05/06/2025
여러분, 안녕하세요... အားလုံးပဲ မင်္ဂလာပါရှင့်
ဒီနေ့ WOE ကနေ ကိုရီးယားနိုင်ငံရဲ့ ဟာဝိုင်အီလို့ တင်စားကြတဲ့ ဂျယ်ဂျူကျွန်းက Seongsan Ilchulbong (Sunrise Peak) လို့ ခေါ်တဲ့ မီးတောင်ဟောင်းတစ်ခု အကြောင်းကိုပြောပြပေးသွားမှာ ဖြစ်ပါတယ် 🇰🇷🌋
Seongsan Sunrise peak ဟာဆိုရင် နှစ် ၅၀၀၀ကျော် သက်တမ်းရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် 180 meters အမြင့်မှာ ရှိတာကြောင့် တောင်ထိပ်ကနေကြည့်မယ်ဆိုရင် Jeju တစ်မြို့လုံးကို အပေါ်စီးကနေ မြင်ရတဲ့ နေရာလေးဖြစ်ပါတယ် ⛰️
👉🏻 2007ခုနှစ်မှာ UNESCO World Natural Heritage Site အဖြစ် စာရင်းဝင်ခဲ့တဲ့ နေရာလေးပဲဖြစ်ပါတယ်
နှစ်စဉ်ခရီးသွားဧည်သည်ပေါင်း သန်းနဲ့ချီ လာရောက်လည်ပတ်ကြတဲ့ နေရာလေးတစ်ခုအဖြစ်လဲ တည်ရှိနေပါတယ်
Owls တို့လည်း ဂင်ချီမြေအိပ်မက်ကို အကောင်အထည်ဖော်ရင်း Seongsan Sunrise peak ကိုသွားလည်ကြဖို့မမေ့နဲ့နော် 🇰🇷🦉
WOE ကနေ ခုလိုKorea မှာ ရှိတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Like & Follow လုပ်ထားပေးကြပါအုံးရှင့် 🙏🏻
အတန်းအသစ်နဲ့ပက်သက်ပြီး သိချင်တဲ့အရာလေးတွေရှိရင်လဲ WOE ရဲ့ chat box မှာ အားမနာတမ်းလာရောက်စုံစမ်းလို့ရပါတယ်ရှင့်
See you, 안녕