စုန်းဖမ်းပွဲ
#စုန်း #သမိုင်း
AIS-An Imaginative Sapien
မိမိဘာမှမသိသေးကြောင်း မိမိကိုယ်တိုင်သိရှိခြင်းသည်သာ စစ်မှန်သော ပညာရှိခြင်း (ဝိဇ္ဇာဉာဏ်) ပင် ဖြစ်သည်။
— ဆိုကရေးတီး
ကျိန်စာသင့်စာအုပ် Mallevs Maleficarvm
#သမိုင်း
08/05/2026
သေမင်းလမ်းညွှန်- အပြစ်မဲ့သူများကို မီးပုံရှို့စေခဲ့သော စာအုပ်တစ်အုပ်
စာအုပ်တစ်အုပ်က လူသားတွေကို အသိဉာဏ်ပွင့်လင်းစေတယ်လို့ ကျွန်တော်တို့ ယုံကြည်ခဲ့ကြတယ်။ ဒါပေမဲ့ သမိုင်းမှာတော့ လူပေါင်း ၆ သောင်းကျော်ကို သေမင်းထံ ပို့ဆောင်ပေးခဲ့တဲ့ ကျိန်စာသင့်စာအုပ်တစ်အုပ် ရှိခဲ့ဖူးပါတယ်။"
(၁၅) ရာစုနှောင်းပိုင်းက ထွက်ရှိခဲ့ပြီး ဥရောပတစ်ခွင်ကို သွေးချောင်းစီးစေခဲ့တဲ့ "Malleus Maleficarum" (The Hammer of Witches) အကြောင်းကို အသေးစိတ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
📖 သေမင်းတမန်လက်စွဲ: အပြစ်မဲ့သူတွေကို စုန်းမအဖြစ် စွပ်စွဲပြီး ညှဉ်းပန်းနှိပ်စက်ဖို့ ဘယ်လိုလမ်းညွှန်ခဲ့သလဲ?
ကလောင်ရှင်ရဲ့ အမှောင်ဘက်ခြမ်း: -စာရေးသူ Heinrich Kramer ဟာ ဘာကြောင့် ဒီစာအုပ်ကို ရေးခဲ့တာလဲ? သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကလဲ့စားချေမှုတွေက သမိုင်းကို ဘယ်လို ပြောင်းလဲပစ်ခဲ့သလဲ?
🔥 မီးပုံထက်က အော်ဟစ်သံများ: ဂျာမနီကနေ အမေရိကအထိ ပြန့်နှံ့သွားတဲ့ စုန်းမရှာပုံတော် (Witch-hunt) ကြောင့် ဘယ်လိုလူတန်းစားတွေ ဒုက္ခရောက်ခဲ့သလဲ?
⚖️ တရားဥပဒေရဲ့ ပျက်စီးခြင်း: တရားရုံးတွေက ဘာကြောင့် အကာအကွယ်မပေးဘဲ လူသတ်လက်နက်အဖြစ် ပါဝင်ခဲ့ကြတာလဲ?
📱 ခေတ်သစ်သင်ခန်းစာ: ဒီနေ့ခေတ် Social Media ပေါ်က မှိုင်းတိုက်မှုတွေနဲ့ ဒီစာအုပ်ရဲ့ သဘောတရားတွေ ဘယ်လောက်တူနေသလဲ?
သမိုင်းကို သင်ခန်းစာယူဖို့နဲ့ အသိဉာဏ်ကို အမှောင်ချခဲ့တဲ့ စာအုပ်တစ်အုပ်ရဲ့ ဖြစ်ရပ်မှန်ကို အသေးစိတ်ဆွေးနွေးထားတဲ့ဗီဒီယိုကို စနေနေ့ညနေ(၆)နာရီ အောက်ပါယူကျူ့ချန်နယ်မှာ တင်ဆက်ပေးသွားမှာပါ။
https://www.youtube.com/-71
ဥက္ကာခဲတွေ ဘယ်ကရောက်လာသလဲ?
#ဥက္ကာခဲ
မတော်တဆပေးမိတဲ့ ကမ္ဘာကျော်နာမည်
24/04/2026
မဟာစကြာဝဠာကြီး၏အစ နှင့် ကမ္ဘာမြေ၏ သက်တမ်းအမှန်ကို ရှာဖွေခြင်း
ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးက ဘယ်လောက်တောင် အသက်ကြီးပြီလဲ? စကြဝဠာကြီးကကော ဘယ်လိုစတင်ခဲ့တာလဲ?
သိပ္ပံလောကရဲ့ အကြီးမားဆုံးသော လျှို့ဝှက်ချက်နှစ်ခုဖြစ်တဲ့ "Big Bang" ရဲ့ ဖြစ်တည်မှုနဲ့ "ကမ္ဘာမြေရဲ့ သက်တမ်းအမှန်" ကို ဖော်ထုတ်ခဲ့ပုံအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
Big Bang ဆိုတာ လှောင်ပြောင်မှုတစ်ခုလား? - ဗြိတိန်နက္ခတ္တဗေဒပညာရှင် Fred Hoyle က ဒီသီအိုရီကို ဘယ်လိုလှောင်ပြောင်ရာကနေ နာမည်တွင်သွားခဲ့တာလဲဆိုတဲ့ စိတ်ဝင်စားစရာ သမိုင်းကြောင်း။
နှစ်ပေါင်း ၁၃.၈ ဘီလီယံကိုတိုင်းတာမှု - စကြဝဠာကြီးရဲ့ သက်တမ်းကို သိပ္ပံပညာရှင်တွေက ဘာကိုအခြေခံပြီး တိတိကျကျ တွက်ချက်ခဲ့တာလဲ?
Clair Patterson ရဲ့စွန့်စားခန်း - ကမ္ဘာမြေရဲ့ သက်တမ်း နှစ်၄.၅၅ ဘီလီယံကို ရှာဖွေဖို့အတွက် ဥက္ကာခဲတွေကို ဘယ်လိုအသုံးချခဲ့သလဲ?
အမှန်တရားအတွက် တိုက်ပွဲ - ကမ္ဘာ့သက်တမ်းကို ရှာဖွေရာကနေ လေထုထဲက ခဲဆိပ် (Lead Poisoning) တွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ရေနံကုမ္ပဏီကြီးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတဲ့ Patterson ရဲ့ တစ်ကိုယ်တော်တိုက်ပွဲ။
ကမ္ဘာဦးအစကို ရှာဖွေရင်း လူသားမျိုးနွယ်ကို အသံတိတ်လူသတ်သမားလက်ကနေ ကယ်တင်ခဲ့တဲ့ သိပ္ပံပညာရှင်တစ်ယောက်ရဲ့ မမေ့နိုင်စရာ ဇာတ်လမ်းအကြောင်းကို အသေးစိတ်ဆွေးနွေးထားတဲ့ဗီဒီယိုတပုဒ် မနက်ဖြန်ညနေ(၆)နာရီ အောက်ပါယူကျူ့ချန်နယ်မှာ တင်မှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးကြပါအုံးခင်ဗျာ။
https://www.youtube.com/-71
လူသားတွေမျိုးသုဥ်းသွားတဲ့အခါ ကမ္ဘာမြေရဲ့အရှင်သခင်ဖြစ်လာနိုင်တဲ့ရေဘဝဲတွေ
စကြာဝဠာထဲက လူသားတို့သံတမန်
ဗီဒီယိုအပြည့်အစုံကို အောက်ကကွန်မန့်မှာကြည့်ပါ။
10/04/2026
"နျူးကလီးယားအလွန် ကမ္ဘာ"
တကယ်လို့... ကျွန်တော်တို့ရဲ့ ဒီအပြာရောင်ကမ္ဘာမြေကြီးပေါ်မှာ လူသားဆိုတဲ့ မျိုးနွယ်စုကြီး ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ဘာတွေ ဆက်ဖြစ်လာမလဲ?
နျူးကလီးယားစစ်ပွဲရဲ့ မီးခိုးငွေ့တွေကြားမှာ ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့ မြို့ပြကြီးတွေဟာ တိတ်ဆိတ်သွားပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ ကမ္ဘာကြီးရဲ့ အဆုံးသတ်တော့ မဟုတ်ပါဘူး။ လူသားတွေ မရှိတော့တဲ့နောက် မြို့ပျက်ကြီးတွေထဲမှာ ကြွက် နဲ့ ဖျံ တွေက သူတို့ရဲ့ အင်ပါယာသစ်ကို စတင်တည်ဆောက်လာကြလိမ့်မယ်။ သမုဒ္ဒရာရေအောက်ထဲမှာတော့... ထူးခြားတဲ့ဉာဏ်ရည်ရှိတဲ့ ရေဘဝဲ တွေက ကုန်းပေါ်တက်လာဖို့ ပြင်ဆင်နေကြပါလိမ့်မယ်။
ကမ္ဘာမြေကြီးပေါ်မှာ ကျွန်တော်တို့ ရှိခဲ့ဖူးကြောင်း သက်သေတွေ အကုန်ပျက်စီးသွားချိန်မှာတောင်... စကြဝဠာ ဟင်းလင်းပြင်ထဲမှာတော့ Voyager အာကာသယာဉ်တွေက ကျွန်တော်တို့ရဲ့ 'နေကောင်းပါသလား' ဆိုတဲ့ နှုတ်ခွန်းဆက်စကားကို သယ်ဆောင်ပြီး ထာဝရ ခရီးနှင်နေဦးမှာပါ။
လူသားတွေမျိုးသုဉ်းပြီးနောက် ကျန်ရစ်မယ့် ကမ္ဘာမြေရဲ့ အနာဂတ်နဲ့ စကြဝဠာထဲက ကျွန်တော်တို့ရဲ့ နောက်ဆုံးခြေရာတွေအကြောင်းကို အသေးစိတ်ဆွေးနွေးထားတဲ့Videoလေးကို စနေနေ့ညနေ(၆)နာရီအောက်ကYoutube Channelလေးမှာတင်မှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါအုံး။
https://www.youtube.com/-71
သင်္ဘောသားတွေအစုလိုက်အပြုံလိုက်သေဆုံးစေခဲ့တဲ့ တချိန်ကစကာဘီရောဂါဆိုတာ
#စကာဘီ #သမိုင်း #ကျန်းဟီ
ဥရောပသားတွေထက်သာခဲ့တဲ့ အာရှသားကျန်းဟီရဲ့သင်္ဘောတပ်ဖွဲ့ကြီး
#သမိုင်း #ကျန်းဟီ #အာရှသား
คลิกที่นี่เพื่อเป็นสมาชิก?