစ်ပါတယ်ရှင် ၃ဧကခန့်ကျယ်ဝန်းသည့် ဉယျာဉ်ကြီးဖြစ်ပြီး နှင်းဆီပန်း ၊ တောရိုင်းဂန္ဓမာပန်းခင်းတွေလည်းရှိပါတယ်နော်
🍫Chocolate Factory🍫
တစ်ဆိုင်လုံးမှာ ချောကလတ်နဲ့ပြည့်နှက်နေသောဆိုင်လေးဖြစ်ပြီး ချောကလတ်ချစ်သူများတွက်အကြိုက်ပါပဲ ပြီးတော့ ချောကလတ်ထုတ်လုပ်ပုံအဆင့်ဆင့်ကိုလဲ လေ့လာနိုင်သလို မိမိစိတ်တိုင်းကြကို ဝယ်ယူနိုင်မဲ့နေရာလေးပါရှင့်
☕️The Peak Flower Land cafe ☕️
ပန်းအလှမျိုးစုံ Decoration လှလှလေးနဲ့ ကော်ဖီဆိုင်လေးဖြစ်ပြီး ဓာတ်ပုံရိုက်ရန်နှင့် အပန်းဖြေဖို့အတွက် အထူးသင့်တော်သောနေရာလေးဖြစ်ပါတယ်နော် နေဝင်ချိန်
တွင်အလှပဆုံးသောရှူခင်းများကို ကြည့်ရှူနိုင် သောကြောင့် နေဝင်ချိန်မတိုင်မီသွားကြရမဲ့ နေရာလေးပါရှင့်
📌 ခရီးစဉ် အစအဆုံး အတွက်ပါဝင်သော ဝန်ဆောင်မှုများက တော့
✅Aircon car
✅ဖော်ရွေပြီး သဘောကောင်းတဲ့ မြန်မာဧည့်လမ်းညွှန်
✅နေ့လည်စာ ကိုလည်းရှယ်ကျွေးပါသေးတယ်နော်
✅ဖော်ပြပါနေရာတွေများအတွက် ဝင်ကြေး များ
လက်မှတ်များ အပါအကုန်လုံးအပြီးအစီးကိုမှ
💢Adult -1600 ฿
💢Child - 1500฿ ပဲကျသင့်မှာဘဲဖြစ်ပါတယ်ရှင့်
စိတ်ဝင်စားလို့ လိုက်ပါမဲ့သူများအနေနဲ့ အခုပဲစာရင်းပေးလို့ရပါပြီရှင့်
🛕စထွက်မည့် အချိန် - မနက် 7:00-7:30 am
🛕ပြန်ရောက်မည့် အချိန် - ည 8:00 pm
💢စုရပ် ကတော့ - Phenix Pratunam ကုန်တိုက်ရှေ့ဘဲဖြစ်ပါတယ်ရှင့်
📌Location : https://maps.app.goo.gl/mDwmGMgbcwXcTgX59
Join Tourအနေနဲ့မဟုတ်ပဲPrivate Tour အနေနဲ့သွားချင်တဲ့သူများကိုလည်း Packageအလိုက်အကုန်
အပြီးအစီးစီစဉ်ပေးပါတယ်နော်
#ဘန်ကောက်ဥမ္မာ
#ဘန်ကောက်ခရီးသွား
02/03/2025
Coffeeကြိုက်တဲ့သူတွေအတွက် Chonburi မှာရှိတဲ့ ကော်ဖီဆိုင်လှလှလေးကိုပြောပေးသွားပါမယ်ရှင့်
Harudot Chonburi by Nana Coffee Roasters ဆိုတဲ့ဆိုင်လေးဟာ ထူးခြားတဲ့အပြင်အဆင်ပုံစံနဲ့ အဆောက်အဦးအပြင်ပိုင်းကို အနက်ရောင်နဲ့အလှဆင်ထားပြီး baobabသစ်ပင်အကြီးကြီးရှိတဲ့ကော်ဖီဆိုင်လေးပါအတွင်းပိုင်းကလည်း အရမ်းကိုUniqueဖြစ်ပါတယ် skylight လည်းရှိပြီးတော့ သဘာဝဆန်ဆန် outdoor zoneလည်းရှိတာဖြစ်တာမို့ ပုံရိုက်လို့အကောင်းဆုံးနေရာလေးတခုပါနော် အစားအသောက်ကောင်းကောင်းလေးတွေကိုမြည်းစမ်းကြည့်ချင်တဲ့သူတွေနဲ့ အလန်းစားဓာတ်ဖမ်းချင်တဲ့သူတွေအတွက်ကတော့ဒီနေရာလေးကအသင့်တော်ဆုံးပါပဲရှင့် 🌳🌳🌳
⏰Sat - Sun / 8AM -7PM⏰
⏰Mon - Fri / 7AM - 6PM⏰
Location - https://maps.app.goo.gl/qokByTwepY7xjUj4A
#ဘန်ကောက်ဥမ္မာ #ဘန်ကောက်ခရီးသွား
27/02/2025
ကန်ချနပူရီရောက်တိုင်း အဖြစ်မနေဝင်ရောက်ဖူးမျှော်သင့်တဲ့ ထိုင်းနိုင်ငံရဲ့ အထင်ကရ ဘုရားတစ်ဆူဖြစ်သော Wat Tham Suea (Tiger Cave Temple)
ဒီဘုရားကျောင်းကိုတော့ kanchanaburi, tha muang ခရိုင်မှာ 1975 ခုနှစ် (B.E 2518) လောက်က တည်ထားကိုးကွယ်ထားတာဖြစ်ပြီး Ajahn Jumnean လို့ခေါ်တဲ့ ဝိပဿနာဘုန်းကြီးတစ်ပါး ဂူအတွင်း တရားအားထုတ်နေစဉ် ဂူအတွင်း ကျင်လည်နေတဲ့ ကျားများကို မြင်တွေ့ခဲ့ရသောကြောင့် ဘုရားကျောင်းကို Wat Tham Suea ဟု အမည်ပေးခဲ့ခြင်း ဖြစ်ပါတယ်နော် …
ယခုချိန်မှာတော့ ဘုရားကျောင်းဟာ ဘုရားဖူးများနှင့် ခရီးသွားအများအပြား လာရောက်ဖူးမျှော်လျက်ရှိပြီး တောင်ပါ်သို့တတ်ရန် လှေကား 158 ထစ်နှင့် ဘုရားအနောက်တောင်တတ်လမ်းမှလဲ အလွယ်တကူ တတ်ရောက်ဖူးမျှော်နိုင်ပါတယ် …
📍Location - https://maps.app.goo.gl/qijUXzuDPaEnWNYZ7
26/02/2025
အပတ်စဉ်စနေနေ့တိုင်းထွက်ပေးနေကြဖြစ်တဲ့ ပတ္တရားသဲဖြူကျွန်းခရီးစဉ်လေးကို 1.3.2025(စနေနေ့)အတွက် Joinချင်သူများ မင်မင်တို့ကိုဆက်သွယ်စာရင်းပေးလို့ရပါတယ်နော်
တစ်ရက်ထဲနဲ့နေရာစုံစုံလင်လင်ရောက်မယ် ပင်လယ်
ရဲ့ဆားငံရေမှာ ရေအဝစိမ်လို့ရမယ့်ဒီခရီးစဉ်လေး
ကဝောာ့ Koh larn Island လို့ခေါ်တဲ့ သဲဖြူကျွန်းခရီးစဉ်ပဲဖြစ်ပါတယ်ရှင့်
ပတ္တရားကမ်းခြေကနေ boatနဲ့တဆင့်ထပ်သွားရတဲ့
ရေကြည်စိမ်းတောက်နေတဲ့ သဲဖြူကျွန်း Koh Learn
(coral island) မှာ အကြိုက်ရေကစားလို့ရပါမယ်ရှင်
🏊🏻🏊🏻🏊🏻
ပြီးရင် Three Mermaid Cafe လို့ခေါ်တဲ့ Coffeeဆိုင်
လှလှလေးမှာ ပင်လယ်ကြီးကိုနောက်ခံထားရင်း ပုံလှလှလေးတွေရိုက်ကြပါမယ်ရှင်….☕️🧜♀️ အပင်မှာတွယ်
နေတဲ့ငှက်သိုက်အိမ်လေးထဲမှာ စားသောက်ခွင့်ရမယ့်အပြင် နောက်ထပ်ကော်ဖီတစ်ခွက်ပါ Free တိုက်ပါဦးမယ်နော် ....☕️☕️☕️
❎ဒါတင်ဘဲလားဆိုရင်တော့လုံးဝမဟုတ်ဘူးနော် ❎
ပတ္တရားတစ်မြို့လုံးကို အပေါ်စီးနေViewကောင်းကောင်းလေးနဲ့ ကြည့်ရှုလို့ရမယ့် View Pointဆိုတဲ့နေရာလေးကိုပါခေါ်သွားပေးမှာပါနော်
Pattayaတစ်မြို့လုံးကို အပေါ်စီးကနေတွေ့မြင်ရမယ့်နေရာဖြစ်ပြီး ရှုခင်းကတကယ်ကိုလှပကာ ပန်းချီကားတစ်ချပ်လို ကြည့်ပြီးရင်းကြည့်ချင်နေမယ့်နေရာလေးဖြစ်ပါတယ် ဒီနေရာမှာပုံလှလှလေးတွေလည်းရိုက်လို့ သေးတယ်နော်
တစ်ဦးချင်းစျေးနှုန်းလေးတွေကတော့
🎫 လူကြီးတစ်ဦး - 1500฿
🎫 3နှစ်မှ10နှစ်အထိ ကလေး - 1400฿ ထဲနဲ့ စရိတ်ငြိမ်း ပို့ပေးမှာဖြစ်ပါတယ်ရှင်
ပါဝင်တဲ့ဝန်ဆောင်မှုများကတော့ ....
🚩ခရီးစဉ်တစ်လျှောက် Air-Con အေးအေးလေးနဲ့ ကားကောင်းကောင်းလေး 🚗
🚩ပျော်ရွှင်စရာခရီးစဉ်လေး ဖန်တီးပေးမယ့် မြန်မာစကားပြန် 🙋🏻♀️🙋🏻
🚩နေ့လည်စာတစ်နပ် အပြင်🍚🍱🥘
🚩အထက်ဖော်ပြပါ ဝင်ကြေးများ 🎫
📍စုရပ်ကတော့ Phenix Pratunam ကုန်တိုက်ရှေ့ဘဲဖြစ်ပါတယ်ရှင့် 📍
🕖 ခရီးစဉ် စထွက်မည့်အချိန် - မနက် 7:00-7:30 နာရီခွဲထိစုရပ်တွင်လူစု
🕗 ခရီးစဉ်ပြန်ရောက်မည့်အချိန် - ညနေ 8:00 နာရီဝန်းကျင်
သီးသန့်သွားချင်လို့ပဲဖြစ်ဖြစ် ... Joint Tour အနေနဲ့မဟုတ်ဘဲ Private Tour များကို package အလိုက် အကုန်အပြီးအစီး One stop Service စီစဉ်ပေးပါတယ်ရှင့် ....
#ဘန်ကောက်ခရီးသွား #ဘန်ကောက်ဥမ္မာ #ဘန်ကောက်ခရီးစဉ်