IQcate Global Education

IQcate Global Education

แชร์

IGE aspires to provide expert guidance on international education for the students in Myanmar.

11/08/2026

ဒီမေးခွန်းကို မိဘတစ်ယောက်ကို မေးကြည့်ရင်—

“နီးလို့”
“အဆင်ပြေလို့”
“အသိမိတ်ဆွေရှိလို့”
“ကုန်ကျစရိတ်သက်သာလို့”

ဆိုတဲ့အဖြေတွေ ကြားရပါလိမ့်မယ်။

ဒါပေမယ့် ဒီထက် စဉ်းစားကြည့်ရင် Education Quality တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။

ဥပမာ မိဘတစ်ယောက်မှာ သားသမီးကို နိုင်ငံခြားပို့ဖို့ ငွေကြေးအဆင်ပြေတယ်ဆိုပါစို့။

အနောက်နိုင်ငံတစ်နိုင်ငံကို ပို့မယ်ဆိုရင်—

ဘာသာစကားကနေစပြီး
နေထိုင်မှုပုံစံ၊ Culture၊ Daily Life၊ Hidden Cost တွေအထိ စဉ်းစားရတယ်။

အရေးကြီးတာက—

“ကလေးတစ်ယောက်တည်း နေနိုင်ပါ့မလား?”

ဆိုတဲ့ မေးခွန်းရှိတယ်။

Thailand ဆိုရင်တော့ မြန်မာတွေအများကြီးရှိပြီးသား။

သွားဖူးတဲ့သူတွေရှိတယ်။
နေဖူးတဲ့သူတွေရှိတယ်။
အခက်အခဲတွေကြုံဖူးပြီးသားသူတွေရှိတယ်။

အရေးပေါ်အခြေအနေတစ်ခုခုဖြစ်ရင်တောင်
မိဘအနေနဲ့ “ဘယ်သူ့ကို ဆက်သွယ်ရမလဲ” ဆိုတာ ပိုရှင်းတယ်။

ဒါကြောင့် မိဘတွေက Thailand ကိုရွေးတာဟာ—

“Thailand က အကောင်းဆုံး Education System ဖြစ်လို့” ဆိုတာထက်
“ကိုယ့်သားသမီးအတွက် လက်တွေ့ကျပြီး Manage လုပ်နိုင်တဲ့ ပတ်ဝန်းကျင်ဖြစ်လို့” ဆိုတာ ပိုနီးစပ်ပါတယ်။

ဒါပေမယ့် ဒီနေရာမှာ ကျောင်းသားတွေကိုလည်း မေးချင်တယ်။

နိုင်ငံခြားမှာ ကျောင်းတက်ဖို့ အဆင်သင့်ဖြစ်ပြီလား?

English လို ကိုယ့်အကြောင်းကိုယ် ပြောနိုင်ပြီလား?

မသိတဲ့လူတစ်ယောက်နဲ့ စကားစပြောရဲပြီလား?

နေ့စဉ်စားတာ၊ သွားတာ၊ အဝတ်လျှော်တာကအစ ကိုယ်တိုင်လုပ်နိုင်ပြီလား?

အရေးကြီးဆုံးက—

ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာ အနည်းဆုံးတော့ သိပြီလား?

နိုင်ငံခြားမှာ ကျောင်းတက်ဖို့ဆိုတာ
နိုင်ငံရွေးတာတစ်ခုတည်း မဟုတ်ပါဘူး။

ကိုယ့်အတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်ကို ရွေးတာပါ။

ပြီးတော့ မိဘတွေကလည်း
“ဘယ်နိုင်ငံက အကောင်းဆုံးလဲ?” လို့ မေးတာထက်

“ငါ့သားသမီးအတွက် ဘယ်ပတ်ဝန်းကျင်က အသင့်တော်ဆုံးလဲ?”

လို့ ပြန်မေးကြည့်သင့်ပါတယ်။

#နိုင်ငံခြားပညာရေး #ထိုင်းနိုင်ငံကျောင်းသားများ #မိဘနှင့်လူငယ်

14/07/2026

🎓 Grade (12) အောင်မြင်ထားတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် AYA Scholarship အခွင့်အရေး

အဆင့်မြင့်ပညာရေးကို ဆက်လက်လေ့လာချင်တဲ့ Grade (12) အောင်မြင်ထားတဲ့ လူငယ်တွေအတွက် AYA Scholarship လျှောက်ထားနိုင်တဲ့ အခွင့်အရေးကို မျှဝေပေးလိုက်ပါတယ်။ 💙

ကိုယ်တိုင်လျှောက်ထားမယ့်သူဖြစ်စေ၊ Scholarship လိုအပ်နေတဲ့ မောင်လေး၊ ညီမလေး၊ သူငယ်ချင်းတွေအတွက်ဖြစ်စေ ဒီ Post လေးကို Share ပေးလိုက်ပါ။

📝 လျှောက်ထားရန် အချက်အလက်များ

✅ အရည်အချင်းသတ်မှတ်ချက်
၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade 12) ကို ထူးချွန်စွာ အောင်မြင်ထားသူ ဖြစ်ရပါမည်။

🌐 လျှောက်ထားရန်
Website မှ Scholarship Application Form (PDF) ကို Download ရယူပြီး လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ဧရာဝတီဖောင်ဒေးရှင်းသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

🔗 Application Website
https://lnkd.in/gQzBXt4z

📅 လျှောက်ထားရန် နောက်ဆုံးရက်
၂၀၂၆ ခုနှစ် ဩဂုတ်လ (၃၁) ရက်

အိပ်မက်တွေကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ ဒီအခွင့်အရေးကို လက်မလွတ်ဘဲ အသုံးချနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ✨

13/07/2026

ကိုယ်ရွေးချယ်လိုက်တဲ့ ကျောင်းကို
University Reputation ကြည့်ရွေးမှာ လား ?
ကိုယ် Career ကို support လုပ်ပေးမယ့် ကျောင်းလား ?

08/07/2026

အလုပ်အကိုင် Position အခွင့်အလမ်းများတဲ့ major ဆိုတာ

06/07/2026

🎉 ၁၂ တန်းအောင်မြင်သွားသူများအတွက် ဂုဏ်ပြုလက်ဆောင် - ပထမဆုံး SSRU ကျောင်းအပ်သူ (၅) ယောက်အတွက် ဘန်ကောက်သွားမယ့် လေယာဉ်လက်မှတ် Free ✈️

၁၂ တန်းအောင်စာရင်းတွေ ထွက်လို့ ပျော်ရွှင်ကြည်နူးနေကြမယ့် ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘတွေအားလုံးအတွက် iQcate နဲ့ SSRU Myanmar Representative Office တို့ ပူးပေါင်းပြီး အထူးဂုဏ်ပြုလက်ဆောင်တစ်ခုကို ယူဆောင်လာခဲ့ပါတယ်။

အခုပဲ ထိုင်းနိုင်ငံရှိ နာမည်ကြီး အစိုးရတက္ကသိုလ် Suan Sunandha Rajabhat University (SSRU) မှာ ကျောင်းတက်ဖို့ စာရင်းပေးသွင်းလိုက်ပါ။ ပထမဆုံး ကျောင်းအပ်နှံမယ့် ကျောင်းသား (၅) ယောက်အတွက် "ဘန်ကောက်ကို အခမဲ့သွားနိုင်မယ့် လေယာဉ်လက်မှတ်" ကို ဆုအဖြစ် ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

ကလေးတစ်ယောက်တည်း နိုင်ငံခြားလွှတ်ရမှာ စိတ်ပူနေတဲ့ မိဘတွေအတွက် ခေါင်းကိုက်စရာမလိုအောင် အောက်ပါ All-in-One ဝန်ဆောင်မှုတွေကို အစအဆုံး တာဝန်ယူပေးသွားမှာပါ -

💡 ကျောင်းရွေးချယ်ပေးခြင်းနှင့် ကုန်ကျစရိတ် တွက်ချက်ခြင်း (ကလေးဝါသနာနဲ့ Budget အကိုက်ညီဆုံးဖြစ်အောင် ရွေးချယ်ပေးခြင်း)

📄 ကျောင်းလျှောက်ပေးခြင်းနှင့် ဗီဇာဝန်ဆောင်မှု (Offer Letter မှစ၍ ဗီဇာအထိ အလွဲအချော်မရှိ ဆောင်ရွက်ပေးခြင်း)

✈️ လေဆိပ်ကြိုပို့ ဝန်ဆောင်မှု (လေဆိပ်မှ အဆောင်အရောက် နွေးထွေးစွာ သွားရောက်ကြိုဆိုခြင်း)

အစကောင်းမှ အနှောင်းသေချာမှာမို့ ကလေးရဲ့ အနာဂတ်ခရီးစဉ်ကို အကောင်းဆုံး စတင်နိုင်ဖို့ အခုပဲ SSRU Myanmar Representative Office ရဲ့ အခမဲ့ Counseling ကို Book လုပ်ထားလိုက်ပါ။

🔗 Free Counseling Booking Link:

https://docs.google.com/forms/d/e/1FAIpQLSdiHmHqj3wqossNiS7I1a_Vtv8Ppl2rKefe3Sf-r2TtSiO0dA/viewform

📞 ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ရန် -
+66 933 644 887 (TH)
+959 79 329 2325 (MM)

03/07/2026

ထိုင်းနိုင်ငံ UTCC မှာတက်နေတဲ့ကျောင်းသားတစ်ယောက်အနေနဲ့ဆိုရင် အထင်နဲ့အမြင်ကဘာကွာလဲ ?

30/06/2026

🎓 ၁၂ တန်း၊ IGCSE၊ GED အောင်ပြီး ဘာဆက်လုပ်မလဲ?

ကလေးတစ်ယောက်ကို နိုင်ငံခြားမှာ ပညာသွားသင်ဖို့ဆိုတာ "ဘယ်ကျောင်းရွေးရမလဲ၊ ဗီဇာကိစ္စ ဘယ်လိုလုပ်ရမလဲ၊ ဟိုရောက်ရင်ရော လုံခြုံတဲ့ အဆောင်ရပါ့မလား" ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ မိဘတိုင်းမှာ ရှိတတ်ကြပါတယ်။

ဒီလို ခေါင်းကိုက်စရာ ကိစ္စတွေအားလုံးကို iQcate ရဲ့ ကျွမ်းကျင် Counselor တွေဆီ ယုံကြည်စွာ လွှဲပြောင်းပေးလိုက်ပါ။ မိဘတွေအနေနဲ့ သားသားမီးမီးတို့ရဲ့ အနာဂတ်ပညာရေးကိုပဲ အေးအေးချမ်းချမ်း အာရုံစိုက်ပေးပါ။

iQcate မှ ကိုယ့်မိသားစုဝင်တစ်ယောက်လို အစအဆုံး တာဝန်ယူပေးမယ့် All-in-One ဝန်ဆောင်မှုများ -

💡 ကျောင်းရွေးချယ်ပေးခြင်းနှင့် ကုန်ကျစရိတ် တွက်ချက်ခြင်း (ကလေးဝါသနာနဲ့ Budget အကိုက်ညီဆုံးဖြစ်အောင် ရွေးချယ်ပေးခြင်း)
📄 ကျောင်းလျှောက်ပေးခြင်းနှင့် ဗီဇာဝန်ဆောင်မှု (Offer Letter မှစ၍ ဗီဇာအထိ အလွဲအချော်မရှိ ဆောင်ရွက်ပေးခြင်း)
🏢 လုံခြုံသောအဆောင် ရှာဖွေပေးခြင်း (ကျောင်းနဲ့နီးပြီး စိတ်ချရသော ကွန်ဒို၊ အဆောင်များ ချိတ်ဆက်ပေးခြင်း)
✈️ လေဆိပ်ကြိုပို့ ဝန်ဆောင်မှု (လေဆိပ်မှ အဆောင်အရောက် နွေးထွေးစွာ သွားရောက်ကြိုဆိုခြင်း)

အစကောင်းမှ အနှောင်းသေချာမှာမို့ ကလေးရဲ့ အနာဂတ်ခရီးစဉ်ကို အကောင်းဆုံး စတင်နိုင်ဖို့ အခုပဲ iQcate ရဲ့ အခမဲ့ counseling ကို book လုပ်ထားနော်။

https://docs.google.com/forms/d/e/1FAIpQLSdiHmHqj3wqossNiS7I1a_Vtv8Ppl2rKefe3Sf-r2TtSiO0dA/viewform?usp=pp_url

📞 ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ရန်:
+66 933 644 887. (TH)
+959 79 329 2325 (MM)

29/06/2026

Grade 12 / IGCSE / GED‌ ပြီးထားတဲ့ ကျောင်းသူ/ကျောင်းသားတွေ တက္ကသိုလ်တက်ဖို့ major
ဘယ်လိုရွေးချယ်ကြမလဲ ?

28/06/2026

ထိုင်းမှာ ကျောင်းထားဖို့ ဘတ်ဂျက် ဘတ် ၆ သိန်းကျော် ကုန်ပြီး... ကလေးက အလုပ်ကောင်းကောင်း မရရင် ဘယ်လိုလုပ်မလဲ?

ဒီအချက်ကိုကျောင်းသားမိဘတွေအနေနဲ့ သိချင်ကြမှာဘဲ။ အကုန်အကျများပြီး အလုပ်ကောင်းကောင်းလစာမရရင် ဘာလုပ်လို့ရမှာလဲနော်။ နာမည်ကြီးတိုင်း လိုက်တက်တာထက်၊ ကုန်လိုက်တဲ့ ငွေကြေးက ဘယ်နှစ်နှစ်အတွင်း ပြန်ကျေမလဲ (ROI - Return on Investment) ဆိုတာကို ကြိုတင်တွက်ချက်ဖို့ ပိုအရေးကြီးပါတယ်။

မိဘများ ဆုံးဖြတ်ချက်မမှားစေဖို့... UTCC (University of the Thai Chamber of Commerce) မှာထားမယ့်ကျောင်းသားမိဘများအနေနဲ့ အချိန်ခနပေးပြီး ဖတ်ကြည့်ပါနော်။

နိုင်ငံခြားမှာ ကျောင်းထားတဲ့အခါ ကျောင်းစရိတ်တစ်ခုထဲကို ဘဲတွက်ထားလို့မရပါဘူး။
ကျောင်းလခအပြင် ၄နှစ်စာနေထိုင်စရိတ်ကိုပါ မဖြစ်မနေထည့်တွက်ထားဖို့လိုပါတယ်။
(ဒီနေရာမှာ မဖြစ်မနေပြောရတာက ကျောင်းစရီတ်တစ်ခုတည်းကိုဘဲတွက်ပြီး
ကုန်ကျစရိတ် မနိုင်တော့လို့ တစ်ဝက်တစ်ပြတ်နဲ့ ကျောင်းနားလိုက်ရတဲ့ ကျောင်းသား တွေရှိခဲ့တော့ စိတ်ပူလို့ပါ)

📊 UTCC BBA ကျောင်းဆင်းများ၏ လက်တွေ့ဘဝ ROI တွက်ချက်မှု
ဒါဆိုစတွက်ကြည့်ရအောင်
ကျောင်းလခကုန်ကျစရိတ် = ဘတ်၆ သိန်းကျော်နဲ့
(၄)နှစ်စာ နေထိုင်စားသောက်စရိတ် = ၄သိန်းကျော်လောက်တော့ထည့်တွက်ထားသင့်ပါတယ်။
မဖြစ်အနေ စုစုပေါင်း = ခန့်မှန်းခြေ ဘတ် ၉ သိန်းကျော် ၁သန်းလောက်ကိုတော့ မှန်းထားသင့်ပါတယ်။ ( များပေမယ့် ဒီငွေတွေက တစ်ခါတည်းပေးရမှာမဟုတ်ဘဲ ၄နှစ်စာ ခွဲပေးရမှာဖြစ်လို့ စိတ်ပူစရာမလိုပါဘူး)

📈 ကျောင်းပြီးနောက် ရရှိနိုင်မည့် လစာနှုန်းထား (Expected Salary):
ထိုင်းနိုင်ငံတွင် အလုပ်ဝင်ပါက: တစ်လလျှင် 25,000 – 40,000 THB
မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ပါက: တစ်လလျှင် ၁၅ သိန်း မှ သိန်း ၃၀ ဝန်းကျင် (1.5 – 3 Lakhs) လောက်ကတော့ ပြေးမလွတ်နိုင်ပါဘူး။

🧮 အရင်းပြန်ကျေမည့် ကာလ (Payback Period):

💡 ဆိုလိုသည်မှာ: ကျောင်းပြီးလို့ အလုပ်ဝင်ပြီး (၃) နှစ်ခွဲ ဝန်းကျင် အတွင်းမှာတင် မိဘများစိုက်ထုတ်ထားသမျှ အရင်းအားလုံး ပြန်ကျေမည့်အပြင်၊ အနာဂတ်တစ်လျှောက်လုံးအတွက် ဝင်ငွေအခြေခိုင်သွားမှာ ဖြစ်ပါတယ်။

UTCC ရဲ့ Business Degree ဟာ လက်တွေ့နယ်ပယ်အပေါ် အခြေခံထားလို့ အလုပ်ခွင်ဝင်တာနဲ့ အောက်ပါနေရာကောင်းတွေကို တန်းစီရရှိနိုင်ပြီး ဒေသတွင်းမှာ Demand အရမ်းမြင့်မားပါတယ်။

Finance Manager (ဘဏ္ဍာရေး စီမံခန့်ခွဲသူ)

Marketing Executive (ဒီဂျစ်တယ် မားကတ်တင်း ကျွမ်းကျင်သူ)

Business Analyst (စီးပွားရေး အချက်အလက် ခွဲခြမ်းစိတ်ဖြာသူ)

ကျောင်းအကြောင်း ကို အသေးစိတ်ဆွေးနွေးလို့ရမယ့်အပြင်
လာမယ့် August Intake အတွက် Cash Back မြန်မာငွေ (၁၀) သိန်းပေးမယ့်အကြောင်းကိုလည်း အသေးစိတ်ဝင်ဖတ်ကြည့်နော်

https://www.facebook.com/permalink.php?story_fbid=pfbid0UchinNczwqWUNJXbTdQJDkGi7MbwzBVnuhuaPrTMzKyFbfoqsnfi3w4bnVNvoDhyl&id=100088805454406

ကိုယ့်ကလေးရဲ့ ပညာရေးနောက်ခံနဲ့ ROI ကိုယ်တိုင် စစ်ဆေးတွက်ချက်ချင်တယ်ဆိုရင်... အခုပဲ အောက်ပါ Link ကနေတစ်ဆင့် Free Consultation ရယူလိုက်ပါရှင့်။ 👇

https://docs.google.com/forms/d/e/1FAIpQLSdiHmHqj3wqossNiS7I1a_Vtv8Ppl2rKefe3Sf-r2TtSiO0dA/viewform

📞 ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ရန်:

+66 933 644 887. (TH)
+959 79 329 2325 (MM)

Photos from IQcate Global Education's post 24/06/2026

ကလေးတွေက ထိုင်းနိုင်ငံရဲ့ နာမည်ကြီး UTCC (Business University) မှာ ကျောင်းတက်ပြီး အနာဂတ်အတွက် ပြင်ဆင်ချင်ကြတယ်။ ဒါပေမယ့် မိဘတွေဘက်ကကျတော့...

"ဗီဇာကိစ္စတွေ အဆင်ပြေပါ့မလား..."
"ဟိုရောက်ရင် လေဆိပ်မှာ ဘယ်သူက လာကြိုပေးမှာလဲ..."
"နေရမယ့် အဆောင်ကရော တကယ် လုံခြုံစိတ်ချရရဲ့လား..." ဆိုပြီး စိတ်ပူရပါတယ်။

ဒီလို မိဘနဲ့ ကလေးကြားက လိုအပ်ချက် (၂) ခုလုံးကို iQcate ရဲ့ "All-in-One Service Package" က တစ်ပြိုင်နက်တည်း ဖြေရှင်းပေးလိုက်ပါပြီ။

🎁 (၁၀) သိန်း Cashback အထူးပရိုမိုးရှင်း

လာမယ့် August Intake အတွက် iQcate ကနေတစ်ဆင့် UTCC ကို ကျောင်းအပ်နှံမယ်ဆိုရင်... ကျောင်းလခထဲကနေ မြန်မာငွေ (၁၀) သိန်းတိတိကို Cashback အနေနဲ့ ချက်ချင်း လျှော့ပေးသွားမှာပါ။ (မိဘတွေအတွက် ကျောင်းစရိတ် သိသိသာသာ သက်သာစေမယ့် အစီအစဉ်ပါ။)

All-in-One ဝန်ဆောင်မှု 🥳

မိဘတွေအနေနဲ့ ကလေးရဲ့ ပညာရေးကိုပဲ အာရုံစိုက်ပါ။ ကျန်တဲ့ ခေါင်းကိုက်စရာတွေကို iQcate က အစအဆုံး တာဝန်ယူပေးပါမယ် -
✅ ကျောင်းဝင်ခွင့် - Offer Letter ရတဲ့အထိ အစအဆုံး လျှောက်ထားပေးခြင်း။
✅ Visa ကိစ္စ - ရှုပ်ထွေးတဲ့ ဗီဇာကိစ္စတွေကို အလွဲအချော်မရှိ ဆောင်ရွက်ပေးခြင်း။
✅ လေဆိပ်ကြိုပို့ - ထိုင်းလေဆိပ်ကနေ နေမယ့်နေရာအထိ စိတ်ချရအောင် သွားကြိုပေးခြင်း။
✅ လုံခြုံသောအဆောင် - ကျောင်းနဲ့နီးပြီး လုံခြုံတဲ့ အဆောင်၊ ကွန်ဒိုများ ရှာဖွေပေးခြင်း။

🎓 ဘယ်သူတွေ လျှောက်ထားလို့ ရလဲ?

- ဆယ်တန်း (စနစ်ဟောင်း) အောင်မြင်ထားသူများ
- ၁၂ တန်း (စနစ်သစ်) ပြီးမြောက်ထားသူများ
- IGCSE (သို့မဟုတ်) GED ဖြေဆိုထားသူများ

🚨 မဖြစ်မနေ သတိပြုရန် (Deadlines)

August Intake အတွက် ကျောင်းဝင်ခွင့် နေရာကန့်သတ်ချက် (Limited Seats) ရှိတဲ့အပြင် အောက်ပါ ရက်တွေကို အထူးသတိပြုပေးပါနော် -
🗓️ Admission (လျှောက်ထားရန် နောက်ဆုံးရက်): 20 July 2026
🗓️ Payment (ငွေသွင်းရန် နောက်ဆုံးရက်): 25 July 2026

ဒီ (၁၀) သိန်း Cashback အခွင့်အရေးကို လက်လွတ်မခံဘဲ Deadline ရက်မတိုင်ခင် အခုပဲ အခမဲ့ (Free Consultation) တိုင်ပင်ဆွေးနွေးလိုက်ပါ။ 👇

📝 (၁၀) သိန်း Cashback နှင့် Free Consultation ရယူရန် Form ဖြည့်ပါ:

https://docs.google.com/forms/d/e/1FAIpQLSdiHmHqj3wqossNiS7I1a_Vtv8Ppl2rKefe3Sf-r2TtSiO0dA/viewform

📞 ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ရန်:

+66 933 644 887. (TH)
+959 79 329 2325 (MM)

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Din Daeng?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เบอร์โทรศัพท์

เว็บไซต์

ที่อยู่

23/155 Lumpini Villie Condo
Din Daeng
10400

เวลาทำการ

จันทร์ 08:45 - 19:00
อังคาร 08:45 - 20:00
พุธ 08:45 - 20:00
พฤหัสบดี 08:45 - 20:00
ศุกร์ 08:45 - 20:00
เสาร์ 08:45 - 20:00