18/08/2026
၄၅ ရက်ပြည့်ပြီးလဲ ကန္တာရကြီး ဖြစ်နေတုန်းပါပဲ👩❤️👨 နို့တိုက်မိခင်တွေက ၆လလောက်ထိ အမျိုးသားနဲ့အတူနေချင်စိတ်နည်းပါးကြပါတယ် ဆိုတာ
အရပ်သုံးစကား လုံး၀ မဟုတ်ပါဘူး။ဘာလို့လဲသိလား။
ကျွန်မတို့ ဦး နှောက်ထဲက 'နို့ရည်'ကို ထွက်စေတဲ့ ပရိုလက်တင်(Prolactin) ဆိုတဲ့ ဟော်မုန်း သည် မိန်းမတွေရဲ့ လိ_-င်စိတ်ကို ဖြစ်စေတဲ့ အီထရိုဂျင်(Oestrogen)၊ ပရိုဂျက်စထရုန်း(progesterone) စတဲ့ အမျိုးသမီးဟော်မုန်းတွေ အကုန်လုံးကို တားချပစ် လိုက်ပါတယ်။
ဒါကြောင့် ဟော်မုန်းတွေနည်းပြီး လိ_-င်စိတ်နည်းတာ၊ မိန်းမကိုယ်ခြောက်တာ (လုံး၀ သဲကန္တာရပါ) ၊ အသားရည်ပြောင်းတာ၊ ပိန်သွားတာ၊ ရာသီမလာတာတွေ ဖြစ်စေပါတယ်။ ဒီဖြစ်စဉ်ဟာ သဘာ၀ ဖြစ်စဉ်ပါ ကျမတို့ ပြုပြင်လို့ မရနိုင်ပါဘူး။
ဒီတော့ ဒီလို ဟော်မုန်းတွေ ပိတ်တဲ့ဟာကပိတ်၊
တက်တဲ့ဟာက တက် ဖြစ်နေတဲ့အပြင် ရိုးရိုးပဲမွေးမွေး ခွဲပဲမွေးမွေး ဒဏ်ရာတွေနဲ့မို့ ချုပ်ရိုးအနာကနာတာ၊ နို့တိုက်ရလို့ ကလေး ပြုစုရလို့ ပင်ပန်းတာ၊ အိပ်ရေးမ၀တာ စတဲ့ စိတ်ဖိစီးမှုများစွာ ကြားမှာ ဒီ လိ_-င်မှုကိစ္စကို အမျိုးသမီးတွေ အာရုံမရှိကြတော့ပါဘူး။
နောက်ထပ်အရေးကြီးတာလေးတစ်ခုက ဒီဖြစ်စဉ်ကြောင့်ပဲ နို့တိုက်နေစဉ်မှာ ကိုယ်၀န် မရနိုင်ဘူးဆိုတာ မှန်ပါတယ်။ သို့သော်လည်း ကိုယ်ကနို့်တိုက်နေတာပဲ ကလေးမရနိုင်ပါဘူးဆိုပြီးတော့ နေလို့မရပါဘူး။ 100% safe ဖြစ်အောင် သားဆက်ခြားနည်းလမ်းတစ်ခု သုံးကိုသုံးရပါမယ်။
ဒီတော့ သဲကန္တာရထဲကို ဖြတ်သန်းသွားလာမယ်ဆိုရင် အမျိုးသားတွေက ကိုယ့်အမျိုးသမီးရဲ့ အခြေနေ တွေကို နားလည်ပေးပါ။
သူသက်သောင့်သက်သာဖြစ်အောင် ကလေးကူထိန်းတာ အိမ်အလုပ်ကူလုပ်တာတွေ အမျိုးသားတို့က အတတ်နိုင်ဆုံး လုပ်ပေးပါ။
ကလေးမေမေတို့ကို စိတ်ရှည်သည်းခံ ကြင်နာပေးဖို့ လိုအပ်ပါတယ်။
ကျန်းမာရေး အသိ သတိတွေရှိဖို့ လိုအပ်ပါတယ်။ မေမေတို့က ကိုယ့်အမျိုးသားတွေကို သေသေချာချာ ပြောပြကြ၊ ရှင်းပြကြဖို့ ဒီစာလေးကို ရေးလိုက်တာပါရှင်။
ပျော်ရွှင်ကျန်းမာတဲ့ မိသားစုဘ၀လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင်။ 💓
#ကလေးမေမေ